Monday, 8 June 2020

မွတ်စ်လင်မ့် ဝတ္တရား ခြောက်ပါး

မွတ်စ်လင်မ့် ဝတ္တရား ခြောက်ပါး

သာဝကကြီးအဗူဟူရိုင်ရဟ်(ရသြိ)ကဆင့်ပြန်ပြီး

တမန်တော်မြတ်(ဆြ)ကမိန့်ကြားတော်မူသည်မှာ

"မွတ်စ်လင်မ်တစ်ဦးနှင့်တစ်ဦးအပေါ်ခြောက်ခု

သောဝတ္တရားရှိလေသည်။သာဝကတော်များ

အဘယ်ဝတ္တရာများပါနည်းဟုမေးလျောက်ကြရာ

တမန်တော်မြတ်(ဆြ)က--

-တွေ့ဆုံသောအခါ စလာမ်ပေးရမည်

-ဖိတ်ကြားချက်ကို လက်ခံရမည်

-ဆုံးမလာပါက ဆုံးမမူကိုနာခံရမည်

-နာချေ၍အလ်ဟာမ်ဒူလိလ္လာဟ်ဆိုပါက

ယရ်ဟမူကလ်လာဟ်ပြန်ဆိုပေးရမည်

-နာမကျမ်းဖြစ်ပါက သွားရောက်မေးမြန်းရမည်

-ကွယ်လွန်သေဆုံးပါက လိုက်ပါပို့ဆောင်ပေးရမည်

ဟု မိန့်ကြားတော်မူခဲ့သည်။

ကြည့်-(မွတ်စ်လင်မ်ကျမ်းဟဒီးဆ်နံပါတ်၂၁၆၂)

မွတ်စ်လင်မ်တစ်ဦးက မခြားတစ်ဦးအပေါ်ထားရှိ

ရမည့် ဝတ္တရားများမှာ အမြောက်အများရှိပြီး

-အချို့ဝတ္တရားများသည် ဝါဂျိဗ်အဆင့်ရှိ၍မလုပ်ပါ

က အပြစ်ထိုက်ပေသည်။ဥပမာစလာမ်၏အဖြေကို

ပြန်ယူခြင်း(တစ်ဦးခြင်းရှိနေချိန်စလာမ်ပေးပါက

စလာမ်အဖြေယူရန်ဝါဂျိဗ်တာဝန်ဖြစ်ပြီး အများနှင့်

ထိုင်နေချိန်ဖြစ်ပါကဘဖရဇ်ကိဖွာယဟ်ဖြစ်သည်။

တစ်ယောက်ယောက်အဖြေပါကကျန်ရှိနေသူများ

အပေါ်တာဝန်ကျေသွားပေသည်။)

ထို့ပြင်မင်္ဂလာဆောင်ဝလီမာထမင်းကျွေးဖိတ်ကြား

ချက်ကိုလည်း(ယင်းဝလီမာသည်ရှရီအသ်နှင့်ဆန့်

ကျင်ခြင်းမရှိပါ ဖိတ်ကြားချက်ကိုလက်ခံရန်ဝါဂျိဗ်

တာဝန်ဖြစ်၏။ရှရီအသ်နှင့်ဆန့်ကျင်နေသောခရစ်

ယာန္မ်ားကဲ့သို့ ဝလီမာဖြစ်ပါက လိုက္နာရန္မလို။

-ထို့ပြင်မွတ်စ်လင်မ်တစ်ဦးကအခြားတစ်ဦးအပေါ်

ဖရဇ်ကိဖွာယဟ်အဆင့်ရှိတာဝန်များမှာမူကား

-နာမကျမ်းဖြစ်ပါကသွားရောက်မေးမြန်းခြင်း

-တရားစကားဆုံးမပါက ဆုံးမမူကိုလက်ခံခြင်း

-ဂျနာဇဟ်အသုဘလိုက်ပါပို့ဆောင်ခြင်း

တို့ဖြစ်ပေသည်။

#Mohammad Ameen

No comments:

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...