Skip to main content

Posts

Showing posts from June, 2020

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ 'စူမေရီးယား' ရှိ ရုပ်တုကိုးကွယ်သော လူမျိုးစုတို့အား တမန်တော် နူးဟ် (عليه السلام) က မှန်ကန်သော ဒီန် သာသနာဘက်သို့ ဖိတ်ခေါ်မှုပြုခဲ့၏။ ကျမ်းတော်မြတ် ကုရ်အာန်၏ ဖော်ပြချက်အရ သိရသည်မှာ... တမန်တော် နူးဟ် (عليه السلام) သည် နှစ်ပေါင်း (950) တိုင် သာသနာပို့ချမှုကိစ္စ ဆောင်ရွက်ခဲ့၏။ ထိုသို့ ကာလရှည် ကြိုးပမ်းခဲ့သော်လည်း လူအချို့သာလျှင် အီမာန်သက်ဝင် ယုံကြည်ခဲ့၏။ ထိုအခါ အလ္လာဟ် (سبحانه وتعالى) က ထိုတော်လှန် ပုန်ကန်သူများအား အပြစ်ဒဏ်ချမှတ်ရန် သတ်မှတ်တော်မူလေ၏။ ထို့ကြောင့် တမန်တော် နူးဟ် (عليه السلام) အား... သင်္ဘောတစ်စီး တည်ဆောက်ကာ မိမိတို့နှင့်အတူ စုံတွဲတိရစ္ဆာန်တိုင်းကို ထိုသင်္ဘောပေါ်တွင် တစ်ပါးတည်း တင်ဆောင်ရန် အမိန့်ပေးတော်မူခဲ့၏။ အမှန်ကန်ဆုံးဟု ယူဆရသော အဆိုတစ်ရပ်အရ သိရသည်မှာ ထိုသင်္ဘောကို တမန်တော် နူးဟ် (عليه السلام) က အီရတ်နိုင်ငံရှိ ကူဖွာမြို့တွင် တည်ဆောက်ခဲ့ခြင်းဖြစ်၏။ ထိုသင်္ဘော တည်ဆောက်ပြီး နောက်ပိုင်းတွင် ကောင်းကင်ယံမှ အလွန်သည်းထန်စွာ မိုးများရွ...

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ်

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ် အကြင်သူ၌ အချက်(၃) ရှိလျှင် ထိုသူသည် ဥပုသ်စောင့်ထိန်း၍ ဆွလာသ်ဝတ်ပြုပြီး မိမိ ကိုယ္ကို မွတ်စလင်မ်ဟု ထင်မြင်ယူဆပါ လျှင်လည်း ထိုသူသည် မုနာဖိက် သာသနာ့ အရေခြုံသာ ဖြစ်သည်။ ထိုအချက်များမှာ  (၁) စကားပြောလျှင်လိမ်ညာ၏။  (၂) ကတိပေးပြီး ဖောက်ဖျက်၏။ (၃) အပ်နှံထားသောပစ္စည်းကို ပိုင်ရှင်အား ပြန်မပေးဘဲ အလွဲသုံးစားပြု၏။

အဆွရ်နမာဇ်နှင့်ဖဂျရ်နမာဇ်၏ အကျိုးကျေးဇူ

အဆွရ်နမာဇ်နှင့်ဖဂျရ်နမာဇ်၏ အကျိုးကျေးဇူး တမန်တော်မြတ်(ဆြ)က မိန့်တော်မူသည်မှာ- "နေမထွက်မီဖတ်ရသော နမာဇ်(ဖဂျရ်)နှင့် နေမဝင်မီဖတ်ရသော နမာဇ် (အဆွရ်)ကို ဝတ်ပြုတည်ဆောက်သော မည်သူမဆို အဘယ်သောအခါမှ ငရဲလားမည်မဟုတ်" လူတိုင်း နမာဇ်ငါးကြိမ်ကို အချိန်ဝင်သည်နှင့် ဆွဲမြဲစွာ ဝတ်ပြုနိုင်ကြပါစေ။ #Mohammad_Ameen

အိပ်မပျော်ပါက ဖတ်ရွတ်ရန်

အိပ်မပျော်ပါက ဖတ်ရွတ်ရန် 👇👇👇👇👇👇👇👇👇👇👇👇👇👇 အိပ်မပျော်ပါက အိပ်ယာထဲတွင်  လဲလျောင်းပြီးနောက် ဝူဇူနှင့်တကွ ဤဒုအာကို ဖတ်ပါ။ မအိပ်ခင်အလျှင် အာယသွလ်ကုရ်စီ နှင့်  မိုအောင်ဝဇသိုင်းန်.( စူရာဖလက် နှင့် စူရာနားစ်) တို့ကို ဖတ်၍ တကိုယ်လုံးကို မန်းမှုတ်ပွတ်သပ်၍  အိပ်ရမည်။ اَللّٰهُمَّ غَارَتِ النُّجُوْمُ وَهَدَاءَتِ الْعُيُوْنُ وَاَنْتَ حَىٌّ قَيُّوْمُ لَاتَأْخُذُكَ سِنَةٌ وَّلَانَوْمٌ يَاحَىُّ يَاقَيُّوْمُ اِهْدِئْ لَیْلِیْ وَاَنِمْ عَیْنِیْ (အိဗ်နိစွန္နီ၊ သွဗ်ရာနီ၊ အိဗ်နိအစာကိရ်) ထို့ပြင် يَاهَادِيْ (ယာဟာဒီ)ကို နှုတ်လျှာဖြင့်သော် လည်းကောင်း၊ စိတ်ထဲမှသော်လည်းကောင်း လဲလျောင်းနေရင်း မြောက်မြားစွာ  (အတိုင်းအတာမဲ့) ရွတ်ဖတ်ပါ။  ဤဂုဏ်တော်ကို ရွတ်ဖတ်နေစဉ်  မကြာမကြာ ဒရူးဒ်ရှရီးဖ်ကိုလည်း ဖတ်ပေးပါ။ ၎င်းနောက် ညဉ့်အိပ်ယာ မဝင်မှီ يَامُتَكَبِّرُ  "ယားမုသကဗ္ဗိရု"21"ကြိမ် ဖတ်ရွတ်ပြီး အိပ်လိုက်ပါ  အိမ်မက်ဆိုး မြင်မက်တော့မည်မဟုတ်ပါ။ အိပ်ပျော်နေစဉ် လန့်နိုးခြင်းအတွက် 👇👇👇👇👇👇👇👇👇👇👇👇👇 အိပ်ပျော်နေစဉ် လန့်နိုးခြင်း (သို့) အိပ်မက်ဆိုးမက်၍ လန့်နိုးခြင်း...

သင်ခန်းစာ အမှတ် ၂၄၀

ကြယ်တစ်ပွင့်ကြွေလွင့်လို့သွားခဲ့ပြန်ပါပြီ

ကြယ်တစ်ပွင့်ကြွေလွင့်လို့သွားခဲ့ပြန်ပါပြီ.... ပါကစ္စတန်နိုင်ငံ ရှိ ဂျာမေအဟ် အစ္စလာမီယဟ် ရရှီးဒ် သာသနာ့ တက္ကသိုလ်ကြီး ၌ နှစ်ပေါင်း  (၅၅)နှစ်တိုင်တိုင် ကျမ်းတော်မြတ်ကုရ်အာန် ၏  သဂ်ျဝီးဒ် နှင့် ကေရာအသ် ပညာရပ်များကို  သင်ကြားပို့ချပေးခဲ့ပါသော ဆရာသခင် ကျေးဇူးရှင်ကြီး တစ်ပါးဖြစ်တဲ့  ဟဇရသ် အလ်ဟာဂ်ျ မောင်လာနာ ဟာဖိဇ် ကာရီ  နစီမွတ်ဒီးန် ဆွာဟိဗ် သက်တော် (၈၂)နှစ်သည်  ယနေ့ 11.6.2020(ကြာသပတေး) နေ့  မနက်ပိုင်းအချိန်တွင် အလ္လာဟ်အသျှင်မြတ် သခင်၏ အမိန့်တော် ခံယူသွားခဲ့ပါသည်....  ဆရာကြီးသည် ကျမ်းတော်မြတ်ကုရ်အာန် ၏  ခိသ်မသ်ကို နှစ်ပေါင်း (၅၅)နှစ်တိတိ  ပြုလုပ်ခဲ့သူဖြစ်ပါသည်..... Crd إنا لله وإنا إليه راجعون اللهم اغفر له وارحمه وعافه واعف عنه وأكرم نزله و وسع مدخله واغسله بالماء والثلج والبرد وأعذه من فتنة القبر وعذاب النار وأدخله الجنة في الفردوس الأعلى برحمتك يا أرحم الراحمين(آمين) اللهم وفّق أهله ليصبروا صبرا جميلا... آمين Credit

ပုလ်ဆွိရာသွ် တံတား

ပုလ်ဆွိရာသွ် တံတား ယင်းတံတားသည် ဂျဟန္နမ်ငရဲဘုံ၏ အပေါ်၌ တည်ရှိ၏ ဆံကေသာထက် ပါးလွှားပြီး ဓါးရှည်ထက်ပို၍ ထက်မြတ်သော လမ်းတံတားတစ်ခုဖြစ်၏ ယင်းအား ကိယာမသ်နေ့တွင် ဂျဟန္နမ်ပေါ်၌ တည်စေတော်မူမည်။ ထိုတံတား၏ အရှည်မှာနှစ်ပေါင်း(၁၅၀၀၀)၏ ခရီးမွ် ဖြစ်၏ ထိုတံတားပေါ်တက်ရာတွင် နှစ်ပေါင်း(၅၀၀၀)အပေါ်တက်ပြီးနောက် ထိုတံတားပေါ် ဖြတ်သန်းရမည့်ခရီးနှစ်ပေါင်း(၅၀၀၀)နှင့် တံတားပေါ်မှ အဆင်းတွင် နှစ်ပေါင်း(၅၀၀၀)ကြာမြှင့်ပေးလိမ့်မည်။ ကိယာမသ်နေ့တွင် လူတို့အား ထိုတံတားပေါ်မှ ကျော်ဖြတ်ရန် အမိန့်ချမှတ်သောအခါ ဟရှရ်ကွင်းပြင်တစ်ခုလုံးသည် မှောင်မိုက်သွားပေမည်။ အွမ္မသ်တိုင်းအား မိမိတို့၏ သက်ဆိုင်ရာ နဗီတမန်တော်များနှင့်အတူ သွားရန် မိန့်ကြားတော်မူမည်။ အီမာန်ရှင်မုအ်မင်န်များအား မီးရှူးတိုင်နှစ်ခုစီ ချီးမြှင့်လိမ့်မည်။ မီးရှူးတိုင်တစ်ခုသည် အရှေ့ဘက်၌ရှိပြီး အျခားတစ္ခုမွာ လက်ယာဘက်၌ ရှိစေလိမ့်မည်။ ထိုမုအ်မင်န်များထက် အဆင့်နိမ့်သောသူများအား မီးရှူးတိုင်တစ်ခုစီ ချီးမြှင့်တော်မူမည်။ ယင်းထက်အဆင့်နိမ့်သောသူများအား ခြေထောက်၏ ခြေမအနီးတွင် မှေးမှိန်နေသော အလင်ူရောင်အား ချီးမြှင့်လိမ့်မည်။ အချိုးသူများကိုမူ မှိက်လိုက် လင်းလိုက်ဖြစ်နေသော အလင်းရ...

မွတ်စ်လင်မ့် ဝတ္တရား ခြောက်ပါး

မွတ်စ်လင်မ့် ဝတ္တရား ခြောက်ပါး သာဝကကြီးအဗူဟူရိုင်ရဟ်(ရသြိ)ကဆင့်ပြန်ပြီး တမန်တော်မြတ်(ဆြ)ကမိန့်ကြားတော်မူသည်မှာ "မွတ်စ်လင်မ်တစ်ဦးနှင့်တစ်ဦးအပေါ်ခြောက်ခု သောဝတ္တရားရှိလေသည်။သာဝကတော်များ အဘယ်ဝတ္တရာများပါနည်းဟုမေးလျောက်ကြရာ တမန်တော်မြတ်(ဆြ)က-- -တွေ့ဆုံသောအခါ စလာမ်ပေးရမည် -ဖိတ်ကြားချက်ကို လက်ခံရမည် -ဆုံးမလာပါက ဆုံးမမူကိုနာခံရမည် -နာချေ၍အလ်ဟာမ်ဒူလိလ္လာဟ်ဆိုပါက ယရ်ဟမူကလ်လာဟ်ပြန်ဆိုပေးရမည် -နာမကျမ်းဖြစ်ပါက သွားရောက်မေးမြန်းရမည် -ကွယ်လွန်သေဆုံးပါက လိုက်ပါပို့ဆောင်ပေးရမည် ဟု မိန့်ကြားတော်မူခဲ့သည်။ ကြည့်-(မွတ်စ်လင်မ်ကျမ်းဟဒီးဆ်နံပါတ်၂၁၆၂) မွတ်စ်လင်မ်တစ်ဦးက မခြားတစ်ဦးအပေါ်ထားရှိ ရမည့် ဝတ္တရားများမှာ အမြောက်အများရှိပြီး -အချို့ဝတ္တရားများသည် ဝါဂျိဗ်အဆင့်ရှိ၍မလုပ်ပါ က အပြစ်ထိုက်ပေသည်။ဥပမာစလာမ်၏အဖြေကို ပြန်ယူခြင်း(တစ်ဦးခြင်းရှိနေချိန်စလာမ်ပေးပါက စလာမ်အဖြေယူရန်ဝါဂျိဗ်တာဝန်ဖြစ်ပြီး အများနှင့် ထိုင်နေချိန်ဖြစ်ပါကဘဖရဇ်ကိဖွာယဟ်ဖြစ်သည်။ တစ်ယောက်ယောက်အဖြေပါကကျန်ရှိနေသူများ အပေါ်တာဝန်ကျေသွားပေသည်။) ထို့ပြင်မင်္ဂလာဆောင်ဝလီမာထမင်းကျွေးဖိတ်ကြား ချက်ကိုလည်း(ယင်းဝလီမာသည်ရှရီအသ်နှင့်ဆန့် ကျင်ခြင်း...