Thursday, 16 April 2020

ခရစ်ယာန်တစ်ယောက်အနေဖြင့် အစ္စလာမ်ဘာသာ၀င်များသို့ တောင်းပန်ခြင်း

ခရစ်ယာန်တစ်ယောက်အနေဖြင့် အစ္စလာမ်ဘာသာ၀င်များသို့ တောင်းပန်ခြင်း

အစ္စလာမ် ဘာသာ၀င်မိတ်ဆွေများရှင့်

ယခု ဖေ့ဘုတ်တွင်ပျံ့နှံ့နေသော ခရစ်ယာန် တရားဟောဆရာတစ်ဦး၏ တရားဟောချက်များတွင်

အစ္စလာမ်ဘာသာတရား၏ သင်္ကေတ အမှတ်အသားတစ်ခုအပေါ်သို့ ဝေဖန်သုံးသပ်ရင်း လွှဲမှားသော သတင်းအချက်များဖြင့် ပြောကြားခြင်း၊ အစ္စလာမ်ဘာသာ၀င်များအပေါ်နားလည်မှုလွှဲမှားကာ အမုန်းတရားများ ဖြစ်ပေါ်စေရန် လွှဲမှားသော အယူဝါဒများ ဖြန့်ဝေနေခြင်းများနှင်ပတ်သက်၍ ခရစ်ယာန်ဘာသာ၀င်တစ်ဦးအနေဖြင့် အနူးအညွတ်တောင်းပန်အပ်ပါသည်။

အမှန်တကယ်အားဖြင့် ခရစ်ယာန်၏ သမ္မာကျမ်းစာသည် ချစ်ခြင်းမေတ္တာအပေါ်အခြေခံကာ သူတစ်ပါးကို ကိုယ်နဲ့အမျှချစ်ဖို့ ကိုယ်၌ပြုစေလိုသူမျှကိုသူတစ်ပါး၌ပြုဖို့ စသဖြင့် သူတစ်ပါးကို သည်းခံခြင်း၊ မိမိကိုယ်ကို နှိမ်ချခြင်းတို့ဖြင့် အပြုသဘောဆောင်သောသွန်သင်ချက်များစွာဖြင့်သွန်သင်ထားပါတယ်။

ဒါ့ကြောင့် အမုန်းတရားကို အားပေးပြီး လွဲမှားသော သတင်းအချက်အလက်များဖြင့် အစ္စလာမ်ဘာသာဝင်များအပေါ် ဝေဖန် ပြောကြားခဲ့သည့်အတွက် ခရစ်ယာန်တစ်​ယောက်အ​နေဖြင့်  တောင်းပန်အပ်ပါသည်။

အခု ​တောင်းပန်ခြင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးအ​နေဖြင့်သာ တောင်းပန်ခြင်းဖြစ်ပြီး  ထိုတရား​ဟောဆရာကိုယ်စားတောင်းပန်ခြင်းမဟုတ်ပါ။ထိုသူ စိုက်ပျိုးတဲ့အတိုင်းသူ ရိတ်သိမ်းပါစေ။

ကျေးဇူးပြုပြီး comment   တွင် တရားဟောဆရာရဲ့ နာမည်တပ်ပြီး ပြောဆို ဆဲဆိုခြင်းများမလုပ်ကြဖို့တောင်းပန်ပါတယ်။  ဒီ post သည် ချစ်ခြင်းမေတ္တာကို အခြေခံကာ ငြိမ်းချမ်းမှုကို ဖော်ဆောင်ရန် ရည်ရွယ်သည့်အတွက်ဒီ post အပေါ် အခြေခံပြီး  မည်သည့် ဘာသာ မည်သည့်ပုဂ္ဂိုလ်ကိုမှ ထိခိုက်စေသော  အရေးအသားမျိုး Comment မပေးကြဖို့ တောင်းပန်ပါတယ်။

ဒီ post လေးအားဖြင့်  အမုန်းတရားတွေကို လက်ဆင့်မကမ်းတော့ဘဲ ချစ်ခြင်းမေတ္တာတွေပဲ ဖြန့်​ဝေကြရအောင်နော်

သဇင်​အေး




No comments:

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...