ထိုင်တာကြာလို့/ရပ်နေတာ
ကြာလို့ခြေထောက်တွေကျင်
နေရင်ဘာလုပ်ရမလဲ. . .?
____________________________
ထိုင်နေတာကြာလို့/ရပ်နေတာကြာလို့ခြေထောက်တွေကျင်လာရင်/ထုံလာရင် ကိုယ်တော်မြတ်(ဆွ)အပေါ်ဒရူးဒ် ပို့ပါ အင်န်ရှာအလ္လာဟ်ပျောက်ကင်းမည် ဟဒီးစ်တော်တွင်လာရှိသောကျင့်ထုံးတစ်ခုဖြစ်သည်။
(အလ်ကောင်လွလ်ဗဒီးအ်ကျမ်း)
ဗရှီးရ်အဟ်မဒ်
🌴ဇင်မင်းထိုက် မျှဝေသည်🌴
Tuesday, 3 March 2020
Monday, 2 March 2020
ပျော်ဘွယ်အရဗီသက္ကသိုလ်ရဲ့ ဆရာကြီးဟိုစိုင်းအခုလေးဘဲ အရှင်အမိန့်ခံယူသွာပြီ
အင်န်နာလိလ္လာဟိဝအင်န်နာအိလိုင်ယ်ဟိရာဂျိအူးန်
အစ်လာမို့အလိုင်ကွမ်းန်
ပျော်ဘွယ်မြို့အရ်ဗီတက္က္ကသိုလ်ကျောင်း၏ဆရာကြီးမောင်လဝီဟိုစိုင် ( မဇွာဟေရီ) အသက်(98)နှစ်2/3/2020/တနလာင်္နေ့ည8:30ခန့တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားပါ သဖြင့်မနက်ဖန် 3/3/2020ဇဟိုပြီးဒဖ်နာမှာဖြစ်ပါတယ်
မဂ်ဖွိရသ်အတွက်ဒိုအာမှာသတိရပေးစေလိုပါသည်
စာCRD:Hafiz Saeed Kasujee
Post Crd
အစ်လာမို့အလိုင်ကွမ်းန်
ပျော်ဘွယ်မြို့အရ်ဗီတက္က္ကသိုလ်ကျောင်း၏ဆရာကြီးမောင်လဝီဟိုစိုင် ( မဇွာဟေရီ) အသက်(98)နှစ်2/3/2020/တနလာင်္နေ့ည8:30ခန့တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားပါ သဖြင့်မနက်ဖန် 3/3/2020ဇဟိုပြီးဒဖ်နာမှာဖြစ်ပါတယ်
မဂ်ဖွိရသ်အတွက်ဒိုအာမှာသတိရပေးစေလိုပါသည်
စာCRD:Hafiz Saeed Kasujee
Post Crd
Sunday, 1 March 2020
လွန်ခဲ့သော နှစ်တစ်ထောင်နီးပါးခန့်က ပေါ်ထွန်းခဲ့သော ရှိုင်းခ်အဗ်ဒွလ်ကာဒိရ်ဂျိလာနီသခင်ကြီး၏ အတိုဆုံးမိန့်ခွန်
လွန်ခဲ့သော နှစ်တစ်ထောင်နီးပါးခန့်က ပေါ်ထွန်းခဲ့သော ရှိုင်းခ်အဗ်ဒွလ်ကာဒိရ်ဂျိလာနီသခင်ကြီး၏ အတိုဆုံးမိန့်ခွန်း
----------------------------------------------------
တစ်ရက်တွင် သခင်ကြီးသည် မင်န်ဗရ်တရားပလ္လင်ပေါ်တက်၍ ဤသို့ တရားမိန့်ခွန်း မြွက်ကြားခဲ့ပါသည်...
ဆာလောင်ငတ်မွတ်နေသူ၏ဝမ်းဗိုက်၌ အစားအစာ တစ်လုပ် ထည့်သွင်းကျွေးမွေးခြင်းသည်...
- ဂျာမိအ်ဗလီဝတ်ကျောင်းတော်တစ်ထောင် ဆောက်လုပ်လှူဒါန်းသည်ထက် မြတ်၏။
- ကအ်ဗဟ်ကျောင်းတော်အား ခြုံလွှာများ လှူဒါန်းလွှမ်းခြုံပေးသည်ထက် မြတ်၏။
- အလ္လာဟ်အရှင်မြတ် ရှေ့တော်၌ ဝတ်ပြုကိုင်းညွှတ်သည်ထက် မြတ်၏။
- ထက်မြတ်သောဓားဖြင့် အစ္စလာမ့်ရန်သူများအား တိုက်ခိုက်ချေမွူန်ူးသူထက် မြတ်၏။
- ပူပြင်းသည့်အချိန်တွင် တစ်သက်လုံး ဆွီယာမ်ဥပုသ်စောင့်ထိန်းသူထက် မြတ်၏။
မိမိ၏ပေးကမ်းကျွေးမွေးခြင်းကြောင့် ဆာလောင်သူ၏ဝမ်းဗိုက်တွင်းသို့ ဂျုံမှုံ့အနည်းငယ်မျှ ဝင်ရောက်စီဆင်းသွားခြင်းသည်ပင် သူရိယနေမင်းကဲ့သို့ ထွန်းတောက်သော နူရ်ရောင်ခြည်ဖြစ်၏။
သို့ဖြစ်ရာ ကျွေးမွေးပေးကမ်းသူအဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ပင်.....
http://www.jomhouria.com/art54588_%D9%87%D8%B0%D9%87%20%D8%A3%D9%82%D8%B5%D8%B1%20%D8%AE%D8%B7%D8%A8%D8%A9%20%D9%81%D9%8A%20%D8%A7%D9%84%D8%AA%D8%A7%D8%B1%D9%8A%D8%AE%20%D9%84%D9%84%D8%B4%D9%8A%D8%AE%20%D8%B9%D8%A8%D8%AF%20%D8%A7%D9%84%D9%82%D8%A7%D8%AF%D8%B1%20%D8%A7%D9%84%D8%AC%D9%8A%D9%84%D8%A7%D9%86%D9%8A%20%D9%85%D9%86%D8%B0%20%D8%A3%D9%84%D9%81%20%D8%B9%D8%A7%D9%85%20%D8%AA%D9%82%D8%B1%D9%8A%D8%A8%D8%A7%D9%8B..
ကူးယူဖော်ပြသည်
ကူးယူဖော်ပြသည်
ကလေးမွေးဖွားခြင်းနှင့်ဆိုင်ရာစွန္နသ်တော်မျာ
ကလေးမွေးဖွားခြင်းနှင့်ဆိုင်ရာစွန္နသ်တော်များ
👼♥👼♥👼♥👼♥👼♥👼♥👼♥👼
၁) ကလေးမွေးဖွားသည့်အခါ ကလေး၏ ယာဖက်နားတွင် အဇာန်ဆို၍ ဝဲဖက်နားတွင် အေကမသ်ရွတ်ဆိုခြင်း
#မွတ်စ်နဒီအဗူယအ်လာကျမ်း#
(၂)ကလေးခုရက် သား(သမီး)အရွယ်သို့ရောက် လာသည့်အခါ ကောင်းသောနာမည် ပေးခြင်း။
#အဗူဒါဝူးဒ်ကျမ်း#
(၃)ကလေးမွေးပြီး ခုနစ်ရက် မြောက်သည့်အခါ အကီးကဟ်ပြု လုပ်ခြင်း(ခုနစ်ရက်မြောက်တွင် အကီကဟ်မလုပ်ဖြစ်က တစ်ဆယ့်လေးရက် မြောက်သည့်အခါ သို့မဟုတ် နှစ်ဆယ့်တစ်ရက် မြောက်သည့်အခါ အကီကဟ်ပြု လုပ်ခြင်း)
#အဗူဒါဝူးဒ်ကျမ်း#
(၄)သူတော်စင် တစ်ပါးပါးမှ စွန်ပလွန်သီး ခြောက်ကို ဝါးလျက် ကလေးကို မြီးစားစေခြင်း ယင်းသူတော်စင်မှ ကလေးအတွက် ဒုအာတောင်းပေးခြင်း။
#ဗုခါရီကျမ်း&မွတ်စလင်ကျမ်း#
(၅)ကလေးခုနစ်နှစ်သား(သမီး)အရွယ်သို့ ရောက်သည့်အခါ နမာဇ်ဝတ်ပြု ခြင်းနှင့် အခြားသောသာသနာ့ ကျင့်ဝတ်များကို လေ့ကျင့်လုပ်ဆောင်စေခြင်း။ (၆)ကလေးတစ်ဆယ်နှစ် သား(သမီး) အရွယ်သို့ရောက်သည့်အခါ နမာဇ်ဝတ်မပြု ပါက ရိုက်နှက်၍ နမာဇ်ဝတ်ပြု ခိုင်းခြင်း။
#နပ်ရ်ှရုသ်သွီးဗ်ကျမ်း#
Crd✏
🕌Din islam📿
Saturday, 29 February 2020
အာဒမ် (အလိုင်းဟိစ္စလာမ်)၏ သားမြေးတို့ရဲ့ မားလ် (ဥစ္စာပစ္စည်း)
အာဒမ် (အလိုင်းဟိစ္စလာမ်)၏
→→→→→→→→→→→→
သားမြေးတို့ရဲ့ မားလ် (ဥစ္စာပစ္စည်း)
→→→→→→→→→→→→→
တမန်တော်မြတ်ကြီး (ဆွ)သည် ဥစ္စာပစ္စည်းနှင့်
စပ်လျင်းပြီး ဤ ကဲ့ သို့ ပမာပေး ခိုင်းနှိုင်း
မိန့်ခြွေတော်မူခဲ့သည်. . .
'' ဒွန်ယာ (လောက)ကြီးမှာ သစ္စာအမဲ့ဆုံးသော
မိတ်ဆွေမှာ ဥစ္စာပစ္စည်းပင်ဖြစ်လေသည်'' . . .
အကြောင်းမှာကား . . . အသင်တို့သက်တမ်းမှာ
အသက်ရှင်နေထိုင်နေသရွေ့ အသင်ရဲ့ ပိုက်ဆံ
တွေ စည်းစိမ်တို့သည် အသင်တို့ အဖို့ အသုံးဝင်
နေပါလိမ့်မယ်၊ သို့ပေမဲ့လဲ ဘယ်အချိန်မှာ
အသင်တို့ခန္ဓာနဲ့ အသင်တို့ ရူးဟ် (ဝိညာန်)
တသီးတခြားဖြစ်သွားမလဲ ထိုအချိန်ကစပြီး
အသင်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာပစ္စည်းတွေက
နောက်တယောက်ထံသို့ ရောက်သွားလိမ့်မည်
(ဆိုလိုတာက အသင့်ရဲ့ အမွေးစားအမွေခံ များထံ
ရောက်ရှိသွားလိမ့်မည်) အသင့်ပိုင်ဆိုင်မှုတွင်
ရှိနေလိမ့်မည် မဟုတ်ပေ။
عن أبي هريرة ، أن رسول الله صلى الله عليه وسلم قال : " يقول العبد : مالي مالي. إنما له من ماله ثلاث : ما أكل فأفنى، أو لبس فأبلى، أو أعطى فاقتنى. وما سوى ذلك فهو ذاهب وتاركه للناس
ဟဇရသ် အဘူဟိုရိုင်ရာဟ်သခင် ဆင့်ပြန်ခဲ့သည့်
ဟဒီးစ်တော်တရပ်တွင် ကိုယ်တော်မြတ် (ဆွ)
ဤကဲ့သို့ အမိန့်ရှိတော်မူထားသည်. . . . .
အာဒမ် (အလိုင်းဟိစ္စလာမ်)၏ သားမြေးများက
ငါ့ရဲ့ မားလ် ငါ့ရဲ့ မားဘ်(ငါ့ ပစ္စည်း ငါ့ ဥစ္စာ) ဆိုပြီး
ပြောကျသည် . . .
အာဒမ်၏ သားမြေးတို့ !!!!! စင်စစ်မှာမူ
အသင်တို့ ပိုင်ဆိုင် သည့်အရာတွေထဲက သီးသန့် ဤအရာ(၃)ခုသာ အသင်တို့ ပိုင်ဆိုင်ခြင်းဖြစ်သည်၊
* အသင်တို့ စားသောက်လိုက်တဲ့ အရာတွေ . . .
* အသင်တို့ပြီး ဝတ်ဆင်းပြီး ဟောင်းနွမ်းစုတ်ပြဲ
သွားသောအကျီ င်္တွေ . . .
* အသင်တို့ မိမိတို့အတွက် ကြိုတင်ပို့ဆောင်
စုဆောင်းထားသော ကုသိုလ်စဝါးဗ်တွေ . . .
ဒီ အရာ (၃)ခုမှ အပ ကျန်တဲ့ စည်းစိမ်
ဥစ္စာပစ္စည်းတွေအကုန်လုံးကို အခြားသူများ
အတွက် ချန်ထားခဲ့ရမည် ဖြစ်သည်၊ အသင့်တို့ ထံ၌ ကျန်ရှိမည် မဟုတ်ပေ။
Mohammad ismail
#ချမ်းမြေ့အောင်
တစ်မိနစ် သင်ခန်းစာ (၂)
သင်ခန်းစာ (၂)
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
(၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော
စာပိုဒ်တစ်ခု၏အဓိပ္ပါယ်
“ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” سبحانك اللهم
အို - အလ္လာဟ်အရှင်မြတ် ၊ ကျွန်တော်မျိုး/မသည် အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်မှုကို မြွက်ဆိုပါ၏။
(၂) စွန္နသ်တော်တစ်ခု
နမားဇ်အတွင်း မတ်တတ်ရပ်ရာတွင်
ခြေချောင်းများကိုလည်း
ကစ်ဗ်လယ်ဘက်သို့ တည့်မတ်စွာထားခြင်း၊ (ခြေထောက်နှစ်ဘက်ကြား လက်လေးလုံးခန့်
ခွာထားခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။)
(၃) ကြီးလေးသောအပြစ်တစ်ခု
တစ်ဦးတစ်ယောက်ကို စောင်းမြောင်းကဲ့ရဲ့
ပြောဆိုခြင်းသည် ကြီးလေး သောအပြစ်ဖြစ်၏။
(၄) အပြစ်ကြောင့် လောကတွင်ဆုံးရှုံးရမှု
ကြီးလေးသောအပြစ်ကြောင့် လောက၌ ခံရသောဆုံးရှုံးမှုများ အနက်တစ်ခုမှာ ရိုဇီလျော့နည်းသွား၍
ရိုဇီထဲမှ ဗရ်ကသ်ဆုတ်ယုတ်သွားသည်။
(အမြင်အားဖြင့်) စားနပ်ရိက္ခာပေါများနေသော်လည်း
ယင်း၏အကျိုးအမြတ်ကို အနည်းငယ်သာ
ရရှိပေမည်။
ဥပမာ - ရောဂါဖြစ်မည်။ စိတ်ရှုပ်ထွေးမည်။ အကြောင်းမဲ့ဖြုန်းတီးကုန်မည်။)
(၅) နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက်
ရရှိမည်အကျိုး
အမျိုးမျိုးသော ဗရ်ကသ်များကို မိုးကောင်းကင်နှင့် မြေပြင်မှရရှိမည်။
📖 စာအုပ်အမည် 📖
တစ်မိနစ် သင်ခန်းစာ
📝ပြုစုသူ📝
ဟဇ်ရသ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် ဆွာဟိဗ်
ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် အပ်ဒုစ် စလာမ် ( မဟ်မူဒီ)
📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်
လွတ်လပ်စွာ Share ပြုနိုင်ပါသည်။
Copy ယူပြီး ပြန်တင်သောအခါ
မူရင်းစာအုပ်အမည် ၊ ပြုစုသူ အမည် နှင့်
Page အမည်ကို ဖြုတ်၍ ပြန်တင်ခွင့်
လုံးဝ ခွင့်မပြုပါ …
အွမ်မသ်အတွက် စာပို့လုလင် Page
အင်ရှာအလ္လာဟ်ဆက်လက် တင်ပြပါမည်။
Friday, 28 February 2020
တစ်မိနစ် သင်ခန်းစာ (၁)
သင်ခန်းစာ (၁)
👇👇👇👇👇👇👇👇👇👇👇👇👇👇👇
(၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော
စာပိုဒ်တစ်ခု၏အဓိပ္ပါယ်
“အလ္လာဟု အက်ဗရ်” الله أكبر
အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံး
ဖြစ်တော်မူသည်။
(၂) စွန္နသ်တော်တစ်ခု
“ နမာဇ်ဝတ်ပြုရန် မတ်တတ်ရပ်ရာတွင်
သတ်မှတ်ထားသော စွန္နသ်တော်များအနက်
တစ်ခုမှာ ကစ်ဗ်လယ်ဘက်သို့ မျက်နှာမူပြီး
တည့်မတ်စွာရပ်ရမည်။ ခေါင်းငုံ့မထားရ။
(၃) ကြီးလေးသောအပြစ်တစ်ခု
ကြီးလေးသောအပြစ်များအနက် တစ်ခုမှာ
တစ်ပါးသူကို အထင်သေးပြီး ရယ်ခြင်းဖြစ်သည်။
(၄) အပြစ်ကြောင့် လောကတွင်ဆုံးရှုံးရမှု
အပြစ်ကြောင့် လောကတွင် ဆုံးရှုံးရမည့်
ဆုံးရှုံးမှုများအနက် တစ်ခုမှာ သာသနာ့ပညာကို လက်လွတ်ခံရခြင်း။
(၅) နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက်
ရရှိမည့် အကျိုး
အလ္လာဟ်အမိန့်ကိုနာခံမှုကြောင့် ရရှိမည့်အကျိုးကျေးဇူးများ အနက်မှ တစ်ခုမှာ
အစားအစာရိက္ခာများတွင် “ဗရ်ကသ်”
ချီးမြှင့်ခြင်းခံရမည်။
📖 စာအုပ်အမည် 📖
တစ်မိနစ် သင်ခန်းစာ
📝ပြုစုသူ📝
ဟဇ်ရသ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ်
ဆွာဟိဗ်
ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် အပ်ဒုစ် စလာမ်
( မဟ်မူဒီ)
📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်
လွတ်လပ်စွာ Share ပြုနိုင်ပါသည်။
Copy ယူပြီး ပြန်တင်သောအခါ
မူရင်းစာအုပ်အမည် ၊ ပြုစုသူ အမည် နှင့်
Page အမည်ကို ဖြုတ်၍ ပြန်တင်ခွင့်
လုံးဝ ခွင့်မပြုပါ …
အွမ်မသ်အတွက် စာပို့လုလင် Page
အင်ရှာအလ္လာဟ်ဆက်လက် တင်ပြပါမည်။
Subscribe to:
Comments (Atom)
Featured Post
တမန်တော် နူးဟ် (عليه السلام)
တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...
-
ကပ်ရောဂါအဖြစ်များနေချိန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်း <•>•<•>•<•>•<•>•<•>•<•>•<•>•<•>•...
-
ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ ========================= အူရ်ဒူ ပို့စ် လေး ၁ ခု သဘောကျ လို့ ဆီလျော်စွာ ဘာသာပြန်ပြီး မျှ ဝေပေး လိ...
-
နှစ်ပေါင်းသက်တမ်း ၅၀၀ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာတွေ့ရှိတဲ့ ကုရ်အာန်ကျမ်း သက်တမ...
Search This Blog |





