Tuesday, 19 October 2021

´´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်

 

´´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်


   ဟဇရသ် အဗူဟူရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တန်တော်မြတ် (ဆွ)က မိန့်တော်မူခဲ့သည်မှာ...

   အကြင်မည်သူမဆို စဝါးဗ် ရရန်ဟူသော နိယသ်ဖြင့် သေဆုံးသူ မွတ်စ္စလင်မ်တစ်ဦးတစ်ယောက်၏ ခတ္တရာ ထမ်းစင်နှင့်အတူ လိုက်ပါပို့ဆောင်ပေး၍ ဂျနာဇဟ်နမာဇ် ဖတ်ပြီးသည့်တိုင်အောင်၊ ၎င်းပြင် သေဆုံးသူကို မြေမြှုပ် သင်္ဂြိုဟ်ပြီးစီးသည့်အထိ ပါဝင်ပြီး ပြန်လာပါက ထိုသူသည် ကိရာသ် နှစ်ခု၏ အကျိုး စဝါးဗ် ကုသိုလ်ကို ယူဆောင်၍ ပြန်လာခြင်းဖြစ်ပေသည်။ ကိရာသ် တစ်ခုသည် အုဟွဒ် တောင်မျှ အကျိုး စဝါးဗ် ကုသို့လ်နှင့် တန်းတူရှိသည်။ 


   အကြင်သူ တစ်ဦးတစ်ယောင်သည် ဂျနာဇာဟ်နမာဇ် ဖတ်ပြီး ပြန်လာပါက (သေဆုံးသူအား ကျင်းထဲသို့ မထည့်မီ) ထိုသူပြန်လာခြင်းသည် ကိရာသ် တစ်ခုတည်း ယူဆောင်၍ ပြန်လာခြင်းဖြစ်သည်။ 

             (မအာရိဖွလ် ဟဒီးစ်ကျမ်း၊ ဘိုခါရီကျမ်း၊ မွတ်စ္စလင်မ်ကျမ်း။)


   ဟဇရသ် အဗူဟုရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ)က အမိန့်ရှိသည်မှာ...

   ´´အသင်တို့သည် ဂျနာဇဟ် ထမ်းစင်ကို လျှင်မြန်စွာ ယူဆောင်သွားကြကုန်၊ အကြောင်းမှာ သေဆုံးသူသည် သူတော်စင်ဖြစ်ပါက ကဗရ် စခန်းသည် ထိုသူ့အတွက် အလွန်ကောင်းပေသည်။ အကယ်၍ ထိုသေဆုံးသူသည် မကောင်းသူဖြစ်ပါက အသင်တို့၏ ပခုံးပေါ်၌ ထိုသူသည် အလွန်လေးလံသောအရာ ဖြစ်နေသည်။ ထိုလေးလံသောအရာကို အသင်တို့ ပခုံးထက်မှ လျှင်မြန်စွာ ချလိုက်ကြကုန်။``

                         (ဘုခါရီကျမ်း၊ မွတ်စ္စလင်မ်ကျမ်း၊ မအာရိဖွလ်ဟဒီးစ်ကျမ်း)


   ဟဒီးစ်တော်တစ်ရပ်၌ လာရှိသည်မှာ...

   ´´အကြင်သူသည် ဂျနာဇဟ် ထမ်းစင်၏ ထောင့် ´´လေး`` ထောင့်စလုံးကို မိမိ၏ ပခုံးဖြင့် ထမ်းပေးပါက ထိုသူ၏ အပေါ်ရှိ ကြီးလေးသာ အပြစ် ဂိုနာဟ် ၄၀- ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းအား ခံရလိမ့်မည်။`` 

                                       (ဗဟ်ရ်ှသီဇေဝရ်ကျမ်း)


(ဓမ္မသတ်) သေဆုံးသူသည် အိမ်းနီးချင်းဖြစ်နေလျှင် (သို့) သူတော်ကောင်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်နေလျှင် ထိုသေဆုံးသူ၏ ဂျနာဇာဟ် ကို လိုက်ပါ ပို့ဆောင်ပေးပါက နဖိလ် နမာဇ် နှစ်ရကသ်ဖတ်သည်ထက် ပို၍ အကျိုး စဝါးဗ် ရပေမည်။ (အာလင်မ်ဂီရီးကျမ်း)


(ဓမ္မသတ်) သေဆုံးသူ၏ ခတ္တရာ ခုံအား ထမ်းပေးရာတွင် လိုအပ်လျှင် လိုအပ်သလို အခကြေးငွေပေး၍ ထမ်းစေခိုင်လျှင်လည်း ရပေသည်။ 

                                         (အာလင်မ်ဂီရီးကျမ်း)


(ဓမ္မသတ်) ဂျနာဇဟ်ကို အမျိုးသမီးများ လိုက်ပါပို့ဆောင်ခြင်းသည် မက္ကရူးဟ်သဟ်ရီမဟ် ဖြစ်ပေသည်။       

                                        (ဗဟ်ရှ်သီဇေဝရ်ကျမ်း)


(အလ်ဟာဂျ် မောင်လာနာ မွဖ်သိ ကာရိ မိုဟမ္မဒ်ယူစွဖ်(အဆ်အဒိ)ဆရာကြီးပြန်ဆိုရေးသားထားသော်)

(အစ္စလာမ့်သင်္ဂြိုဟ်ခြင်း၏ နည်းဥပဒေပြဌာန်းချက်များ အကြောင်းစာအုပ်မှ တင်ပြပါသည်။)


بنده محمد بلال @ Tun Tun

Thursday, 23 September 2021

တူရကီ အစ္စတန်ဘူမြို့ က ကြောင်ဗလီ

 တူရကီ အစ္စတန်ဘူမြို့ က ကြောင်ဗလီ

ကြောင်မေ တကောင်ဟာ

ဗလီတံခါးဖွင့်တာနဲ့ ကြောင်ခလေးများကို

ကိုက်ချီပြီး ဗလီထဲ ပြေးဝင်လာတယ်

ကြောင်ခလေးတွေ အားလူံးကို ဗလီကို

ထားလိုက်ပြီး နေနေတယ်။






ယခု ကြောင်မေကမွေးထားတဲ့

ကြောင်ခလေးဟာ ခုဆို ဗလီမှာ ၇ကောင်ရှိပြီး

ဗလီရှေ့ဆောင်အီမာန် နဲ့ ဗလီကိုလာတဲ့သူတွေက

ကြောင်ကိုတအားချစ်တော့ ကြောင်မိသားစုဟာ

ဗလီထဲမှာ သူ့အိမ်ပမာ နေနေကြတာခုထိပါပဲ...





အဲ့ဒီဗလီကို လူအများက

ကြောင်ဗလီဟု တင်စားခေါ်ကြလေသည်

နေရာတိုင်း ကြောင်တွေ ရှိနေလို့တဲ့ 😍😍


Min Naing Aung iKM

Sunday, 20 June 2021

နာမားဇ်"မဖတ်သူများခံစားရမည့်ဒုက္ခ(၁၄)ခု

 


အီမာ"ဂဖ်ဇာလီသခင်ကြီးသည်မိမိ၏ مكاشفة القلوب ကျမ်းစာအုပ် စာမျက်နှာ (၃၉၂) တွင်ဤသို့ ဖော်ပြထားပေသည်။


အကြင်သူတစ်ဦးတစ်ယောက်သည် " ဆွလာသ် " ၀တ်ပြုမှုကိုပေါ့ဆခြင်း ၊ ဆောက်တည်ခြင်း ၊ မပြုလုပ်ခဲ့ပါက ၎င်းသူကိုအလ္လာဟ်အရှင်မြတ်သည် ဒုက္ခ (၁၄) ခု၌ မွေ့လျော်ကြုံကြိုက်စေလေမည်


၎င်းတို့မှာ လောကီ၌ပင်ဒုက္ခ (၅) ခု၊


သေဆုံးသည့်အချိန်တွင်ဒုက္ခ (၃) ခု၊


ကဗရ်သချိုင်းတွင်ဒုက္ခ (၃) ခု


ကဗရ်မှပြန်လည်ရှင်ပြန်ထသည့်အချိန်တွင် ဒုက္ခ (၃)ခု


 ဒုက္ခစုစုပေါင်း (၁၄) ခုကို "ဆွလာသ် " ၀တ်ပြုမှုမရှိသူသည် ကြုံကြိုက်ရမည် ဖြစ်သည်။ 

 ‎လောကီ၌ကြုံကြိုက်ရမည့် ဒုက္ခ(၅) ခုမှာ

(၁) ၎င်းသူ၏မျက်နှာမှ သူတော်ကောင်းအမှတ်အသားကို ပယ်ဖျက်လိုက်မည်။


(၂)၎င်းသူ၏သက်တမ်းမှ " ဗရ်ကသ်" ကောင်းချီး မင်္ဂလာများကိုရုတ်သိမ်းလိုက်မည်။


(၃)၎င်းသူ၏ " အမလ် " ကျင့်ကြံမှုများတွင်လည်း " စဝါးဗ် " ကုသိုလ်ရရှိလိမ့်မည် မဟုတ်ပေ။


(၄)၎င်းသူ၏ " ဒိုအာ " တောင်းဆုများကို အလ္လာဟ်အရှင်မြတ်လက်ခံလိမ့်မည်မဟုတ်ပေ။


(၅) ၎င်းသူအတွက် သူတော်စင်သူတော်ကောင်းများ တောင်းခံပေးသည့် ဒိုအာ " ဆုမွန်ကိုလည်း အလ္လာဟ်အရှင်မြတ် လက်ခံလ်ိမ့်မည်မဟုတ်ပေ။


သေဆုံးသေအခါတွင်ခံစားရမည့် ဒုက္ခ(၃) ခု

(၁) ၎င်းသူသည်သိက္ခာမဲ့စွာ သေဆုံးရမည်။

 (၂)၎င်းသူသည်အစားအစာပြတ်တောက်၍သေဆုံးရမည်။

(၃) ၎င်းသူသည်ရေငတ်မွတ်၍ သေဆုံးရမည်။


 ကဗရ်သချိုင်း၌ ခံစားရမည့်ဒုက္ခ (၃) ခု .

 (၁) ကဗရ်သချိုင်းသည် နမာဇ်မဖတ်သူအတွက် နံရိုးများတစ်ဖက်နှင့်တစ်ဖက်ထိုး၀င်သွားသည်အထိ ကျဉ်းမြောင်းသ့


ားစေမည်။

(၂)ကဗရ်အတွင်းမီးများ လောင်မြိုက်နေပြီး မီးခဲများအပေါ်၀ယ်ထိုသူသည် လူးလှိမ့်နေရမည်။


(၃) ကဗရ်အတွင်းမြွေဟောက်ကြီး တစ်ကောင်သည် အဆက်မပြတ်ပေါက်၍ နေမည်။

 ကဗရ်သချိုင်းမှပြန်လည်ရှင်ပြန်ထချိန်တွင်ခံစားရမည့်ဒုက္ခ (၃) ခု

(၁) အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအားအတိအကျ စာရင်းအင်းစစ်ဆေးမည်။


(၂) အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအားအမျက်ဒေါသထက်နေမည်။


(၃) အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအား အပယ်ငရဲသို့(အတိုင်း အတာတစ်ခုအထိ ) ၀င်ရောက်စေမည်ဟူ၍ စုစုပေါင်

 ဒုက္ခ (၁၄) ခုတို့အား " ဆွလာသ် " ၀တ်ပြုမှုမရှိသူသည်ကြုံကြိုက်ရမည် ဖြစ်ပေမည်။ 

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးကို 

အဓိကဖြစ်သော " ဆွလာသ် " ကိုစွဲမြဲစွာ ဆောက်တည်နိုင်စွမ်းချီးမြှင့်ပေးသနားတော်မူပါ။ (အာမီးန်)


ခင်မင်လေးစားလျှက်ပါ

နှလုံးသားလက်ဆောင်

ﺗﺤﻔﺔﺍﻟﻘﻠﺐ

#crd

Monday, 12 April 2021

သောင်ဝ်ဗဟ်ကြောင့် ရမည့်ဆုလာဘ်(၄)ခု

 သောင်ဝ်ဗဟ်ကြောင့် ရမည့်ဆုလာဘ်(၄)ခု



💗💗💗💗💗💗💗💗💗💗

လူသားအဖို့ မိမိကျူးလွန်ခဲ့သော အပြစ်ဂုနဟ်တိုင်းအား သောင်ဗဟ် လုပ်ရန် အရေးကြီးသည်။ဒီတော့ သောင်ဗဟ် ဘယ်လို လုပ်ရမလဲ....?


၁။ကျူးလွန်မိခဲ့သော ဂုနဟ်အပေါ် အရှက်ရကာ နောက်နောင်ကျူ းလွန်မည်မဟုတ်ကြောင်း ရင်ဝယ်ပိုက်ခြင်း။


၂။နှလုံးသားထဲမှ မနာလိုဝန်တိုမှုများနှင့် ကောက်ကျစ်ခြင်းများအား ထုတ်ပြစ်ခြင်း။


၃။ဖာစိက်၊ဖာဂျစ်ရ်များဖြင့် အမြဲတမ်း သီးခြားစီနေလိုက်ခြင်း။


၄။သေခြင်း၏ကြိုတင်ပြင်ဆင်မှုများ၌ နစ်မွန်းနေခြင်း။


အကယ်၍ လူသားသည်အထက်ပါကဲ့သို့ စစ်မှန်သည့် သောင်ဗဟ် လုပ်လိုက်မည်ဆိုပါက....



၁။

التائب حبيب الله(الحديث)

ဂုနဟ်များမှ သောင်ဗဟ်ပြုသူသည် allah အချစ်တော်ဖြစ်သည်။

၂။

التائب من الذنب كمن لاذنب له

ဂုနဟ်များမှ သောင်ဗဟ်ပြုသူအားAllah သူရဲ့အပြစ်တွေကို ဒီလိုဖယ်ချပေးတယ်..ပမာပြောရရင် သူတခါမှ ဂုနဟ်မလုပ်ဖူးတဲ့လူလို ဖြစ်သွားတယ်။

၃။

ان عبادي ليس لك عليهم سلطان

အို ရှိုက်သွာန်.."အကြင်သူတွေဟာ ငါ့ရဲ့အချစ်တော်ဗန်ဒဟ်အစစ်အမှန်ဆိုရင် အသင်သူတို့အပေါ် ဘာမှ ချယ်လှယ်စိုးမိုးလို့ ရမှာမဟုတ်။"


(ဂုနဟ်ထပ်မံ မကျူးလွန်နိုင်တော့ဖူးလို့ ဆိုလိုသည်မဟုတ် ကျူးလွန်မိပါက ချက်ခြင်းသောင်ဗဟ် လုပ်နိုင်သည့်နဖူးစာကောင်းရမည်ကို ဆိုလိုသည်။)


၄။

تتنزل عليهم الملائكة..الاتخافواولاتحزنواوابشروابالجنةالتي كنتم توعدون..

အထက်ပါဗန်ဒဟ်အပေါ် သေခါနီး အချိန်ဖရစ်ရ်ှသဟ်များအားစေလွှတ်ပီးပြောခိုင်းမည်မှာ.."အသင်မကြောက်လေနှင့် ပူဆွေးသောကလဲ မဖြစ်လေနှငိ့၊ထိုဂျန္နသ်သုခဘုံ၏သတင်းကောင်းရယူပါ ၎င်းအရာအတွက် အသင့်အရှင်မှအသင့်ကို ကတိပေးတော်မူခဲ့တယ်။"


"ရှိုက်သွာန်က မမောမပန်းဂုနဟ်လုပ်မိအောင် ကြံစည်လေလေ၊ လူသားကလည်း ရှိုက်သွာန်မောသွားအောင် သောင်ဗဟ် ဖတ်လေလေဆို"

မျှဝေသည် 

ကြာလာတာနှင့်အမျှ ရှိုက်သွာန်၏ရန် အရင်ကလောက်ကို့အပေါ် ရှိတော့မည်မဟုတ်ပေ။

خطبات فقير ج12ص142

✍‧◠‧۩་༺м∂ υsмαท༻་۩‧◠‧✍

                  🌹ဇင်မင်းထိုက် မျှဝေသည် 🌹

Tuesday, 4 August 2020

ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်အမိန်အရပိုင်သလား


(ဖွသ်ဝါ အမှတ်စဥ် ــــ ၁)
(၁၅/ဇုလ်ဟိဂျ်ဂျဟ် - လ/၁၄၄၁)
(၅/၈/၂၀၂၀ - ဗုဒ္ဓဟူးနေ့)

မေးခွန်း၏အဖြေ။ ။ بِسْمِ اللَّـهِ الرَّحْمَـٰنِ الرَّحِيمِ ٠
      الجواب حامدا ومصليا ومتوكلا :

ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်တရားတော်နှင့်ဆန့်ကျင်ပြီး 
အောက်ဖေါ်ပြပါ အကြောင်းတရား များကြောင့် မပိုင်ပါ။

(၁)ကဗရ်အပေါ်တွင် ပန်းတင်ခြင်း ကြောင့် 
(မိုင်ယသ်)သေသူ အတွက် မည်သည့် အကျိုးမှ 
မသက်ရောက်နိုင်သလို ဤလုပ်ရပ် အတွက် ငွေကုန်ခံ၍ ပန်းဝယ်ခြင်းမှာ ဖြုန်းတီးမှုသက်သက်သာဖြစ်သောကြောင့်ဤသို့ အလဟသ ဖြုန်းတီးခြင်း  
ရှရီအသ်အရ မပိုင် ။

(၂)၎င်းလုပ်ရပ်များသည် အစ္စလာမ်မဟုတ်သည့် အခြားသူများ၏ ထုံးတမ်း အစဥ်အလာ ဖြစ်၍  
၎င်းတို့အား စံပြုအတုယူကာ လုပ်ဆောင်ခြင်း 
ရှရီအသ် အရ မပိုင်။ 

(၃)ပန်းတင်/ကျဲ ခြင်း တို့သည် ရှိရ်က်(အလ္လာဟ်အရှင်မြတ်နှင့် တုဖက်နိုင်းယှဉ် ခြင်း)နှင့် ဗိဒ်အသ် (တရားသစ် တီထွင်ခြင်း )ကဲ့သို့ ပြစ်မှုကြီးများ
ကျုးလွန်ရန် ဖန်တီးပေးသည့် နိဒါန်းအကြောင်းခံများဖြစ်သည်။ထို့ကြောင့် မပိုင်။

အကြံပြုချက်။
သေသူအတွက် အမှန်တစ်ကယ် ကုသိုလ်အကျိုး ပေးပို့လိုပါက သေဆုံးသူ ကုသိုလ်ရရှိရန် ရည်သန်၍ ပန်းဝယ်မည့် ငွေကြေးကို သူဆင်းရဲတို့အားလှုုဒါန်းလိုက်ပါ။

ကြည့်👇👇👇

وَلَا تُسْرِفُوٓا۟ ۚ إِنَّهُۥ لَا يُحِبُّ ٱلْمُسْرِفِينَ .
(سورةالاعراف/٣١)

لَّقَدْ كَانَ لَكُمْ فِى رَسُولِ ٱللَّهِ أُسْوَةٌ حَسَنَةٌ
 (سورةالاحزاب/٢١)

وأما المؤمنون وإن جاز أن يخدعوا إلا أنه يبعد أن يقصدوا خدع المنافقين لأنه غير مستحسن بل مذموم مستهجن وهي أشبه شيء بالنفاق وهم في غنى عنه ...........................《ومايشعرون》 ...............
هلاك أنفسهم وإيقاعها في الشقاء الأبدي بكفرهم ونفاقهم .....................اوالمراد لايشعرون بشئ .
(تفســـير الألوسي (روح المعـــاني في تفسير القرآن العظيم والسبع المثاني)/سورةالبقرة》٩/ج-١/ص-١٤٨/مكتبة-ادارةالطّبـــاعةالمنيــــرية)

١٣٦١- حدثنا يحيي قال : حدثنا أبو معاوية، عن الأعمش، عن مجاهي، عن طاؤس، عن ابن عباس رضي الله عنهما، عن النبي : أنه مر بقبرين يعذبان فقال :
إنهما ليعذبان، وما يعذبان في كبير ، أما أحدهما فكان لا يستتر من البول، وأما الآخرفكان يمشي بالنميمة. ثم أخذ جريدة رطبة فشقها بنصفين، ثم غرزفي كل قبر واحدة ،
فقالوا: يا رسول الله لم صنعت هذا؟ فقال : لعله ان يخفف عنهماما لم ييبسا ....................................
والجريد هو المغصن التي جردت عنها أوراقها. وفي 《الدر المختار》: إن إنبات الشجرةمستحب. وقال العيني رحمه الله تعالى: 【إن إلقاء الرياحين ليس بشيء】، ولم يمنع عن إنبات الشجرة. وفي 《العالمكيرية》 أن إلقاء الرياحين أيضا مفيد: قال: والاعتماد على ما ذكره العيني .
(فيض الباري علي صحيح البخاري »/كتاب الجنائز »
باب الجريدعلي القبر/ج-٣/ص-٧٢/رقم-١٣٦١/مكتبة-
دارالكتب العلمية)

قال الطرطوشي: لأن ذلك خاص ببركة يده صلي الله تعالي عليه وسلم.
(فتح الباري شرح صحيح البخاري »/كتاب الوضوء »/
باب من الكبائر أن لا يستتر من بوله/ج-١/ص-٤٢٣/
مكتبة-دارالكتب العلمية)

٤٣٤٧- وعنه ، قال : قال رسول الله - صلى الله عليه وسلم : " من تشبه بقوم فهو منهم " رواه أحمد ، وأبو داود . 
(مرقاة المفاتيح شرح مشكاة المصابيح »/كتاب اللباس/
ج-٧/ص-٢٧٨٢/رقم-٤٣٤٧/مكتبة-المكتبةالاسلامية)

စာရှုသူများနှင့်ကျွန်ုပ်တို့ကိုပါ 
သိရှိနားလည်ပြီး လေးစားလိုက်နာနိုင်စွမ်း
အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူပါစေ။

                  (والله تعالى أعلم وعلمه أتم)
                      ✍️ကုသိုလ်အကျိုး မျှော်ကိုးသူများ✍️

Sunday, 2 August 2020

ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ

ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ
=========================

အူရ်ဒူ ပို့စ် လေး ၁ ခု သဘောကျ လို့ ဆီလျော်စွာ ဘာသာပြန်ပြီး မျှ ဝေပေး လိုက်ပါတယ် ... ။ 

တစ်ခါက အမျိူ းသား ၁ ဦး သူ့ရဲ့ ဇနီးသည် ဖြစ်သူကို
နေ့စဉ် နေ့တိုင်း ကုရ်အာန် သင်ပေးလေ့ရှိတယ် ... ။

အဲ့လို သင်ပေးနေရင်းနဲ့ ၁ ရက်မှာတော့ အမျိူ းသားဖြစ်
သူက ပစ္စည်း ၁ ခု ရှာဖွေနေရင်း သေတ္တာလေး ၁ လုံး
တွေ့တော့ ဖွင့်ကြည့် မိလိုက်တယ် ... ။

အဲ့ဒီ သေတ္တာလေးထဲမှာ သူ့ ဇနီးရဲ့ နာမည်နဲ့ ဟာဖွေ
ဇွာဟ် အောင်လက်မှတ်ကို တွေ့လိုက်ရတယ် ။ အမျိူ း
သားက တအံ့တသြ ဖြစ်ပြီး ဇနီးသည်ကို အခုလို မေးလိုက်တယ် ... ။

ဟာဖွေဇွာဟ် ( ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ထား
သော သူမ ) ဖြစ်ကြောင်း ငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ ... ?

ဇနီး ဖြစ်သူက ဟုတ်ပါတယ် ၊ ကျမက ဟာဖွေဇွာဟ် 
၁ ယောက်ပါ ။ ရှင် မမေးလို့ ကျမလည်း မပြောပြ ဖြစ်
ခဲ့တာပါ ... ။

ဇနီးဖြစ်သူက ဆက်ပြီး ပြောပြတယ် ။ ကျမ မပြောဖြစ်
ခဲ့တဲ့ အဓိက အကြောင်းအရင်းက ကျမ စာရရင် ရှင်က
ကျမကို ကလေးငယ်လေး ၁ ယောက်လို ဂရုစိုက်တာ
လိုချင်လို့ပါ ... ။

ပြီးတော့ အဲ့လိုစာရတဲ့အခါ ရှင်က လက်ဆောင်လေးတွေ ဝယ်ပေးတာကို ကျမ အရမ်းနှစ်သက်မိလို့ပါ ... ။

ပြီးတော့ ရှင်က ကျမကို ကုရ်အာန် သင်ပေးလို့ ကျမ
တတ်မြောက် ရတာပါဆိုပြီး ရှင့်ကို ခံစား စေချင်တာ
လည်း ပါပါတယ် ... ။

ပြီးတော့ ကျမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒက ရှင်နဲ့ အတူတူ
ဒွန္နယာဟ် / အာခိရသ် ၂ ဌာန စလုံးမှာ ပျှော်ရွှင်စရာ
ကမ္ဘာလေး တည်ဆောက်ချင်လို့ပါပဲ ... ။ ပြီးပါပြီ ... ။

တကယ်တော့ အိမ်ထောင်ရေး ဆိုတာ နှလုံးသား နဲ့
တည်ဆောက်ရတာပါ ။ လူ ၁ ယောက်နဲ့ ၁ ယောက် လက်ဆွဲ နှုတ်ဆက်ရုံ နဲ့ အချစ်စစ် / အချစ်မှန် မရနိုင်
ပါဘူး ။ ဒါပေမယ့် နှလုံးသားချင်း ချိ တ်ဆက်လိုက်ပါ 
အချစ်စစ် / အချစ်မှန် ရလာပါလိမ့်မယ် ... ။ 

ယနေ့ အိမ်ထောင်ရေးတွေ ဖောက်ပြန်ကျ တယ် ၊ ပြို
ကွဲသွားကျ တယ်ဆိုတာ မေတ္တာ တရားတွေ ခေါင်းပါးလို့ ဖြစ်ကျ တာပါ ။ အိမ်ထောင်ရေးမှာ အပြန်အလှန် နားလည်မှု နဲ့ မေတ္တာ တရားတွေ ရှိကျမယ်ဆိုရင် ...

ဒွန္နယာဟ် လောကမှာလည်း အေးချမ်း သာယာတဲ့ သီရိဂေဟာ ၁ ခု ဖန်တီးနိုင်မှာ ဖြစ်သလို ၊ သက်တမ်းကုန်
ဆုံးလို့ အလ္လာဟ် အရှင် ရုတ်သိမ်းသွားလည်း အချစ်က
တော့ မပြောင်းလဲပဲ ကျန်ရှိနေဦးမှာပါ ... ။

✍ Myo Min Htet

Monday, 29 June 2020

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام)
🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊

တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ 'စူမေရီးယား' ရှိ ရုပ်တုကိုးကွယ်သော လူမျိုးစုတို့အား တမန်တော် နူးဟ် (عليه السلام) က မှန်ကန်သော ဒီန် သာသနာဘက်သို့ ဖိတ်ခေါ်မှုပြုခဲ့၏။ ကျမ်းတော်မြတ် ကုရ်အာန်၏ ဖော်ပြချက်အရ သိရသည်မှာ...

တမန်တော် နူးဟ် (عليه السلام) သည် နှစ်ပေါင်း (950) တိုင် သာသနာပို့ချမှုကိစ္စ ဆောင်ရွက်ခဲ့၏။ ထိုသို့ ကာလရှည် ကြိုးပမ်းခဲ့သော်လည်း လူအချို့သာလျှင် အီမာန်သက်ဝင် ယုံကြည်ခဲ့၏။ ထိုအခါ အလ္လာဟ် (سبحانه وتعالى) က ထိုတော်လှန် ပုန်ကန်သူများအား အပြစ်ဒဏ်ချမှတ်ရန် သတ်မှတ်တော်မူလေ၏။ ထို့ကြောင့် တမန်တော် နူးဟ် (عليه السلام) အား...

သင်္ဘောတစ်စီး တည်ဆောက်ကာ မိမိတို့နှင့်အတူ စုံတွဲတိရစ္ဆာန်တိုင်းကို ထိုသင်္ဘောပေါ်တွင် တစ်ပါးတည်း တင်ဆောင်ရန် အမိန့်ပေးတော်မူခဲ့၏။

အမှန်ကန်ဆုံးဟု ယူဆရသော အဆိုတစ်ရပ်အရ သိရသည်မှာ ထိုသင်္ဘောကို တမန်တော် နူးဟ် (عليه السلام) က အီရတ်နိုင်ငံရှိ ကူဖွာမြို့တွင် တည်ဆောက်ခဲ့ခြင်းဖြစ်၏။

ထိုသင်္ဘော တည်ဆောက်ပြီး နောက်ပိုင်းတွင် ကောင်းကင်ယံမှ အလွန်သည်းထန်စွာ မိုးများရွာသွန်းချ၏။ မြေပြင်ရှိ နေရာတိုင်းမှ ရေများစူထွက်လာ၏။ ကိုက်ရာပေါင်းများစွာအထိ ရေလှိုင်းများ မြင့်တက်လာ၏။ တမန်တော် နူးဟ် (عليه السلام) အား ငြင်းပယ်ခဲ့သူများအားလုံး သေကြေပျက်စီးသွား၏။ ရက်ပေါင်းများစွာ ကြာညောင်းသောအခါ တဖြည်းဖြည်း ရေဆင်းစပြုလာ၏။ အလ္လာဟ် (سبحانه وتعالى) ၏ အမိန့်တော်အရ တမန်တော် နူးဟ် (عليه السلام) ၏ သင်္ဘောသည် ဂျူဒီတောင်ပေါ်၌ ဆိုက်ကပ်ခဲ့၏။

ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် ဟူးဒ် (11) အာယသ် (44) တွင် အလ္လာဟ် မိန့်တော်မူထားသည်မှာ -

ထို့နောက် (အလ္လာဟ် سبحانه وتعالى ထံတော်မှ ဤသို့) အမိန့်တော် ထုတ်ပြန်တော်မူလိုက်လေသည်။ အို- ပထဝီမြေ၊ အသင်သည် မိမိရေများကို စုပ်ယူမျိုချလေလော့။ ၄င်းပြင် အို- မိုးကောင်းကင် အသင်သည် (မိုးရွာသွန်းခြင်းကို) ရပ်ဆိုင်းလေလော့။ ထိုရောအခါဝယ် ရေသည် လျော့ပါး၍ သွားခဲ့လေသည်။ ထို့ပြင် အရေးကိစ္စသည်လည်း ပြီးမြောက်သွားခဲ့ရလေသည်။ ၄င်းပြင် ထိုသင်္ဘောသည်လည်း 'ဂျူဒီ' တောင်ပေါ်၌ ရပ်နား၍ သွားခဲ့လေသည်။ ထိုမှတစ်ပါး (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူ ပြုမှုကုန်သော သူတို့သည် (ကရုဏာတော်မှ) ကင်းဝေးခဲ့ကြချေပြီးတကား... ဟု မိန့်ကြားတော်မူခြင်း ခံခဲ့ရလေသတည်း။ (ကုရ်အာန်11:44)

ဂျူဒီတောင်အမြင့်မှာ ပေပေါင်း (6800) ဖြစ်၏။ ယင်းဂျူဒီတောင်သည် တူရကီနိုင်ငံအရှေ့ပိုင်း အာမေးနီးယား နယ်စပ်အနီးရှိ 'အရာရသ်' ရေခဲတောင်မှ ကီလိုမီတာ (300) အကွာအဝေးတွင် တည်ရှိ၏။

📘 စာအုပ်အမည် ...
ကျမ်းမြတ်ကုရ်အာန်က သတိပေးနေသည့် သံဝေဂယူဖွယ်ဖြစ်ရပ်မှန်နှင့် သမိုင်းဝင်နေရာဒေသများ

✍ ဘာသာပြန်စာအုပ် ထုတ်ဝေသူ ...
မော်လဝီ ဂါဇီ ကရီးမ်ဘခ်ရှ် - ဦးစိုးလွင် (မဟ်မူဒီ)

🌴 Noor Mohammad 🌴
   🗓️ 27 / 06 /2019

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...