ကျမ်းမြတ်ကုရ်အာန် ပြုတ်ကျသွားခဲ့ရင် ဘာလုပ်ရမလဲ?????
ကျွနိတော်တို့မှာ အစဉ်အလာ တခု ရှိတယ်။
ကုရ်အာန်ကျမ်းမြတ် ပြုတ်ကျသွားရင် သို့မဟုတ် မရိုမသေ လုပ်မိရင် ကျမ်းမြတ်ကုရ်အာန်ရဲ့ အလေးချိန်နဲ့အညီ ဆန် ဆွဒ်ကာ လုပ်တဲ့ အစဉ်အလာပါ။
ဒီလို လုပ်တဲ့ရည်ရွယ်ချက်ကတော့ အလွန်ကောင်း အလွန်သင့်မြတ်ပါတယ်။
မရိုမသေ လုပ်မိတဲ့အပေါ် ဒါဏ်ကြးအနေနဲ့ ကဖ်ဖာရာအနေနဲ့ လှူဒါန်းဆွဒ်ကာလုပ်ကြတာပါ။
ဒါမှ လူ့စိတ်က နောက်နောင် ဆင်ခြင်မှာပေါ့။
ဒါပေမဲ့ အဲဒီမှာ အချက် ၂ ချက် မှားနေတယ်။
၁။ ။ဆန် ဘယ်လောက် ပေးရမလဲ သိအောင် ဆိုပြီး ကုရ်အာန်ကျမ်းမြတ်ကို ချိန်တွယ်ခြင်း
၂။ ။ဒီလို လှူဒါန်းတာကို အရေးကြီးတယ် ဝါဂျစ်ဗ် ဖြစ်တယ် လို့ ယူဆထင်မှတ်ခြင်း
အဂ်လာသွတ်လ်အဝါးမ်ကျမ်း စာ ၂၆
ဒါ့ကြောင့် ကျွန်တော်တို့ သိထားရမှာက ကုရ်အာန်ကျမ်းမြတ်ကို မရိုမသေ မလုပ်မိအောင် အမြဲ သတိထားဆင်ခြင်ရမယ်။ အမှတ်တမဲ့ လုပ်မိခဲ့ရင် ဒီလို လှူဖို့ အရေးမကြီးဘူး။
သောင်ဝ်ဗာလုပ်ပြီး နောင် ကြပ်ကြပ် သတိထားဆင်ခြင်လိုက်ရင်လည်း ရတယ်။
အကယ်၍ မိမိကိုယ်ဒါဏ်ခတ်တဲ့အနေနဲ့ လှူမယ်ဆိုရင်လည်း မိမိတတ်နိုင်သလောက် လှူလိုက်ရမယ်။ကုရ်အာန်ကျမ်းမြတ်ရဲ့ အလေးချိန်နဲ့ ညီဖို့မလိုသလို တခြား ဘာကန့်သတ်ချက်မှလည်း မရှိဘူး။
مسئلہ: یہ عادت بہت شائع ہے کہ اگر نعوذ باللہ قرآن مجید کى بے ادبى ہوجائے تو اس کے برابر اناج تول کر خیرات کرتے ہیں اس میں اصل مقصد بہت مستحسن و قرین مصلحت ہے ، کہ بطور کفارہ اور جرمانہ کے کچھ صدقہ دیا جاتا ہے۔اس میں نفس کے لئے تنبیہ ہے کہ آئندہ احتیاط رکھے ، لیکن اس میں دو باتیں ٹھیک نہیں (۱) قرآن مجید کو ترازو میں اناج کے برابر کرنے کے لئے تولنا (۲) اس کو واجب سمجھنا۔
(اغلاط العوام ، صفحہ 26)
🌴မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ)
စည်သူအောင်🌴
🌷မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက် မျှဝေသည်🌷
Subscribe to:
Post Comments (Atom)
Featured Post
တမန်တော် နူးဟ် (عليه السلام)
တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...
-
သင်ခန်းစာ (၂) 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 (၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော စာပိုဒ်တစ်ခု၏အဓိပ္ပါယ် “ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” س...
-
"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်...
-
သောင်ဝ်ဗာတံခါးပိတ်ချိန် *********************** ကျနော်တို့ဟာ အပြစ်နဲ့မကင်းတဲ့ လူသားတွေ ဖြစ်ကြတယ်။ ကျနော်တို့ ကျူးလွန်ထားတဲ့ ဂိုနာဟ်တွေဟာ ကျန...
Search This Blog |

No comments:
Post a Comment