ကပ်ရောဂါအဖြစ်များနေချိန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်း
<•>•<•>•<•>•<•>•<•>•<•>•<•>•<•>•<•>
အမေး:
السلام عليكم ورحمة الله وبركاته
ချစ်ခင်လေးစားရပါသော ဆရာသခင်ကြီး
မုသကလ္လိမေအစ္စလာမ် မော်လာနာ
မုဟမ္မဒ်အိလ်ယားစ်ဂွမ္မန်(حفظه الله)
လျှောက်ထားလိုသည်မှာ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုနည်းလမ်းများဖြစ်သော မျက်နှာကိုဖုံးအုပ်ခြင်း၊ လက်ဆေးခြင်း၊ အိမ်ပြန်လာလျင် အဝတ်အစားလဲခြင်း၊ အပြင်သို့မသွားခြင်း၊ လက်ဆွဲနှုတ်ဆက်မှုမပြုခြင်း။ ဤသည်များသည် ဗိုင်းရပ်စ် ဒီမှာကူးသွားလားမသိ၊ ဟိုမှာကူးသွားလားမသိ စသဖြင့် သံသယဖြစ်ပေါ်စေသောအရာများ ဖြစ်သည်။ لا عدوى فى الإسلام (အစ္စလာမ်မှာ ကူးစက်ခြင်းမရှိ) ဆိုသည်ကိုလည်း အာလင်မ်ပညာရှင်များထံမှ ကြားဖူးသည်။ ကပ်ရောဂါဖြစ်နေသည့်နေရာသို့လည်း မသွားကြနှင့်၊ ကပ်ရောဂါဖြစ်နေသည့်နေရာမှ လာလည်းမလာကြနှင့် ဆိုသည်ကိုလည်း ကြားဖူးသည်။ ဤအခြေအနေမျိုးတွင် ဒုအာများကို အလေးအနက်ထား၍တောင်းခံခြင်းနှင့်အတူ အလ္လာဟ့်အပေါ် သဝက္ကုလ်(ယုံပုံလွှဲအပ်)၍ ပုံမှန်အတိုင်းပင် သန့်ရှင်းစွာနေထိုင်ရမည်လား? သို့မဟုတ် ထိုကြိုတင်ကာကွယ်မှုနည်းလမ်းများအားလည်း ကျင့်သုံးရမည်လား? ဆရာ့အနေဖြင့် လမ်းညွှန်ပေးစေလိုပါသည်။
မေးမြန်းသူ: ဇုဟူးရုလ်ဟစန်၊ အဘ်ဟာ၊ ဆော်ဒီအာရေဗျ။
အဖြေ:
وعلیکم السلام ورحمۃ اللہ وبرکاتہ
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက်ကြောင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများမှ အကြံပြုတင်ပြထားသော ကြိုတင်ကာကွယ်မှုနည်းလမ်းများအပေါ် ကျင့်သုံးခြင်းသည် သာသနာ့သွန်သင်ချက်များနှင့် လုံးဝကိုက်ညီပါသည်။ ကပ်ရောဂါတစ်ခုခု အဖြစ်များနေချိန်တွင် သင့်လျော်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်းသည် သဝက္ကုလ်နှင့် လုံးဝမဆန့်ကျင်ပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နည်းလမ်းများအပေါ် ပြည့်ပြည့်ဝဝ ကျင့်သုံးရန် တရားတော်အရလည်း အရေးကြီးပါသည်။ ထိုနည်းတူ သောင်ဗဟ်၊ အစ္စသိဂ်ဖားရ်နှင့် မနက်၊ညနေဖတ်ရသည့် ဒုအာများကိုလည်း အလေးအနက်ထား၍ ဖတ်ရွတ်သင့်ပါသည်။
သတိပေးချက် - ဤဖသ်ဝါကို ဖိကဟ်ဟနဖီနှင့်အညီ ပေးထားခြင်းဖြစ်သည်။ မာလိကီ၊ ဟန်ဘလီနှင့် ရှာဖိအီများ မိမိတို့၏ဖိကဟ်နှင့်အညီ ကျင့်သုံးကြပါရန်။
والله أعلم بالصواب
မုဟမ္မဒ်အိလ်ယားစ်ဂွမ္မန်
၁၄၊ မတ်၊ ၂၀၂၀။
မြန်မာဘာသာပြန်-
မင်း ထက် အောင်@Raihaan Akoojee
အုရ်ဒူဘာသာဖြင့် မူရင်းအမေးအဖြေ PDF File ကို ရယူရန် ဤလင့်က်ကိုနှိပ်ပါ
https://my.pcloud.com/publink/show?code=XZCwD9kZ7isN1BIQMEkOzIKp7mt0eYUig007
Subscribe to:
Post Comments (Atom)
Featured Post
တမန်တော် နူးဟ် (عليه السلام)
တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...
-
သင်ခန်းစာ (၂) 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 (၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော စာပိုဒ်တစ်ခု၏အဓိပ္ပါယ် “ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” س...
-
"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်...
-
သောင်ဝ်ဗာတံခါးပိတ်ချိန် *********************** ကျနော်တို့ဟာ အပြစ်နဲ့မကင်းတဲ့ လူသားတွေ ဖြစ်ကြတယ်။ ကျနော်တို့ ကျူးလွန်ထားတဲ့ ဂိုနာဟ်တွေဟာ ကျန...
Search This Blog |

No comments:
Post a Comment