Skip to main content

Posts

ရန်ကုန်မြို့၏ ကျူလီယာဗလီဝတ်ကျောင်းတော်ကြီ

  ရန်ကုန်မြို့၏ ကျူလီယာဗလီဝတ်ကျောင်းတော်ကြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ သက်တမ်းအရှည်ကြာဆုံးဗလီကြီးတွေထဲက ဗလီဝတ်ကျောင်းတော်ကြီးဖြစ်ပါသည်။  ဗလီဝတ်ကျောင်းတော်ကြီးကို အေဒီ ၁၈ဝဝဝန်းကျင် ၊ ရန်ကုန်မြို့လယ်ကောင်တွင် သစ်သားဖြင့် ပထမဦးဆုံးအကြိမ်တည်ဆောက်ခဲ့သည်။ ယနေ့အချိန်မှာ "ကျူလီယာဂျာမေဗလီ" ဟု ခေါ်ဆိုသည်။  ကျူလီယာတွေဟာ တမီလ်လူမျိုး မွတ်စလင်မ်တွေ ဖြစ်ပြီး သူတို့ရဲ့ဇစ်မြစ်က ​အိန္ဒိယတောင်ပိုင်းက ဖြစ်သည်။ ဗြိတိသျှခေတ်မတိုင်မီကတည်းက ကျူလီယာကုန်သည်တွေက မြန်မာ့မြေမှာ စီးပွားရေးလုပ်ကိုင်ခဲ့ပါသည်။ (Source ကိုးကား - Frontier Myanmar) မြန်မာနိုင်ငံ ရန်ကုန်မြို့၏ အထင်ကရဗလီကြီး ကျူလီယာဗလီဝတ်ကျောင်းတော်ကြီး၏ ဝိုဇူပြုလုပ်ရသည့်နေရာကို ဖော်ပြပေးလိုက်ပါသည်။ والله اعلم بالصواب

´´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်

  ´ ´ဂျနာဇာဟ်`` ထမ်းစင် သယ်မ, ပေးခြင်း၏ အကျိုး ´´စဝါးဗ်`` ကုသိုလ်     ဟဇရသ် အဗူဟူရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တန်တော်မြတ် (ဆွ)က မိန့်တော်မူခဲ့သည်မှာ...    အကြင်မည်သူမဆို စဝါးဗ် ရရန်ဟူသော နိယသ်ဖြင့် သေဆုံးသူ မွတ်စ္စလင်မ်တစ်ဦးတစ်ယောက်၏ ခတ္တရာ ထမ်းစင်နှင့်အတူ လိုက်ပါပို့ဆောင်ပေး၍ ဂျနာဇဟ်နမာဇ် ဖတ်ပြီးသည့်တိုင်အောင်၊ ၎င်းပြင် သေဆုံးသူကို မြေမြှုပ် သင်္ဂြိုဟ်ပြီးစီးသည့်အထိ ပါဝင်ပြီး ပြန်လာပါက ထိုသူသည် ကိရာသ် နှစ်ခု၏ အကျိုး စဝါးဗ် ကုသိုလ်ကို ယူဆောင်၍ ပြန်လာခြင်းဖြစ်ပေသည်။ ကိရာသ် တစ်ခုသည် အုဟွဒ် တောင်မျှ အကျိုး စဝါးဗ် ကုသို့လ်နှင့် တန်းတူရှိသည်။     အကြင်သူ တစ်ဦးတစ်ယောင်သည် ဂျနာဇာဟ်နမာဇ် ဖတ်ပြီး ပြန်လာပါက (သေဆုံးသူအား ကျင်းထဲသို့ မထည့်မီ) ထိုသူပြန်လာခြင်းသည် ကိရာသ် တစ်ခုတည်း ယူဆောင်၍ ပြန်လာခြင်းဖြစ်သည်။                (မအာရိဖွလ် ဟဒီးစ်ကျမ်း၊ ဘိုခါရီကျမ်း၊ မွတ်စ္စလင်မ်ကျမ်း။)     ဟဇရသ် အဗူဟုရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ)က အမိန့်ရှိသည်မှာ...    ´´အသင်တို့သည် ဂျနာဇဟ် ထမ်းစင်ကို...

တူရကီ အစ္စတန်ဘူမြို့ က ကြောင်ဗလီ

  တူရကီ အစ္စတန်ဘူမြို့ က ကြောင်ဗလီ ကြောင်မေ တကောင်ဟာ ဗလီတံခါးဖွင့်တာနဲ့ ကြောင်ခလေးများကို ကိုက်ချီပြီး ဗလီထဲ ပြေးဝင်လာတယ် ကြောင်ခလေးတွေ အားလူံးကို ဗလီကို ထားလိုက်ပြီး နေနေတယ်။ ယခု ကြောင်မေကမွေးထားတဲ့ ကြောင်ခလေးဟာ ခုဆို ဗလီမှာ ၇ကောင်ရှိပြီး ဗလီရှေ့ဆောင်အီမာန် နဲ့ ဗလီကိုလာတဲ့သူတွေက ကြောင်ကိုတအားချစ်တော့ ကြောင်မိသားစုဟာ ဗလီထဲမှာ သူ့အိမ်ပမာ နေနေကြတာခုထိပါပဲ... အဲ့ဒီဗလီကို လူအများက ကြောင်ဗလီဟု တင်စားခေါ်ကြလေသည် နေရာတိုင်း ကြောင်တွေ ရှိနေလို့တဲ့ 😍😍 Min Naing Aung iKM

နာမားဇ်"မဖတ်သူများခံစားရမည့်ဒုက္ခ(၁၄)ခု

  အီမာ"ဂဖ်ဇာလီသခင်ကြီးသည်မိမိ၏ مكاشفة القلوب ကျမ်းစာအုပ် စာမျက်နှာ (၃၉၂) တွင်ဤသို့ ဖော်ပြထားပေသည်။ အကြင်သူတစ်ဦးတစ်ယောက်သည် " ဆွလာသ် " ၀တ်ပြုမှုကိုပေါ့ဆခြင်း ၊ ဆောက်တည်ခြင်း ၊ မပြုလုပ်ခဲ့ပါက ၎င်းသူကိုအလ္လာဟ်အရှင်မြတ်သည် ဒုက္ခ (၁၄) ခု၌ မွေ့လျော်ကြုံကြိုက်စေလေမည် ၎င်းတို့မှာ လောကီ၌ပင်ဒုက္ခ (၅) ခု၊ သေဆုံးသည့်အချိန်တွင်ဒုက္ခ (၃) ခု၊ ကဗရ်သချိုင်းတွင်ဒုက္ခ (၃) ခု ကဗရ်မှပြန်လည်ရှင်ပြန်ထသည့်အချိန်တွင် ဒုက္ခ (၃)ခု  ဒုက္ခစုစုပေါင်း (၁၄) ခုကို "ဆွလာသ် " ၀တ်ပြုမှုမရှိသူသည် ကြုံကြိုက်ရမည် ဖြစ်သည်။   ‎လောကီ၌ကြုံကြိုက်ရမည့် ဒုက္ခ(၅) ခုမှာ (၁) ၎င်းသူ၏မျက်နှာမှ သူတော်ကောင်းအမှတ်အသားကို ပယ်ဖျက်လိုက်မည်။ (၂)၎င်းသူ၏သက်တမ်းမှ " ဗရ်ကသ်" ကောင်းချီး မင်္ဂလာများကိုရုတ်သိမ်းလိုက်မည်။ (၃)၎င်းသူ၏ " အမလ် " ကျင့်ကြံမှုများတွင်လည်း " စဝါးဗ် " ကုသိုလ်ရရှိလိမ့်မည် မဟုတ်ပေ။ (၄)၎င်းသူ၏ " ဒိုအာ " တောင်းဆုများကို အလ္လာဟ်အရှင်မြတ်လက်ခံလိမ့်မည်မဟုတ်ပေ။ (၅) ၎င်းသူအတွက် သူတော်စင်သူတော်ကောင်းများ တောင်းခံပေးသည့် ဒိုအာ " ဆုမွန်ကိုလည်း အလ္လာဟ်အရှင်မ...

သောင်ဝ်ဗဟ်ကြောင့် ရမည့်ဆုလာဘ်(၄)ခု

 သောင်ဝ်ဗဟ်ကြောင့် ရမည့်ဆုလာဘ်(၄)ခု 💗💗💗💗💗💗💗💗💗💗 လူသားအဖို့ မိမိကျူးလွန်ခဲ့သော အပြစ်ဂုနဟ်တိုင်းအား သောင်ဗဟ် လုပ်ရန် အရေးကြီးသည်။ဒီတော့ သောင်ဗဟ် ဘယ်လို လုပ်ရမလဲ....? ၁။ကျူးလွန်မိခဲ့သော ဂုနဟ်အပေါ် အရှက်ရကာ နောက်နောင်ကျူ းလွန်မည်မဟုတ်ကြောင်း ရင်ဝယ်ပိုက်ခြင်း။ ၂။နှလုံးသားထဲမှ မနာလိုဝန်တိုမှုများနှင့် ကောက်ကျစ်ခြင်းများအား ထုတ်ပြစ်ခြင်း။ ၃။ဖာစိက်၊ဖာဂျစ်ရ်များဖြင့် အမြဲတမ်း သီးခြားစီနေလိုက်ခြင်း။ ၄။သေခြင်း၏ကြိုတင်ပြင်ဆင်မှုများ၌ နစ်မွန်းနေခြင်း။ အကယ်၍ လူသားသည်အထက်ပါကဲ့သို့ စစ်မှန်သည့် သောင်ဗဟ် လုပ်လိုက်မည်ဆိုပါက.... ၁။ التائب حبيب الله(الحديث) ဂုနဟ်များမှ သောင်ဗဟ်ပြုသူသည် allah အချစ်တော်ဖြစ်သည်။ ၂။ التائب من الذنب كمن لاذنب له ဂုနဟ်များမှ သောင်ဗဟ်ပြုသူအားAllah သူရဲ့အပြစ်တွေကို ဒီလိုဖယ်ချပေးတယ်..ပမာပြောရရင် သူတခါမှ ဂုနဟ်မလုပ်ဖူးတဲ့လူလို ဖြစ်သွားတယ်။ ၃။ ان عبادي ليس لك عليهم سلطان အို ရှိုက်သွာန်.."အကြင်သူတွေဟာ ငါ့ရဲ့အချစ်တော်ဗန်ဒဟ်အစစ်အမှန်ဆိုရင် အသင်သူတို့အပေါ် ဘာမှ ချယ်လှယ်စိုးမိုးလို့ ရမှာမဟုတ်။" (ဂုနဟ်ထပ်မံ မကျူးလွန်နိုင်တော့ဖူးလို့ ဆိုလိုသည်မဟုတ် ကျူးလွန်မိပါက ချက်ခြင်း...

ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်အမိန်အရပိုင်သလား

(ဖွသ်ဝါ အမှတ်စဥ် ــــ ၁) (၁၅/ဇုလ်ဟိဂျ်ဂျဟ် - လ/၁၄၄၁) (၅/၈/၂၀၂၀ - ဗုဒ္ဓဟူးနေ့) မေးခွန်း၏အဖြေ။ ။ بِسْمِ اللَّـهِ الرَّحْمَـٰنِ الرَّحِيمِ ٠       الجواب حامدا ومصليا ومتوكلا : ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်တရားတော်နှင့်ဆန့်ကျင်ပြီး  အောက်ဖေါ်ပြပါ အကြောင်းတရား များကြောင့် မပိုင်ပါ။ (၁)ကဗရ်အပေါ်တွင် ပန်းတင်ခြင်း ကြောင့်  (မိုင်ယသ်)သေသူ အတွက် မည်သည့် အကျိုးမှ  မသက်ရောက်နိုင်သလို ဤလုပ်ရပ် အတွက် ငွေကုန်ခံ၍ ပန်းဝယ်ခြင်းမှာ ဖြုန်းတီးမှုသက်သက်သာဖြစ်သောကြောင့်ဤသို့ အလဟသ ဖြုန်းတီးခြင်း   ရှရီအသ်အရ မပိုင် ။ (၂)၎င်းလုပ်ရပ်များသည် အစ္စလာမ်မဟုတ်သည့် အခြားသူများ၏ ထုံးတမ်း အစဥ်အလာ ဖြစ်၍   ၎င်းတို့အား စံပြုအတုယူကာ လုပ်ဆောင်ခြင်း  ရှရီအသ် အရ မပိုင်။  (၃)ပန်းတင်/ကျဲ ခြင်း တို့သည် ရှိရ်က်(အလ္လာဟ်အရှင်မြတ်နှင့် တုဖက်နိုင်းယှဉ် ခြင်း)နှင့် ဗိဒ်အသ် (တရားသစ် တီထွင်ခြင်း )ကဲ့သို့ ပြစ်မှုကြီးများ ကျုးလွန်ရန် ဖန်တီးပေးသည့် နိဒါန်းအကြောင်းခံများဖြစ်သည်။ထို့ကြောင့် မပိုင်။ အကြံပြုချက်။ သေသူအတွက် အမှန်တစ်ကယ် ကုသိုလ်အက...

ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ

ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ ========================= အူရ်ဒူ ပို့စ် လေး ၁ ခု သဘောကျ လို့ ဆီလျော်စွာ ဘာသာပြန်ပြီး မျှ ဝေပေး လိုက်ပါတယ် ... ။  တစ်ခါက အမျိူ းသား ၁ ဦး သူ့ရဲ့ ဇနီးသည် ဖြစ်သူကို နေ့စဉ် နေ့တိုင်း ကုရ်အာန် သင်ပေးလေ့ရှိတယ် ... ။ အဲ့လို သင်ပေးနေရင်းနဲ့ ၁ ရက်မှာတော့ အမျိူ းသားဖြစ် သူက ပစ္စည်း ၁ ခု ရှာဖွေနေရင်း သေတ္တာလေး ၁ လုံး တွေ့တော့ ဖွင့်ကြည့် မိလိုက်တယ် ... ။ အဲ့ဒီ သေတ္တာလေးထဲမှာ သူ့ ဇနီးရဲ့ နာမည်နဲ့ ဟာဖွေ ဇွာဟ် အောင်လက်မှတ်ကို တွေ့လိုက်ရတယ် ။ အမျိူ း သားက တအံ့တသြ ဖြစ်ပြီး ဇနီးသည်ကို အခုလို မေးလိုက်တယ် ... ။ ဟာဖွေဇွာဟ် ( ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ထား သော သူမ ) ဖြစ်ကြောင်း ငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ ... ? ဇနီး ဖြစ်သူက ဟုတ်ပါတယ် ၊ ကျမက ဟာဖွေဇွာဟ်  ၁ ယောက်ပါ ။ ရှင် မမေးလို့ ကျမလည်း မပြောပြ ဖြစ် ခဲ့တာပါ ... ။ ဇနီးဖြစ်သူက ဆက်ပြီး ပြောပြတယ် ။ ကျမ မပြောဖြစ် ခဲ့တဲ့ အဓိက အကြောင်းအရင်းက ကျမ စာရရင် ရှင်က ကျမကို ကလေးငယ်လေး ၁ ယောက်လို ဂရုစိုက်တာ လိုချင်လို့ပါ ... ။ ပြီးတော့ အဲ့လိုစာရတဲ့အခါ ရှင်က လက်ဆောင်လေးတွေ ဝယ်ပေးတာကို ကျမ အရမ်းနှစ်သက်မိလို့ပါ ... ။ ပြီးတော...