Skip to main content

သောင်ဝ်ဗာတံခါးပိတ်ချိန်

သောင်ဝ်ဗာတံခါးပိတ်ချိန်



***********************


ကျနော်တို့ဟာ အပြစ်နဲ့မကင်းတဲ့ လူသားတွေ ဖြစ်ကြတယ်။

ကျနော်တို့ ကျူးလွန်ထားတဲ့ ဂိုနာဟ်တွေဟာ ကျနော်တို့ ပျက်စီးဖို့ အတွက် လုံလောက်တယ်။

အလ္လာအသျှင်မြတ်ရဲ့ ရဟ်မသ်ဂရုဏာတော်ကပဲ ကျနော်တို့ကို လွတ်မြောက်မှု ပေးနိုင်မှာ ဖြစ်တယ်။


ဒါ့ကြောင့် ကျနော်တို့ဟာ အမြဲတစေ ဂိုနာဟ် ရှောင်ကျဉ်ဖို့ အလွန် လိုအပ်သလို သောင်ဝ်ဗာလုပ်နေဖို့လည်း အရမ်း အရေးကြီးပါတယ်။

"သောင်ဝ်ဗာ"ကသာ ကျ‌နော်တို့ရဲ့ အသက်ကယ်ဆေး ဖြစ်တယ်။


တချို့က သောင်ဝ်ဗာလုပ်ဖို့ကို တုန့်ဆိုင်းနေတတ်ကြတယ်။

ဟဂ်ျပြီးရင် လုပ်မယ်

အိမ်ထောင်ပြုပြီးရင် လုပ်မယ်

အသက်ဘယ်လောင်ကျရင် လုပ်မယ်

စသည်ဖြင့် ရွှေ့ဆိုင်းနေတတ်ကြတယ်။

ဒါဟာ လွန်စွာကြောက်ဖို့ကောင်းတဲ့ အခြေအနေ ဖြစ်တယ်။


ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့အတွက် သောင်ဝ်ဗာလုပ်ခွင့်က အကန့်အသတ်နဲ့ ရထားခြင်း ဖြစ်တယ်။

သောင်ဝ်ဗာတံခါး ပိတ်ချိန် ဆိုတာ ရှိတယ်။

သောင်ဝ်ဗာတံခါးပိတ်သွားရင် သောင်ဝ်ဗာလုပ်လို့ရတော့မှာ မဟုတ်ဘူး။


ဒီတော့ သောင်ဝ်ဗာတံခါးက ဘယ်တော့ ပိတ်မှာလဲ?


အဖြေကတော့

သောင်ဝ်ဗာတံခါး ပိတ်ခြင်းက နှစ်မျိုး ရှိတယ်။


၁။ ။ လူတဦးချင်းစီအတွက် သောင်ဝ်ဗာတံခါး ပိတ်ခြင်း

၂။ ။လူအများအတွက် သောင်ဝ်ဗာတံခါး ပိတ်ခြင်း


လူတယောက်ချင်းစီအတွက် သောင်ဝ်ဗာတံခါး ပိတ်ချိန်ဟာ လူသား အသင်ငင်ပြီး "အာလမေဂိုင်းဗ်"လို့ ခေါ်တဲ့ ဖရစ်ရှ်သာတွေ၊ဂျန္နသ်၊ဂျဟန္နမ် စတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရတဲ့အချိန် ဖြစ်တယ်။


မြတ်နဗီ(ဆွ)မိန့်တော်မူတယ် :


(إن الله عز وجل يقبل توبة العبد ما لم يغرغر)


အလ္လာအသျှင်မြတ်ဟာ ဗန်ဒါလူသားရဲ့ အသက်ဝိဉာဉ် လည်မျိုကို မရောက်သေးသ၍ သောင်ဝ်ဗာကို လက်ခံတော်မူတယ်။

(သိရ်မေဇီကျမ်း)


သဘောက

အသက်ငင်ပြီး အသက်လည်မျိုကို ရောက်လာပြီးဆိုရင်တော့ ကာဖိရ်လည်း အိမာန်ယူလို့မရတော့ဘူး

ဖီဆန်ချိုးဖောက်သူလည်း သောင်ဝ်ဗာလုပ်လို့မရတော့ဘူး။

အဲဒီမတိုင်ခင် တသက်လုံး သောင်ဝ်ဗာတံခါး ဖွင့်ပေးထားတယ်။

သောင်ဝ်ဗာလုပ်လို့ရတယ်။


ဟုတ်ကဲ့!

လူသားအားလုံးအတွက် သောင်ဝ်ဗာတံခါးပိတ်ချိန်ဟာ အနောက်အရပ်ကနေ နေထွက်လာတဲ့အချိန်ပဲ ဖြစ်တယ်။


ကေယာမသ်ကမ္ဘာပျက်မည့်နေ့ နီးကပ်လာတဲ့အချိန်ကာလတခုမှာ တရက် နေမင်းဟာ အရှေ့အရပ်မှ မထွက်ပဲ အနောက်အရပ်မှ ထွက်လာလိမ့်မယ်။

အဲဒီအချိန်ကျရင် ဘယ်သူမှ သောင်ဝ်ဗာလုပ်လို့ ရတော့မှာ မဟုတ်ဘူး။သောင်ဝ်ဗာတံခါး ပိတ်သွားမှာ ဖြစ်တယ်။


မြတ်နဗီ(ဆွ)မိန့်တော်မူတယ် :


(من تاب قبل أن تطلع الشمس من مغربها تاب الله عليه)


မည်သူမဆို အနောက်အရပ်မှ နေမထွက်မီ သောင်ဝ်ဗာပြုခဲ့ပါက အလ္လာအသျှင်မြတ်သည် ထိုသူ၏သောင်ဝ်ဗာကို လက်ခံတော်မူမည်။

(မွတ်စ်လင်မ်ကျမ်း)


လူသားတွေထဲမှ ဘယ်သူမျှ မိမိအသက်ငင်မဲ့အချိန်၊သေဆုံးမဲ့အချိန်ကို မသိနိုင်ဘူး။

အသက်အရွယ်မရွေး ဆိုက်ရောက်လာနိုင်တယ်။


ဒီအတိုင်းပဲ အနောက်အရပ်ကနေ နေထွက်လာမဲ့နေ့ဟာ ဘယ်တော့လဲ ဆိုတာလည်း ဘယ်သူမှ တပ်အပ် မပြောနိုင်ဘူး။

အချိန်မရွေး ဖြစ်သွားနိုင်တယ်။


ဒါ့ကြောင့် ကျွန်ုပ်တို့အားလုံးဟာ အချိန်ရှိခိုက် လုံလစိုက်ပြီး ချက်ချင်း အသျှင်မြတ်ဘက်သို့ ပြန်လှည့်ကြရပါမယ်။

နေ့ည ရွေးမနေပဲ ချက်ချင်းလက်ငင်း သောင်ဝ်ဗာလုပ်ကြရပါမယ်။


သဘောက လူသားတယောက်ဟာ ဘဝသက်တမ်းတလျှောက်လုံး အနောက်အရပ်က နေမထွက်မီအထိ၊အသက်ငင်တဲ့အခြေအနေကို မရောက်မီအထိ သောင်ဝ်ဗာလုပ်ခွင့်ရှိတယ်။


အလ္လာအသျှင်မြတ် မခွင့်လွှတ်နိုင်တဲ့ ဂိုနာဟ်ဆိုတာ မရှိဘူး

ဂိုနာဟ်တွေ ဘယ်လောက် ကြီးမားပါစေ များပြားပါစေ

အလ္လာအသျှင်မြတ်ရဲ့ ဂရုဏာတော်ရှေ့မှာ ဘာမှကို မဟုတ်ဘူး

စစ်မှန်တဲ့ သောင်ဝ်ဗာလုပ်ရင် အားလုံးကို ခွင့်လွှတ်ပေးတော်မူမဲ့ မဟာဂရုဏာတော်ရှင် အလ္လာအသျှင်မြတ် ဖြစ်တယ်။


သောင်ဝ်ဗာတံခါး ပိတ်ခါမှ နောင်တရပြီး သောင်ဝ်ဗာလုပ်မိလို့

မိုးလွန်မှ ထွန်ချသလို ဖြစ်ပြီး ထာဝရဆုံးရှုံးရရင်တော့ မည်သူမပြု မိမိမှုပါပဲ။


အလ္လာအသျှင်မြတ် ကျွန်ုပ်တို့အားလုံးကို သောင်ဝ်ဖီးက် ချီးမြှင့်တော်မူပါစေ

အာမီးန်


စည် သူ လွင်ဦး


ပြန်လည်မျှဝေသူ 

ဗန်သာဟ်အီစ်မာအီလ်း

Comments

Popular posts from this blog

တစ်မိနစ် သင်ခန်းစာ (၂)

သင်ခန်းစာ (၂) 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 (၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော  စာပိုဒ်တစ်ခု၏အဓိပ္ပါယ် “ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” سبحانك اللهم အို - အလ္လာဟ်အရှင်မြတ် ၊ ကျွန်တော်မျိုး/မသည် အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်မှုကို မြွက်ဆိုပါ၏။ (၂) စွန္နသ်တော်တစ်ခု နမားဇ်အတွင်း မတ်တတ်ရပ်ရာတွင်  ခြေချောင်းများကိုလည်း ကစ်ဗ်လယ်ဘက်သို့ တည့်မတ်စွာထားခြင်း၊ (ခြေထောက်နှစ်ဘက်ကြား လက်လေးလုံးခန့် ခွာထားခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။) (၃) ကြီးလေးသောအပြစ်တစ်ခု တစ်ဦးတစ်ယောက်ကို စောင်းမြောင်းကဲ့ရဲ့ ပြောဆိုခြင်းသည် ကြီးလေး သောအပြစ်ဖြစ်၏။ (၄) အပြစ်ကြောင့် လောကတွင်ဆုံးရှုံးရမှု ကြီးလေးသောအပြစ်ကြောင့် လောက၌ ခံရသောဆုံးရှုံးမှုများ အနက်တစ်ခုမှာ ရိုဇီလျော့နည်းသွား၍  ရိုဇီထဲမှ ​ဗရ်ကသ်ဆုတ်ယုတ်သွားသည်။  (အမြင်အားဖြင့်) စားနပ်ရိက္ခာပေါများနေသော်လည်း ယင်း၏အကျိုးအမြတ်ကို အနည်းငယ်သာ  ရရှိပေမည်။ ဥပမာ - ရောဂါဖြစ်မည်။ စိတ်ရှုပ်ထွေးမည်။ အကြောင်းမဲ့ဖြုန်းတီးကုန်မည်။) (၅) နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက်  ရရှိမည်အကျိုး အမျိုးမျိုးသော ​ဗရ်ကသ်များကို မိုးကောင်းကင်နှင့် မြေပြင်မှရရှိမည်။ 📖 စာအ...

"ဟလာလ် relationship"

"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။   ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။   ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်...