Skip to main content

´´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်

 

´´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်


   ဟဇရသ် အဗူဟူရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တန်တော်မြတ် (ဆွ)က မိန့်တော်မူခဲ့သည်မှာ...

   အကြင်မည်သူမဆို စဝါးဗ် ရရန်ဟူသော နိယသ်ဖြင့် သေဆုံးသူ မွတ်စ္စလင်မ်တစ်ဦးတစ်ယောက်၏ ခတ္တရာ ထမ်းစင်နှင့်အတူ လိုက်ပါပို့ဆောင်ပေး၍ ဂျနာဇဟ်နမာဇ် ဖတ်ပြီးသည့်တိုင်အောင်၊ ၎င်းပြင် သေဆုံးသူကို မြေမြှုပ် သင်္ဂြိုဟ်ပြီးစီးသည့်အထိ ပါဝင်ပြီး ပြန်လာပါက ထိုသူသည် ကိရာသ် နှစ်ခု၏ အကျိုး စဝါးဗ် ကုသိုလ်ကို ယူဆောင်၍ ပြန်လာခြင်းဖြစ်ပေသည်။ ကိရာသ် တစ်ခုသည် အုဟွဒ် တောင်မျှ အကျိုး စဝါးဗ် ကုသို့လ်နှင့် တန်းတူရှိသည်။ 


   အကြင်သူ တစ်ဦးတစ်ယောင်သည် ဂျနာဇာဟ်နမာဇ် ဖတ်ပြီး ပြန်လာပါက (သေဆုံးသူအား ကျင်းထဲသို့ မထည့်မီ) ထိုသူပြန်လာခြင်းသည် ကိရာသ် တစ်ခုတည်း ယူဆောင်၍ ပြန်လာခြင်းဖြစ်သည်။ 

             (မအာရိဖွလ် ဟဒီးစ်ကျမ်း၊ ဘိုခါရီကျမ်း၊ မွတ်စ္စလင်မ်ကျမ်း။)


   ဟဇရသ် အဗူဟုရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ)က အမိန့်ရှိသည်မှာ...

   ´´အသင်တို့သည် ဂျနာဇဟ် ထမ်းစင်ကို လျှင်မြန်စွာ ယူဆောင်သွားကြကုန်၊ အကြောင်းမှာ သေဆုံးသူသည် သူတော်စင်ဖြစ်ပါက ကဗရ် စခန်းသည် ထိုသူ့အတွက် အလွန်ကောင်းပေသည်။ အကယ်၍ ထိုသေဆုံးသူသည် မကောင်းသူဖြစ်ပါက အသင်တို့၏ ပခုံးပေါ်၌ ထိုသူသည် အလွန်လေးလံသောအရာ ဖြစ်နေသည်။ ထိုလေးလံသောအရာကို အသင်တို့ ပခုံးထက်မှ လျှင်မြန်စွာ ချလိုက်ကြကုန်။``

                         (ဘုခါရီကျမ်း၊ မွတ်စ္စလင်မ်ကျမ်း၊ မအာရိဖွလ်ဟဒီးစ်ကျမ်း)


   ဟဒီးစ်တော်တစ်ရပ်၌ လာရှိသည်မှာ...

   ´´အကြင်သူသည် ဂျနာဇဟ် ထမ်းစင်၏ ထောင့် ´´လေး`` ထောင့်စလုံးကို မိမိ၏ ပခုံးဖြင့် ထမ်းပေးပါက ထိုသူ၏ အပေါ်ရှိ ကြီးလေးသာ အပြစ် ဂိုနာဟ် ၄၀- ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းအား ခံရလိမ့်မည်။`` 

                                       (ဗဟ်ရ်ှသီဇေဝရ်ကျမ်း)


(ဓမ္မသတ်) သေဆုံးသူသည် အိမ်းနီးချင်းဖြစ်နေလျှင် (သို့) သူတော်ကောင်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်နေလျှင် ထိုသေဆုံးသူ၏ ဂျနာဇာဟ် ကို လိုက်ပါ ပို့ဆောင်ပေးပါက နဖိလ် နမာဇ် နှစ်ရကသ်ဖတ်သည်ထက် ပို၍ အကျိုး စဝါးဗ် ရပေမည်။ (အာလင်မ်ဂီရီးကျမ်း)


(ဓမ္မသတ်) သေဆုံးသူ၏ ခတ္တရာ ခုံအား ထမ်းပေးရာတွင် လိုအပ်လျှင် လိုအပ်သလို အခကြေးငွေပေး၍ ထမ်းစေခိုင်လျှင်လည်း ရပေသည်။ 

                                         (အာလင်မ်ဂီရီးကျမ်း)


(ဓမ္မသတ်) ဂျနာဇဟ်ကို အမျိုးသမီးများ လိုက်ပါပို့ဆောင်ခြင်းသည် မက္ကရူးဟ်သဟ်ရီမဟ် ဖြစ်ပေသည်။       

                                        (ဗဟ်ရှ်သီဇေဝရ်ကျမ်း)


(အလ်ဟာဂျ် မောင်လာနာ မွဖ်သိ ကာရိ မိုဟမ္မဒ်ယူစွဖ်(အဆ်အဒိ)ဆရာကြီးပြန်ဆိုရေးသားထားသော်)

(အစ္စလာမ့်သင်္ဂြိုဟ်ခြင်း၏ နည်းဥပဒေပြဌာန်းချက်များ အကြောင်းစာအုပ်မှ တင်ပြပါသည်။)


بنده محمد بلال @ Tun Tun

Comments

Popular posts from this blog

တစ်မိနစ် သင်ခန်းစာ (၂)

သင်ခန်းစာ (၂) 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 (၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော  စာပိုဒ်တစ်ခု၏အဓိပ္ပါယ် “ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” سبحانك اللهم အို - အလ္လာဟ်အရှင်မြတ် ၊ ကျွန်တော်မျိုး/မသည် အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်မှုကို မြွက်ဆိုပါ၏။ (၂) စွန္နသ်တော်တစ်ခု နမားဇ်အတွင်း မတ်တတ်ရပ်ရာတွင်  ခြေချောင်းများကိုလည်း ကစ်ဗ်လယ်ဘက်သို့ တည့်မတ်စွာထားခြင်း၊ (ခြေထောက်နှစ်ဘက်ကြား လက်လေးလုံးခန့် ခွာထားခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။) (၃) ကြီးလေးသောအပြစ်တစ်ခု တစ်ဦးတစ်ယောက်ကို စောင်းမြောင်းကဲ့ရဲ့ ပြောဆိုခြင်းသည် ကြီးလေး သောအပြစ်ဖြစ်၏။ (၄) အပြစ်ကြောင့် လောကတွင်ဆုံးရှုံးရမှု ကြီးလေးသောအပြစ်ကြောင့် လောက၌ ခံရသောဆုံးရှုံးမှုများ အနက်တစ်ခုမှာ ရိုဇီလျော့နည်းသွား၍  ရိုဇီထဲမှ ​ဗရ်ကသ်ဆုတ်ယုတ်သွားသည်။  (အမြင်အားဖြင့်) စားနပ်ရိက္ခာပေါများနေသော်လည်း ယင်း၏အကျိုးအမြတ်ကို အနည်းငယ်သာ  ရရှိပေမည်။ ဥပမာ - ရောဂါဖြစ်မည်။ စိတ်ရှုပ်ထွေးမည်။ အကြောင်းမဲ့ဖြုန်းတီးကုန်မည်။) (၅) နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက်  ရရှိမည်အကျိုး အမျိုးမျိုးသော ​ဗရ်ကသ်များကို မိုးကောင်းကင်နှင့် မြေပြင်မှရရှိမည်။ 📖 စာအ...

"ဟလာလ် relationship"

"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။   ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။   ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်...

သောင်ဝ်ဗာတံခါးပိတ်ချိန်

သောင်ဝ်ဗာတံခါးပိတ်ချိန် *********************** ကျနော်တို့ဟာ အပြစ်နဲ့မကင်းတဲ့ လူသားတွေ ဖြစ်ကြတယ်။ ကျနော်တို့ ကျူးလွန်ထားတဲ့ ဂိုနာဟ်တွေဟာ ကျနော်တို့ ပျက်စီးဖို့ အတွက် လုံလောက်တယ်။ အလ္လာအသျှင်မြတ်ရဲ့ ရဟ်မသ်ဂရုဏာတော်ကပဲ ကျနော်တို့ကို လွတ်မြောက်မှု ပေးနိုင်မှာ ဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ဟာ အမြဲတစေ ဂိုနာဟ် ရှောင်ကျဉ်ဖို့ အလွန် လိုအပ်သလို သောင်ဝ်ဗာလုပ်နေဖို့လည်း အရမ်း အရေးကြီးပါတယ်။ "သောင်ဝ်ဗာ"ကသာ ကျ‌နော်တို့ရဲ့ အသက်ကယ်ဆေး ဖြစ်တယ်။ တချို့က သောင်ဝ်ဗာလုပ်ဖို့ကို တုန့်ဆိုင်းနေတတ်ကြတယ်။ ဟဂ်ျပြီးရင် လုပ်မယ် အိမ်ထောင်ပြုပြီးရင် လုပ်မယ် အသက်ဘယ်လောင်ကျရင် လုပ်မယ် စသည်ဖြင့် ရွှေ့ဆိုင်းနေတတ်ကြတယ်။ ဒါဟာ လွန်စွာကြောက်ဖို့ကောင်းတဲ့ အခြေအနေ ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့အတွက် သောင်ဝ်ဗာလုပ်ခွင့်က အကန့်အသတ်နဲ့ ရထားခြင်း ဖြစ်တယ်။ သောင်ဝ်ဗာတံခါး ပိတ်ချိန် ဆိုတာ ရှိတယ်။ သောင်ဝ်ဗာတံခါးပိတ်သွားရင် သောင်ဝ်ဗာလုပ်လို့ရတော့မှာ မဟုတ်ဘူး။ ဒီတော့ သောင်ဝ်ဗာတံခါးက ဘယ်တော့ ပိတ်မှာလဲ? အဖြေကတော့ သောင်ဝ်ဗာတံခါး ပိတ်ခြင်းက နှစ်မျိုး ရှိတယ်။ ၁။ ။ လူတဦးချင်းစီအတွက် သောင်ဝ်ဗာတံခါး ပိတ်ခြင်း ၂။ ။လူအများအတွက...