ရဂျဗ်လမှာ ဘာတွေ လုပ်ရမလဲ???
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ရဂျဗ် လ ဆန်းဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။
ရဂျဗ် လ အပါအဝင် ထွဋ်မြတ်တဲ့ လကြီး ၄လ မှာ ဂိုနဟ်အကုသိုလ်များ လုပ်ပြီး မိမိကိုယ်ကို မညှင်းဆဲကြဖို့ ကျမ်းမြတ်ကုရ်အာန် စူရဟ် သောင်ဝ်ဗဟ်မှာ လာရှိထားပါတယ်။
ဒါ့အပြင် ရဂျဗ် လဟာ ထူးမြတ်လှတဲ့ လမြတ်ရမဇာန်ရဲ့ အကြိုလ ဖြစ်တဲ့အတွက် ယခုကတည်းက လမြတ်ရမဇာန်ကို စောင့်မျှော်ကြိုဆိုရင်း မြတ်နဗီ(ဆွ)သင်ကြားပေးခဲ့တဲ့ အောက်ပါ ဒိုအာကိုလည်း ဖတ်ပါ။
ဒိုအာရဲ့ အဓိပ္ပါယ် ကတော့
ယာ အလႅာ
ကျွန်တော်မျိုးတို့ကို ရဂျဗ် နဲ့ ရှအ်ဘာန် လတွေမှာ ဗရ်ကသ် ချီးမြှင့်တော်မူပါ
ရမဇာန်လမြတ်အထိ ပို့ပေးတော်မူပါ
အချုပ်ကတော့
ရဂျဗ်လမှာ
၁။ ။ဂိုနဟ်အကုသိုလ်တွေကို အခြားလတွေမှာ ရှောင်ကျဉ်သလို ဒီလမှာ ပိုပြီး အထူးတလည်း ရှောင်ကျဉ်ဖို့ ကြိုးစားနေပါ။
၂။ ။ဟဒီးစ်တော်လာ အောက်ပါဒိုအာကို ဖတ်ပါ။
၃။ ။လမြတ်ရမဇာန်အတွက် အရှိန်ယူတဲ့အနေနဲ့ အခုကတည်းက ကောင်းမှုကုသိုလ်တွေ ပွားများနေပါ။
အလ္လာအသျှင်မြတ် သောင်ဝ်ဖီးက် ချီးမြှင့်တော်မူပါစေ
အာမီးန်
ဆရာ စည် သူ အောင်
🌴ဇင်မင်းထိုက် မျှဝေသည်🌴
Subscribe to:
Post Comments (Atom)
Featured Post
တမန်တော် နူးဟ် (عليه السلام)
တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...
-
ကပ်ရောဂါအဖြစ်များနေချိန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်း <•>•<•>•<•>•<•>•<•>•<•>•<•>•<•>•...
-
ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ ========================= အူရ်ဒူ ပို့စ် လေး ၁ ခု သဘောကျ လို့ ဆီလျော်စွာ ဘာသာပြန်ပြီး မျှ ဝေပေး လိ...
-
နှစ်ပေါင်းသက်တမ်း ၅၀၀ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာတွေ့ရှိတဲ့ ကုရ်အာန်ကျမ်း သက်တမ...
Search This Blog |

No comments:
Post a Comment