Saturday, 29 February 2020
အာဒမ် (အလိုင်းဟိစ္စလာမ်)၏ သားမြေးတို့ရဲ့ မားလ် (ဥစ္စာပစ္စည်း)
အာဒမ် (အလိုင်းဟိစ္စလာမ်)၏
→→→→→→→→→→→→
သားမြေးတို့ရဲ့ မားလ် (ဥစ္စာပစ္စည်း)
→→→→→→→→→→→→→
တမန်တော်မြတ်ကြီး (ဆွ)သည် ဥစ္စာပစ္စည်းနှင့်
စပ်လျင်းပြီး ဤ ကဲ့ သို့ ပမာပေး ခိုင်းနှိုင်း
မိန့်ခြွေတော်မူခဲ့သည်. . .
'' ဒွန်ယာ (လောက)ကြီးမှာ သစ္စာအမဲ့ဆုံးသော
မိတ်ဆွေမှာ ဥစ္စာပစ္စည်းပင်ဖြစ်လေသည်'' . . .
အကြောင်းမှာကား . . . အသင်တို့သက်တမ်းမှာ
အသက်ရှင်နေထိုင်နေသရွေ့ အသင်ရဲ့ ပိုက်ဆံ
တွေ စည်းစိမ်တို့သည် အသင်တို့ အဖို့ အသုံးဝင်
နေပါလိမ့်မယ်၊ သို့ပေမဲ့လဲ ဘယ်အချိန်မှာ
အသင်တို့ခန္ဓာနဲ့ အသင်တို့ ရူးဟ် (ဝိညာန်)
တသီးတခြားဖြစ်သွားမလဲ ထိုအချိန်ကစပြီး
အသင်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာပစ္စည်းတွေက
နောက်တယောက်ထံသို့ ရောက်သွားလိမ့်မည်
(ဆိုလိုတာက အသင့်ရဲ့ အမွေးစားအမွေခံ များထံ
ရောက်ရှိသွားလိမ့်မည်) အသင့်ပိုင်ဆိုင်မှုတွင်
ရှိနေလိမ့်မည် မဟုတ်ပေ။
عن أبي هريرة ، أن رسول الله صلى الله عليه وسلم قال : " يقول العبد : مالي مالي. إنما له من ماله ثلاث : ما أكل فأفنى، أو لبس فأبلى، أو أعطى فاقتنى. وما سوى ذلك فهو ذاهب وتاركه للناس
ဟဇရသ် အဘူဟိုရိုင်ရာဟ်သခင် ဆင့်ပြန်ခဲ့သည့်
ဟဒီးစ်တော်တရပ်တွင် ကိုယ်တော်မြတ် (ဆွ)
ဤကဲ့သို့ အမိန့်ရှိတော်မူထားသည်. . . . .
အာဒမ် (အလိုင်းဟိစ္စလာမ်)၏ သားမြေးများက
ငါ့ရဲ့ မားလ် ငါ့ရဲ့ မားဘ်(ငါ့ ပစ္စည်း ငါ့ ဥစ္စာ) ဆိုပြီး
ပြောကျသည် . . .
အာဒမ်၏ သားမြေးတို့ !!!!! စင်စစ်မှာမူ
အသင်တို့ ပိုင်ဆိုင် သည့်အရာတွေထဲက သီးသန့် ဤအရာ(၃)ခုသာ အသင်တို့ ပိုင်ဆိုင်ခြင်းဖြစ်သည်၊
* အသင်တို့ စားသောက်လိုက်တဲ့ အရာတွေ . . .
* အသင်တို့ပြီး ဝတ်ဆင်းပြီး ဟောင်းနွမ်းစုတ်ပြဲ
သွားသောအကျီ င်္တွေ . . .
* အသင်တို့ မိမိတို့အတွက် ကြိုတင်ပို့ဆောင်
စုဆောင်းထားသော ကုသိုလ်စဝါးဗ်တွေ . . .
ဒီ အရာ (၃)ခုမှ အပ ကျန်တဲ့ စည်းစိမ်
ဥစ္စာပစ္စည်းတွေအကုန်လုံးကို အခြားသူများ
အတွက် ချန်ထားခဲ့ရမည် ဖြစ်သည်၊ အသင့်တို့ ထံ၌ ကျန်ရှိမည် မဟုတ်ပေ။
Mohammad ismail
#ချမ်းမြေ့အောင်
Subscribe to:
Post Comments (Atom)
Featured Post
တမန်တော် နူးဟ် (عليه السلام)
တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...
-
သင်ခန်းစာ (၂) 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 (၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော စာပိုဒ်တစ်ခု၏အဓိပ္ပါယ် “ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” س...
-
"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်...
-
သောင်ဝ်ဗာတံခါးပိတ်ချိန် *********************** ကျနော်တို့ဟာ အပြစ်နဲ့မကင်းတဲ့ လူသားတွေ ဖြစ်ကြတယ်။ ကျနော်တို့ ကျူးလွန်ထားတဲ့ ဂိုနာဟ်တွေဟာ ကျန...
Search This Blog |

No comments:
Post a Comment