Friday, 12 June 2020

အိပ်မပျော်ပါက ဖတ်ရွတ်ရန်

အိပ်မပျော်ပါက ဖတ်ရွတ်ရန်
👇👇👇👇👇👇👇👇👇👇👇👇👇👇

အိပ်မပျော်ပါက အိပ်ယာထဲတွင် 
လဲလျောင်းပြီးနောက် ဝူဇူနှင့်တကွ
ဤဒုအာကို ဖတ်ပါ။

မအိပ်ခင်အလျှင် အာယသွလ်ကုရ်စီ နှင့် 
မိုအောင်ဝဇသိုင်းန်.( စူရာဖလက် နှင့် စူရာနားစ်) တို့ကို ဖတ်၍ တကိုယ်လုံးကို မန်းမှုတ်ပွတ်သပ်၍ 
အိပ်ရမည်။

اَللّٰهُمَّ غَارَتِ النُّجُوْمُ وَهَدَاءَتِ الْعُيُوْنُ وَاَنْتَ حَىٌّ
قَيُّوْمُ لَاتَأْخُذُكَ سِنَةٌ وَّلَانَوْمٌ يَاحَىُّ يَاقَيُّوْمُ
اِهْدِئْ لَیْلِیْ وَاَنِمْ عَیْنِیْ

(အိဗ်နိစွန္နီ၊ သွဗ်ရာနီ၊ အိဗ်နိအစာကိရ်)

ထို့ပြင် يَاهَادِيْ (ယာဟာဒီ)ကို နှုတ်လျှာဖြင့်သော်
လည်းကောင်း၊ စိတ်ထဲမှသော်လည်းကောင်း လဲလျောင်းနေရင်း မြောက်မြားစွာ 
(အတိုင်းအတာမဲ့) ရွတ်ဖတ်ပါ။ 

ဤဂုဏ်တော်ကို ရွတ်ဖတ်နေစဉ် 
မကြာမကြာ ဒရူးဒ်ရှရီးဖ်ကိုလည်း ဖတ်ပေးပါ။

၎င်းနောက် ညဉ့်အိပ်ယာ မဝင်မှီ يَامُتَكَبِّرُ 
"ယားမုသကဗ္ဗိရု"21"ကြိမ်
ဖတ်ရွတ်ပြီး အိပ်လိုက်ပါ 
အိမ်မက်ဆိုး မြင်မက်တော့မည်မဟုတ်ပါ။

အိပ်ပျော်နေစဉ် လန့်နိုးခြင်းအတွက်
👇👇👇👇👇👇👇👇👇👇👇👇👇

အိပ်ပျော်နေစဉ် လန့်နိုးခြင်း (သို့) အိပ်မက်ဆိုးမက်၍
လန့်နိုးခြင်းဖြစ်လျှင် ဘယ်ဖက်ကို တံတွေးသုံးကြိမ်ထွေး၍ ဘက်ပြောင်းပြီး အိပ်ပါ။ 

(ဗုခါရီ၊ မွတ်စ်လင်မ်)

၎င်းနောက် ဤဒုအာကို ရွတ်ဖတ်ပါ။
اَعُوْذُ بِاللّٰهِ مِنَ الشَّيْطَانِ الرَّجِيْمِ

(ဗုခါရီ၊ မွတ်စ်လင်မ်၊ သိရ်မိဇီ၊ နစာအီ)

အိပ်မက်ဆိုးမက်ခြင်း၏ ကုထုံး
👇👇👇👇👇👇👇👇👇👇👇👇👇👇

အကြင်သူသည် အိပ်မက်ဆိုးမက်သော အကျင့်ရှိပါက
ဤအာယသ်တော်ကိုရေး၍ လည်ပင်းတွင် ချိတ်ဆွဲပါ။ (သို့)
ညအိပ်ခါနီးအချိန်တွင် ရွတ်ဖတ်ပါက 
“အင်န်ရှာအလ္လာဟ်”
အိပ်မက်ဆိုးမှ လုံခြုံမှုရရှိလိမ့်မည်။

لَہُمُ الۡبُشۡرٰی فِی الۡحَیٰوۃِ الدُّنۡیَا وَ فِی الۡاٰخِرَۃِ ؕ 
لَا تَبۡدِیۡلَ لِکَلِمٰتِ اللّٰہِ ؕ ذٰلِکَ ہُوَ الۡفَوۡزُ الۡعَظِیۡمُ 

(စူရတ်ယူနွတ်စ်၊ အာယသ်- ၆၄)
 
والله اعلم
                 ဇင်မင်း ထိုက်

No comments:

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...