Monday, 24 February 2020

လက်ဖြင့် အစာစားခြင်းက တမန်တော်မြတ်(ﷺ)ကိုယ်တော်သခင်ရဲ့ စွန္နသ်အမလ်ဖြစ်ပါသည်။

လက်ဖြင့် အစာစားခြင်းက တမန်တော်မြတ်(ﷺ)ကိုယ်တော်သခင်ရဲ့ စွန္နသ်အမလ်ဖြစ်ပါသည်။

လက်ဖြင့် အစာစားခြင်း၏ အကျိုးကျေးဇူး

အစာစားတာက အာရုံငါးပါးနဲ့ စိတ်ကို အသုံးပြုရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဗိုက်ဖြည့်နေစဉ်အတွင်း အနံ့၊ အမြင်၊ အရသာ၊ အထိ၊ အကြားစတဲ့ အာရုံ ငါးပါးစလုံးကို အသုံးချသွားတာက အစာရဲ့ အရသာကို ပိုမိုရရှိစေပြီး အစာခြေမှုကိုလည်း ပိုမိုကောင်းမွန်နိုင်ပါတယ်။ အရင်တုန်းကတော့ ကျွန်မတို့လူမျိုးအများစုက

ထမင်းစားရင် လက်နဲ့ပဲ စားလေ့ရှိကြပေမယ့် နောက်ပိုင်းမှာ လက်နဲ့စားတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်တာက တစ်ကြောင်း၊ ရွံစရာကောင်းတယ်လို့ ထင်တာက တစ်ကြောင်းကြောင့် ဇွန်း၊ ခက်ရင်းကို အသုံးပြုပြီး ထမင်းစားလာကြပါတယ်။ အမှန်မှာတော့ လက်နဲ့ ထမင်းစားတာကြောင့် ကျန်းမာရေး

အတွက် အောက်ပါအကျိုးကျေးဇူးတွေ များစွာ ရှိပါတယ်။
------------------------------------------
အထိအတွေ့အာရုံအတွေ့အကြုံ ရရှိနိုင်
အာယုဗေဒနည်းလမ်းအရ လက်တစ်ချောင်းစီက ဓာတ်ကြီးငါးပါးတစ်ခုစီနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် လက်မက စကြဝဠာ၊ လက်ညှိုးက လေ၊ လက်ခလယ်က မီး၊ လက်သူကြွယ်က ရေ၊ လက်သန်းက မြေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ လက်နဲ့ ထမင်းစားလိုက်တဲ့အခါမှာ ဖြစ်စဉ်တစ်ခု

လုံးက ဓာတ်ကြီးငါးပါးကို လှုံ့ဆော်မှုပေးလိုက်တဲ့အတွက် သင်စားမယ့်အစား အစာပေါ်မှာ စွမ်းအင်ရဖို့ ကူညီနိုင်တာကြောင့် ဓာတ်ကြီးငါးပါး ညီညွတ်မျှတသွားပြီး ကျန်းမာရေးကောင်းမွန်စေနိုင်ပါတယ်။ အာရုံငါးပါးပေါ်မှာ လှုံ့ဆော်မှုပေးတာကြောင့် အစာရဲ့ အရသာ၊ အနံ့နဲ့ နူးညံ့မှုမှာ ပိုပြီး အာရုံစိုက်မိနိုင်ပါတယ်။
------------------------------------------
သဘာဝဆင်ဆာလို ပြုမူနိုင်

အစာကို ဇွန်းနဲ့ ခက်ရင်းနဲ့ စားတဲ့အခါမှာ အစာက ပါးစပ်ထဲကို တိုက်ရိုက် ရောက်သွားတဲ့အတွက် အစာရဲ့ အပူချိန် ဘယ်လောက်ရှိလဲဆိုတာ မှန်းဆလို့ မရနိုင်ပါဘူး။ ဒါကြောင့် ပူလွန်းတဲ့ အစားအစာကို စားမိရင် လျှာကျက်တာလိုမျိုး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သင့်လက်နဲ့ အစာစားတာကြောင့် လက်

ချောင်းမှာ ရှိတဲ့အာရုံကြောတွေက အစာရဲ့ အပူချိန်ကို အာရုံခံနိုင်တဲ့အတွက် သင့်လျှာအပူလောင်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် လက်ချောင်းမှ အာရုံကြောတွေက သင်ဘာစားမလဲဆိုတာကို ဦးနှောက်က အချက်ပြပေးနိုင်တဲ့အတွက် ဦးနှောက်က သင်စားမယ့်အစားအစာနဲ့ သင့်တော်တဲ့ အစာ

ခြေရည်တွေ၊ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးအောင် လှုံ့ဆော်နိုင်တဲ့အတွက် အစာရဲ့ အရသာပိုမိုခံစားနိုင်ပါတယ်။
------------------------------------------
အစာခြေမှုကောင်းမွန်နိုင်

သင့်လက်ဖဝါးနဲ့ လက်ချောင်းတွေကြားမှာ ကျန်းမာရေးအတွက် ကောင်းစေတဲ့ လူ့အကျိုးပြုဘက်တီးရီးယားနဲ့ ဆိုးကျိုးပေးတဲ့ ဘက်တီးရီးယား နှစ်မျိုးစလုံး ရှိနေတတ်ပါတယ်။ လူ့အကျိုးပြု ဘက်တီးရီးယားတွေက ပတ်ဝန်းကျင်က ပါလာတဲ့ ဆိုးရွားတဲ့ ပိုးမွှားရန်ကနေ ကာကွယ်ပေးပါတယ်။ ဇွန်းခက်ရင်းနဲ့ စား

လိုက်တဲ့အခါမှာတော့ လူ့အကျိုးပြုဘက်တီးရီးယားတွေရဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ပါဘူး။ လက်နဲ့ အစာစားတဲ့အခါမှာ လက်မှ လူ့အကျိုးပြုဘက်တီးရီးယားတွေက ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ရောက်ရှိသွားတဲ့အတွက် အစာခြေမှုကောင်းမွန်နိုင်ပြီး အူထဲမှာ ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေ

ပွားများမှုမရှိအောင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ဒါ့အပြင် အစာကို လက်နဲ့ထိလိုက်တဲ့အခါမှာ ဦးနှောက်က အစာခြေစနစ်နဲ့ အင်ဇိုင်းတွေက စားမယ့် အစားအစာနဲ့လိုက်ပြီး ထွက်ရှိလာတဲ့အတွက် အစာခြေမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
------------------------------------------
ဆီးချိုရောဂါဖြစ်နိုင်ခြေ လျှော့ချနိုင်

ဇွန်းနဲ့ခက်ရင်းနဲ့ ထမင်းစားတာက အလွန်လွယ်ကူတဲ့အတွက် အစာကို မြန်မြန်စားမိသွားတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်မှုမရှိတော့ဘဲ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေတွေ ပိုမြင့်မားနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က လေ့လာမှုအရ အစာကို မြန်မြန်စားသုံးတတ်သူတွေက

အစာကို အချိန်ပေးပြီး စားသုံးသူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ခြေ ၂ ဒသမ ၅ ဆ ပိုများတယ်လို့ သိရပါတယ်။ လက်နဲ့ ထမင်းစားတာက ထမင်းတစ်လုတ်စာအတွက် အစာပမာဏအနည်းငယ်သာဝင်တဲ့အတွက် အစာစားနှုန်း နှေးကွေးသွားတတ်ပါတယ်။ အစာစားနှုန်းနှေးတာက အစာခြေတာ ပိုမိုကောင်းမွန်ပြီး

အစာအိမ်က ဗိုက်ပြည့်အင့်နေကြောင်း ဦးနှောက်ကို ပေးပို့ချိန်ရရှိသွားတဲ့အတွက် အစာပမာဏ အနည်းငယ်သာ စားမိသွားတတ်ပါတယ်။
------------------------------------------
ကျန်းမာရေးနှင့် ပိုမိုညီညွတ်နိုင်

အစာကို လက်နဲ့ ကိုင်တွယ်တာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ သင်ထင်နေပေမယ့် အမှန်မှာတော့ ပြောင်းပြန်ပါ။ လက်နဲ့ ထမင်းစားတတ်သူက ထမင်း မစားခင်မှာ လက်ကို သေချာဆေးကြောလေ့ရှိပါတယ်။ ဒါ့အပြင် နေ့စဉ် လက်ကို အကြိမ်ကြိမ်အခါခါ ဆေးကြောတဲ့အကျင့်ကလည်း ရရှိထားပြီးသားဖြစ်ပါတယ်။ ဇွန်းနဲ့ ခက်ရင်းကို အသုံးပြုပေမယ့် သူတို့ကို အမြန်ဆေးကြောလိုက်တဲ့အခါမှာ သေသေချာချာ စင်ကြယ်မှုမရှိနိုင်တာကြောင့်ပါ။
------------------------------------------
အစာထဲ စိတ်နှစ်ပြီး စားနိုင်

ဇွန်းနဲ့ခက်ရင်းနဲ့ စားတာက အစာပေါ်မှာ အာရုံစူးစိုက်မှုသိပ်မရှိတဲ့အတွက် သင်ဘယ်လောက်စားမိလဲဆိုတာကို သတိမထားမိတတ်ကြပါဘူး။ ဒါ့အပြင် အစာစားနေစဉ်မှာလည်း တီဗီကြည့်တာ၊ ဖုန်းကြည့်တာ၊ သတင်းစာဖတ်နေတာလိုမျိုး အလုပ်တွေကို ပြုလုပ်နိုင်နေတဲ့အတွက် အစာပေါ်မှာ အာရုံမထားမိတော့ဘဲ

သင်စားတဲ့ပမာဏကို မချိန်ဆနိုင်တော့ပါဘူး။ လက်နဲ့အစာစားတာက အစာပေါ်မှာပဲ အာရုံထားတတ်ပြီး သင် ဘယ်လောက်ပမာဏစားမိလဲဆိုတာ သိရှိနိုင်ပါတယ်။ သင့်လက်တွေ အလုပ်ရှုပ်နေတဲ့အတွက် တီဗီကြည့်တာ၊ ဖုန်းကြည့်တာလိုမျိုး အလုပ်တွေကို မလုပ်နိုင်တော့တာကြောင့် အစာအနည်းငယ်ပဲ စားမိတဲ့

အတွက် အဝလွန်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
------------------------------------------
Tips !!!
► အစာမစားခင်နဲ့ အစာစားအပြီး သင့်လက်ကို သေချာဆေးကြောပါ။
► ဟင်းတုံးအကြီးတွေကို သင့်လက်နဲ့ အလွယ်တကူ ကိုင်တွယ်စားသောက်နိုင်တဲ့ အရွယ်ပမာဏဖြစ်အောင် လှီးဖြတ်ထားပါ။
► လက်နဲ့ ထမင်းစားတဲ့အခါမှာ ထမင်းပန်းကန်ပေါ်ကို ခါးကို မကုန်းထားမိပါစေနဲ့။ မတ်မတ်ထိုင်ပါ။ စားပွဲပေါ် လက်တံတောင် ထောက်မစားပါနဲ့။
► လက်နဲ့ထမင်းစားတဲ့အခါမှာ ထမင်းလုတ်သေးသေးသာ စားပါ။
#XYZ
အင်န်ရှာအလ္လာဟ် အကြင်မည်သူမဆို တမန်တော်မြတ်(ﷺ)ကိုယ်တော်ရဲ့ စွန္နသ်တော်တစ်ခုကို အကောင်အထည်ဖော်ရင် ရှဟီးဒ်ပေါင်းအပါး(၁၀၀)ရဲ့ စဝါးဗ်ကို မုချရရှိပိုင်ဆိုင်သွားပါလိမ့်မည်။
والله اعلم بالصواب
Si Thu Aung

သင်ခန်းစာ အမှတ် (၂) မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ) စည်သူအောင်

သင်ခန်းစာ အမှတ် (၂) မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ) စည်သူအောင်

သင်ခန်းစာ အမှတ် (၁) မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ) စည်သူအောင်

သင်ခန်းစာ အမှတ် (၁) မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ) စည်သူအောင်

ဗဟိုအဆင့်ကုရ်အာန်ပြိုင်ပွဲကြီး

ဗဟိုအဆင့်ကုရ်အာန်ပြိုင်ပွဲကြီးမှ

ရွှေတကျပ်သားရရှိသွားတဲ့ဟာဖိဇ်ဆပ်

Congratulations
Crd

Sunday, 23 February 2020

သိသင့်သိထိုက်တဲ့ မေးခွန်း(၇)ခုနဲ့ အဖြေ...??မသိသေးသူများအတွက် ဖတ်စေချင်ပါတယ်

သိသင့်သိထိုက်တဲ့ မေးခွန်း(၇)ခုနဲ့ အဖြေ...??
မသိသေးသူများအတွက် ဖတ်စေချင်ပါတယ်
💎💎💎💎💎💎💎💎💎💎

မေးခွန်း(1)
ဂျန္နသ်က ဘယ်မှာရှိလဲ?

အဖြေ။
ဂျန္နသ်က မိုးကောင်း၇ထပ်ရဲ့အပေါ်မှာရှိပါတယ်။
ဘာကြောင့်လဲဆိုရင် မိုးကောင်းကင်
၇ထပ်ဟာ ကေယာမသ်နေ့ကျရင်
ပျက်စီးသွားမှာပါ အဲ့အချိန်ဂျန္နသ်က 
ပျက်စီးသွားမှာမဟုတ်ပါဘူးအမြဲတမ်း ရှိနေမှာပါ ဂျန္နသ်ရဲ့အမိုးဟာ အလ္လာဟ်ရဲ့ အရ်ရ်ှပုလ္လင်တော်ဖြစ်ပါတယ်။

မေးခွန်း(2)
ဂျဟန္နမ်က ဘယ်မှာလဲ?

အဖြေ။
ဂျဟန္နမ်ဟာ မြေ၇ထပ်အောက် "စဂျီးန်"
ဆိုတဲ့နေရာမှာ ရှိပါတယ် တချို့လူတွေ
ပြောကြတယ် ဂျဟန္နမ်ဟာ ဂျန္နသ်ရဲ့
ဘေးမှာ ရှိတယ်ဆိုပြီး

မေးခွန်း(3)
စဒ်ရသွလ်မွန်သဟာဆိုတာ ဘာလဲ?

အဖြေ။ စဒ်ရသွန် အာရဗီစကားမှာ
ဇီးပင်ကို ခေါ်ပါတယ်။
မွန်သဟာဆိုတာ
ဂိတ်ဆုံးကို ခေါ်ပါတယ်။
ဒီဇီးပင်ရဲ့
အရှေ့ကို ဘယ်ဖန်ဆင်းခံများ သွားလို့
မရပါဘူး ဒီနေရာ မခ်လူးသ်တွေရဲ့ ဂိတ်
ဆုံးနေရာဖြစ်ပါတယ် ။
ဒီနေရာကိုကျော်
ပြီ ဂျိဗ်ရာအိးလ်တောင်သွားလို့ မရပါဘူး
စဒ်ရသွသ်မွန်သဟာဆိုတာ အလွန်ကြီးမားတဲ့ အပင်တပင်ပါ
သူရဲ့အမြစ်တွေဟာ မိုးကောင်းကင်
၆လွှာမှာရှိတယ် 

အပင်ထိပ်ဖြားကတော့
မိုးကောင်းကင် ၇လွှာထက် မြင့်ပါတယ်
ဒီအပင်ရဲ့အရွက်ဟာ ဆင်နာရွက်လောက် ရှိတယ် အသီးတွေက စဉ့်အိုးကြီးလောက်ရှိမယ်
အဲ့အပင်မှာရွှေရောင် လိပ်ပြာလေးတွေ
ပျံဝယ်နေမယ် ဒီအပင်က ဂျန္နသ်ရဲ့
အပြင်မှာ ရှိပါတယ် ဒီအပင်နားမှာဘဲ
ကိုယ်တော်မြတ်( ﷺ )က ဂျီဗ်ရာအီးလ်ရဲ့
ရုပ်အစစ်မှန်ကို ဒုတိယအကြိမ်မြောက်
တွေ့ခဲ့ပါတယ် ပထမအကြိမ်က မက္ကာဟ်မြို့ အဂ်ျယားဒ်ဆိုတဲ့နေရာမှာ
တွေ့ခဲ့တာပါ။

မေးခွန်း(4)
ဟူးရေအီးန်ဆိုတာ ဘယ်သူလဲ?

အဖြေ။
ဟူးရ်ဆိုတာ ဂျန္နသ်မှာ မို့အ်မင်တွေရဲ့
ကြင်ယာတော်တွေပါ သူတို့က လူလဲ
မဟုတ် ဂျင်န်လဲမဟုတ် ဖရိရ်ှသာလဲ မဟုတ်ပါဘူး ဂျန္နသီတွေအတွက် သီးသန့် ဖန်ဆင်ထားတဲ့ ဖန်ဆင်းခံတွေပါ သူရဲ့လှပမှု့ကို
ပြောရမယ်ဆိုရင် ဒွန်ယာမှာသူရဲ့ လက်သန်းထိပ်ဖြားလေးဘဲ ထုတ်ပြ
လိုက်ရင်တောင် တလောကလုံး လင်းဝင်းသွားမှာပါ ဟူးရ်ဆိုတာ
အာရဗီစကားမှာ ဒီလို မျက်လုံးပိုင်ရှင်ကို ခေါ်တာပါ
သူရဲမျက်စံဟာ နက်မှောင်နေပြီး
မျက်စံဘေးက ဖြူးဖွေးနေတဲ့ မျက်လုံးကို
ခေါ်တာပါ အိင်န်ရဲ့အဓိပ္ပာယ်က မျက်လုံး ကြီးကြီးဝိုင်းဝိုင်းပိုင်ရှင်ကို
ခေါ်တာပါ။

မေးခွန်း(5)
ကုရ်အာန်မှာ တင်ပြထားတဲ့ ဝီလ်ဒါနိ မိုခလ်လိဒူးန်ဆိုတာ ဘယ်သူလဲ?

အဖြေ။
သူတို့ဟာ ဂျန္နသီတွေရဲ့အခိုင်းအစေတွေပါ သူလဲဘဲ လူသား ဂျင်န် ဖရိရ်ှသာ
မဟုတ်ပါဘူး တချို.အဆိုတွေက ကာဖိရ်ခလေးဘဝနဲ့ သေဆုံးသွားတဲ့
ခလေးတွေလို့ ပြောဆိုကြပါတယ်
အနိမ့်ဆုံးဂျန္နသီတစ်ယောက်အတွက် တစ်သောင်းချီးမြင့်ပေးမှာပါ။

မေးခွန်း(6)
ကုရ်အာန်မှာ တင်ပြထားတဲ့ အအ်ရားဖ်
ဆိုတာ ဘာလဲ?

အဖြေ။
ဂျန္နသ်ရဲ့အလွန်ကျယ်ဝန်တဲ့ တံတိုင်းကို
 အအ်ရားဖ်လို့ ခေါ်ပါတယ်
အဲ့တံတိုင်းအပေါ်မှာ ထိုလူတွေ ရှိ
လိမ့်မယ် သူတို့ရဲ့ကောင်းမှု့နဲ့
မကောင်းမှု့ဟာ တန်းတူ ဖြစ်နေလိမ့်
မယ် အချိန်တော်တော်ကြာကြာထိ
အဲ့တံတိုင်းပေါ်မှာ နေရလိမ့်မယ်
သူတို့ကိုတနေ့ဂျန္နသ်ကို ပို့လိမ်လို့
မျော်လင့်ကြလိမ်မယ် ပြီးရင် အလ္လာဟ်
သူတို့ကို ဂျန္နသ်သို့ ပို့ပေးလိမ့်မယ်

မေးခွန်း(7)
ကေယာမသ်နေ့ရဲ့ကြာချိန် အတိုင်တာက ဘယ်လောက်ရှိမလဲ?

အဖြေ။
နှစ်ပေါင်း ၅၀ဆယ်ကြာမြင့်လိမ့်မယ်

ဟဇရသ်အိဗ်နေအဗ္ဗားစ်ရဲ့ ဆင့်ပြန်ချက်တစ်ခုမှာ လာရှိတယ်
ကေယာမသ်နေ့ရဲ့ မှတ်တိုင် ၅၀ရှိတယ်
မှတ်တိုင်တခုတိုင်းမှာ နှစ်ပေါင်း တစ်ထောင်ကြာလိမ့်မယ်
"يوم تبدل الأرض غيرالارض والسماوات"
*ဆိုတဲ့အာယသ်ကျလာတဲ့အချိန် ဟဇရသ်အာအေရှာဟ်က ကိုယ်တော်မြတ်( ﷺ )ကို မေးတယ် အိုတမန်တော်မိုးကောင်းကင်ရဲ့မြေပြင်ပြောင်းလဲလိုက်တဲ့အချိန်ကျွန်မတို့ဘယ်မှာရှိနေမလဲ?ကိုယ်တော်မြတ်( ﷺ ) က ပြောတယ်အဲ့အချိန်ငါတို့ပွလ်ဆွေရာသ်မှာ ရှိမယ်အဲ့တံတားကနေဖြတ်ကျော်နေတဲ့အချိန်မှာနေရာ၃နေရာဘဲရှိမယ်*
*(1)ဂျဟန္နမ် (2)ဂျန္နသ်(3)ပွလ်ဆွေရာသ်*

*ကိုယ်တော်မြတ်( ﷺ)က ဆက်မိန့်တယ်အရင်ဆုံး ငါကိုယ်တော်နဲ့ ငါအွမ္မသ်သားတွေ အဲ့တံတားက ဖြတ်ကျော်လိမ်မယ်*

*ပွလ်ဆွေရာသ်ရဲ့အကျယ်တဝင့်*

*ကေယာမသ်နေ့မှာယခုတည်မြဲနေတဲ့မိုးကောင်းကင်နဲ့ မြေကြီး ပြောင်းပြန်လှန်ခံရမယ် ပြီးတော့ ပွလ်ဆွေရာသ်ကနေဖြတ်ကျော်ရမယ်အဲ့တံတားမှာ နေရာနှစ်ခုဘဲ ရှိတယ် ဂျန္နသ်ရယ် ဂျဟန္နမ်ရယ်*

*ဂျန္နသ်ကို ရောက်ချင်ရင် မဖြစ်မနေ ဂျဟန္နမ်အပေါ်ကနေ ဖြတ်ကျော်ရမယ်*

*ဂျဟန္နမ်ရဲ့အပေါ်မှာတံတားတစ်ခုရှိတယ်တံတားနာမည်ကဆွေရာသ်လို့ခေါ်တယ် တံတားကနေ ကျြော်ဖတ်မှဂျန္နသ်ရဲ့တံခါးဝကို ရောက်ရှိမှာပါ အဲ့နေရာမှာ ကိုယ်တော်မြတ်ရှိနေမယ် ဂျန္နသီတွေကို ကြိုဆိုနေလိမ့်မယ်*

*ပွလ်ဆွေရာသ်မှာ ရှိနေမဲ့အရည်အချင်း*
*(1) ဆံပင်မွေးထက် ပါးလွှာမယ်*
*(2)ဓါးထက် ပိုထက်မယ်*
*(3)အရမ်းမှောင်မိုက်နေမယ် တံတားအောက်ဂျဟန္နမ်ရဲ့အနက်ကလဲ မှောင်မဲနေမယ်*
*(4)ဂိုနာဟ်လုပ်ထားတဲ့လူရဲ့ ဂိုနာဟ်ကသူ့ကျောပေါ် တတ်ခွစီးနေလိမ့်မယ်ဂိုနာဟ်က များမယ်ဆိုရင် ဂိုနာဟ်ရဲ့အလေးချိန်ကြောင့်တံတားပေါ်ကဖြတ်နှုန်းဟာနှေးကွေးနေမဟ်အလ္လာဟ်ကျွန်တော်တို့အားလုံးကိုဒီပုံစံကနေ ထိန်းသိမ်းတော်မူပါအာမိန်း* 

*ဘယ်သူရဲ့ဂိုနာဟ်က နည်းမလဲ အဲ့လောက် သူရဲ့သွားနှုန်းက မြန်ဆန်လိမ့်မယ်*
*(5)အဲ့တံတားအပေါ်မှာ သံချိတ်တွေရှိမယ် အောက်မှာ ဆူးညောင့်တွေရှိမယ်ခြေထောက်မှာဒဏ်ရာရအောင်လုပ်ပြီး ဒဏ်ခံရမယ်သူရဲ့မကောင်းမှု့ကြောင့်ဒဏ်ရာကဒဏ်ခံရမယ်*
*(6)မကောင်းမှုလုပ်တဲ့သူတွေရဲ့ မကောင်းမှု့ကြောင့်ခြေချော်ပြီး ဂျဟန္နမ်ရဲ့ချောက်ထဲကိုကျသွားလိမ့်မယ်ကျသွားလို့အော်တဲ့ဒဏ်ကြောင့်တံတားပေါ်မှာကြောက်လန့်မှု့တွေ ဖြစ်ပေါ်လိမ့်မယ်*

*ကိုယ်တော်မြတ်( ﷺ ) ကတံတားရဲ့တဖက်ကမ်း ဂျန္နသ်ရဲ့တံခါးဝမှာ ရပ်နေလိမ့်မယ်အွမ္မသ်သားတစ်ယောက် တံတားပေါ်ခြေစတင်တာနဲ့ အဲ့လူအတွက် ဒိုအာလုပ်နေရင် ပြောလိမ့်မယ် ယာရဗ်ဘီ စလ်လင်မ် ယာ ရဗ်ဘီ စလ်လင်မ် ဆိုပြီး*
 *ကျွန်တော်တို့ချစ်တမန်တော်ကြီးအတွက်ဒရှုးဒ်တစ်ခေါက်လောက် ဖတ်လိုက်ပါ*
*اللهم صل وسلم على الحبيب محمد* 
*လူတွေသူတို့မျက်စိရှေ့မှာ ပွလ်ဆွေရာသ်ကနေ ကျနေတာ တွေ့လိမ့်မယ် ဒီတံတားကနေ လွတ်မြှောက်သွားတာလဲ တွေ့လိမ့်မယ်*

*ကိုယ့်မိဘတံတားပေါ်ကဖြတ်နေတာတွေ့လိမ့်မယ်သို့သော်သူတို့အတွက်ပူဆွေးပေးနေမှာ မဟုတ်ပါဘူးဘာကြောင့်လဲဆိုရင် အဲ့မှာ ကိုယ်လွတ်မြှောက်ရေးတခုဘဲ တွေးနေလိမ့်မယ်*

*ဆင့်ပြန်ချက်တစ်ခုမှာ ဟဇရသ်အာအေရှာဟ်ဟာ ကေယာမသ်နေ့ကို သတိရပြီး ငိုနေလိမ့်မယ် ကိုယ်တော်မြတ်ကြီး( ﷺ) မေးတယ် ဘာဖြစ်တာလဲ အာအေရှာဟ်?*

*ကျွန်မ ကေယာမသ်ကိုသတိရနေလို့ပါကိုယ်တော်မြတ်အဲ့အချိန်ကျွန်မမိဘတွေသောကဖြစ်နေမလား?အဲ့နေရာမှာကိုယ်ချစ်တဲ့လူကို သတိရမလား?*

*ကိုယ်တော်မြတ်( ﷺ) ကပြောတယ်သတိရနေလိမ့်သို့သော် ဒီလိုနေရာ၃နေရာရှိတယ်အဲ့နေရာမှာဘယ်သူမှသတိရနေမှာမဟုတ်ပါဘူး*
*(1)မိမိရဲ့ အအ်မားလ်တွေ ချိန်တွယ်နေတဲ့အချိန်*
*(2)မိမိရဲ့နာမာအေအအ်မားလ်ပေးတဲ့အချိန်*
*(3)ပွလ်ဆွေရာသ်မှာရှိနေမယ်အချိန်အဲဒီချိန်တွေ ကိုယ်သောက ကိုယ်ဖြစ်နေမှာပါ ဘယ်သူကိုမှ သတိရကြမှာ မဟုတ်ပါဘူး*

အိုအရှင်မြတ် ကျွန်တော်တို့အာလုံးကို ကေယာမသ်ရဲ့ ပြင်းထန်မှု့ ပွလ်ဆွေရာသ်ရဲ့ ကြောက်မက်ဖွယ်ရာတွေကနေ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်တဲ့လူအဖြစ် ပြုလုပ်ပေးပါ။
       
    (امین ثم امین یارب العالمین)

မူရင်းရေးသူ crd#

ပြန်လည်မျှဝေသူ
😥😥😥😥
MG MG Tin

Saturday, 22 February 2020

နှစ်ပေါင်းသက်တမ်း ၅၀၀ကျော်ရှိတဲ့အိန္ဒိယနိုင်ငံမှာတွေ့ရှိတဲ့ ကုရ်အာန်ကျမ်း

နှစ်ပေါင်းသက်တမ်း ၅၀၀ကျော်ရှိတဲ့
အိန္ဒိယနိုင်ငံမှာတွေ့ရှိတဲ့ ကုရ်အာန်ကျမ်း

သက်တမ်းနှစ်၅၀၀ကျော်ရှိပြီး ရွှေပြားချပ်မှာ ရေးသားထားသည့် ကျမ်းမြတ်ကုရ်အာန်

 #Mashallah ❣❣❣❣❣

သံချွန်ဖြင့် ဖိနိပ့်ရေးသားပြီး ဆေးရောင်ခြယ်ထားသည့် ရွှေပြားပေါ်က ကျမ်းမြတ်ကုရ်အာန် အာရဗီစာလုံးများကို တွေ့ရစဉ်

Min Min Htike @ Min Naing Aung

🍃🌹🍃 လိုတရစေမည့်အမလ် 🍃🌹🍃

🍃🌹🍃 လိုတရစေမည့်အမလ် 🍃🌹🍃

ချမ်းသာစေမည့် အမလ်ပါ။ သိန်းတစ်ရာပေးရင်တောင် အမလ်နည်းရဲ့တန်ဖိုးမကျေပါဘူး။ အားလုံးအကျိုးရှိအောင် စေတနာအပြည့်နဲ့ တင်ပေးလိုက်ပါတယ်။ 

ဆင်းရဲဒုက္ခတွေရောက်နေပါသလား?
လုပ်ငန်းအဆင်မပြေမှုတွေဖြစ်နေပါသလား?
အလုပ်သွားလျှောက်တာ အင်တာဗျူး မအောင်လို့စိတ်ပျက်နေပါသလား?
အလုပ်မရှိလို့ ငိုင်နေတာလား?
စိတ်ဆင်းရဲနေပါသလား?
မချမ်းသာလို့ အားငယ်နေပါသလား?
ဆင်းရဲလို့ စိတ်ဓာတ်ကျနေတာလား?
မချမ်းသာရင်နေပါစေ., ဒုက္ခတော့မရောက်ချင်ဘူး.,ဒီလို စိတ်ကူးနေတာလား?
အရမ်းချမ်းသာချင်ပါသလား?
ဘေးဒုက္ခ ဗလာမူဆွီဗတ်တွေကနေ ကာကွယ်မှုလိုချင်ပါသလား?
အကြွေးတွေတင်နေလို့ အခက်အခဲဖြစ်နေပါသလား?
စိတ်နဲ့ဆန္ဒ တစ်ထပ်ထဲမကျဘူးလား?
လိုတာမရ ရတာမလို ဖြစ်နေပါသလား?
ဂုဏ်သိက္ခာမြင့်မားတဲ့ဘဝကို ပိုင်ဆိုင်ချင်ပါသလား?
ဘေအီဇ်ဇသ် သိက္ခာမဲ့တဲ့အဖြစ်မျိုးကနေ ကင်းဝေးချင်ပါသလား? 
မရေတွက်နိုင်တဲ့ မြောက်များစွာသော အကျိုးတွေရရှိစေမယ့် အဖိုးတန်အမလ်ဖြစ်ပါတယ်။

ဤအဖိုးတန်အမလ်ကျင့်စဉ်အား နေ့စဉ်အမြဲ ဖတ်ရွတ်သူသည် ဂျင်န် ဂျာဒူ ရှိုင်တွာန် အနှောက်အယှက် နှင့် ရောဂါဘယ မှန်သမျှကနေ ကာကွယ်မှုရရှိပါမယ်။ အဓိက ချမ်းသာစေပါမယ်။ ရိုဇီရိက္ခာပေါကြွယ်ဝစေပါမယ်။ မချမ်းသာရင်တောင် ဘယ်တော့မှ မဆင်းရဲပါဘူး။

🌟⚠️🌟 နမာဇ်ငါးကြိမ်ပြီးတိုင်း အောက်ပါဒိုအာများကို ဖော်ပြပေးထားတဲ့နည်းအတိုင်း တစ်ကြိမ် မပျက်မကွက်ဖတ်ပါ။ 🌟⚠️🌟

***{ ဖတ်ရွတ်ရာတွင် အားလုံးလွယ်ကူစေရန် အာရ်ဗီလို မြန်မာလိုအသံထွက်နှင့် အင်္ဂလိပ်လိုပါရေးပေးထားပါတယ်။ }***

မွစ်လင်မ်များအားလုံး ချမ်းသာမှုကျန်းမာမှုများ ပြည့်ဝစွာရရှိနိုင်ပါစေ။ ဆင်းရဲဒုက္ခမှန်သမျှမှ အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါစေ။ သောကများဟူသရွေ့ကင်းဝေးတော်မူပါစေ... (အာမီန်း)

 🌸 ဒိုအာများ၏ အာရ်ဗီအသံထွက် 🌸

‎بِسمِ اللّٰہِ الَّذِی لاَیَضُرُّ مَعَ اِسمِہ شَئُ فیِ الاَرضِ وَلَا فیِ السَّماءِ وَھُوَالسَّمِیعُ العَلِیمِ....(သုံးကြိမ်)

‎اَعُوذُبِکَلِمَاتِ اللّٰہِ التَّامَاتِ مِن شَرِّ مَاخَلَقَ وَمِن شَرِّحَاسِدِاِذَاحَسَد....(ငါးကြိမ်)

‎بِسمِ اللّٰہِ مَاشَاءَاللّٰہ لَا حَولَ وَلَا قُوَّۃَاِلَّا بِاللّٰہِ العَلِیِّ العَظِیمِ.....(သုံးကြိမ်)

‎یَاسَلَامُ یَاسَلَامُ یَاسَلَامُ یَااَللّٰہُ سَلِّمنَاوَالمُسلِمِینَ.......(တစ်ကြိမ်)

‎یَاحَفِیظُ یَاحَفِیظُ یَاحَفِیظُ یَاحَفِیظُ یَااللّٰہُ اِحفَظنَاوَالمُسلِمِینَ...... (တစ်ကြိမ်)

🌺 ဒိုအာများ၏ မြန်မာအသံထွက် 🌺

" ဗိစ်မိလ္လာဟိလ္လဇီ လာရဒုရ်ရု မအစ်မိဟီ ရှိုင်အွန် ဖိလ်အရ်ဒွေ့ ဝါလာဖိစ်ဆမာအိ ဝါဟူဝါစ် ဆမီအွလ်အလီမ်း " (၃ကြိမ်)

" အာ့အူးဇု ဘိကလိမာသိလ္လာဟိသ်သာမာသိ မင်န်ရှရ်ရိ မာခလကွ ဝါမင်န်ရှရ်ရိ ဟားဆိဒင်န် အိဇာဟဆဒ် " (၅ကြိမ်)

" ဗိစ်မိလ္လာဟိ မာရှာအလ္လာဟု လာဟောင်လ ဝါလာကူးဝါသ အိလ္လာဟ် ဘိလ္လာဟိလ် အလိ့ယိလ် အဇွီးမ် " (၃ကြိမ်)

" ယာစလာမု ယာစလာမု ယာစလာမု ယာအလ္လာဟု စလ်လင်မ်နာ ဝလ်မွစ်လိမီန်း " (၁ကြိမ်)

" ယာဟဖီဇု ယာဟဖီဇု ယာဟဖီဇု ယာဟဖီဇု ယာအလ္လာဟု အိဟ်ဖဇ်နာ ဝလ်မွစ်လိမီန်း " (၁ကြိမ်)

 🌼 ဒိုအာများ၏ အင်္ဂလိပ်လိုအသံထွက် 🌼

1-Bismillah hillazy laryadurru maAismihee shai un fil ardi wala fissamaa ei wahuwas samee ul A leem. (3time)

2-Aauzu beka limaatillah hit taamarti minsharri markhalaqa waminsharri haasidin ezahasand. (5time)

3-bismillah he mashaAllahhu larhaula walar kuwata ellah billah him Aliyil azeem
(3time)

4-yasalaamu yasalaamu yasalaamu yarAllahhu sallimnarwallmuslimeen (1time)

5-yahaafizu yahaafizu yahaafizu yahaafizu yarAllahhu ehfaznarwal muslimeen (1time)

( စိပါဟေ့ဆွဟာဗဟ် )

crd…

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...