ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
အကြင်မည်သူမဆို မိမိပျက်ကွက်ခဲ့သောနမာဇ်များကို ပြန်လည်၍ ကဇွာပြုဖြည့်ဆည်းမည်ဆိုပါက နီယသ်ပြုရည်စူးရာ၌ ပျက်ကွက်ခဲ့သော ရက်၊ လ၊ နှစ် အပြင် မည်သည့်နမာဇ်ဖြစ်သည် ကိုပါထည့်သွင်း၍
နီယသ်ပြု ရည်စူးရန်အရေးကြီးပေသည်။
ထိုသို့နီယသ်ပြု ရည်စူးခြင်းမပြုဘဲ “ကဇွာပြုပါ၏"ဟုသာ နီယသ်ပြုလုပ်ရုံဖြင့် မလုံလောက်ပေ။
သို့ရာတွင် တစ်ဦးတစ်ယောက်သည် အကြိမ်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ သို့မဟုတ် သက်တမ်းတလျှောက် ပျက်ကွက်ခဲ့သော
နမာဇ်များ ကို ဖြည့်ဆည်းရန်အတွက် ရက်၊ လ၊ နှစ် အချိန်တို့ကို မှတ်မိရန်ခဲ ယဉ်းလှပေသည်။
ထို့အတူနီယသ်ပြုရည်စူးရန်မှာလည်း
လွယ်မည်မဟုတ်ပေ။
သို့ပါ၍ ကြိမ်ဖန်များစွာပျက်ကွက်ခဲ့သော
နမာဇ်များကို ဖြည့်ဆည်းရာတွင် အောက်ဖော်ပြပါနည်းလမ်းအတိုင်း နီယသ်ပြုရည်စူးမည်ဆိုပါက
အင်ရှာအလ္လာဟ် တာဝန်ကျေ အထမြောက်
သွားပေမည်။
________________
ကဇွာအိအွမ္မရီဝတ်ပြုနည်း
သက်တမ်းတလျောက်ပျက်ကွက်ခဲ့သော
နမာဇ်များဖြည့်ဆည်းနည်း
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
“ကျွန်တော်မျိုးပျက်ကွက်ခဲ့သော"
(*)ဖဂျရ်နမာဇ်များ အနက် ပထမဆုံးသော
(*)ဖဂျရ်နမာဇ်ကို ကဇွာပြုပါ၏” ဟု
နီယသ်ပြု ရည်စူးပါ။
ထိုသို့နီယသ်ပြု ရည်စူး၍ ကဇွာပြုဖြည့်ဆည်းလိုက် သောအခါ ၎င်းဝတ်ပြုလိုက်သော ဖဂျရ်ကဇွာနမာဇ်သည် ပျက်ကွက်ခဲ့သော ဖဂျရ်နမာဇ်များအနက်
ပထမဆုံးပျက်ကွက်ခဲ့သော ဖဂျရ်နမာဇ်အတွက်ဖြစ်ခါ တာဝန်ကျေသွားပေမည်။
(*) ပြထားသော နေရာတွင်အမည်ပြောင်း၍
နီယသ်ပြုပါ။
ထိုကဲ့သို့ပင် ကျန်ရှိသော ဖဂျရ်နမာဇ်များ၊ ဇုဟိုရ်၊
အစွာရ်၊ မဂ်ရဗ်၊ အေရှာနှင့်အေရှာရှိဝိသစ်ရ်
ဝါဂျစ်ဗ်နမာဇ်တို့ကို ကဇွာပြုရာတွင်လည်း
အထက်ပါအတိုင်း ရည်စူး ရမည်ဖြစ်ပေသည်။
ဥပမာ။ ။ တစ်ဦးတစ်ယောက်သည် ပျက်ကွက်ခဲ့သော ၁၀နှစ်စာ ဖဂျရ် (သို့မဟုတ် ဇုဟိုရ်၊ အဆွရ်၊ မဂ်ရဗ်၊ အေရှာနှင့်ဝိသစ်ရ်) နမာဇ်တို့ကို ကဇွာဖြည့်ဆည်းခြင်း ပြုမည် ဆိုပါစို့။
ထိုသူပျက်ကွက်ခဲ့သော ဖဂျရ်နမာဇ်(သို့မဟုတ်တခြား နမာဇ်တစ်ခုခု)၏ အရေအတွက်မှာ များပြားနေ၍ ရက်၊ လ၊ နှစ်တို့ကို ထည့်သွင်းနီယသ်ပြုရည်စူးရန်မှာ ခဲယဉ်းပေသည်။
ထိုသူ ပျက်ကွက်ခဲ့သောနမာဇ်၏ အရေအတွက်မှာ
(ဖဂျေရ် သို့မဟုတ် အခြားနမာဇ်တစ်ခုတည်းက)
၁ဝနှစ်x၁၂လ၃၀ရက် ၃၆၀၀ ကြိမ်ဖြစ်သည်။
အထက်ဖေါ်ပြပါနည်းအတိုင်း နီယသ်ပြုရည်စူး၍
ကဇွာ ပြုဖြည့်ဆည်းလိုက်ရာ ပထမဆုံးပျက်ကွက်ခဲ့သော နမာဇ်ကဇွာ ဖြည့်ဆည်းပြီးဖြစ်၍
(၃၅၉၉) ကြိမ်သာကျန်မည်။
တဖန်ပထမဆုံး (ဖဂျေရ် သို့မဟုတ်အခြားနမာဇ်) ဟု နီယသ်ပြု ရည်စူးပြီးဖြည့်ဆည်းလိုက်ရာ (၃၅၉၈)ကြိမ်သာကျန်ပေမည်။
အဘယ်ကြောင့်ဆိုသော် ပထမ မရှိတော့၍ ဒုတိယကပထမဖြစ် လာမည်။
တဖန်တတိယက ပထမဖြစ်လာမည်။
ဤသို့ကဗျာ ပြုဖြည့်ဆည်းခြင်းဖြင့် ပျက်ကွက်ခဲ့သော နမာဇ်များအားလုံးလွယ် ကူစွာဖြည့်ဆည်းပြီးဖြစ်ခါ တာဝန်ကျေသွားပေးမည်။
ကဇွာဖြည့်ဆည်းပြီးဖြစ်ခါ တာဝန်ကျေသွားပေမည်။
.......................................................................
ကဇွာနမာဇ်များဝတ်ပြုရန်အချိန်
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
ကဇွာ (ပျက်ကွက်ခဲ့သော)နမာဇ်များကို ပြန်လည်၍ ဖြည့်ဆည်းဝတ်ပြုရာတွင် နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေဝင်ချိန် များမှအပ ကျန်အချိန်များတွင်
ဝတ်ပြုခွင့်ရှိသည်။
အစဉ်လိုက် ဖြစ်စေ၊ အစဉ်လိုက်မဟုတ်သည်ဖြစ်စေ ဝတ်ပြုနိုင် သည်။
သို့ ရာတွင် မိမိသက်တမ်းအတွင်း (၅)ကြိမ်၊ သို့မဟုတ် (၂)ကြိမ် ထက်လျော့၍ပျက်ကွက်ခဲ့သော် ထိုသူ့အပေါ်တွင်မူ
အစဉ်လိုက် ဝတ်ပြုရန်အရေးကြီးပေသည်။
(ဤအဆိုသည် ကဇွာအိ အွမ္မရီ သမားများအတွက်မဟုတ်ပေ။)
ပျက်ကွက်ခဲ့သော နမာဇ်များကို ဖဂျေရ် နှင့်အစွာရ်
နမာဇ်များ ဝတ်ပြုပြီးနောက်လည်း ဖြည့်ဆည်း ဝတ်ပြုခွင့်ရှိသည်။
သို့သော် လူအများမှနမာဇ် ဝတ်ပြုနေကြောင်း မသိနိုင်စေရန် ကွယ်ဝှက်၍ ၀တ်ပြုရမည်။
အကြောင်းမှာ“နေ့စဉ်ဝတ်ပြုရန် တာဝန်ရှိသော နမာဇ်များကို အချိန်ကျရောက်သည်နှင့်တပြိုင်နက် ဝတ်ပြုရန် မျက်ကွက်ခြင်းက ဂိုနာဟ်တစ်ခုဖြစ်၍
ဂိုနာဟ်ကို ပေါ်လွင်အောင်ပြုခြင်းကလည်း
ဂိုနာဟ်ဖြစ်ပေသည်။”
(တခြားအပြစ် များတွင်လည်း ဤနည်းကဲ့သို့ပင်။ အပြစ်ကျူးလွန် ခြင်းက ဂိုနာဟ်တစ်ခု ပေါ်လွင်စေမည်ဆိုက ဂိုနာဟ်တစ်ခု ပေါင်းနှစ်ခုဖြစ်ပေမည်။)
ဖဂျရ် နှင့် အစွာရ်နမာဇ် များဝတ်ပြုပြီး နောက်
နဖွလ်နမာဇ်ဝတ်ပြုခြင်းသည် မက်ရူးဟ် ဖြစ်သည်။
ထို့ကြောင့် ၎င်းအချိန်များတွင် ကဇွာနမာဇ်များ
ဝတ်ပြုခြင်းဖြင့် လူတိုင်းက နမာဇ်များဝတ်ပြုနေခြင်းဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်သဖြင့် ဂိုနာဟ်ကိုပေါ်လွင် ထင်ရှားစေခြင်း ဖြစ်ပေမည်။
ထို့ကြောင့် လူအများမမြင်နိုင်စေရန် ကွယ်ဝှက်၍ ဝတ်ပြုရမည်။ ဇုဟိုရ်၊ မဂ်ရစ်ဗ်နှင့် အေရှာနမာဇ်များဝတ်ပြုပြီး နောက်က ဖတ်ခြင်းဖြင့် လူအများ
မသိရှိနိုင်ပေ။
...........................................................................
ပျက်ကွက်ခဲ့သော နမာဇ်များကို ဖြည့်ဆည်း
ဝတ်ပြုရာတွင်အလွယ်ဆုံးနည်းများ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
ပထမနည်း ။ ။ သက်တမ်းအတွင်း ဝတ်ပြုရန် ပျက်ကွက်သောနမာဇ်များကို တစ်ရက်လျှင်
အကြိမ်များစွာ ဝတ်ပြုဖြည့် ဆည်းခြင်းထက် အနည်းငယ်စီဝတ်ပြုခြင်းက ပို၍လွယ်ကူသည်။
တစ်ရက်လျှင် ဖရ်ဇ်နမာဇ် (၅) ကြိမ်ရှိရာ ကဇွာဝတ်ပြု မည်ဆိုပါက စုစုပေါင်းရကအသ် ၂၀ ရှိမည်။
အကြောင်းမှ စွန္နသ်များကို ကဇွာဝတ်ပြုရန်
ဖရ်ဇ်မဟုတ်ပေ။
ဖရ်ဇ်ပျက်ကွက်ခဲ့သော် ပြန်လည်ဖြည့်ဆည်းရန်
ဖရ်ဇ်ဖြစ်ပြီး ဝါဂျစ်ဗ်ပျက်ကွက်ခဲ့
သော်ပြန်လည်ဖြည့်ဆည်းရန် ဝါဂျစ်ဗ်ဖြစ်သည်။
စွန္နသ်ပျက်ကွက် ခဲ့သော်ပြန်လည် ဖြည့်ဆည်းရန်မှာ
စွန္နသ်သာဖြစ်ပေသည်။
ထို့ကြောင့် ဖဂျေရ်၌ ဖရ်ဇ် (၂) ရကအသ်၊
ဇုဟိုရ်၌ (၄) ရကအသ် ၊ အစွာရ်၌ (၄) ရကအသ်၊
မဂ်ရစ်ဗ်၌ (၃) ရကအသ်၊ အေရှာ၌ဖရ်ဇ် (၄)
ရကအသ် နှင့် ဝါဂျစ်ဗ် (၃) ရကအသ်၊
စုစုပေါင်း ရကအသ် (၂၀) ဖြစ်သည်။
ပျက်ကွက်ခဲ့သော တစ်ရက်စာ ရကအသ် (၂၀) ကို ပြန်လည်ဖြည့်ဆည်းဝတ်ပြုမည်ဆိုပါက မိနစ် (၃၀) နာရီ၀က်သာ ကြာမည်။
မိနစ် ၃ဝ သည် တစ်ရက်တာ (၂၄နာရီ) ၏
(၄၈) ပုံ (၁) ပုံသာရှိသည်။
ထို့ကြောင့် မနက်ပိုင်း၌ဖြစ်စေ၊
အေရှာနမာဇ် ဝတ်ပြုပြီး နောက်ဖြစ်စေ၊
(၄၈) ပုံ (၁) ပုံခန့်သော အချိန်မိနစ် (၃၀) ခန့်ကို
ကဇွာနမာဇ်များဖြည့်ဆည်းဝတ်ပြုရန် အသုံးပြုလိုက်မည်ဆိုပါက ပျက်ကွက်ခဲ့သော နမာဇ်များအားလုံး လွယ်ကူစွာဖြင့် မကြာမီဖြည့်ဆည်းပြီး
ဖြစ်သွားပေမည်။
ဒုတိယနည်း ။ ။ နေ့စဉ်ဝတ်ပြုရန်တာဝန်ရှိသော
ဖရ်ဇ်နမာဇ် (၅) ကြိမ်ဝတ်ပြုခြင်း မပြုမီ၊ သို့မဟုတ် ဝတ်ပြုပြီးတိုင်း၊ ပျက်ကွက် ခဲ့သော နမာဇ်တစ်ကြိမ်စီကို (ဖဂျရ်နမာဇ်ဝတ်ပြုပြီး သို့မဟုတ် ၀တ်ပြုခြင်းမပြုမီပျက်ကွက်ခဲ့သော ဖဂျေရ် ဝတ်ပြုခြင်း၊
ဇုဟိုရ်၌ဇုဟိုရ် စသည်ဖြင့်) မက္ကရူးဟ်ချိန် သတိပြု ရှောင်ရှား၍ ဖြည့်ဆည်းဝတ် ပြုလိုက်မည်ဆိုပါက လွယ်ကူစွာဖြင့် မကြာမီဖြည့်ဆည်းပြီးဖြစ်
သွားပေမည်။
တတိယနည်း ။ ။ တစ်ရက်စာ ရကအသ် (၂၀) ကို
(၃) ပိုင်းပိုင်း ခြားလိုက်ပါ။
ဖဂျေရ် နှင့်ဇုဟိုရ် (၆) ရကအသ်ကို ဇုဟိုရ်နမာဇ် ဝတ်ပြုပြီးချိန်၌လည်းကောင်း၊ အစွာရ်နှင့်မဂ်ရစ်ဗ် (၇) ရကအသ်ကို မဂ်ရစ်ဗ်နမာဇ်ဝတ်ပြုပြီးချိန်၌လည်းကောင်း၊ အေရှာဖရ်ဇ် (၄) ရကအသ်နှင့်
ဝိသစ်ဝါဂျစ်ဗ် (၃) ရကအသ် ပေါင်း (၇) ရကအသ်ကို အေရှာနမာဇ်ဝတ်ပြုပြီးချိန်၌လည်းကောင်း၊ ဖြည့်ဆည်းဝတ်ပြု လိုက်ခြင်းဖြင့် မကြာမီ
ပျက်ကွက်ခဲ့သော နမာဇ်အားလုံး
ဖြည့်ဆည်းပြီးဖြစ်သွားပေမည်။
ဤတတိယနည်းသည် နမာဇ်ပြီး
နောက် ၁၀ မိနစ်ခန့်သာအချိန်ပေးရမည်။
(ဤနည်းသည် အလွန်လွယ်ကူလှ၍ ပျက်ကွက်သော နမာဇ်များဖြည့်ဆည်းခြင်းကို စတင်ပြုလုပ်ဝတ်ပြုရန် စဉ်းစားသင့်ပေသည်။)
ကျွန်ုပ်တို့သည် မိမိသက်တမ်းအတွင်း တာဝန်ရှိသော ကျင့်ဝတ်များကို မိမိကိုယ်တိုင်လိုက်နာကျင့်သုံးခြင်း၊ ပျက်ကွက် ခဲ့သမျှကို ဖြည့်ဆည်းထားခြင်းက အကောင်းဆုံးဖြစ်သည်။
အကြောင်းမှာ ကွယ်လွန်သေဆုံးခါနီး၌ ပျက်ကွက်ခဲ့သော နမာဇ်များ၊ တာဝန်ဝတ္တရားများနှင့်ပတ်သက်ပြီး ဝစီရသ်မှာကြား ခွင့် ရနိုင်၊ မရနိုင်ကို မည်သူမျှ
မသိရှိကြပေ။
သွားရင်း၊ လာရင်း မတော်တဆ (အက်စီဒန့်တ်) ဖြစ်ခါ သေဆုံးခဲ့မည်ဆိုလျှင် ၀စီရသ်ပြုခွင့်
အဘယ်မှာ ရနိုင်မည်နည်း။
ဤသို့ဆိုလျှင် အပြစ် ဒါဏ်ခတ်ခြင်းခံရမည်။ အကယ်၍ ဝစီရသ်ပြုနိုင်ခဲ့သော်လည်း ကျန်ရစ်သူအမွေစားများက မှာကြားသည့်အတိုင်း ဆောင်ရွက် ခြင်း မရှိပါက အားလုံးအပြစ်ဒါဏ်ခတ်ခံရမည်။
သို့ပါ၍ မိမိ ပျက်ကွက်ခဲ့သော နမာဇ်များကို မိမိကိုယ်တိုင်အချိန်ရှိခိုက် လုံ့လ စိုက်ထုတ်ခါ ဖြည့်ဆည်းထားခြင်းက စိတ်အချရဆုံးပင် ဖြစ်ပေသည်။
📖 စာအုပ်အမည် 📖
ဖစ်ဒ်ယဟ် နှင့် ကဇွာ
📝စီစဥ်ရေးသားသူ📝
ဟဇ်ရသ် မော်လာနာ မွဖ်သီ ဂျမီးလ်အဟ်မဒ် ထာနဝီ
📝ဖွင့်ဆိုဘာသာပြန်သူ📝
မော်လာနာ ဟာဖိဇ် မိုဟမ္မဒ် မာမ်ဆာ
📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်
Comments