Monday, 15 June 2020

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ်

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ်


အကြင်သူ၌ အချက်(၃) ရှိလျှင် ထိုသူသည်
ဥပုသ်စောင့်ထိန်း၍ ဆွလာသ်ဝတ်ပြုပြီး မိမိ
ကိုယ္ကို မွတ်စလင်မ်ဟု ထင်မြင်ယူဆပါ
လျှင်လည်း ထိုသူသည် မုနာဖိက် သာသနာ့
အရေခြုံသာ ဖြစ်သည်။
ထိုအချက်များမှာ 

(၁) စကားပြောလျှင်လိမ်ညာ၏။ 
(၂) ကတိပေးပြီး ဖောက်ဖျက်၏။
(၃) အပ်နှံထားသောပစ္စည်းကို ပိုင်ရှင်အား
ပြန်မပေးဘဲ အလွဲသုံးစားပြု၏။

Saturday, 13 June 2020

အဆွရ်နမာဇ်နှင့်ဖဂျရ်နမာဇ်၏ အကျိုးကျေးဇူ

အဆွရ်နမာဇ်နှင့်ဖဂျရ်နမာဇ်၏ အကျိုးကျေးဇူး

တမန်တော်မြတ်(ဆြ)က မိန့်တော်မူသည်မှာ-

"နေမထွက်မီဖတ်ရသော နမာဇ်(ဖဂျရ်)နှင့်

နေမဝင်မီဖတ်ရသော နမာဇ် (အဆွရ်)ကို

ဝတ်ပြုတည်ဆောက်သော မည်သူမဆို

အဘယ်သောအခါမှ ငရဲလားမည်မဟုတ်"

လူတိုင်း နမာဇ်ငါးကြိမ်ကို အချိန်ဝင်သည်နှင့်

ဆွဲမြဲစွာ ဝတ်ပြုနိုင်ကြပါစေ။

#Mohammad_Ameen

Friday, 12 June 2020

အိပ်မပျော်ပါက ဖတ်ရွတ်ရန်

အိပ်မပျော်ပါက ဖတ်ရွတ်ရန်
👇👇👇👇👇👇👇👇👇👇👇👇👇👇

အိပ်မပျော်ပါက အိပ်ယာထဲတွင် 
လဲလျောင်းပြီးနောက် ဝူဇူနှင့်တကွ
ဤဒုအာကို ဖတ်ပါ။

မအိပ်ခင်အလျှင် အာယသွလ်ကုရ်စီ နှင့် 
မိုအောင်ဝဇသိုင်းန်.( စူရာဖလက် နှင့် စူရာနားစ်) တို့ကို ဖတ်၍ တကိုယ်လုံးကို မန်းမှုတ်ပွတ်သပ်၍ 
အိပ်ရမည်။

اَللّٰهُمَّ غَارَتِ النُّجُوْمُ وَهَدَاءَتِ الْعُيُوْنُ وَاَنْتَ حَىٌّ
قَيُّوْمُ لَاتَأْخُذُكَ سِنَةٌ وَّلَانَوْمٌ يَاحَىُّ يَاقَيُّوْمُ
اِهْدِئْ لَیْلِیْ وَاَنِمْ عَیْنِیْ

(အိဗ်နိစွန္နီ၊ သွဗ်ရာနီ၊ အိဗ်နိအစာကိရ်)

ထို့ပြင် يَاهَادِيْ (ယာဟာဒီ)ကို နှုတ်လျှာဖြင့်သော်
လည်းကောင်း၊ စိတ်ထဲမှသော်လည်းကောင်း လဲလျောင်းနေရင်း မြောက်မြားစွာ 
(အတိုင်းအတာမဲ့) ရွတ်ဖတ်ပါ။ 

ဤဂုဏ်တော်ကို ရွတ်ဖတ်နေစဉ် 
မကြာမကြာ ဒရူးဒ်ရှရီးဖ်ကိုလည်း ဖတ်ပေးပါ။

၎င်းနောက် ညဉ့်အိပ်ယာ မဝင်မှီ يَامُتَكَبِّرُ 
"ယားမုသကဗ္ဗိရု"21"ကြိမ်
ဖတ်ရွတ်ပြီး အိပ်လိုက်ပါ 
အိမ်မက်ဆိုး မြင်မက်တော့မည်မဟုတ်ပါ။

အိပ်ပျော်နေစဉ် လန့်နိုးခြင်းအတွက်
👇👇👇👇👇👇👇👇👇👇👇👇👇

အိပ်ပျော်နေစဉ် လန့်နိုးခြင်း (သို့) အိပ်မက်ဆိုးမက်၍
လန့်နိုးခြင်းဖြစ်လျှင် ဘယ်ဖက်ကို တံတွေးသုံးကြိမ်ထွေး၍ ဘက်ပြောင်းပြီး အိပ်ပါ။ 

(ဗုခါရီ၊ မွတ်စ်လင်မ်)

၎င်းနောက် ဤဒုအာကို ရွတ်ဖတ်ပါ။
اَعُوْذُ بِاللّٰهِ مِنَ الشَّيْطَانِ الرَّجِيْمِ

(ဗုခါရီ၊ မွတ်စ်လင်မ်၊ သိရ်မိဇီ၊ နစာအီ)

အိပ်မက်ဆိုးမက်ခြင်း၏ ကုထုံး
👇👇👇👇👇👇👇👇👇👇👇👇👇👇

အကြင်သူသည် အိပ်မက်ဆိုးမက်သော အကျင့်ရှိပါက
ဤအာယသ်တော်ကိုရေး၍ လည်ပင်းတွင် ချိတ်ဆွဲပါ။ (သို့)
ညအိပ်ခါနီးအချိန်တွင် ရွတ်ဖတ်ပါက 
“အင်န်ရှာအလ္လာဟ်”
အိပ်မက်ဆိုးမှ လုံခြုံမှုရရှိလိမ့်မည်။

لَہُمُ الۡبُشۡرٰی فِی الۡحَیٰوۃِ الدُّنۡیَا وَ فِی الۡاٰخِرَۃِ ؕ 
لَا تَبۡدِیۡلَ لِکَلِمٰتِ اللّٰہِ ؕ ذٰلِکَ ہُوَ الۡفَوۡزُ الۡعَظِیۡمُ 

(စူရတ်ယူနွတ်စ်၊ အာယသ်- ၆၄)
 
والله اعلم
                 ဇင်မင်း ထိုက်

သင်ခန်းစာ အမှတ် ၂၄၀

Thursday, 11 June 2020

ကြယ်တစ်ပွင့်ကြွေလွင့်လို့သွားခဲ့ပြန်ပါပြီ

ကြယ်တစ်ပွင့်ကြွေလွင့်လို့သွားခဲ့ပြန်ပါပြီ.... ပါကစ္စတန်နိုင်ငံ ရှိ ဂျာမေအဟ် အစ္စလာမီယဟ် ရရှီးဒ် သာသနာ့ တက္ကသိုလ်ကြီး ၌ နှစ်ပေါင်း 
(၅၅)နှစ်တိုင်တိုင် ကျမ်းတော်မြတ်ကုရ်အာန် ၏ 
သဂ်ျဝီးဒ် နှင့် ကေရာအသ် ပညာရပ်များကို 
သင်ကြားပို့ချပေးခဲ့ပါသော ဆရာသခင်
ကျေးဇူးရှင်ကြီး တစ်ပါးဖြစ်တဲ့ 
ဟဇရသ် အလ်ဟာဂ်ျ မောင်လာနာ ဟာဖိဇ် ကာရီ 
နစီမွတ်ဒီးန် ဆွာဟိဗ် သက်တော် (၈၂)နှစ်သည် 
ယနေ့ 11.6.2020(ကြာသပတေး) နေ့ 
မနက်ပိုင်းအချိန်တွင် အလ္လာဟ်အသျှင်မြတ် သခင်၏ အမိန့်တော် ခံယူသွားခဲ့ပါသည်.... 
ဆရာကြီးသည် ကျမ်းတော်မြတ်ကုရ်အာန် ၏ 
ခိသ်မသ်ကို နှစ်ပေါင်း (၅၅)နှစ်တိတိ 
ပြုလုပ်ခဲ့သူဖြစ်ပါသည်..... Crd

إنا لله وإنا إليه راجعون
اللهم اغفر له وارحمه وعافه
واعف عنه وأكرم نزله و وسع مدخله
واغسله بالماء والثلج والبرد
وأعذه من فتنة القبر وعذاب النار
وأدخله الجنة في الفردوس الأعلى
برحمتك يا أرحم الراحمين(آمين)
اللهم وفّق أهله ليصبروا صبرا جميلا... آمين
Credit

ပုလ်ဆွိရာသွ် တံတား

ပုလ်ဆွိရာသွ် တံတား

ယင်းတံတားသည် ဂျဟန္နမ်ငရဲဘုံ၏ အပေါ်၌ တည်ရှိ၏ ဆံကေသာထက် ပါးလွှားပြီး ဓါးရှည်ထက်ပို၍ ထက်မြတ်သော လမ်းတံတားတစ်ခုဖြစ်၏ ယင်းအား ကိယာမသ်နေ့တွင်
ဂျဟန္နမ်ပေါ်၌ တည်စေတော်မူမည်။ ထိုတံတား၏ အရှည်မှာနှစ်ပေါင်း(၁၅၀၀၀)၏ ခရီးမွ် ဖြစ်၏
ထိုတံတားပေါ်တက်ရာတွင် နှစ်ပေါင်း(၅၀၀၀)အပေါ်တက်ပြီးနောက် ထိုတံတားပေါ် ဖြတ်သန်းရမည့်ခရီးနှစ်ပေါင်း(၅၀၀၀)နှင့် တံတားပေါ်မှ အဆင်းတွင် နှစ်ပေါင်း(၅၀၀၀)ကြာမြှင့်ပေးလိမ့်မည်။ ကိယာမသ်နေ့တွင် လူတို့အား ထိုတံတားပေါ်မှ ကျော်ဖြတ်ရန် အမိန့်ချမှတ်သောအခါ ဟရှရ်ကွင်းပြင်တစ်ခုလုံးသည်
မှောင်မိုက်သွားပေမည်။ အွမ္မသ်တိုင်းအား မိမိတို့၏ သက်ဆိုင်ရာ နဗီတမန်တော်များနှင့်အတူ
သွားရန် မိန့်ကြားတော်မူမည်။ အီမာန်ရှင်မုအ်မင်န်များအား မီးရှူးတိုင်နှစ်ခုစီ ချီးမြှင့်လိမ့်မည်။
မီးရှူးတိုင်တစ်ခုသည် အရှေ့ဘက်၌ရှိပြီး အျခားတစ္ခုမွာ လက်ယာဘက်၌ ရှိစေလိမ့်မည်။
ထိုမုအ်မင်န်များထက် အဆင့်နိမ့်သောသူများအား မီးရှူးတိုင်တစ်ခုစီ ချီးမြှင့်တော်မူမည်။
ယင်းထက်အဆင့်နိမ့်သောသူများအား ခြေထောက်၏ ခြေမအနီးတွင် မှေးမှိန်နေသော
အလင်ူရောင်အား ချီးမြှင့်လိမ့်မည်။ အချိုးသူများကိုမူ မှိက်လိုက် လင်းလိုက်ဖြစ်နေသော
အလင်းရောင်ကိုသာ ရရှိစေမည်။ (မုနာဖီးက်)အယောင်ဆောင် မွတ်စလင်မ်များကို
လုံး၀ အလင်းရောင်ကင်းမဲစေမည်။ လူတို့သည် ပုဆွိရာသ်တံတားပေါ် ရောက်သောအခါ မ်က္စီမ်ားအား ပိတ်လိုက်ကြရန် အမိန့်ပေးတော်မူမည်။ထိုအချိန် တမန်တော်မြတ်(ဆြ)ချစ်သမီးတော်
ဖွာသွိမာဟ်(ရသွေ့)သခင်မ ကျော်ဖြတ်သွားပေလိမ့်မည်။ထိုနောက်တစ်ဖန် အချို့သူများက
လျှပ်စီးကဲ့သို့လည်းကောင်း လျင်မြန်စွာကျော်ဖြတ်သွားကြလိမ့်မည်။ အချိုးသူများသည်
လေ၏တိုက်ခတ်မူကဲ့သို့လည်းကောင်းအချိုးသူများသည် မြင်းများပြေးသကဲ့သို့လည်းကောင်း
အချိုးသူများသည် ကုလားအုတ်များ၏သွားလာနှုန်းဖြင့်လည်းကောင်း အချိုးသူများသည်
သာမန် သွားလာမူနှုန်ဖြင့်လည်းကောင်း ကျော်ဖြတ်ာကပေလိမ့်မည်။ ထိုသို့ကျော်ဖြတ်သွားရာ၌
အခက်အခဲနှင့် ရင်ဆိုင်ရ သူမ်ားအား ဂျဟန္နမ်၏ မီးတောက်မီးလျှံများက ဆွဲငင်ရန်ကြိုးစားလိမ့်မည်။
သို့သော်လည်း ထိုသူများသည် အခက်အခဲများအား ရင်ဆိုင်ကျော်လွှားက ပန်းတိုက်သို့ ရောက်ရှိသွားကြလိမ့်မည်။ သို့သော်လည်း အချိုးသူများကို ဂျဟန္နမ်၏ မီးတောက်မီးလျှံ မ်ားက ဆွဲငင်၍ ဂျဟန္နမ်ထဲသို့ ထည့်ပစ်လိမ့်မည်။ ထို့သို့ ဆွဲငင်မူခံရမည့်သူများမှာ သားချင်းတို့၏
အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်၍ မတရားပြုခဲ့သူ။ ယုံမှတ်အပ်နှံထားသော အရားမ်ားအား
အလွဲသုံးစားပြုလုပ်ခဲ့သူမျာပင် ဖြစ်ချေမည်။ ထိုအချိန်တွင် နမာဇ်၊ရိုဇဟ်၊ဇကာသ်၊ဟဂ်ျ။ဒရူးဒ်နှင့်
၀ဇိဖဟ် စသည့် ကျင့်စဉ်ကောင်းမူများသည် လူတို့အား ကာကွယ်မူပြုလိမ့်မည်။(ခိုင်ရာသ်ဆွာဒ်ကဟ်)
အလှူဒါနသည် ထိုသူနှင့် မီး၏ အလယ်၌နေ၍ အကာကွယ်ပြုပေးလိမ့်မည်။
ကုရ်ဗါနီသည် အစီးနှင်းအဖြစ် အသုံး၀င်လိမ်မည်။ထို့ကြောင့်သာလျှင် ကုရ်ဗါနီပြုစေခြင်းဖြစ်၏
ထိုကရ်ဗါနီ သားကောင်သည် အာအင်တောင့်တင်းသည်နှင့် အမွ် လျင်မြန်စွာ တံတားပေါ်မှ
ဖြတ်သန်းနိုင်ပေလိမ့်မည်။ 
တမန်တော်မြတ်(ဆြ)မိန့်ကြားတော်မူခဲ့သည်မှာ ပုလ်ဆွိရာသွ် တံတားအား ဂျဟန္နမ်၏ အလယ်တွင်
တညိစေတော်မူလိမ့်မည်။
အနပ်စ်(ရသွေ့)သခင် ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆြ)မိန့်ကြားတော်မူခဲ့သည်မှာ ပုလ်ဆွိရာသွ် တံတားသည် ဓါးရှည်၏ အသွားကဲ့သို့ပင်ဖြစ်၏ ကောင်းကင်တမန်များသည် မုအ်မင်န် အမျိုးသားတို့
အမျိုးသမီးတို့အား ကယ်ကြလိမ့်မည်။ ထို့နောက် (ဂျိဗ်ရီးလ်)ကောင်းကင်တမန်သည် ငါကိုယ်တော်၏
ခါးအား ကိုင်ထားပေလိမ့်မည်။ ထိုအချိန်တွင် ငါကိုယ်တော်သည် (အလ္လဟွန်မ်မ စလ်လင်မ် အလ္လဟွန်မ်မ စလ်လင်မ်)ဟုပြောဆိုနေလိမ့်မည်။ (အဓိပ်ပါယ် အို...အလ္လာဟ်၊ကယ်တင်တော်မူပါ)
သို့တစေလည်းဂျဟန္နမ်ထဲသို့ ပြုတ်ကျမည့်သူ များပြားလိမ့်မည်။

အလ္လာဟ်အရှင် အွမ္မသ်တစ်ရပ်လုံးကို ပုလ်ဆွိရာသွ် တံတားမှ ကျော်ဖြတ်နိုင်တဲ့ သောင်ဝ်ဖီးက် ချီးမြှင့်တော်မူပါစေ.....................အာမီန်းးးးး
#Mohammad Ameen

Monday, 8 June 2020

မွတ်စ်လင်မ့် ဝတ္တရား ခြောက်ပါး

မွတ်စ်လင်မ့် ဝတ္တရား ခြောက်ပါး

သာဝကကြီးအဗူဟူရိုင်ရဟ်(ရသြိ)ကဆင့်ပြန်ပြီး

တမန်တော်မြတ်(ဆြ)ကမိန့်ကြားတော်မူသည်မှာ

"မွတ်စ်လင်မ်တစ်ဦးနှင့်တစ်ဦးအပေါ်ခြောက်ခု

သောဝတ္တရားရှိလေသည်။သာဝကတော်များ

အဘယ်ဝတ္တရာများပါနည်းဟုမေးလျောက်ကြရာ

တမန်တော်မြတ်(ဆြ)က--

-တွေ့ဆုံသောအခါ စလာမ်ပေးရမည်

-ဖိတ်ကြားချက်ကို လက်ခံရမည်

-ဆုံးမလာပါက ဆုံးမမူကိုနာခံရမည်

-နာချေ၍အလ်ဟာမ်ဒူလိလ္လာဟ်ဆိုပါက

ယရ်ဟမူကလ်လာဟ်ပြန်ဆိုပေးရမည်

-နာမကျမ်းဖြစ်ပါက သွားရောက်မေးမြန်းရမည်

-ကွယ်လွန်သေဆုံးပါက လိုက်ပါပို့ဆောင်ပေးရမည်

ဟု မိန့်ကြားတော်မူခဲ့သည်။

ကြည့်-(မွတ်စ်လင်မ်ကျမ်းဟဒီးဆ်နံပါတ်၂၁၆၂)

မွတ်စ်လင်မ်တစ်ဦးက မခြားတစ်ဦးအပေါ်ထားရှိ

ရမည့် ဝတ္တရားများမှာ အမြောက်အများရှိပြီး

-အချို့ဝတ္တရားများသည် ဝါဂျိဗ်အဆင့်ရှိ၍မလုပ်ပါ

က အပြစ်ထိုက်ပေသည်။ဥပမာစလာမ်၏အဖြေကို

ပြန်ယူခြင်း(တစ်ဦးခြင်းရှိနေချိန်စလာမ်ပေးပါက

စလာမ်အဖြေယူရန်ဝါဂျိဗ်တာဝန်ဖြစ်ပြီး အများနှင့်

ထိုင်နေချိန်ဖြစ်ပါကဘဖရဇ်ကိဖွာယဟ်ဖြစ်သည်။

တစ်ယောက်ယောက်အဖြေပါကကျန်ရှိနေသူများ

အပေါ်တာဝန်ကျေသွားပေသည်။)

ထို့ပြင်မင်္ဂလာဆောင်ဝလီမာထမင်းကျွေးဖိတ်ကြား

ချက်ကိုလည်း(ယင်းဝလီမာသည်ရှရီအသ်နှင့်ဆန့်

ကျင်ခြင်းမရှိပါ ဖိတ်ကြားချက်ကိုလက်ခံရန်ဝါဂျိဗ်

တာဝန်ဖြစ်၏။ရှရီအသ်နှင့်ဆန့်ကျင်နေသောခရစ်

ယာန္မ်ားကဲ့သို့ ဝလီမာဖြစ်ပါက လိုက္နာရန္မလို။

-ထို့ပြင်မွတ်စ်လင်မ်တစ်ဦးကအခြားတစ်ဦးအပေါ်

ဖရဇ်ကိဖွာယဟ်အဆင့်ရှိတာဝန်များမှာမူကား

-နာမကျမ်းဖြစ်ပါကသွားရောက်မေးမြန်းခြင်း

-တရားစကားဆုံးမပါက ဆုံးမမူကိုလက်ခံခြင်း

-ဂျနာဇဟ်အသုဘလိုက်ပါပို့ဆောင်ခြင်း

တို့ဖြစ်ပေသည်။

#Mohammad Ameen

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...