"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။ ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်...
Islam အသိပညာများ မျှဝေရာ