Saturday, 29 February 2020

တစ်မိနစ် သင်ခန်းစာ (၂)

သင်ခန်းစာ (၂)
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

(၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော 
စာပိုဒ်တစ်ခု၏အဓိပ္ပါယ်

“ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” سبحانك اللهم
အို - အလ္လာဟ်အရှင်မြတ် ၊ ကျွန်တော်မျိုး/မသည် အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်မှုကို မြွက်ဆိုပါ၏။

(၂) စွန္နသ်တော်တစ်ခု

နမားဇ်အတွင်း မတ်တတ်ရပ်ရာတွင် 
ခြေချောင်းများကိုလည်း
ကစ်ဗ်လယ်ဘက်သို့ တည့်မတ်စွာထားခြင်း၊ (ခြေထောက်နှစ်ဘက်ကြား လက်လေးလုံးခန့်
ခွာထားခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။)

(၃) ကြီးလေးသောအပြစ်တစ်ခု

တစ်ဦးတစ်ယောက်ကို စောင်းမြောင်းကဲ့ရဲ့
ပြောဆိုခြင်းသည် ကြီးလေး သောအပြစ်ဖြစ်၏။

(၄) အပြစ်ကြောင့် လောကတွင်ဆုံးရှုံးရမှု

ကြီးလေးသောအပြစ်ကြောင့် လောက၌ ခံရသောဆုံးရှုံးမှုများ အနက်တစ်ခုမှာ ရိုဇီလျော့နည်းသွား၍ 
ရိုဇီထဲမှ ​ဗရ်ကသ်ဆုတ်ယုတ်သွားသည်။ 
(အမြင်အားဖြင့်) စားနပ်ရိက္ခာပေါများနေသော်လည်း
ယင်း၏အကျိုးအမြတ်ကို အနည်းငယ်သာ 
ရရှိပေမည်။
ဥပမာ - ရောဂါဖြစ်မည်။ စိတ်ရှုပ်ထွေးမည်။ အကြောင်းမဲ့ဖြုန်းတီးကုန်မည်။)

(၅) နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက် 
ရရှိမည်အကျိုး

အမျိုးမျိုးသော ​ဗရ်ကသ်များကို မိုးကောင်းကင်နှင့် မြေပြင်မှရရှိမည်။

📖 စာအုပ်အမည် 📖
တစ်မိနစ် သင်ခန်းစာ 

📝ပြုစုသူ📝
ဟဇ်ရသ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် ဆွာဟိဗ်

ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် အပ်ဒုစ် စလာမ် ( မဟ်မူဒီ)

📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်

လွတ်လပ်စွာ Share ပြုနိုင်ပါသည်။
Copy ယူပြီး ပြန်တင်သောအခါ 
မူရင်းစာအုပ်အမည် ၊ ပြုစုသူ အမည် နှင့် 
Page အမည်ကို ဖြုတ်၍ ပြန်တင်ခွင့် 
လုံးဝ ခွင့်မပြုပါ … 

အွမ်မသ်အတွက် စာပို့လုလင် Page

အင်ရှာအလ္လာဟ်ဆက်လက် တင်ပြပါမည်။

No comments:

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...