Skip to main content

ကဗရ်များကို စဂ်ျဒါလုပ်ခွင့်ရှိသလား


ကဗရ်များကို စဂ်ျဒါလုပ်ခွင့်ရှိသလား
အကျယ်တဝန့် ဖြေကြားချက် နှင့် စောဒကများရဲ့ အဖြေများ
📝📝📝📝📝📝📝📝📝📝📝📝
ကဗရ်များကို စဂ်ျဒါပြုခြင်းနှင့်ပါတ်သတ်ပြီး မဟာတမန်တော်မြတ်(ဆွ)က အောက်ပါအတိုင်း အမိန့်ရှိခဲ့တယ်။

၁။ ။ယာအလ္လာ!ကျနော်မျိုးရဲ့ ကဗရ်ကို ကိုးကွယ်ရာဗွသ်မဖြစ်စေပါနှင့်!
မိမိတို့ နဗီတမန်တော်များရဲ့ ကဗရ်များကို စဂ်ျဒါပြုရာနေရာအဖြစ် ပြုလုပ်ကြသူတို့အပေါ် အလ္လာအသျှင်မြတ် လအ်နသ်ပြုတော်မူသည်။
နစာအီကျမ်း
- عن أبي هريرة قال: قال رسول الله صلى الله عليه وسلم: ((اللهم لا تجعل قبري وثناً، لعن الله قوماً اتخذوا قبور أنبيائهم مساجد)) 

၂။ ။နဗီတမန်တော်မြတ်(ဆွ)မိန့်တော်မူတယ်။
အိုလူတို့!သေသေချာချာ နားထောင်ကြ!
အသင်တို့အရင် လူများဟာ နဗီတမန်တော်များ ဝလီသူတော်စင်များရဲ့ ကဗရ်တွေကို စဂ်ျဒါပြုရာနေရာအဖြစ် ပြုလုပ်ခဲ့ကြတယ်
အသင်တို့သည် ကဗရ်များကို စဂ်ျဒါပြုရာ နေရာအဖြစ် မပြုလုပ်ကြနှင့်
ငါကိုယ်တော် တားမြစ်တော်မူတယ်။
မွတ်စ်လင်မ်ကျမ်း

 عن الحارث النجراني قال: سمعت النبي صلى الله عليه وسلم قبل أن يموت بخمسٍ وهو يقول: ((ألا وإنَّ من كان قبلكم كانوا يتخذون قبور أنبيائهم وصالحيهم مساجد، ألا فلا تتخذوا القبور مساجد إني أنهاكم عن ذلك))

အချို့က ပြောကြတယ်
ကျနော်တို့က သူတော်စင်များရဲ့ ကဗရ်ကို စဂ်ျဒါလုပ်တာက အလ္လာအသျှင်မြတ်နဲ့ တန်းတူထားပြီး လုပ်တာမဟုတ်ဘူး။
ဒီသူတော်စင်တွေက အလ္လာ့အချစ်တော်တွေဆိုတော့ ကျနော်တို့ကို ရှဖာအသ်အသနားခံပေးအောင် လုပ်တာပါ တဲ့

အဖြေကတော့
ကိုယ်တော်မြတ်(ဆွ)ခေတ်အခါသမယ ရှိ မက္ကာမြို့သားသည်လည်း ဗွတ်သ်များကို အလ္လာအသျှင်မြတ်နှင့် တန်းတူထားပြီး ကိုးကွယ်ခဲ့ကြသည် မဟုတ်ပေ။စကြာဝဠာအပေါင်းကို ဖန်ဆင်းတော်မူသောအသျှင် ရိုဇီချီးမြှင့်တော်မူသောအသျှင် စိုးပိုင်တော်မူသောအသျှင်က အလ္လာအသျှင်မြတ် ဖြစ်တယ် ဆိုတာကို သူတို့ လက်ခံကြတယ်။

ကျမ်းမြတ်ကုရ်အာန် မှာ လာရှိတယ်။
قُلْ مَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالأَرْضِ أَمَّنْ يَمْلِكُ السَّمْعَ وَالأَبْصَارَ وَمَنْ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَمَنْ يُدَبِّرُ الأَمْرَ فَسَيَقُولُونَ اللَّهُ فَقُلْ أَفَلا تَتَّقُونَ (سورة يونس:31)
အသင်တို့ကို မိုးနဲ့မြေကနေ ရိုဇီပေးနေတာ ဘယ်သူလဲ
နား မျက်လုံးများကို ဘယ်သူစိုးပိုင်သလဲ
သက်မဲ့ထဲမှ သက်ရှိကို ဘယ်သူ ထုတ်ပေးသလဲ
သက်ရှိထဲမှ သက်မဲ့ကို ဘယ်သူ ထုတ်ပေးသလဲ
ကိစ္စအဝဝကို ဘယ်သူက စီမံခန့်ခွဲ နေသလဲ အသင်မေးလိုက်ပါ
သူတို့ က အလ္လာအသျှင်မြတ် ဖြစ်ပါတယ်လို့ ဖြေလိမ့်မယ်။

စူရဟ်ယူနွတ်စ်:၃၁

ဒါဆို ဗွတ်သ် တွေကို ဘာလို့ကိုးကွယ်တာလဲ မေးရင် သူတို့ ဖြေလေ့ရှိတယ်
ကျနော်တို့က အပြစ်သမားတွေ ဒီဗွတ်သ်တွေက ကျနော်တို့ကို အလ္လာအသျှင်မြတ်နဲ့ နီးစပ်အောင် လုပ်ပေးမှာ ဖြစ်လို့ သူတို့ကို ကိုးကွယ်နေတာပါ တဲ့
ကျမ်းမြတ်ကုရ်အာန်မှာ လာရှိတယ်။
أَلَا لِلَّهِ الدِّينُ الْخَالِصُ ۚ وَالَّذِينَ اتَّخَذُوا مِن دُونِهِ أَوْلِيَاءَ مَا نَعْبُدُهُمْ إِلَّا لِيُقَرِّبُونَا إِلَى اللَّهِ زُلْفَى
သတိပြုပါ
အလ္လာအသျှင်မြတ်ကိုသာ သီးသန့် ခဝပ်ကိုးကွယ်ရမည်။
အသျှင်မြတ်အပြင် အခြားအရာများကို ဆည်းကပ်သူများက : ကျွန်ုပ်တို့ကို ဤအရာများက အလ္လာအသျှင်မြတ်နှင့် နီးကပ်စေမည် ဖြစ်သောကြောင့်သာ ဤအရာများကို ကျွန်ုပ်တို့ ကိုးကွယ်နေကြပါသည် ဟု ပြောဆိုလေ့ရှိကြသည်။
စူရဟ်ဇိုမရ်:၃

ကျမ်းမြတ်ကုရ်အာန် နောက်တနေရာမှာ လာရှိသည်မှာ
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لا يَضُرُّهُمْ وَلا يَنْفَعُهُمْ وَيَقُولُونَ هَؤُلاءِ شُفَعَاؤُنَا عِنْدَ اللَّهِ قُلْ أَتُنَبِّئُونَ اللَّهَ بِمَا لا يَعْلَمُ فِي السَّمَاوَاتِ وَلا فِي الأرْضِ [يونس:18].
ထိုသူတို့သည် မိမိတို့ကို ကောင်းကျိုး မပေးနိုင်သော ဆိုးကျိုးမပေးနိုင်သောအရာများကို ခဝပ်ကိုးကွယ်နေကြပြီး ဤအရာများသည် ကျွန်ုပ်တို့ကို အလ္လာအသျှင်မြတ်ထံတွင် အသနားခံပေးကြလိမ့်မည်ဟု ပြောဆိုနေကြသည်။
အိုနဗီတမန်တော် အသင်ပြောလိုက်ပါ
ဘာလဲ အသင်တို့က မိုးကောင်းကင်များနှင့် မြေပထဝီတွင် အလ္လာအသျှင်မြတ် သိတော်မူခြင်းမရှိသည့်အရာကို အလ္လာအသျှင်မြတ်ကို အသိပေးနေကြတာလား??
(ဆိုလိုသည်မှာ မဟုတ်မမှန်သောကိစ္စကို အသင်တို့ အလ္လာအသျှင်မြတ် ရှေ့တော်မှောက်တွင် ပြောနေကြခြင်း ဖြစ်သည်။)
စူရဟ်ယူနွတ်စ်: ၁၈

အချို့က ပြောတယ်
ကျနော်တို့က သူတော်စင်များရဲ့ ကဗရ်ကို စဂ်ျဒါလုပ်တာက ကိုးကွယ်တဲ့အနေနဲ့ မဟုတ်ဘူး ရိုသေလေးစားတဲ့အနေနဲ့ လုပ်တာ
ဖရစ်ရ်ှသာတွေ ဖခင်ကြီးအာဒမ်(အ)ကို စဂ်ျဒါ လုပ်သလို
ယူစွတ်ဖ်(အ)ကို ညီအကိုတော်တွေ စဂ်ျဒါလုပ်သလို
ကျနော်တို့ လုပ်တာ
တဲ့

အဖြေကတော့ ယခင် ရရှီအသ်အချို့မှာ ရိုသေလေးစားတဲ့အနေနဲ့ စဂ်ျဒါ လုပ်ခွင့်ရှိခဲ့တယ်။ဒါ့ကြောင့် သူတို့ လုပ်ကြခြင်း ဖြစ်တယ်။
ဒါပေမဲ့ ဒီလိုရိုသေလေးစားတဲ့အနေနဲ့ စဂ်ျဒါလုပ်ခြင်းဟာ တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)ရဲ့ ရှရီအသ်မှာ မပိုင်ဘူး တားမြစ်ထားပါတယ်။ဒါ့ကြောင့် ဒီအွမ္မသ်မှာ ရိုသေလေးစားတဲ့ အနေနဲ့လည်း.စဂ်ျဒါ လုပ်ခွင့်မရှိပါဘူး။

အထောက်အထားကတော့
အိဗ်နေမာဂျဟ်ကျမ်း မှာ လာရှိတယ်။
لما قدم معاذ من الشام سجد للنبي صلى الله عليه وسلم، قال: ما هذا يا معاذ؟ قال: أتيت الشام فوافقتهم يسجدون لأساقفتهم وبطارقتهم فوددت في نفسي أن نفعل ذلك بك، فقال رسول الله صلى الله عليه وسلم: فلا تفعلوا. رواه ابن ماجه
ဟဇရသ်မုအားဇ်သခင်ဟာ ،ဆီးရီယားနိုင်ငံကို ခရီးထွက်ပြီး ပြန်လာတဲ့အခါမှာ ကိုယ်တော်မြတ်(ဆွ)ကို စဂ်ျဒါလုပ်တယ်။
ကိုယ်တော်မြတ်က :ဘယ်လိုဖြစ်တာလဲ မိုအားဇ်!လို့ မေးတော့ လျှောက်ထားတယ်
ကျနော် ဆီးရီယားမှာ တွေ့ခဲ့တယ် လူတွေက မိမိတို့အကြီးအကဲတွေ ဘာသာရေးခေါင်းဆောင်တွေကို စဂ်ျဒါလုပ်ကြတယ်။ကျနော့်စိတ်ထဲမှာလည်း ကိုယ်တော့်ကို ကျနော်တို့ အဲဒီလို စဂ်ျဒါလုပ်ရင် ကောင်းမယ်လို့ ပေါ်လာလို့ လုပ်လိုက်တာပါ

ဆိုတော့ ကိုယ်တော်မြတ်(ဆွ)က မိန့်တယ်
အသင်တို့ အဲဒီလို မလုပ်ကြနှင့်!

အဗူဒါဝူးဒ်ကျမ်းမှာလည်း ကိုင်းစ်ဗင်န်စအဒ်သခင်က ကိုယ်တော်မြတ်(ဆွ)ကို စဂ်ျဒါလုပ်ခွင့်တောင်းတော့ ကိုယ်တော်မြတ်(ဆွ)က တားမြစ်တော်မူခဲ့တဲ့အကြောင်း အောက်ပါအတိုင်း လာရှိတယ်။
رواه قيس بن سعد قال: أتيت الحيرة فرأيتهم يسجدون لمرزبان لهم، فقلت: رسول الله أحق أن يسجد له، قال: فأتيت النبي صلى الله عليه وسلم فقلت: إني أتيت الحيرة فرأيتهم يسجدون لمرزبان لهم فأنت يا رسول الله أحق أن نسجد لك، قال: أرأيت لو مررت بقبري أكنت تسجد له؟ قال: قلت: لا، قال: فلا تفعلوا. رواه أبو داود،

ဒါ့ကြောင့် ဟနဖီ ရှာဖီအီ မာလိကီ ဟန်ဗလီ မဇ်ဟဗ်ကြီး ၄ခုလုံးမှ ပညာရှင်များ အားလုံးက ရိုသေလေးစားသည့်အနေဖြင့် စဂ်ျဒါလုပ်ခြင်း မပိုင်ကြောင်း တညီတညွတ်တည်း ဖော်ပြထားကြပေသည်။

မဇ်ဟဗ်တခုချင်းစီရဲ့ အဆိုအမိန့်များကို အောက်တွင် ရှုပါ

 وهذا يدل على أن السجود بغير نية العبادة لا يكون كفراً بمجرده. وعلى أية حال فالتفصيل الذي ذكره الذهبي محل خلاف بين أهل العلم، فمنهم من يقول به، ومنهم من يطلق الكفر في حق من سجد لغير الله، وممن وافق الذهبي على تفصيله الشوكاني، فإن صاحب (مختصر الأزهار) لما قال: الردة باعتقاد أو فعل أو زي أو لفظ كفري وإن لم يعتقد معناه، إلا حاكياً أو مكرهاً ومنها السجود لغير الله. انتهى.

قال الشوكاني في السيل الجرار: اعلم أن الحكم على الرجل المسلم بخروجه من دين الإسلام ودخوله في الكفر لا ينبغي لمسلم يؤمن بالله واليوم الآخر أن يقدم عليه إلا ببرهان أوضح من شمس النهار... فلا اعتبار بما يقع من طوارق عقائد الشر لا سيما مع الجهل بمخالفتها لطريقة الإسلام، ولا اعتبار بصدور فعل كفري لم يرد به فاعله الخروج عن الإسلام إلى ملة الكفر. وأما قوله (ومنها السجود لغير الله) فلا بد من تقييده بأن يكون سجوده هذا قاصداً لربوبية من سجد له، فإنه بهذا السجود قد أشرك بالله عز وجل وأثبت معه إلهاً آخر، وأما إذا لم يقصد إلا مجرد التعظيم كما يقع كثيراً لمن دخل على ملوك الأعاجم أنه يقبل الأرض تعظيماً له، فليس هذا من الكفر في شيء، وقد علم كل من كان من الأعلام أن التكفير بالإلزام من أعظم مزالق الأقدام فمن أراد المخاطرة بدينه فعلى نفسه جنى. انتهى.

وقال الزيلعي في تبين الحقائق: وما يفعلون من تقبيل الأرض بين يدي العلماء فحرام، والفاعل والراضي به آثمان لأنه يشبه عباده الوثن، وذكر الصدر الشهيد أنه لا يكفر بهذا السجود لأنه يريد به التحية. انتهى.

 وكذا قال ابن نجيم في البحر الرائق.

 وفي باب حكم المرتد من مطالب أولي النهى للرحيباني: أو سجد لصنم أو كوكب. كشمس أو قمر كفر، لأنه أشرك به سبحانه وتعالى (ويتجه السجود للحكام والموتى بقصد العبادة كفر) قولاً واحداً باتفاق المسلمين (والتحية) لمخلوق بالسجود له (كبيرة) من الكبائر العظام والسجود لمخلوق حي أو ميت (مع الإطلاق) العاري عن كونه لخالق أو مخلوق (أكبر) إثماً وأعظم جرماً، إذ السجود لا يكون إلا لله وهو اتجاه حسن. انتهى.

وفي باب شروط من تقبل شهادته من الكتاب نفسه، عد السجود لغير الله كبيرة من الكبائر، وقال البجيرمي في تحفة الحبيب: مجرد السجود بين يدي المشايخ لا يقتضي تعظيم الشيخ كتعظيم الله عز وجل بحيث يكون معبوداً، والكفر إنما يكون إذا قصد ذلك. انتهى.

 وقال الرملي في نهاية المحتاج: قال ابن الصلاح: ما يفعله عوام الفقراء من السجود بين يدي المشايخ فهو من العظائم ولو كان بطهارة وإلى القبلة وأخشى أن يكون كفراً. انتهى.

وعلق على ذلك الشرواني في حاشيته على تحفة المحتاج فقال: إنما قال ذلك ولم يجعله كفراً حقيقة، لأن مجرد السجود بين يدي المشايخ لا يقتضي تعظيم الشيخ كتعظيم الله عز وجل بحيث يكون معبوداً، والكفر إنما يكون إذا قصد ذلك.انتهى.

 وقال النووي في المجموع وفي الروضة: ما يفعله كثير من الجهلة من السجود بين يدي المشايخ حرام قطعاً بكل حال سواء كان إلى القبلة أو غيرها، وسواء قصد السجود لله تعالى أو غفل، وفي بعض صوره ما يقتضي الكفر أو يقاربه. انتهى.

وعلق الشرواني على ذلك فقال: قال الشارح في الأعلام بعد نقله ما في الروضة: هذا يفهم أنه قد يكون كفراً بأن قصد به عبادة مخلوق أو التقرب إليه، وقد يكون حراماً بأن قصد به تعظيمة أي التذلل له أو أطلق، وكذا يقال في الوالد والعلماء.انتهى.

ومن أهل العلم من لم يفصل بل أطلق الكفر.

 قال السرخسي في المبسوط: السجود لغير الله تعالى على وجه التعظيم كفر. انتهى.

 وقال شيخ الإسلام زكريا الأنصاري في منهج الطلاب في كتاب الردة: .. أو إلقاء مصحف بقاذورة أو سجود لمخلوق. انتهى.

وقال الجمل في حاشيته: أي ولو نبياً وإن أنكر الاستخفاف أو لم يطابق قلبه جوارحه لأن ظاهر حاله يخالفه... نعم إن دلت قرينة قوية على عدم دلالة الفعل على الاستخفاف كسجود أسير في دار الحرب بحضرة كافر خشية منه فلا كفر. انتهى.

وقال ابن حجر الهيتمي في تحفة المحتاج في كتب الردة: أو سجود لصنم أو شمس. أو مخلوق آخر وسحر فيه نحو عبادة كوكب، لأنه أثبت لله تعالى شريكاً، وزعم الجويني أن الفعل بمجرده لا يكون كفراً، رده ولده، نعم إن دلت قرينة قوية على عدم دلالة الفعل على الاستخفاف كأن كان الإلقاء لخشية أخذ كافر أو السجود من أسير في دار الحرب بحضرتهم فلا كفر.انتهى.

وجاء في الموسوعة الفقهية: أجمع الفقهاء على أن السجود لغير صنم ونحوه، كأحد الجبابرة أو الملوك أو أي مخلوق آخر، هو من المحرمات وكبيرة من كبائر الذنوب، فإن أراد الساجد بسجوده عبادة ذلك المخلوق كفر وخرج عن الملة بإجماع العلماء، وإن لم يرد بها عبادة فقد اختلف الفقهاء فقال بعض الحنفية: يكفر مطلقاً سواء كانت له إرادة أو لم تكن له إرادة، وقال آخرون منهم: إذا أراد بها التحية لم يكفر بها، وإن لم تكن له إرادة كفر عند أكثر أهل العلم. انتهى.

ဟနဖီ ဖေကဟ်အရ အလ္လာအသျှင်မှ အပ အခြားအရာတခုခုကို ကိုးကွယ်တဲ့အနေနဲ့ စဂ်ျဒါလုပ်ရင် အီမာန်ပျက်ပြီး ကာဖိရ် ဖြစ်သွားတယ်။
ကိုယ်တော်မြတ်(ဆွ)ရဲ့ အွမ္မသ်မှာ တဦးတယောက်က အခြားအရာတခုခုကို
ရိုသေလေးစားတဲ့အနေနဲ့ စဂ်ျဒါလုပ်ရင် ဟရာမ်ဖြစ်တယ် ကြီးလေးတဲ့ဂိုနာဟ်ထိက်ုတယ် သို့သော် ကာဖိရ်တော့ ဖြစ်မသွားပါဘူး

سوال # 7399

میں نے سنا ہے کہ سجدہ دو قسم کا ہوتا ہے: (۱)سجدہ عبادت۔ (۲) سجدہ تعظیمی۔ سجدہ عبادت خاص اللہ کے لیے ہے اورسجدہ تعظیمی پہلی امتوں میں جائز تھا جیسے حضرت یوسف علیہ السلام کوان کے بھائیوں نے کیا۔ اب کوئی نبی صلی اللہ علیہ وسلم کا امتی اگر سجدہ عبادت کرے تو وہ کافر ہوتا ہے اور اگر سجدہ تعظیمی کرے تو کبیرہ گناہ کا مرتکب ہوتا ہے جو حرام ہے لیکن کافر نہیں ہوتا۔

Published on: Oct 18, 2008

جواب # 7399

بسم الله الرحمن الرحيم

فتوی: 1698=1452/ ب
آپ نے جو سنا ہے وہ صحیح ہے۔
واللہ تعالیٰ اعلم

دارالافتاء،
دارالعلوم دیوبند

ဒါ့ကြောင့် မွတ်စ်လင်မ်တိုင်းဟာ ကဗရ်များကို စဂ်ျဒါလုပ်ခြင်းမှ အထူးသတိထား ရှောင်ကျဉ် ရန် လွန်စွာ အရေးကြီးလှပါတယ်။

ကျနော်တို့အားလုံးက အလ္လာအသျှင်မြတ်ရဲ့ အဖန်ဆင်းခံတွေ ဖြစ်ကြတယ်။ကျွန်တွေဖြစ်ကြတယ်။
အချိန်တန်ရင် အသျှင်မြတ်ဆီ ပြန်ကြရမယ်။
အသျှင်မြတ် ရှေ့တော်မှောက်မှာ မိမိ ယုံကြည်ချက် အပြုအမူ အပြောအဆိုမှန်သမျှ နဲ့ ပါတ်သတ်ပြီး စစ်ဆေးခြင်း ခံကြရမယ်။ကောင်းသောအစား ဆိုးသောအစား ပေးခြင်း ခံကြရမှာ ဖြစ်တယ်။

ဒါ့ကြောင့် ကျွန်ပ်တို့အားလုံးကို အလ္လာအသျှင်မြတ် သာသနာတော်အပေါ် ဖြောင့်မတ်စွာ လျှောက်လှမ်းပြီး ၂ဘဝအောင်မြင်မှု ဆွတ်ခူးနိုင်စွမ်းချီးမြှင့်တော်မူပါစေ

အာမီးန်

ဆရာ စည် သူ အောင်
                    🌴ဇင်မင်းထိုက် မျှဝေသည်🌴

Comments

Popular posts from this blog

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ်

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ် အကြင်သူ၌ အချက်(၃) ရှိလျှင် ထိုသူသည် ဥပုသ်စောင့်ထိန်း၍ ဆွလာသ်ဝတ်ပြုပြီး မိမိ ကိုယ္ကို မွတ်စလင်မ်ဟု ထင်မြင်ယူဆပါ လျှင်လည်း ထိုသူသည် မုနာဖိက် သာသနာ့ အရေခြုံသာ ဖြစ်သည်။ ထိုအချက်များမှာ  (၁) စကားပြောလျှင်လိမ်ညာ၏။  (၂) ကတိပေးပြီး ဖောက်ဖျက်၏။ (၃) အပ်နှံထားသောပစ္စည်းကို ပိုင်ရှင်အား ပြန်မပေးဘဲ အလွဲသုံးစားပြု၏။

ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ

ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 အကြင်မည်သူမဆို မိမိပျက်ကွက်ခဲ့သောနမာဇ်များကို ပြန်လည်၍ ကဇွာပြုဖြည့်ဆည်းမည်ဆိုပါက နီယသ်ပြုရည်စူးရာ၌ ပျက်ကွက်ခဲ့သော ရက်၊ လ၊ နှစ် အပြင် မည်သည့်နမာဇ်ဖြစ်သည် ကိုပါထည့်သွင်း၍  နီယသ်ပြု ရည်စူးရန်အရေးကြီးပေသည်။  ထိုသို့နီယသ်ပြု ရည်စူးခြင်းမပြုဘဲ “ကဇွာပြုပါ၏"ဟုသာ နီယသ်ပြုလုပ်ရုံဖြင့် မလုံလောက်ပေ။   သို့ရာတွင် တစ်ဦးတစ်ယောက်သည် အကြိမ်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ သို့မဟုတ် သက်တမ်းတလျှောက် ပျက်ကွက်ခဲ့သော နမာဇ်များ ကို ဖြည့်ဆည်းရန်အတွက် ရက်၊ လ၊ နှစ် အချိန်တို့ကို မှတ်မိရန်ခဲ ယဉ်းလှပေသည်။  ထို့အတူနီယသ်ပြုရည်စူးရန်မှာလည်း  လွယ်မည်မဟုတ်ပေ။  သို့ပါ၍ ကြိမ်ဖန်များစွာပျက်ကွက်ခဲ့သော  နမာဇ်များကို ဖြည့်ဆည်းရာတွင် အောက်ဖော်ပြပါနည်းလမ်းအတိုင်း နီယသ်ပြုရည်စူးမည်ဆိုပါက  အင်ရှာအလ္လာဟ် တာဝန်ကျေ အထမြောက် သွားပေမည်။ ________________ ကဇွာအိအွမ္မရီဝတ်ပြုနည်း  သက်တမ်းတလျောက်ပျက်ကွက်ခဲ့သော နမာဇ်များဖြည့်ဆည်းနည်း 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 “ကျွန်တော်မျိုးပျက်ကွက်ခဲ့သော"  (*)ဖ...

"ဟလာလ် relationship"

"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။   ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။   ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်...