Wednesday, 17 November 2021

ရန်ကုန်မြို့၏ ကျူလီယာဗလီဝတ်ကျောင်းတော်ကြီ

 ရန်ကုန်မြို့၏ ကျူလီယာဗလီဝတ်ကျောင်းတော်ကြီး



မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ သက်တမ်းအရှည်ကြာဆုံးဗလီကြီးတွေထဲက ဗလီဝတ်ကျောင်းတော်ကြီးဖြစ်ပါသည်။ 


ဗလီဝတ်ကျောင်းတော်ကြီးကို အေဒီ ၁၈ဝဝဝန်းကျင် ၊ ရန်ကုန်မြို့လယ်ကောင်တွင် သစ်သားဖြင့် ပထမဦးဆုံးအကြိမ်တည်ဆောက်ခဲ့သည်။ ယနေ့အချိန်မှာ "ကျူလီယာဂျာမေဗလီ" ဟု ခေါ်ဆိုသည်။ 



ကျူလီယာတွေဟာ တမီလ်လူမျိုး မွတ်စလင်မ်တွေ ဖြစ်ပြီး သူတို့ရဲ့ဇစ်မြစ်က ​အိန္ဒိယတောင်ပိုင်းက ဖြစ်သည်။ ဗြိတိသျှခေတ်မတိုင်မီကတည်းက ကျူလီယာကုန်သည်တွေက မြန်မာ့မြေမှာ စီးပွားရေးလုပ်ကိုင်ခဲ့ပါသည်။

(Source ကိုးကား - Frontier Myanmar)



မြန်မာနိုင်ငံ ရန်ကုန်မြို့၏ အထင်ကရဗလီကြီး ကျူလီယာဗလီဝတ်ကျောင်းတော်ကြီး၏ ဝိုဇူပြုလုပ်ရသည့်နေရာကို ဖော်ပြပေးလိုက်ပါသည်။

والله اعلم بالصواب

Tuesday, 19 October 2021

´´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်

 

´´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်


   ဟဇရသ် အဗူဟူရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တန်တော်မြတ် (ဆွ)က မိန့်တော်မူခဲ့သည်မှာ...

   အကြင်မည်သူမဆို စဝါးဗ် ရရန်ဟူသော နိယသ်ဖြင့် သေဆုံးသူ မွတ်စ္စလင်မ်တစ်ဦးတစ်ယောက်၏ ခတ္တရာ ထမ်းစင်နှင့်အတူ လိုက်ပါပို့ဆောင်ပေး၍ ဂျနာဇဟ်နမာဇ် ဖတ်ပြီးသည့်တိုင်အောင်၊ ၎င်းပြင် သေဆုံးသူကို မြေမြှုပ် သင်္ဂြိုဟ်ပြီးစီးသည့်အထိ ပါဝင်ပြီး ပြန်လာပါက ထိုသူသည် ကိရာသ် နှစ်ခု၏ အကျိုး စဝါးဗ် ကုသိုလ်ကို ယူဆောင်၍ ပြန်လာခြင်းဖြစ်ပေသည်။ ကိရာသ် တစ်ခုသည် အုဟွဒ် တောင်မျှ အကျိုး စဝါးဗ် ကုသို့လ်နှင့် တန်းတူရှိသည်။ 


   အကြင်သူ တစ်ဦးတစ်ယောင်သည် ဂျနာဇာဟ်နမာဇ် ဖတ်ပြီး ပြန်လာပါက (သေဆုံးသူအား ကျင်းထဲသို့ မထည့်မီ) ထိုသူပြန်လာခြင်းသည် ကိရာသ် တစ်ခုတည်း ယူဆောင်၍ ပြန်လာခြင်းဖြစ်သည်။ 

             (မအာရိဖွလ် ဟဒီးစ်ကျမ်း၊ ဘိုခါရီကျမ်း၊ မွတ်စ္စလင်မ်ကျမ်း။)


   ဟဇရသ် အဗူဟုရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ)က အမိန့်ရှိသည်မှာ...

   ´´အသင်တို့သည် ဂျနာဇဟ် ထမ်းစင်ကို လျှင်မြန်စွာ ယူဆောင်သွားကြကုန်၊ အကြောင်းမှာ သေဆုံးသူသည် သူတော်စင်ဖြစ်ပါက ကဗရ် စခန်းသည် ထိုသူ့အတွက် အလွန်ကောင်းပေသည်။ အကယ်၍ ထိုသေဆုံးသူသည် မကောင်းသူဖြစ်ပါက အသင်တို့၏ ပခုံးပေါ်၌ ထိုသူသည် အလွန်လေးလံသောအရာ ဖြစ်နေသည်။ ထိုလေးလံသောအရာကို အသင်တို့ ပခုံးထက်မှ လျှင်မြန်စွာ ချလိုက်ကြကုန်။``

                         (ဘုခါရီကျမ်း၊ မွတ်စ္စလင်မ်ကျမ်း၊ မအာရိဖွလ်ဟဒီးစ်ကျမ်း)


   ဟဒီးစ်တော်တစ်ရပ်၌ လာရှိသည်မှာ...

   ´´အကြင်သူသည် ဂျနာဇဟ် ထမ်းစင်၏ ထောင့် ´´လေး`` ထောင့်စလုံးကို မိမိ၏ ပခုံးဖြင့် ထမ်းပေးပါက ထိုသူ၏ အပေါ်ရှိ ကြီးလေးသာ အပြစ် ဂိုနာဟ် ၄၀- ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းအား ခံရလိမ့်မည်။`` 

                                       (ဗဟ်ရ်ှသီဇေဝရ်ကျမ်း)


(ဓမ္မသတ်) သေဆုံးသူသည် အိမ်းနီးချင်းဖြစ်နေလျှင် (သို့) သူတော်ကောင်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်နေလျှင် ထိုသေဆုံးသူ၏ ဂျနာဇာဟ် ကို လိုက်ပါ ပို့ဆောင်ပေးပါက နဖိလ် နမာဇ် နှစ်ရကသ်ဖတ်သည်ထက် ပို၍ အကျိုး စဝါးဗ် ရပေမည်။ (အာလင်မ်ဂီရီးကျမ်း)


(ဓမ္မသတ်) သေဆုံးသူ၏ ခတ္တရာ ခုံအား ထမ်းပေးရာတွင် လိုအပ်လျှင် လိုအပ်သလို အခကြေးငွေပေး၍ ထမ်းစေခိုင်လျှင်လည်း ရပေသည်။ 

                                         (အာလင်မ်ဂီရီးကျမ်း)


(ဓမ္မသတ်) ဂျနာဇဟ်ကို အမျိုးသမီးများ လိုက်ပါပို့ဆောင်ခြင်းသည် မက္ကရူးဟ်သဟ်ရီမဟ် ဖြစ်ပေသည်။       

                                        (ဗဟ်ရှ်သီဇေဝရ်ကျမ်း)


(အလ်ဟာဂျ် မောင်လာနာ မွဖ်သိ ကာရိ မိုဟမ္မဒ်ယူစွဖ်(အဆ်အဒိ)ဆရာကြီးပြန်ဆိုရေးသားထားသော်)

(အစ္စလာမ့်သင်္ဂြိုဟ်ခြင်း၏ နည်းဥပဒေပြဌာန်းချက်များ အကြောင်းစာအုပ်မှ တင်ပြပါသည်။)


بنده محمد بلال @ Tun Tun

Thursday, 23 September 2021

တူရကီ အစ္စတန်ဘူမြို့ က ကြောင်ဗလီ

 တူရကီ အစ္စတန်ဘူမြို့ က ကြောင်ဗလီ

ကြောင်မေ တကောင်ဟာ

ဗလီတံခါးဖွင့်တာနဲ့ ကြောင်ခလေးများကို

ကိုက်ချီပြီး ဗလီထဲ ပြေးဝင်လာတယ်

ကြောင်ခလေးတွေ အားလူံးကို ဗလီကို

ထားလိုက်ပြီး နေနေတယ်။






ယခု ကြောင်မေကမွေးထားတဲ့

ကြောင်ခလေးဟာ ခုဆို ဗလီမှာ ၇ကောင်ရှိပြီး

ဗလီရှေ့ဆောင်အီမာန် နဲ့ ဗလီကိုလာတဲ့သူတွေက

ကြောင်ကိုတအားချစ်တော့ ကြောင်မိသားစုဟာ

ဗလီထဲမှာ သူ့အိမ်ပမာ နေနေကြတာခုထိပါပဲ...





အဲ့ဒီဗလီကို လူအများက

ကြောင်ဗလီဟု တင်စားခေါ်ကြလေသည်

နေရာတိုင်း ကြောင်တွေ ရှိနေလို့တဲ့ 😍😍


Min Naing Aung iKM

Sunday, 20 June 2021

နာမားဇ်"မဖတ်သူများခံစားရမည့်ဒုက္ခ(၁၄)ခု

 


အီမာ"ဂဖ်ဇာလီသခင်ကြီးသည်မိမိ၏ مكاشفة القلوب ကျမ်းစာအုပ် စာမျက်နှာ (၃၉၂) တွင်ဤသို့ ဖော်ပြထားပေသည်။


အကြင်သူတစ်ဦးတစ်ယောက်သည် " ဆွလာသ် " ၀တ်ပြုမှုကိုပေါ့ဆခြင်း ၊ ဆောက်တည်ခြင်း ၊ မပြုလုပ်ခဲ့ပါက ၎င်းသူကိုအလ္လာဟ်အရှင်မြတ်သည် ဒုက္ခ (၁၄) ခု၌ မွေ့လျော်ကြုံကြိုက်စေလေမည်


၎င်းတို့မှာ လောကီ၌ပင်ဒုက္ခ (၅) ခု၊


သေဆုံးသည့်အချိန်တွင်ဒုက္ခ (၃) ခု၊


ကဗရ်သချိုင်းတွင်ဒုက္ခ (၃) ခု


ကဗရ်မှပြန်လည်ရှင်ပြန်ထသည့်အချိန်တွင် ဒုက္ခ (၃)ခု


 ဒုက္ခစုစုပေါင်း (၁၄) ခုကို "ဆွလာသ် " ၀တ်ပြုမှုမရှိသူသည် ကြုံကြိုက်ရမည် ဖြစ်သည်။ 

 ‎လောကီ၌ကြုံကြိုက်ရမည့် ဒုက္ခ(၅) ခုမှာ

(၁) ၎င်းသူ၏မျက်နှာမှ သူတော်ကောင်းအမှတ်အသားကို ပယ်ဖျက်လိုက်မည်။


(၂)၎င်းသူ၏သက်တမ်းမှ " ဗရ်ကသ်" ကောင်းချီး မင်္ဂလာများကိုရုတ်သိမ်းလိုက်မည်။


(၃)၎င်းသူ၏ " အမလ် " ကျင့်ကြံမှုများတွင်လည်း " စဝါးဗ် " ကုသိုလ်ရရှိလိမ့်မည် မဟုတ်ပေ။


(၄)၎င်းသူ၏ " ဒိုအာ " တောင်းဆုများကို အလ္လာဟ်အရှင်မြတ်လက်ခံလိမ့်မည်မဟုတ်ပေ။


(၅) ၎င်းသူအတွက် သူတော်စင်သူတော်ကောင်းများ တောင်းခံပေးသည့် ဒိုအာ " ဆုမွန်ကိုလည်း အလ္လာဟ်အရှင်မြတ် လက်ခံလ်ိမ့်မည်မဟုတ်ပေ။


သေဆုံးသေအခါတွင်ခံစားရမည့် ဒုက္ခ(၃) ခု

(၁) ၎င်းသူသည်သိက္ခာမဲ့စွာ သေဆုံးရမည်။

 (၂)၎င်းသူသည်အစားအစာပြတ်တောက်၍သေဆုံးရမည်။

(၃) ၎င်းသူသည်ရေငတ်မွတ်၍ သေဆုံးရမည်။


 ကဗရ်သချိုင်း၌ ခံစားရမည့်ဒုက္ခ (၃) ခု .

 (၁) ကဗရ်သချိုင်းသည် နမာဇ်မဖတ်သူအတွက် နံရိုးများတစ်ဖက်နှင့်တစ်ဖက်ထိုး၀င်သွားသည်အထိ ကျဉ်းမြောင်းသ့


ားစေမည်။

(၂)ကဗရ်အတွင်းမီးများ လောင်မြိုက်နေပြီး မီးခဲများအပေါ်၀ယ်ထိုသူသည် လူးလှိမ့်နေရမည်။


(၃) ကဗရ်အတွင်းမြွေဟောက်ကြီး တစ်ကောင်သည် အဆက်မပြတ်ပေါက်၍ နေမည်။

 ကဗရ်သချိုင်းမှပြန်လည်ရှင်ပြန်ထချိန်တွင်ခံစားရမည့်ဒုက္ခ (၃) ခု

(၁) အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအားအတိအကျ စာရင်းအင်းစစ်ဆေးမည်။


(၂) အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအားအမျက်ဒေါသထက်နေမည်။


(၃) အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအား အပယ်ငရဲသို့(အတိုင်း အတာတစ်ခုအထိ ) ၀င်ရောက်စေမည်ဟူ၍ စုစုပေါင်

 ဒုက္ခ (၁၄) ခုတို့အား " ဆွလာသ် " ၀တ်ပြုမှုမရှိသူသည်ကြုံကြိုက်ရမည် ဖြစ်ပေမည်။ 

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးကို 

အဓိကဖြစ်သော " ဆွလာသ် " ကိုစွဲမြဲစွာ ဆောက်တည်နိုင်စွမ်းချီးမြှင့်ပေးသနားတော်မူပါ။ (အာမီးန်)


ခင်မင်လေးစားလျှက်ပါ

နှလုံးသားလက်ဆောင်

ﺗﺤﻔﺔﺍﻟﻘﻠﺐ

#crd

Monday, 12 April 2021

သောင်ဝ်ဗဟ်ကြောင့် ရမည့်ဆုလာဘ်(၄)ခု

 သောင်ဝ်ဗဟ်ကြောင့် ရမည့်ဆုလာဘ်(၄)ခု



💗💗💗💗💗💗💗💗💗💗

လူသားအဖို့ မိမိကျူးလွန်ခဲ့သော အပြစ်ဂုနဟ်တိုင်းအား သောင်ဗဟ် လုပ်ရန် အရေးကြီးသည်။ဒီတော့ သောင်ဗဟ် ဘယ်လို လုပ်ရမလဲ....?


၁။ကျူးလွန်မိခဲ့သော ဂုနဟ်အပေါ် အရှက်ရကာ နောက်နောင်ကျူ းလွန်မည်မဟုတ်ကြောင်း ရင်ဝယ်ပိုက်ခြင်း။


၂။နှလုံးသားထဲမှ မနာလိုဝန်တိုမှုများနှင့် ကောက်ကျစ်ခြင်းများအား ထုတ်ပြစ်ခြင်း။


၃။ဖာစိက်၊ဖာဂျစ်ရ်များဖြင့် အမြဲတမ်း သီးခြားစီနေလိုက်ခြင်း။


၄။သေခြင်း၏ကြိုတင်ပြင်ဆင်မှုများ၌ နစ်မွန်းနေခြင်း။


အကယ်၍ လူသားသည်အထက်ပါကဲ့သို့ စစ်မှန်သည့် သောင်ဗဟ် လုပ်လိုက်မည်ဆိုပါက....



၁။

التائب حبيب الله(الحديث)

ဂုနဟ်များမှ သောင်ဗဟ်ပြုသူသည် allah အချစ်တော်ဖြစ်သည်။

၂။

التائب من الذنب كمن لاذنب له

ဂုနဟ်များမှ သောင်ဗဟ်ပြုသူအားAllah သူရဲ့အပြစ်တွေကို ဒီလိုဖယ်ချပေးတယ်..ပမာပြောရရင် သူတခါမှ ဂုနဟ်မလုပ်ဖူးတဲ့လူလို ဖြစ်သွားတယ်။

၃။

ان عبادي ليس لك عليهم سلطان

အို ရှိုက်သွာန်.."အကြင်သူတွေဟာ ငါ့ရဲ့အချစ်တော်ဗန်ဒဟ်အစစ်အမှန်ဆိုရင် အသင်သူတို့အပေါ် ဘာမှ ချယ်လှယ်စိုးမိုးလို့ ရမှာမဟုတ်။"


(ဂုနဟ်ထပ်မံ မကျူးလွန်နိုင်တော့ဖူးလို့ ဆိုလိုသည်မဟုတ် ကျူးလွန်မိပါက ချက်ခြင်းသောင်ဗဟ် လုပ်နိုင်သည့်နဖူးစာကောင်းရမည်ကို ဆိုလိုသည်။)


၄။

تتنزل عليهم الملائكة..الاتخافواولاتحزنواوابشروابالجنةالتي كنتم توعدون..

အထက်ပါဗန်ဒဟ်အပေါ် သေခါနီး အချိန်ဖရစ်ရ်ှသဟ်များအားစေလွှတ်ပီးပြောခိုင်းမည်မှာ.."အသင်မကြောက်လေနှင့် ပူဆွေးသောကလဲ မဖြစ်လေနှငိ့၊ထိုဂျန္နသ်သုခဘုံ၏သတင်းကောင်းရယူပါ ၎င်းအရာအတွက် အသင့်အရှင်မှအသင့်ကို ကတိပေးတော်မူခဲ့တယ်။"


"ရှိုက်သွာန်က မမောမပန်းဂုနဟ်လုပ်မိအောင် ကြံစည်လေလေ၊ လူသားကလည်း ရှိုက်သွာန်မောသွားအောင် သောင်ဗဟ် ဖတ်လေလေဆို"

မျှဝေသည် 

ကြာလာတာနှင့်အမျှ ရှိုက်သွာန်၏ရန် အရင်ကလောက်ကို့အပေါ် ရှိတော့မည်မဟုတ်ပေ။

خطبات فقير ج12ص142

✍‧◠‧۩་༺м∂ υsмαท༻་۩‧◠‧✍

                  🌹ဇင်မင်းထိုက် မျှဝေသည် 🌹

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...