Thursday, 26 March 2020

ဂျွမ်မဟ်နမာဇ်မဖတ်ပါလို့ကြေညာထားသော နေရာများရှိ

ဂျွမ်မဟ်နမာဇ်မဖတ်ပါလို့ကြေညာထားသော
နေရာများရှိ
       မွတ်စ်လင်မ်များအတွက် လမ်းညွှန်းချက်
===================================
အစ္စလာမ့်သာသနာ့ရဲ့အထိမ်းအမှတ်များကို
ထိမ်းသိမ်းရန် အရေးကြီးပါသည်။

 ထိုအထိမ်းအမှတ်များတွင်
ဂျွမ်မဟ်နမာဇ်ကို ​ဗလီ၌ဝတ်ပြုခြင်းလဲ ပါဝင်ပါသည်။

လူတွေရဲ့ကျန်းမာရေးကိုလဲ ဂရုပြုဖို့လိုအပ်ပါသည်။

ရောဂါဖြစ်ရှိခြင်းကြောင့် အေဗာဒသ်ပြုခြင်းများ၏ တာဝန်မှာအနည်းငယ်ပေါ့လျော့သွားပါသည်။

အထူးအားဖြင့် အလွယ်တကူပျံ့နှံ့လွယ်သည့်
ရောဂါများတွင် တာဝန်ဝတ္တရားအားဖြင့်
အလွန်လျော့ကျသွားနိူင်ပါသည်။

နိူင်ငံတော်မှထုတ်ပြန်သည့် ဥပဒေကိုလဲ
ဂရုပြုဖို့ လိုအပ်ပါသည်။

 ထိုကြောင့် အလည်ကနေ လမ်းတစ်ခု
ထတ်ယူပြီး အများပြည်သူအမလ်ပြုလုပ်ဖို့
လွယ်ကူသည့် လမ်းကြောင်းတစ်ခုထုတ်ယူရပါမည်။

ဂျွမ်မဟ်ဖတ်နိူင်သည့် လူများအနေနဲ့ ဂျွမ်မဟ်
ဖတ်ကြမည်။

မဖတ်နိူင်တဲ့သူများအနေနဲ့ ဇိုဟိုရ်နမာဇ်ဖတ်ကြမည်။

အထက်ပြပါ အကြောင်းအမျိုးမျိတို့ကို ရှေ့ရှု့၍
​ဗလီများတွင်လူတကာဝင်ထွက်နိူင်သည့်
ပုံစံမပြုလုပ်ပါနဲ့။

ချိတ်ပိတ်ထားသော အဆောင်များ ထောင်များ
စစ်တပ်များတွင်လဲ ဂျွမ်မဟ်နမာဇ်ကို
ဆောက်တည်နိူင်ကြောင်း
ဖေကါဟ်ပညာရှင်မျာဘက်မှ အဆိုများရှိနေပါတယ်။

ဒါကြောင့် ​ဗလီအတွင်ပိုင်ရှိလူများအတွက်သာ
​ဗ​လီကို နမာဇ်ဖတ်ရန် အသုံးပြုပြီး အပြင်မှ
လာဖတ်မည့်သူများအား ဝတ်ပြုခွင့်မပေးပါနဲ့။

ဒါကြောင့် ပလီထဲတွင် လေးငါးယောက်
ဂျမာအသ်ဖြင့်ဝတ်ပြုရမည် ဂျွမ်မဟ်နမာဇ်ဆောက်တည်မည်။

ကျန်ရှိသောသူများသည် နီးစပ်ရာ ​ဗလီများတွင်
ဂျွမ်မဟ်နမာဇ်ဖတ်ပြီးချိန်၌ မိမိတို့အိမ်၌သာ
ဇိုဟိုရ်နမာဇ် ဆောက်တည်ကြမည်။

( သတိထားရမည့်အချက်မှာ)

ဇိုဟုရ်နမာဇ်ကို ဂျမာအသ်ဖြင့် မဆောက်တည်ရပါ
တဦးခြင်းဝတ်ပြုရပါမည် ဂျွမ်မာဟ် နမာဇ်အချိန်တွင်
ဇိုဟုရ်နမာဇ်ကို ဂျမာအသ်ဖြင့်ဝတ်ပြုခွင့်မရှိပါ။

ဖြစ်နိူင်ရင် အိမ်၌ဇိုဟုရ်နမာဇ်
မဆောက်တည်မှီအလျှင်
အိမ်သူအိမ်သားများကို နမာဇ်ဖတ်မည့်နေရာ၌
စုလိုက်ပါ။

အိမ်၌နားလည်တတ်ကျွမ်းသောသူတစ်ဦးမှ
အိမ်သူအိမ်သားများကို သက္ကဝါ အိစ်သေဂ်ဖာရ်
သောင်ဗဟ် အစရှိသည်တို့ကို အနည်းငယ်
ဆုံးမစကားပြောကြားပါ။

စူရာဟ် ကဟဖ်ဖတ်ပါ ဒရူးဒ်ရှရီးဖ်ဖတ်ပါ

Allah သျှင်ထံဒိုအာပြုလုပ်ပါ

ကျနော်တို့အတွက် ဂျွမ်မဟ်အချိန် ရောက်ရှိနေတာပါ
ကျနော်တို့ ဂျွမ်မဟ်နမာဇ် ဖတ်ဖို့မတတ်နိူင်ပါဘူး။

Allah သျှင်အမြန်းဆုံး ကျန်းမာရေးနဲ့
အေးချမ်းခြင်းများကို ချီးမြင့်ပေးသနားတော်မူပါ။
 ကျနော်တို့ အသျှင်ထံကနေ ဂျွမ်မာဟ်
နမာဇ်ရဲ့အကျိုးဖဇွီးလသ်တွေကို မျှော်ကိုးမိပါတယ်။

ကျနော်တို့အတွက် ထိုအကျိုးတွေကို
ရေးမှတ်တော်မူပါ။

မွဖ်သီ မုဟာမဒ် အအ်ဇွမ် နဒ်ဝီ
ဖေကါဟ်ပညာအထူးပြုသင်ကြားပို့သူ
အလ်မဟ်ဟသွလ်အာလီ ဟိုက်ဒရ်အာဗသ်
ရှအ်ဘာန်လ 1 /  27 . 3 . 2020

ဝေ ယံ ဖြိုး ( အဖျောက် )
                               🍂ဇင်မင်းထိုက် မျှဝေသည်🍂

No comments:

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...