Skip to main content

သိသင့်သိထိုက်တဲ့ မေးခွန်း(၇)ခုနဲ့ အဖြေ...??မသိသေးသူများအတွက် ဖတ်စေချင်ပါတယ်

သိသင့်သိထိုက်တဲ့ မေးခွန်း(၇)ခုနဲ့ အဖြေ...??
မသိသေးသူများအတွက် ဖတ်စေချင်ပါတယ်
💎💎💎💎💎💎💎💎💎💎

မေးခွန်း(1)
ဂျန္နသ်က ဘယ်မှာရှိလဲ?

အဖြေ။
ဂျန္နသ်က မိုးကောင်း၇ထပ်ရဲ့အပေါ်မှာရှိပါတယ်။
ဘာကြောင့်လဲဆိုရင် မိုးကောင်းကင်
၇ထပ်ဟာ ကေယာမသ်နေ့ကျရင်
ပျက်စီးသွားမှာပါ အဲ့အချိန်ဂျန္နသ်က 
ပျက်စီးသွားမှာမဟုတ်ပါဘူးအမြဲတမ်း ရှိနေမှာပါ ဂျန္နသ်ရဲ့အမိုးဟာ အလ္လာဟ်ရဲ့ အရ်ရ်ှပုလ္လင်တော်ဖြစ်ပါတယ်။

မေးခွန်း(2)
ဂျဟန္နမ်က ဘယ်မှာလဲ?

အဖြေ။
ဂျဟန္နမ်ဟာ မြေ၇ထပ်အောက် "စဂျီးန်"
ဆိုတဲ့နေရာမှာ ရှိပါတယ် တချို့လူတွေ
ပြောကြတယ် ဂျဟန္နမ်ဟာ ဂျန္နသ်ရဲ့
ဘေးမှာ ရှိတယ်ဆိုပြီး

မေးခွန်း(3)
စဒ်ရသွလ်မွန်သဟာဆိုတာ ဘာလဲ?

အဖြေ။ စဒ်ရသွန် အာရဗီစကားမှာ
ဇီးပင်ကို ခေါ်ပါတယ်။
မွန်သဟာဆိုတာ
ဂိတ်ဆုံးကို ခေါ်ပါတယ်။
ဒီဇီးပင်ရဲ့
အရှေ့ကို ဘယ်ဖန်ဆင်းခံများ သွားလို့
မရပါဘူး ဒီနေရာ မခ်လူးသ်တွေရဲ့ ဂိတ်
ဆုံးနေရာဖြစ်ပါတယ် ။
ဒီနေရာကိုကျော်
ပြီ ဂျိဗ်ရာအိးလ်တောင်သွားလို့ မရပါဘူး
စဒ်ရသွသ်မွန်သဟာဆိုတာ အလွန်ကြီးမားတဲ့ အပင်တပင်ပါ
သူရဲ့အမြစ်တွေဟာ မိုးကောင်းကင်
၆လွှာမှာရှိတယ် 

အပင်ထိပ်ဖြားကတော့
မိုးကောင်းကင် ၇လွှာထက် မြင့်ပါတယ်
ဒီအပင်ရဲ့အရွက်ဟာ ဆင်နာရွက်လောက် ရှိတယ် အသီးတွေက စဉ့်အိုးကြီးလောက်ရှိမယ်
အဲ့အပင်မှာရွှေရောင် လိပ်ပြာလေးတွေ
ပျံဝယ်နေမယ် ဒီအပင်က ဂျန္နသ်ရဲ့
အပြင်မှာ ရှိပါတယ် ဒီအပင်နားမှာဘဲ
ကိုယ်တော်မြတ်( ﷺ )က ဂျီဗ်ရာအီးလ်ရဲ့
ရုပ်အစစ်မှန်ကို ဒုတိယအကြိမ်မြောက်
တွေ့ခဲ့ပါတယ် ပထမအကြိမ်က မက္ကာဟ်မြို့ အဂ်ျယားဒ်ဆိုတဲ့နေရာမှာ
တွေ့ခဲ့တာပါ။

မေးခွန်း(4)
ဟူးရေအီးန်ဆိုတာ ဘယ်သူလဲ?

အဖြေ။
ဟူးရ်ဆိုတာ ဂျန္နသ်မှာ မို့အ်မင်တွေရဲ့
ကြင်ယာတော်တွေပါ သူတို့က လူလဲ
မဟုတ် ဂျင်န်လဲမဟုတ် ဖရိရ်ှသာလဲ မဟုတ်ပါဘူး ဂျန္နသီတွေအတွက် သီးသန့် ဖန်ဆင်ထားတဲ့ ဖန်ဆင်းခံတွေပါ သူရဲ့လှပမှု့ကို
ပြောရမယ်ဆိုရင် ဒွန်ယာမှာသူရဲ့ လက်သန်းထိပ်ဖြားလေးဘဲ ထုတ်ပြ
လိုက်ရင်တောင် တလောကလုံး လင်းဝင်းသွားမှာပါ ဟူးရ်ဆိုတာ
အာရဗီစကားမှာ ဒီလို မျက်လုံးပိုင်ရှင်ကို ခေါ်တာပါ
သူရဲမျက်စံဟာ နက်မှောင်နေပြီး
မျက်စံဘေးက ဖြူးဖွေးနေတဲ့ မျက်လုံးကို
ခေါ်တာပါ အိင်န်ရဲ့အဓိပ္ပာယ်က မျက်လုံး ကြီးကြီးဝိုင်းဝိုင်းပိုင်ရှင်ကို
ခေါ်တာပါ။

မေးခွန်း(5)
ကုရ်အာန်မှာ တင်ပြထားတဲ့ ဝီလ်ဒါနိ မိုခလ်လိဒူးန်ဆိုတာ ဘယ်သူလဲ?

အဖြေ။
သူတို့ဟာ ဂျန္နသီတွေရဲ့အခိုင်းအစေတွေပါ သူလဲဘဲ လူသား ဂျင်န် ဖရိရ်ှသာ
မဟုတ်ပါဘူး တချို.အဆိုတွေက ကာဖိရ်ခလေးဘဝနဲ့ သေဆုံးသွားတဲ့
ခလေးတွေလို့ ပြောဆိုကြပါတယ်
အနိမ့်ဆုံးဂျန္နသီတစ်ယောက်အတွက် တစ်သောင်းချီးမြင့်ပေးမှာပါ။

မေးခွန်း(6)
ကုရ်အာန်မှာ တင်ပြထားတဲ့ အအ်ရားဖ်
ဆိုတာ ဘာလဲ?

အဖြေ။
ဂျန္နသ်ရဲ့အလွန်ကျယ်ဝန်တဲ့ တံတိုင်းကို
 အအ်ရားဖ်လို့ ခေါ်ပါတယ်
အဲ့တံတိုင်းအပေါ်မှာ ထိုလူတွေ ရှိ
လိမ့်မယ် သူတို့ရဲ့ကောင်းမှု့နဲ့
မကောင်းမှု့ဟာ တန်းတူ ဖြစ်နေလိမ့်
မယ် အချိန်တော်တော်ကြာကြာထိ
အဲ့တံတိုင်းပေါ်မှာ နေရလိမ့်မယ်
သူတို့ကိုတနေ့ဂျန္နသ်ကို ပို့လိမ်လို့
မျော်လင့်ကြလိမ်မယ် ပြီးရင် အလ္လာဟ်
သူတို့ကို ဂျန္နသ်သို့ ပို့ပေးလိမ့်မယ်

မေးခွန်း(7)
ကေယာမသ်နေ့ရဲ့ကြာချိန် အတိုင်တာက ဘယ်လောက်ရှိမလဲ?

အဖြေ။
နှစ်ပေါင်း ၅၀ဆယ်ကြာမြင့်လိမ့်မယ်

ဟဇရသ်အိဗ်နေအဗ္ဗားစ်ရဲ့ ဆင့်ပြန်ချက်တစ်ခုမှာ လာရှိတယ်
ကေယာမသ်နေ့ရဲ့ မှတ်တိုင် ၅၀ရှိတယ်
မှတ်တိုင်တခုတိုင်းမှာ နှစ်ပေါင်း တစ်ထောင်ကြာလိမ့်မယ်
"يوم تبدل الأرض غيرالارض والسماوات"
*ဆိုတဲ့အာယသ်ကျလာတဲ့အချိန် ဟဇရသ်အာအေရှာဟ်က ကိုယ်တော်မြတ်( ﷺ )ကို မေးတယ် အိုတမန်တော်မိုးကောင်းကင်ရဲ့မြေပြင်ပြောင်းလဲလိုက်တဲ့အချိန်ကျွန်မတို့ဘယ်မှာရှိနေမလဲ?ကိုယ်တော်မြတ်( ﷺ ) က ပြောတယ်အဲ့အချိန်ငါတို့ပွလ်ဆွေရာသ်မှာ ရှိမယ်အဲ့တံတားကနေဖြတ်ကျော်နေတဲ့အချိန်မှာနေရာ၃နေရာဘဲရှိမယ်*
*(1)ဂျဟန္နမ် (2)ဂျန္နသ်(3)ပွလ်ဆွေရာသ်*

*ကိုယ်တော်မြတ်( ﷺ)က ဆက်မိန့်တယ်အရင်ဆုံး ငါကိုယ်တော်နဲ့ ငါအွမ္မသ်သားတွေ အဲ့တံတားက ဖြတ်ကျော်လိမ်မယ်*

*ပွလ်ဆွေရာသ်ရဲ့အကျယ်တဝင့်*

*ကေယာမသ်နေ့မှာယခုတည်မြဲနေတဲ့မိုးကောင်းကင်နဲ့ မြေကြီး ပြောင်းပြန်လှန်ခံရမယ် ပြီးတော့ ပွလ်ဆွေရာသ်ကနေဖြတ်ကျော်ရမယ်အဲ့တံတားမှာ နေရာနှစ်ခုဘဲ ရှိတယ် ဂျန္နသ်ရယ် ဂျဟန္နမ်ရယ်*

*ဂျန္နသ်ကို ရောက်ချင်ရင် မဖြစ်မနေ ဂျဟန္နမ်အပေါ်ကနေ ဖြတ်ကျော်ရမယ်*

*ဂျဟန္နမ်ရဲ့အပေါ်မှာတံတားတစ်ခုရှိတယ်တံတားနာမည်ကဆွေရာသ်လို့ခေါ်တယ် တံတားကနေ ကျြော်ဖတ်မှဂျန္နသ်ရဲ့တံခါးဝကို ရောက်ရှိမှာပါ အဲ့နေရာမှာ ကိုယ်တော်မြတ်ရှိနေမယ် ဂျန္နသီတွေကို ကြိုဆိုနေလိမ့်မယ်*

*ပွလ်ဆွေရာသ်မှာ ရှိနေမဲ့အရည်အချင်း*
*(1) ဆံပင်မွေးထက် ပါးလွှာမယ်*
*(2)ဓါးထက် ပိုထက်မယ်*
*(3)အရမ်းမှောင်မိုက်နေမယ် တံတားအောက်ဂျဟန္နမ်ရဲ့အနက်ကလဲ မှောင်မဲနေမယ်*
*(4)ဂိုနာဟ်လုပ်ထားတဲ့လူရဲ့ ဂိုနာဟ်ကသူ့ကျောပေါ် တတ်ခွစီးနေလိမ့်မယ်ဂိုနာဟ်က များမယ်ဆိုရင် ဂိုနာဟ်ရဲ့အလေးချိန်ကြောင့်တံတားပေါ်ကဖြတ်နှုန်းဟာနှေးကွေးနေမဟ်အလ္လာဟ်ကျွန်တော်တို့အားလုံးကိုဒီပုံစံကနေ ထိန်းသိမ်းတော်မူပါအာမိန်း* 

*ဘယ်သူရဲ့ဂိုနာဟ်က နည်းမလဲ အဲ့လောက် သူရဲ့သွားနှုန်းက မြန်ဆန်လိမ့်မယ်*
*(5)အဲ့တံတားအပေါ်မှာ သံချိတ်တွေရှိမယ် အောက်မှာ ဆူးညောင့်တွေရှိမယ်ခြေထောက်မှာဒဏ်ရာရအောင်လုပ်ပြီး ဒဏ်ခံရမယ်သူရဲ့မကောင်းမှု့ကြောင့်ဒဏ်ရာကဒဏ်ခံရမယ်*
*(6)မကောင်းမှုလုပ်တဲ့သူတွေရဲ့ မကောင်းမှု့ကြောင့်ခြေချော်ပြီး ဂျဟန္နမ်ရဲ့ချောက်ထဲကိုကျသွားလိမ့်မယ်ကျသွားလို့အော်တဲ့ဒဏ်ကြောင့်တံတားပေါ်မှာကြောက်လန့်မှု့တွေ ဖြစ်ပေါ်လိမ့်မယ်*

*ကိုယ်တော်မြတ်( ﷺ ) ကတံတားရဲ့တဖက်ကမ်း ဂျန္နသ်ရဲ့တံခါးဝမှာ ရပ်နေလိမ့်မယ်အွမ္မသ်သားတစ်ယောက် တံတားပေါ်ခြေစတင်တာနဲ့ အဲ့လူအတွက် ဒိုအာလုပ်နေရင် ပြောလိမ့်မယ် ယာရဗ်ဘီ စလ်လင်မ် ယာ ရဗ်ဘီ စလ်လင်မ် ဆိုပြီး*
 *ကျွန်တော်တို့ချစ်တမန်တော်ကြီးအတွက်ဒရှုးဒ်တစ်ခေါက်လောက် ဖတ်လိုက်ပါ*
*اللهم صل وسلم على الحبيب محمد* 
*လူတွေသူတို့မျက်စိရှေ့မှာ ပွလ်ဆွေရာသ်ကနေ ကျနေတာ တွေ့လိမ့်မယ် ဒီတံတားကနေ လွတ်မြှောက်သွားတာလဲ တွေ့လိမ့်မယ်*

*ကိုယ့်မိဘတံတားပေါ်ကဖြတ်နေတာတွေ့လိမ့်မယ်သို့သော်သူတို့အတွက်ပူဆွေးပေးနေမှာ မဟုတ်ပါဘူးဘာကြောင့်လဲဆိုရင် အဲ့မှာ ကိုယ်လွတ်မြှောက်ရေးတခုဘဲ တွေးနေလိမ့်မယ်*

*ဆင့်ပြန်ချက်တစ်ခုမှာ ဟဇရသ်အာအေရှာဟ်ဟာ ကေယာမသ်နေ့ကို သတိရပြီး ငိုနေလိမ့်မယ် ကိုယ်တော်မြတ်ကြီး( ﷺ) မေးတယ် ဘာဖြစ်တာလဲ အာအေရှာဟ်?*

*ကျွန်မ ကေယာမသ်ကိုသတိရနေလို့ပါကိုယ်တော်မြတ်အဲ့အချိန်ကျွန်မမိဘတွေသောကဖြစ်နေမလား?အဲ့နေရာမှာကိုယ်ချစ်တဲ့လူကို သတိရမလား?*

*ကိုယ်တော်မြတ်( ﷺ) ကပြောတယ်သတိရနေလိမ့်သို့သော် ဒီလိုနေရာ၃နေရာရှိတယ်အဲ့နေရာမှာဘယ်သူမှသတိရနေမှာမဟုတ်ပါဘူး*
*(1)မိမိရဲ့ အအ်မားလ်တွေ ချိန်တွယ်နေတဲ့အချိန်*
*(2)မိမိရဲ့နာမာအေအအ်မားလ်ပေးတဲ့အချိန်*
*(3)ပွလ်ဆွေရာသ်မှာရှိနေမယ်အချိန်အဲဒီချိန်တွေ ကိုယ်သောက ကိုယ်ဖြစ်နေမှာပါ ဘယ်သူကိုမှ သတိရကြမှာ မဟုတ်ပါဘူး*

အိုအရှင်မြတ် ကျွန်တော်တို့အာလုံးကို ကေယာမသ်ရဲ့ ပြင်းထန်မှု့ ပွလ်ဆွေရာသ်ရဲ့ ကြောက်မက်ဖွယ်ရာတွေကနေ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်တဲ့လူအဖြစ် ပြုလုပ်ပေးပါ။
       
    (امین ثم امین یارب العالمین)

မူရင်းရေးသူ crd#

ပြန်လည်မျှဝေသူ
😥😥😥😥
MG MG Tin

Comments

Popular posts from this blog

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ်

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ် အကြင်သူ၌ အချက်(၃) ရှိလျှင် ထိုသူသည် ဥပုသ်စောင့်ထိန်း၍ ဆွလာသ်ဝတ်ပြုပြီး မိမိ ကိုယ္ကို မွတ်စလင်မ်ဟု ထင်မြင်ယူဆပါ လျှင်လည်း ထိုသူသည် မုနာဖိက် သာသနာ့ အရေခြုံသာ ဖြစ်သည်။ ထိုအချက်များမှာ  (၁) စကားပြောလျှင်လိမ်ညာ၏။  (၂) ကတိပေးပြီး ဖောက်ဖျက်၏။ (၃) အပ်နှံထားသောပစ္စည်းကို ပိုင်ရှင်အား ပြန်မပေးဘဲ အလွဲသုံးစားပြု၏။

ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ

ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 အကြင်မည်သူမဆို မိမိပျက်ကွက်ခဲ့သောနမာဇ်များကို ပြန်လည်၍ ကဇွာပြုဖြည့်ဆည်းမည်ဆိုပါက နီယသ်ပြုရည်စူးရာ၌ ပျက်ကွက်ခဲ့သော ရက်၊ လ၊ နှစ် အပြင် မည်သည့်နမာဇ်ဖြစ်သည် ကိုပါထည့်သွင်း၍  နီယသ်ပြု ရည်စူးရန်အရေးကြီးပေသည်။  ထိုသို့နီယသ်ပြု ရည်စူးခြင်းမပြုဘဲ “ကဇွာပြုပါ၏"ဟုသာ နီယသ်ပြုလုပ်ရုံဖြင့် မလုံလောက်ပေ။   သို့ရာတွင် တစ်ဦးတစ်ယောက်သည် အကြိမ်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ သို့မဟုတ် သက်တမ်းတလျှောက် ပျက်ကွက်ခဲ့သော နမာဇ်များ ကို ဖြည့်ဆည်းရန်အတွက် ရက်၊ လ၊ နှစ် အချိန်တို့ကို မှတ်မိရန်ခဲ ယဉ်းလှပေသည်။  ထို့အတူနီယသ်ပြုရည်စူးရန်မှာလည်း  လွယ်မည်မဟုတ်ပေ။  သို့ပါ၍ ကြိမ်ဖန်များစွာပျက်ကွက်ခဲ့သော  နမာဇ်များကို ဖြည့်ဆည်းရာတွင် အောက်ဖော်ပြပါနည်းလမ်းအတိုင်း နီယသ်ပြုရည်စူးမည်ဆိုပါက  အင်ရှာအလ္လာဟ် တာဝန်ကျေ အထမြောက် သွားပေမည်။ ________________ ကဇွာအိအွမ္မရီဝတ်ပြုနည်း  သက်တမ်းတလျောက်ပျက်ကွက်ခဲ့သော နမာဇ်များဖြည့်ဆည်းနည်း 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 “ကျွန်တော်မျိုးပျက်ကွက်ခဲ့သော"  (*)ဖ...

"ဟလာလ် relationship"

"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။   ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။   ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်...