Skip to main content

786 အကြောင်း

786 အကြောင်း
*****************
786 ဆိုတာ အစ်စလာမျသာသာနာ၏
တံဆိပ် မဟုတ်ပါ...
အမှတ်အသားလည်း မဟုတ်ပါ...
တခြားဘာသာဝင်များ ယူဆသည့်အတိုင်း(7+8+6=21)
21 ရာစုနှစ်မှာ အစ္စလာမ်တွေ အုပ်စိုးမည် ဆိုတာလည်း လုံး၀ မဟုတ်ပါ...
မှားယွင်းသော အယူအဆများသာ ဖြစ်တယ်...
786 ဆိုတာ ဗျည်းအက္ခရာများ၏ ကိန်းဂဏန်း သတ်မှတ်ချက်များအရ အက္ခရာများကို ပေါင်းချေ၍
ရသော ဂဏန်းဖြစ်တယ်...

ဗျည်းအက္ခရာနှင့် ကိန်းဂဏန်းများမှာ

ا1   ب2   ت400   ث500   ج3   ح8   خ600   د4   ذ700   ر200   ز7   س60   ش300   ص90
ض800   ط8   ظ900   ع70   غ1000   ف80
ق100   ك20   ل30   م40   ن50   و6   ه5   ي10

              بسم الله الرحمن الرحيم
ب2    س60    م40    ا1    ل30    ل30    ه5    ا1    ل30    ر200    ح8    م40    ن50    ا1    ل30    ر200    ح8    ي10    م40

အထက်ပါ အတိုင်း ဗိစ်မိလ္လာဟ်မှာ ပါသော
အက္ခရာများ၏ ကိန်းဂဏန်းများကို ပေါင်းမည် ဆိုလျင် 786 ရပါတယ်။

             بسم الله الرحمن الرحيم
မပြတ်မစဲ သနားကြင်နာတော်မူသော
အနန္တဂရုဏာတော်အရှင် ဖြစ်တော်မူသော
အလ္လာဟ်(سبحا)အရှင်၏ နာမတော်ဖြစ် အစပြုပါတယ်...

786 ဆိုတာ➳ ဗိစ်မိလ္လာဟ်
အလ္လာဟ်(سبحا)အရှင်၏ နာမတော်ဖြစ်
အစပြုခြင်း ဖြစ်ပါတယ်...
ဗိစ်မိလ္လာဟ်၏ ကိန်းဂဏန်းများကို ပေါင်းကြည့်ပါ~~~
အသိပညာများကို  မျှဝေတင်ပြလိုက်ပါသည် 
Crd  -#

Comments

Popular posts from this blog

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ်

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ် အကြင်သူ၌ အချက်(၃) ရှိလျှင် ထိုသူသည် ဥပုသ်စောင့်ထိန်း၍ ဆွလာသ်ဝတ်ပြုပြီး မိမိ ကိုယ္ကို မွတ်စလင်မ်ဟု ထင်မြင်ယူဆပါ လျှင်လည်း ထိုသူသည် မုနာဖိက် သာသနာ့ အရေခြုံသာ ဖြစ်သည်။ ထိုအချက်များမှာ  (၁) စကားပြောလျှင်လိမ်ညာ၏။  (၂) ကတိပေးပြီး ဖောက်ဖျက်၏။ (၃) အပ်နှံထားသောပစ္စည်းကို ပိုင်ရှင်အား ပြန်မပေးဘဲ အလွဲသုံးစားပြု၏။

ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ

ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 အကြင်မည်သူမဆို မိမိပျက်ကွက်ခဲ့သောနမာဇ်များကို ပြန်လည်၍ ကဇွာပြုဖြည့်ဆည်းမည်ဆိုပါက နီယသ်ပြုရည်စူးရာ၌ ပျက်ကွက်ခဲ့သော ရက်၊ လ၊ နှစ် အပြင် မည်သည့်နမာဇ်ဖြစ်သည် ကိုပါထည့်သွင်း၍  နီယသ်ပြု ရည်စူးရန်အရေးကြီးပေသည်။  ထိုသို့နီယသ်ပြု ရည်စူးခြင်းမပြုဘဲ “ကဇွာပြုပါ၏"ဟုသာ နီယသ်ပြုလုပ်ရုံဖြင့် မလုံလောက်ပေ။   သို့ရာတွင် တစ်ဦးတစ်ယောက်သည် အကြိမ်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ သို့မဟုတ် သက်တမ်းတလျှောက် ပျက်ကွက်ခဲ့သော နမာဇ်များ ကို ဖြည့်ဆည်းရန်အတွက် ရက်၊ လ၊ နှစ် အချိန်တို့ကို မှတ်မိရန်ခဲ ယဉ်းလှပေသည်။  ထို့အတူနီယသ်ပြုရည်စူးရန်မှာလည်း  လွယ်မည်မဟုတ်ပေ။  သို့ပါ၍ ကြိမ်ဖန်များစွာပျက်ကွက်ခဲ့သော  နမာဇ်များကို ဖြည့်ဆည်းရာတွင် အောက်ဖော်ပြပါနည်းလမ်းအတိုင်း နီယသ်ပြုရည်စူးမည်ဆိုပါက  အင်ရှာအလ္လာဟ် တာဝန်ကျေ အထမြောက် သွားပေမည်။ ________________ ကဇွာအိအွမ္မရီဝတ်ပြုနည်း  သက်တမ်းတလျောက်ပျက်ကွက်ခဲ့သော နမာဇ်များဖြည့်ဆည်းနည်း 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 “ကျွန်တော်မျိုးပျက်ကွက်ခဲ့သော"  (*)ဖ...

"ဟလာလ် relationship"

"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။   ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။   ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်...