ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ ========================= အူရ်ဒူ ပို့စ် လေး ၁ ခု သဘောကျ လို့ ဆီလျော်စွာ ဘာသာပြန်ပြီး မျှ ဝေပေး လိုက်ပါတယ် ... ။ တစ်ခါက အမျိူ းသား ၁ ဦး သူ့ရဲ့ ဇနီးသည် ဖြစ်သူကို နေ့စဉ် နေ့တိုင်း ကုရ်အာန် သင်ပေးလေ့ရှိတယ် ... ။ အဲ့လို သင်ပေးနေရင်းနဲ့ ၁ ရက်မှာတော့ အမျိူ းသားဖြစ် သူက ပစ္စည်း ၁ ခု ရှာဖွေနေရင်း သေတ္တာလေး ၁ လုံး တွေ့တော့ ဖွင့်ကြည့် မိလိုက်တယ် ... ။ အဲ့ဒီ သေတ္တာလေးထဲမှာ သူ့ ဇနီးရဲ့ နာမည်နဲ့ ဟာဖွေ ဇွာဟ် အောင်လက်မှတ်ကို တွေ့လိုက်ရတယ် ။ အမျိူ း သားက တအံ့တသြ ဖြစ်ပြီး ဇနီးသည်ကို အခုလို မေးလိုက်တယ် ... ။ ဟာဖွေဇွာဟ် ( ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ထား သော သူမ ) ဖြစ်ကြောင်း ငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ ... ? ဇနီး ဖြစ်သူက ဟုတ်ပါတယ် ၊ ကျမက ဟာဖွေဇွာဟ် ၁ ယောက်ပါ ။ ရှင် မမေးလို့ ကျမလည်း မပြောပြ ဖြစ် ခဲ့တာပါ ... ။ ဇနီးဖြစ်သူက ဆက်ပြီး ပြောပြတယ် ။ ကျမ မပြောဖြစ် ခဲ့တဲ့ အဓိက အကြောင်းအရင်းက ကျမ စာရရင် ရှင်က ကျမကို ကလေးငယ်လေး ၁ ယောက်လို ဂရုစိုက်တာ လိုချင်လို့ပါ ... ။ ပြီးတော့ အဲ့လိုစာရတဲ့အခါ ရှင်က လက်ဆောင်လေးတွေ ဝယ်ပေးတာကို ကျမ အရမ်းနှစ်သက်မိလို့ပါ ... ။ ပြီးတော...
Islam အသိပညာများ မျှဝေရာ