Tuesday, 19 October 2021

´´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်

 

´´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်


   ဟဇရသ် အဗူဟူရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တန်တော်မြတ် (ဆွ)က မိန့်တော်မူခဲ့သည်မှာ...

   အကြင်မည်သူမဆို စဝါးဗ် ရရန်ဟူသော နိယသ်ဖြင့် သေဆုံးသူ မွတ်စ္စလင်မ်တစ်ဦးတစ်ယောက်၏ ခတ္တရာ ထမ်းစင်နှင့်အတူ လိုက်ပါပို့ဆောင်ပေး၍ ဂျနာဇဟ်နမာဇ် ဖတ်ပြီးသည့်တိုင်အောင်၊ ၎င်းပြင် သေဆုံးသူကို မြေမြှုပ် သင်္ဂြိုဟ်ပြီးစီးသည့်အထိ ပါဝင်ပြီး ပြန်လာပါက ထိုသူသည် ကိရာသ် နှစ်ခု၏ အကျိုး စဝါးဗ် ကုသိုလ်ကို ယူဆောင်၍ ပြန်လာခြင်းဖြစ်ပေသည်။ ကိရာသ် တစ်ခုသည် အုဟွဒ် တောင်မျှ အကျိုး စဝါးဗ် ကုသို့လ်နှင့် တန်းတူရှိသည်။ 


   အကြင်သူ တစ်ဦးတစ်ယောင်သည် ဂျနာဇာဟ်နမာဇ် ဖတ်ပြီး ပြန်လာပါက (သေဆုံးသူအား ကျင်းထဲသို့ မထည့်မီ) ထိုသူပြန်လာခြင်းသည် ကိရာသ် တစ်ခုတည်း ယူဆောင်၍ ပြန်လာခြင်းဖြစ်သည်။ 

             (မအာရိဖွလ် ဟဒီးစ်ကျမ်း၊ ဘိုခါရီကျမ်း၊ မွတ်စ္စလင်မ်ကျမ်း။)


   ဟဇရသ် အဗူဟုရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ)က အမိန့်ရှိသည်မှာ...

   ´´အသင်တို့သည် ဂျနာဇဟ် ထမ်းစင်ကို လျှင်မြန်စွာ ယူဆောင်သွားကြကုန်၊ အကြောင်းမှာ သေဆုံးသူသည် သူတော်စင်ဖြစ်ပါက ကဗရ် စခန်းသည် ထိုသူ့အတွက် အလွန်ကောင်းပေသည်။ အကယ်၍ ထိုသေဆုံးသူသည် မကောင်းသူဖြစ်ပါက အသင်တို့၏ ပခုံးပေါ်၌ ထိုသူသည် အလွန်လေးလံသောအရာ ဖြစ်နေသည်။ ထိုလေးလံသောအရာကို အသင်တို့ ပခုံးထက်မှ လျှင်မြန်စွာ ချလိုက်ကြကုန်။``

                         (ဘုခါရီကျမ်း၊ မွတ်စ္စလင်မ်ကျမ်း၊ မအာရိဖွလ်ဟဒီးစ်ကျမ်း)


   ဟဒီးစ်တော်တစ်ရပ်၌ လာရှိသည်မှာ...

   ´´အကြင်သူသည် ဂျနာဇဟ် ထမ်းစင်၏ ထောင့် ´´လေး`` ထောင့်စလုံးကို မိမိ၏ ပခုံးဖြင့် ထမ်းပေးပါက ထိုသူ၏ အပေါ်ရှိ ကြီးလေးသာ အပြစ် ဂိုနာဟ် ၄၀- ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းအား ခံရလိမ့်မည်။`` 

                                       (ဗဟ်ရ်ှသီဇေဝရ်ကျမ်း)


(ဓမ္မသတ်) သေဆုံးသူသည် အိမ်းနီးချင်းဖြစ်နေလျှင် (သို့) သူတော်ကောင်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်နေလျှင် ထိုသေဆုံးသူ၏ ဂျနာဇာဟ် ကို လိုက်ပါ ပို့ဆောင်ပေးပါက နဖိလ် နမာဇ် နှစ်ရကသ်ဖတ်သည်ထက် ပို၍ အကျိုး စဝါးဗ် ရပေမည်။ (အာလင်မ်ဂီရီးကျမ်း)


(ဓမ္မသတ်) သေဆုံးသူ၏ ခတ္တရာ ခုံအား ထမ်းပေးရာတွင် လိုအပ်လျှင် လိုအပ်သလို အခကြေးငွေပေး၍ ထမ်းစေခိုင်လျှင်လည်း ရပေသည်။ 

                                         (အာလင်မ်ဂီရီးကျမ်း)


(ဓမ္မသတ်) ဂျနာဇဟ်ကို အမျိုးသမီးများ လိုက်ပါပို့ဆောင်ခြင်းသည် မက္ကရူးဟ်သဟ်ရီမဟ် ဖြစ်ပေသည်။       

                                        (ဗဟ်ရှ်သီဇေဝရ်ကျမ်း)


(အလ်ဟာဂျ် မောင်လာနာ မွဖ်သိ ကာရိ မိုဟမ္မဒ်ယူစွဖ်(အဆ်အဒိ)ဆရာကြီးပြန်ဆိုရေးသားထားသော်)

(အစ္စလာမ့်သင်္ဂြိုဟ်ခြင်း၏ နည်းဥပဒေပြဌာန်းချက်များ အကြောင်းစာအုပ်မှ တင်ပြပါသည်။)


بنده محمد بلال @ Tun Tun

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...