Saturday, 29 February 2020

အာဒမ် (အလိုင်းဟိစ္စလာမ်)၏ သားမြေးတို့ရဲ့ မားလ် (ဥစ္စာပစ္စည်း)


အာဒမ် (အလိုင်းဟိစ္စလာမ်)၏
→→→→→→→→→→→→
                  သားမြေးတို့ရဲ့ မားလ် (ဥစ္စာပစ္စည်း)
                  →→→→→→→→→→→→→
တမန်တော်မြတ်ကြီး (ဆွ)သည် ဥစ္စာပစ္စည်းနှင့်
စပ်လျင်းပြီး ဤ ကဲ့ သို့ ပမာပေး ခိုင်းနှိုင်း
မိန့်ခြွေတော်မူခဲ့သည်. . .
'' ဒွန်ယာ (လောက)ကြီးမှာ သစ္စာအမဲ့ဆုံးသော
မိတ်ဆွေမှာ ဥစ္စာပစ္စည်းပင်ဖြစ်လေသည်'' . . .

အကြောင်းမှာကား . . . အသင်တို့သက်တမ်းမှာ
အသက်ရှင်နေထိုင်နေသရွေ့ အသင်ရဲ့ ပိုက်ဆံ
တွေ စည်းစိမ်တို့သည် အသင်တို့ အဖို့ အသုံးဝင်
နေပါလိမ့်မယ်၊ သို့ပေမဲ့လဲ ဘယ်အချိန်မှာ
အသင်တို့ခန္ဓာနဲ့ အသင်တို့ ရူးဟ် (ဝိညာန်)
တသီးတခြားဖြစ်သွားမလဲ ထိုအချိန်ကစပြီး
အသင်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာပစ္စည်းတွေက
နောက်တယောက်ထံသို့ ရောက်သွားလိမ့်မည်
(ဆိုလိုတာက အသင့်ရဲ့ အမွေးစားအမွေခံ များထံ
ရောက်ရှိသွားလိမ့်မည်) အသင့်ပိုင်ဆိုင်မှုတွင်
ရှိနေလိမ့်မည် မဟုတ်ပေ။

 عن أبي هريرة ، أن رسول الله صلى الله عليه وسلم قال : " يقول العبد : مالي مالي. إنما له من ماله ثلاث : ما أكل فأفنى، أو لبس فأبلى، أو أعطى فاقتنى. وما سوى ذلك فهو ذاهب وتاركه للناس
ဟဇရသ် အဘူဟိုရိုင်ရာဟ်သခင် ဆင့်ပြန်ခဲ့သည့်
ဟဒီးစ်တော်တရပ်တွင် ကိုယ်တော်မြတ် (ဆွ)
ဤကဲ့သို့ အမိန့်ရှိတော်မူထားသည်. . . . .
အာဒမ် (အလိုင်းဟိစ္စလာမ်)၏ သားမြေးများက
ငါ့ရဲ့ မားလ် ငါ့ရဲ့ မားဘ်(ငါ့ ပစ္စည်း ငါ့ ဥစ္စာ) ဆိုပြီး
ပြောကျသည် . . .
အာဒမ်၏ သားမြေးတို့ !!!!! စင်စစ်မှာမူ
အသင်တို့ ပိုင်ဆိုင် သည့်အရာတွေထဲက သီးသန့် ဤအရာ(၃)ခုသာ အသင်တို့ ပိုင်ဆိုင်ခြင်းဖြစ်သည်၊
* အသင်တို့ စားသောက်လိုက်တဲ့ အရာတွေ . . .
* အသင်တို့ပြီး ဝတ်ဆင်းပြီး ဟောင်းနွမ်းစုတ်ပြဲ
    သွားသောအကျီ င်္တွေ . . .
* အသင်တို့ မိမိတို့အတွက် ကြိုတင်ပို့ဆောင်
    စုဆောင်းထားသော ကုသိုလ်စဝါးဗ်တွေ . . .
 ဒီ အရာ (၃)ခုမှ အပ ကျန်တဲ့ စည်းစိမ်
ဥစ္စာပစ္စည်းတွေအကုန်လုံးကို အခြားသူများ
အတွက် ချန်ထားခဲ့ရမည် ဖြစ်သည်၊ အသင့်တို့ ထံ၌ ကျန်ရှိမည် မဟုတ်ပေ။
                 
                                    Mohammad ismail
                                      #ချမ်းမြေ့အောင်

တစ်မိနစ် သင်ခန်းစာ (၂)

သင်ခန်းစာ (၂)
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

(၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော 
စာပိုဒ်တစ်ခု၏အဓိပ္ပါယ်

“ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” سبحانك اللهم
အို - အလ္လာဟ်အရှင်မြတ် ၊ ကျွန်တော်မျိုး/မသည် အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်မှုကို မြွက်ဆိုပါ၏။

(၂) စွန္နသ်တော်တစ်ခု

နမားဇ်အတွင်း မတ်တတ်ရပ်ရာတွင် 
ခြေချောင်းများကိုလည်း
ကစ်ဗ်လယ်ဘက်သို့ တည့်မတ်စွာထားခြင်း၊ (ခြေထောက်နှစ်ဘက်ကြား လက်လေးလုံးခန့်
ခွာထားခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။)

(၃) ကြီးလေးသောအပြစ်တစ်ခု

တစ်ဦးတစ်ယောက်ကို စောင်းမြောင်းကဲ့ရဲ့
ပြောဆိုခြင်းသည် ကြီးလေး သောအပြစ်ဖြစ်၏။

(၄) အပြစ်ကြောင့် လောကတွင်ဆုံးရှုံးရမှု

ကြီးလေးသောအပြစ်ကြောင့် လောက၌ ခံရသောဆုံးရှုံးမှုများ အနက်တစ်ခုမှာ ရိုဇီလျော့နည်းသွား၍ 
ရိုဇီထဲမှ ​ဗရ်ကသ်ဆုတ်ယုတ်သွားသည်။ 
(အမြင်အားဖြင့်) စားနပ်ရိက္ခာပေါများနေသော်လည်း
ယင်း၏အကျိုးအမြတ်ကို အနည်းငယ်သာ 
ရရှိပေမည်။
ဥပမာ - ရောဂါဖြစ်မည်။ စိတ်ရှုပ်ထွေးမည်။ အကြောင်းမဲ့ဖြုန်းတီးကုန်မည်။)

(၅) နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက် 
ရရှိမည်အကျိုး

အမျိုးမျိုးသော ​ဗရ်ကသ်များကို မိုးကောင်းကင်နှင့် မြေပြင်မှရရှိမည်။

📖 စာအုပ်အမည် 📖
တစ်မိနစ် သင်ခန်းစာ 

📝ပြုစုသူ📝
ဟဇ်ရသ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် ဆွာဟိဗ်

ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် အပ်ဒုစ် စလာမ် ( မဟ်မူဒီ)

📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်

လွတ်လပ်စွာ Share ပြုနိုင်ပါသည်။
Copy ယူပြီး ပြန်တင်သောအခါ 
မူရင်းစာအုပ်အမည် ၊ ပြုစုသူ အမည် နှင့် 
Page အမည်ကို ဖြုတ်၍ ပြန်တင်ခွင့် 
လုံးဝ ခွင့်မပြုပါ … 

အွမ်မသ်အတွက် စာပို့လုလင် Page

အင်ရှာအလ္လာဟ်ဆက်လက် တင်ပြပါမည်။

Friday, 28 February 2020

တစ်မိနစ် သင်ခန်းစာ (၁)

သင်ခန်းစာ (၁)
👇👇👇👇👇👇👇👇👇👇👇👇👇👇👇

(၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော 
စာပိုဒ်တစ်ခု၏အဓိပ္ပါယ်

“အလ္လာဟု အက်ဗရ်” الله أكبر

အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံး
ဖြစ်တော်မူသည်။

(၂) စွန္နသ်တော်တစ်ခု

“ နမာဇ်ဝတ်ပြုရန် မတ်တတ်ရပ်ရာတွင် 
သတ်မှတ်ထားသော စွန္နသ်တော်များအနက် 
တစ်ခုမှာ ကစ်ဗ်လယ်ဘက်သို့ မျက်နှာမူပြီး
တည့်မတ်စွာရပ်ရမည်။ ခေါင်းငုံ့မထားရ။

(၃) ကြီးလေးသောအပြစ်တစ်ခု

ကြီးလေးသောအပြစ်များအနက် တစ်ခုမှာ 
တစ်ပါးသူကို အထင်သေးပြီး ရယ်ခြင်းဖြစ်သည်။

(၄) အပြစ်ကြောင့် လောကတွင်ဆုံးရှုံးရမှု

အပြစ်ကြောင့် လောကတွင် ဆုံးရှုံးရမည့် 
ဆုံးရှုံးမှုများအနက် တစ်ခုမှာ သာသနာ့ပညာကို လက်လွတ်ခံရခြင်း။

(၅) နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက် 
ရရှိမည့် အကျိုး

အလ္လာဟ်အမိန့်ကိုနာခံမှုကြောင့် ရရှိမည့်အကျိုးကျေးဇူးများ အနက်မှ တစ်ခုမှာ 
အစားအစာရိက္ခာများတွင် “​ဗရ်ကသ်” 
ချီးမြှင့်ခြင်းခံရမည်။

📖 စာအုပ်အမည် 📖
တစ်မိနစ် သင်ခန်းစာ 

📝ပြုစုသူ📝
ဟဇ်ရသ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် 
ဆွာဟိဗ်

ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် အပ်ဒုစ် စလာမ် 
( မဟ်မူဒီ)

📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်

လွတ်လပ်စွာ Share ပြုနိုင်ပါသည်။
Copy ယူပြီး ပြန်တင်သောအခါ 
မူရင်းစာအုပ်အမည် ၊ ပြုစုသူ အမည် နှင့် 
Page အမည်ကို ဖြုတ်၍ ပြန်တင်ခွင့် 
လုံးဝ ခွင့်မပြုပါ … 

အွမ်မသ်အတွက် စာပို့လုလင် Page

အင်ရှာအလ္လာဟ်ဆက်လက် တင်ပြပါမည်။

မအိပ်ခင်အချက်(၄)ချက်ကိုမှန်ကန်အောင်ပြု ပြင်ပြီးမှ အိပ်ပါ. .


မအိပ်ခင်အချက်(၄)ချက်ကိုမှန်ကန်အောင်ပြု ပြင်ပြီးမှ
အိပ်ပါ. .
___________________________
(၁)မတည့်တယ့်သူတွေနဲ့ကိုယ်
    နဲ့ကြားမှာရှိတယ့်ပြသနာကို
     ပြီးပြတ်အောင်အဆုံးမသတ်
     ရသေးပဲ(မကျေအေးရသေး
       ပဲ)မအိပ်ပါနဲ့

(၂)အရှင်မြတ်သတ်မှတ်ထား
    တယ့်တနေ့တာဖရက်ဇ်
     တာဝန်တွေကိုပြည်ဝအော
     င်မဆောင်ရွက်ရသေးသ
      ရွေ့မအိပ်စက်ပါနဲ့

(၃)အရင်ကကျူ းလွန်ခဲ့တယ့်
     အပြစ်ဂိုနာဟ်တွေကနေ
     သောင်ဗါဟ်မလုပ်ရသေး
     ပဲမအိပ်စက်ပါနဲ့အကြောင်း
     မှာထိုညတွင်သောင်ဗါဟ်
     မလုပ်လိုက်မိပဲအပြစ်ဂိုနာ
     ဟ်ကျူ းလွန်သူမအဖြစ်ကွ
     ယ်လွန်သေဆုံးသွားနိူင်
     သောကြောင့်ဖြစ်သည်

(၄)မှာသင့်မှာထိုက်သည့်အချက်
     များကိုဝဆွီယသ် မှာတမ်း
     စာရေးသားပြီးမမှာတမ်း
     ထားရသေးသရွေ့မအိပ်စပ်
     ပါနဲ့သိူ့မဟုတ်ပါကမှာတမ်း
     မှုမပြုလိုက်ရပဲကွယ်လွန်သွာ
     းနိုင်သည်

ဗရှီးရ်အဟ်မဒ်
                  🌴ဇင်မင်းထိုက် မျှဝေသည်🌴

ယနေ့ သောကြာဂျွမ်မာနမာဇ်ကို ရဲရဲဝံ့ဝံ့ ဝတ်ပြုနေကြတဲ့ အိန္ဒိယနိုင်ငံက

ယနေ့ သောကြာဂျွမ်မာနမာဇ်ကို






ရဲရဲဝံ့ဝံ့ ဝတ်ပြုနေကြတဲ့ အိန္ဒိယနိုင်ငံက

အီမာန်ရှင်များ #الله أكبر

ဟိန္ဒူအစွန်းရောက်များ ဗလီများကို
မီးရိူ့ဖျက်ဆီးပြီးနောက် လမ်းမများတွင်
နမာဇ်ကို ဝတ်ပြုနေရပါတယ် ။

ဘယ်ချိန် ဘယ်အကြောင်းဖြစ် ဘယ်အခြေနေဖြစ်
နမာဇ်ကို တန်ဖိုးထားဝတ်ပြုတာ
ဂုဏ်ယူလေးစားစရာပါ ။

May Allah bless and reward them
Armeen ❣❣❣

Min Naing Aung ikm

Thursday, 27 February 2020

ခေါင်းကိုက်ဝေဒနာအတွက် နဗီ့ကုထုံး


ခေါင်းကိုက်ဝေဒနာအတွက် နဗီ့ကုထုံး

မြတ်နဗီ (ဆွ)မိန့်တော်မူတယ်။
ရေချိုးပြီးနောက် ခြေထောက်ကို ရေအေးနဲ့
 ဆေးပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာ ဖြစ်ခြင်းမှ
ကာကွယ် မှု ရစေတယ်။

ကန်ဇွတ်လ်အွမ္မားလ်ကျမ်း;27296

ဆရာ စည် သူ အောင်
               ဇင်မင်းထိုက် မျှဝေသည်

Wednesday, 26 February 2020

2020 ခုနှစ် မလေး အင်တာနေရှင်နယ်ကုရ်အာန်ပြိုင်ပွဲအတွက်မလေးချန်ပီယံကာရီရွေးချယ်ပွဲမှာမျက်မမြင်ကာရီတစ်ဦးဖြစ်တဲ့

2020 ခုနှစ် 
မလေး အင်တာနေရှင်နယ်
ကုရ်အာန်ပြိုင်ပွဲအတွက်
မလေးချန်ပီယံကာရီရွေးချယ်ပွဲမှာ
မျက်မမြင်ကာရီတစ်ဦးဖြစ်တဲ့
Qari Muhammad Qayyim က
မလေး ချန်ပီယံကာရီအဖြစ်
ရွေးချယ်ခြင်းခံရတယ်

မျက်မမြင်တွေအတွက် တီထွင်ထားတဲ့
ကျမ်းမြတ်ကုရ်အာန်ကို
လက်နဲ့စမ်းစမ်းပြီးဖတ်ကာ
မလေးချန်ပီယံကာရီဖြစ်လာတဲ့
ဒီကာရီကတော့ တကယ်ကို
ကမ္ဘာမှာ ဂုဏ်ပြုထိုက်တဲ့
ကာရီတစ်ပါးပါပဲ...

ကျမ်းမြတ်ကုရ်အာန်ကို
မျက်လုံးနှစ်လုံးနဲ့ မြင်နေရတဲ့
ကျနော်တို့အတွက် အတုယူစရာ
ကာရီတစ်ပါးလဲဖြစ်ပါတယ်...

(ပြည့်စုံကျော်)

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...