ပြစ်တင်ရှုံ့ချဝေဖန်ရေးတွေ မလုပ်ကြနဲ့
☪☪☪☪☪☪☪☪☪☪
( ၁ )
ဟဇ်ရသ် အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် ؓ သခင်က ဆင့်ပြန်ခဲ့တယ်။ တမန်တော်မြတ် ﷺ အမိန့်ရှိတော်မူခဲ့တယ်။ အလိုသဘော မုအ်မင်န်ဆိုတာ လူတဖက်သားကို ပြစ်တင်ရှုံ့ချဝေဖန်တဲ့သူ မဟုတ်ဘူး။ သူတဖက်သားကို ကျိန်ဆဲသူလည်း မဟုတ်ဘူး။ သာမက အရှက်သိက္ခာကင်းမဲ့တဲ့စကား ပြောဆိုတဲ့သူလည်း မဟုတ်ဘူး။ သာမက ဆဲရေးတိုင်းထွာတဲ့သူလည်း မဟုတ်ဘူး။
အထက်ပါ ဟဒီးဆ်တော်မှာ မုအ်မင်န်တစ်ယောက်အနေနဲ့ မရှိအပ်တဲ့ အကျင့်တစ်ခုက လူတဖက်သားကို ပြစ်တင်ရှုံ့ချပုတ်ခတ်ဝေဖန်တဲ့အလုပ် ဖြစ်တယ်။ ဆိုလိုတာက လူတဖက်သားကို စိတ်ထိခိုက်သွားအောင် မျက်နှာမထောက် ပြောဆိုတဲ့စကားမျိုး ဖြစ်တယ်။ အလွန်ကြီးလေးတဲ့ အပြစ်ဂုနာဟ်အမျိုးအစား တစ်ခုဖြစ်တယ်။ ဒါကြောင့်လည်း မုအ်မင်န်တစ်ယောက်မှာ မရှိအပ်တဲ့ အကျင့်ဆိုးတစ်ခုအဖြစ် တမန်တော်မြတ် ﷺ က အမိန့်ရှိခဲ့တာပေါ့။
အရဗီလို စကားပုံတစ်ခုရှိတယ်။ ဆိုလိုတာက ” လှံနဲ့ထိုးလိုက်တဲ့ဒဏ်ရာကတော့ အချိန်တန် ပျောက်ကွယ်သွားခဲ့ပေမဲ့ နှုတ်လျှာနဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် နှလုံးသားမှာ ခံစားလိုက်ရတဲ့ ဒဏ်ရာကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး ” တဲ့။ ဆိုလိုတာက အချိန်အတော်ကြာသည်အထိ ဒီနှလုံးသားမှာ ခံစားရတဲ့ဒဏ်ရာက မေ့ပျောက်သွားနိုင်မှာမဟုတ်ဘူးတဲ့။ ဒီလိုစကားမျိုးတွေဟာ အီမာန်နဲ့ ဆန့်ကျင်တဲ့ စကားမျိုးတွေ ၊ လုပ်ရပ်မျိုးတွေဖြစ်ကြောင်း တမန်တော်မြတ် ﷺ က အမိန့်ရှိတော်မူခဲ့တယ်။
တမန်တော်မြတ် ﷺ ရဲ့ နောက်ဆုံးဟဂ်ျခရီးစဉ် ( ဟဂ်ျဂျသုလ်ဝဒအ် ) မှာ အရ်ဖှာသ်ကွင်းပြင်မှာ အဆ်ွဟာဗ်တော် ؓ ဆွဟာဗဟ်များကို အမိန့်ရှိတော်မူခဲ့တယ်။ အလိုသဘောက အချုပ်အားဖြင့် မွန်မြတ်လှတဲ့ ဇုလ်ဟိဂ်ျဂျဟ်လရဲ့ အရ်ဖှာသ်နေ့ အရ်ဖှာသ်ကွင်းပြင်မှာ ဒီချက်သုံးခုစလုံးဟာ မုစ်လင်မ်တစ်ဦးအဖို့ အလွန်ထူးကဲမွန်မြတ်လှသလိုဘဲ အီမာန်ရှင်တစ်ဦးရဲ့ အသက်ဝိညာဉ် ၊ ဥစ္စာပစ္စည်းနဲ့ ဂုဏ်သိက္ခာတွေဟာလည်း အခြားမုစ်လင်မ်တစ်ဦးအပေါ် အထက်ကလိုဘဲ မွန်မြတ်လှတယ်။
ဟဇ်ရသ် အဗ်ဒုလ္လာဟ် ဗင်န် အုမရ် ؓ သခင်က ဆင့်ပြန်ခဲ့တယ်။ တမန်တော်မြတ် ﷺ အမိန့်ရှိတော်မူခဲ့တယ်။ အလိုသဘောက ဗိုင်သုလ္လာဟ် ကအ်ဗဟ်ဝတ်ကျောင်းတော်ထက် သာပိုမွန်မြတ်တဲ့အရာဟာ အီမာန်ရှင်တစ်ယောက်ရဲ့ အသက်ခန္ဓာ ၊ ဥစ္စာပစ္စည်း နဲ့ ဂုဏ်သိက္ခာတွေ ဖြစ်ကြတယ်။ အကယ်၍ အဲဒီသုံးခုအနက် တစ်ခုခုကို နစ်နာဆုံးရှုံးပျက်စီးအောင် လုပ်ခဲ့ရင် အဲဒီသူဟာ ကအ်ဗဟ်ဝတ်ကျောင်းတော်ကို ဖြိုဖျက်သူပမာဖြစ်တယ်။ ဒါကြောင့် လူတဖက်သားကို ပြစ်တင်ရှုံ့ချဝေဖန်တဲ့သူဟာလည်း မုအ်မင်န်တစ်ယောက်ရဲ့ စိတ်နှလုံးသားကို ထိခိုက်နစ်နာဆုံးရှုံးအောင် ပြုလုပ်သူပမာ ဖြစ်တယ်။
ကျွန်ုပ် ( မုဖ်သီ သကီး ) ရဲ့ ဆရာ ဟဇ်ရသ် ဒေါက်တာ အဗ်ဒုလ် ဟိုင်ယ့် ကုဒ္ဒူးစ် ؒ သခင်က တင်ပြခဲ့တယ်။ အလိုသဘောက မုအ်မင်န်တို့ရဲ့နှလုံးသားကို အရှင်မြတ်အား ဖူးမြော်ရန် နေရာဌာနတစ်ခုအဖြစ် သီးသန့် ဖန်ဆင်းချီးမြှင့်တော်မူခဲ့ခြင်းဖြစ်တယ်။ ဆိုလိုတာက မုအ်မင်န်တစ်ယောက်ရဲ့ နှလုံးသားဟာ အရှင်မြတ်ကို တသရာနေရာ ၊ အရှင်မြတ်ရဲ့ ဖိက်ရ် စဉ်းစားရာနေရာ ၊ အရှင်မြတ်ရဲ့ အချစ်စိတ် ကိန်းဝပ်ရာနေရာ ဖြစ်တယ်။ အချို့ဆူဖီသူတော်စင်တို့က မုအ်မင်န်တစ်ဦးရဲ့ စိတ်နှလုံးသားဟာ အရှင်မြတ်ရဲ့ ပလ္လင်တော်ပမာဖြစ်တယ်လို့ အမိန့်ရှိကြတယ်။ ဒါကြောင့် အီမာန့်ရှင်တစ်ယောက် ဘယ်လောက်ဘဲ ဆိုးသွမ်းပျက်စီး အပြစ်ဂုနာဟ်ထဲ နစ်မွန်းနေပါစေ ၊ တစ်နေ့နေ့တစ်ချိန်မှာ အရှင်မြတ်အလိုတော် တူလာတဲ့အချိန် ၎င်းရဲ့နှလုံးသားဟာ အရှင်မြတ် အချစ်ကိန်းဝပ်ခိုအောင်းလာဦးမှာ ဖြစ်တယ်။ ဒါကြောင့် မုစ်လင်မ်တစ်ဦးတစ်ယောက် စိတ်ဒုက္ခဖြစ်အောင် ပြုလုပ်ခွင့် မရှိဘူး။ သာမက မုစ်လင်မ်တစ်ဦးတစ်ယောက် စိတ်ချမ်းသာအောင် ၊ စိတ်ကျေနပ်အောင် လုပ်ခြင်း ၊ ခံစားနေရတဲ့ စိတ်ဝေဒနာကို သက်သာအောင် ကြံဆောင်ပေးခြင်း အစရှိတဲ့ လုပ်ရပ်တွေဟာ မုချအကျိုးဆဝါးဗ်ရဲ့ အလုပ်တွေဖြစ်တယ်။
သို့သော်လည်း ဒီနေရာမှာ မေးစရာ မေးခွန်းတစ်ခု ဖြစ်လာတယ်။
إن شآءاللّه تعالى
( ၂ ) တွင်ဆက်လက်တင်ပြပေးပါမည်။
🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊
شیخ الاسلام حضرت مولانا مفتی محمد تقی عثمانى صاحب ( دامت بركاتهم العاليه )
📓📓📓📓📓📓📓📓📓📓📓📓📓📓
اصلاحی خطبات
✍Ⓐ̲ⓑ̲ⓤ̲ ̲Ⓐ̲ⓓ̲ⓔ̲ⓔ̲ⓑ̲ⓐ̲ⓗ̲
ရှမ်းပြည်သားလေး sai hak khay
📆 ဟိဂ်ျရီ ၁၄၄၀ ၊ ရှောင်ဝလ်လ ( ၁၁ )ရက်📆
📆 ၁၅ . ၆ . ၂၀၁၉ ( စနေနေ့ )📆
🍁ဇင်မင်းထိုက် မျှဝေသည်🍁

No comments:
Post a Comment