Skip to main content

Posts

Showing posts from August, 2020

ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်အမိန်အရပိုင်သလား

(ဖွသ်ဝါ အမှတ်စဥ် ــــ ၁) (၁၅/ဇုလ်ဟိဂျ်ဂျဟ် - လ/၁၄၄၁) (၅/၈/၂၀၂၀ - ဗုဒ္ဓဟူးနေ့) မေးခွန်း၏အဖြေ။ ။ بِسْمِ اللَّـهِ الرَّحْمَـٰنِ الرَّحِيمِ ٠       الجواب حامدا ومصليا ومتوكلا : ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်တရားတော်နှင့်ဆန့်ကျင်ပြီး  အောက်ဖေါ်ပြပါ အကြောင်းတရား များကြောင့် မပိုင်ပါ။ (၁)ကဗရ်အပေါ်တွင် ပန်းတင်ခြင်း ကြောင့်  (မိုင်ယသ်)သေသူ အတွက် မည်သည့် အကျိုးမှ  မသက်ရောက်နိုင်သလို ဤလုပ်ရပ် အတွက် ငွေကုန်ခံ၍ ပန်းဝယ်ခြင်းမှာ ဖြုန်းတီးမှုသက်သက်သာဖြစ်သောကြောင့်ဤသို့ အလဟသ ဖြုန်းတီးခြင်း   ရှရီအသ်အရ မပိုင် ။ (၂)၎င်းလုပ်ရပ်များသည် အစ္စလာမ်မဟုတ်သည့် အခြားသူများ၏ ထုံးတမ်း အစဥ်အလာ ဖြစ်၍   ၎င်းတို့အား စံပြုအတုယူကာ လုပ်ဆောင်ခြင်း  ရှရီအသ် အရ မပိုင်။  (၃)ပန်းတင်/ကျဲ ခြင်း တို့သည် ရှိရ်က်(အလ္လာဟ်အရှင်မြတ်နှင့် တုဖက်နိုင်းယှဉ် ခြင်း)နှင့် ဗိဒ်အသ် (တရားသစ် တီထွင်ခြင်း )ကဲ့သို့ ပြစ်မှုကြီးများ ကျုးလွန်ရန် ဖန်တီးပေးသည့် နိဒါန်းအကြောင်းခံများဖြစ်သည်။ထို့ကြောင့် မပိုင်။ အကြံပြုချက်။ သေသူအတွက် အမှန်တစ်ကယ် ကုသိုလ်အက...

ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ

ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ ========================= အူရ်ဒူ ပို့စ် လေး ၁ ခု သဘောကျ လို့ ဆီလျော်စွာ ဘာသာပြန်ပြီး မျှ ဝေပေး လိုက်ပါတယ် ... ။  တစ်ခါက အမျိူ းသား ၁ ဦး သူ့ရဲ့ ဇနီးသည် ဖြစ်သူကို နေ့စဉ် နေ့တိုင်း ကုရ်အာန် သင်ပေးလေ့ရှိတယ် ... ။ အဲ့လို သင်ပေးနေရင်းနဲ့ ၁ ရက်မှာတော့ အမျိူ းသားဖြစ် သူက ပစ္စည်း ၁ ခု ရှာဖွေနေရင်း သေတ္တာလေး ၁ လုံး တွေ့တော့ ဖွင့်ကြည့် မိလိုက်တယ် ... ။ အဲ့ဒီ သေတ္တာလေးထဲမှာ သူ့ ဇနီးရဲ့ နာမည်နဲ့ ဟာဖွေ ဇွာဟ် အောင်လက်မှတ်ကို တွေ့လိုက်ရတယ် ။ အမျိူ း သားက တအံ့တသြ ဖြစ်ပြီး ဇနီးသည်ကို အခုလို မေးလိုက်တယ် ... ။ ဟာဖွေဇွာဟ် ( ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ထား သော သူမ ) ဖြစ်ကြောင်း ငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ ... ? ဇနီး ဖြစ်သူက ဟုတ်ပါတယ် ၊ ကျမက ဟာဖွေဇွာဟ်  ၁ ယောက်ပါ ။ ရှင် မမေးလို့ ကျမလည်း မပြောပြ ဖြစ် ခဲ့တာပါ ... ။ ဇနီးဖြစ်သူက ဆက်ပြီး ပြောပြတယ် ။ ကျမ မပြောဖြစ် ခဲ့တဲ့ အဓိက အကြောင်းအရင်းက ကျမ စာရရင် ရှင်က ကျမကို ကလေးငယ်လေး ၁ ယောက်လို ဂရုစိုက်တာ လိုချင်လို့ပါ ... ။ ပြီးတော့ အဲ့လိုစာရတဲ့အခါ ရှင်က လက်ဆောင်လေးတွေ ဝယ်ပေးတာကို ကျမ အရမ်းနှစ်သက်မိလို့ပါ ... ။ ပြီးတော...