တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ 'စူမေရီးယား' ရှိ ရုပ်တုကိုးကွယ်သော လူမျိုးစုတို့အား တမန်တော် နူးဟ် (عليه السلام) က မှန်ကန်သော ဒီန် သာသနာဘက်သို့ ဖိတ်ခေါ်မှုပြုခဲ့၏။ ကျမ်းတော်မြတ် ကုရ်အာန်၏ ဖော်ပြချက်အရ သိရသည်မှာ... တမန်တော် နူးဟ် (عليه السلام) သည် နှစ်ပေါင်း (950) တိုင် သာသနာပို့ချမှုကိစ္စ ဆောင်ရွက်ခဲ့၏။ ထိုသို့ ကာလရှည် ကြိုးပမ်းခဲ့သော်လည်း လူအချို့သာလျှင် အီမာန်သက်ဝင် ယုံကြည်ခဲ့၏။ ထိုအခါ အလ္လာဟ် (سبحانه وتعالى) က ထိုတော်လှန် ပုန်ကန်သူများအား အပြစ်ဒဏ်ချမှတ်ရန် သတ်မှတ်တော်မူလေ၏။ ထို့ကြောင့် တမန်တော် နူးဟ် (عليه السلام) အား... သင်္ဘောတစ်စီး တည်ဆောက်ကာ မိမိတို့နှင့်အတူ စုံတွဲတိရစ္ဆာန်တိုင်းကို ထိုသင်္ဘောပေါ်တွင် တစ်ပါးတည်း တင်ဆောင်ရန် အမိန့်ပေးတော်မူခဲ့၏။ အမှန်ကန်ဆုံးဟု ယူဆရသော အဆိုတစ်ရပ်အရ သိရသည်မှာ ထိုသင်္ဘောကို တမန်တော် နူးဟ် (عليه السلام) က အီရတ်နိုင်ငံရှိ ကူဖွာမြို့တွင် တည်ဆောက်ခဲ့ခြင်းဖြစ်၏။ ထိုသင်္ဘော တည်ဆောက်ပြီး နောက်ပိုင်းတွင် ကောင်းကင်ယံမှ အလွန်သည်းထန်စွာ မိုးများရွ...
Islam အသိပညာများ မျှဝေရာ