Skip to main content

Posts

Showing posts with the label ဖွသ်ဝါ/မဆ်အလာဟ်

ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်အမိန်အရပိုင်သလား

(ဖွသ်ဝါ အမှတ်စဥ် ــــ ၁) (၁၅/ဇုလ်ဟိဂျ်ဂျဟ် - လ/၁၄၄၁) (၅/၈/၂၀၂၀ - ဗုဒ္ဓဟူးနေ့) မေးခွန်း၏အဖြေ။ ။ بِسْمِ اللَّـهِ الرَّحْمَـٰنِ الرَّحِيمِ ٠       الجواب حامدا ومصليا ومتوكلا : ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်တရားတော်နှင့်ဆန့်ကျင်ပြီး  အောက်ဖေါ်ပြပါ အကြောင်းတရား များကြောင့် မပိုင်ပါ။ (၁)ကဗရ်အပေါ်တွင် ပန်းတင်ခြင်း ကြောင့်  (မိုင်ယသ်)သေသူ အတွက် မည်သည့် အကျိုးမှ  မသက်ရောက်နိုင်သလို ဤလုပ်ရပ် အတွက် ငွေကုန်ခံ၍ ပန်းဝယ်ခြင်းမှာ ဖြုန်းတီးမှုသက်သက်သာဖြစ်သောကြောင့်ဤသို့ အလဟသ ဖြုန်းတီးခြင်း   ရှရီအသ်အရ မပိုင် ။ (၂)၎င်းလုပ်ရပ်များသည် အစ္စလာမ်မဟုတ်သည့် အခြားသူများ၏ ထုံးတမ်း အစဥ်အလာ ဖြစ်၍   ၎င်းတို့အား စံပြုအတုယူကာ လုပ်ဆောင်ခြင်း  ရှရီအသ် အရ မပိုင်။  (၃)ပန်းတင်/ကျဲ ခြင်း တို့သည် ရှိရ်က်(အလ္လာဟ်အရှင်မြတ်နှင့် တုဖက်နိုင်းယှဉ် ခြင်း)နှင့် ဗိဒ်အသ် (တရားသစ် တီထွင်ခြင်း )ကဲ့သို့ ပြစ်မှုကြီးများ ကျုးလွန်ရန် ဖန်တီးပေးသည့် နိဒါန်းအကြောင်းခံများဖြစ်သည်။ထို့ကြောင့် မပိုင်။ အကြံပြုချက်။ သေသူအတွက် အမှန်တစ်ကယ် ကုသိုလ်အက...