Friday, 12 June 2020
Thursday, 11 June 2020
ကြယ်တစ်ပွင့်ကြွေလွင့်လို့သွားခဲ့ပြန်ပါပြီ
ကြယ်တစ်ပွင့်ကြွေလွင့်လို့သွားခဲ့ပြန်ပါပြီ.... ပါကစ္စတန်နိုင်ငံ ရှိ ဂျာမေအဟ် အစ္စလာမီယဟ် ရရှီးဒ် သာသနာ့ တက္ကသိုလ်ကြီး ၌ နှစ်ပေါင်း
(၅၅)နှစ်တိုင်တိုင် ကျမ်းတော်မြတ်ကုရ်အာန် ၏
သဂ်ျဝီးဒ် နှင့် ကေရာအသ် ပညာရပ်များကို
သင်ကြားပို့ချပေးခဲ့ပါသော ဆရာသခင်
ကျေးဇူးရှင်ကြီး တစ်ပါးဖြစ်တဲ့
ဟဇရသ် အလ်ဟာဂ်ျ မောင်လာနာ ဟာဖိဇ် ကာရီ
နစီမွတ်ဒီးန် ဆွာဟိဗ် သက်တော် (၈၂)နှစ်သည်
ယနေ့ 11.6.2020(ကြာသပတေး) နေ့
မနက်ပိုင်းအချိန်တွင် အလ္လာဟ်အသျှင်မြတ် သခင်၏ အမိန့်တော် ခံယူသွားခဲ့ပါသည်....
ဆရာကြီးသည် ကျမ်းတော်မြတ်ကုရ်အာန် ၏
ခိသ်မသ်ကို နှစ်ပေါင်း (၅၅)နှစ်တိတိ
ပြုလုပ်ခဲ့သူဖြစ်ပါသည်..... Crd
إنا لله وإنا إليه راجعون
اللهم اغفر له وارحمه وعافه
واعف عنه وأكرم نزله و وسع مدخله
واغسله بالماء والثلج والبرد
وأعذه من فتنة القبر وعذاب النار
وأدخله الجنة في الفردوس الأعلى
برحمتك يا أرحم الراحمين(آمين)
اللهم وفّق أهله ليصبروا صبرا جميلا... آمين
Credit
ပုလ်ဆွိရာသွ် တံတား
ပုလ်ဆွိရာသွ် တံတား
ယင်းတံတားသည် ဂျဟန္နမ်ငရဲဘုံ၏ အပေါ်၌ တည်ရှိ၏ ဆံကေသာထက် ပါးလွှားပြီး ဓါးရှည်ထက်ပို၍ ထက်မြတ်သော လမ်းတံတားတစ်ခုဖြစ်၏ ယင်းအား ကိယာမသ်နေ့တွင်
ဂျဟန္နမ်ပေါ်၌ တည်စေတော်မူမည်။ ထိုတံတား၏ အရှည်မှာနှစ်ပေါင်း(၁၅၀၀၀)၏ ခရီးမွ် ဖြစ်၏
ထိုတံတားပေါ်တက်ရာတွင် နှစ်ပေါင်း(၅၀၀၀)အပေါ်တက်ပြီးနောက် ထိုတံတားပေါ် ဖြတ်သန်းရမည့်ခရီးနှစ်ပေါင်း(၅၀၀၀)နှင့် တံတားပေါ်မှ အဆင်းတွင် နှစ်ပေါင်း(၅၀၀၀)ကြာမြှင့်ပေးလိမ့်မည်။ ကိယာမသ်နေ့တွင် လူတို့အား ထိုတံတားပေါ်မှ ကျော်ဖြတ်ရန် အမိန့်ချမှတ်သောအခါ ဟရှရ်ကွင်းပြင်တစ်ခုလုံးသည်
မှောင်မိုက်သွားပေမည်။ အွမ္မသ်တိုင်းအား မိမိတို့၏ သက်ဆိုင်ရာ နဗီတမန်တော်များနှင့်အတူ
သွားရန် မိန့်ကြားတော်မူမည်။ အီမာန်ရှင်မုအ်မင်န်များအား မီးရှူးတိုင်နှစ်ခုစီ ချီးမြှင့်လိမ့်မည်။
မီးရှူးတိုင်တစ်ခုသည် အရှေ့ဘက်၌ရှိပြီး အျခားတစ္ခုမွာ လက်ယာဘက်၌ ရှိစေလိမ့်မည်။
ထိုမုအ်မင်န်များထက် အဆင့်နိမ့်သောသူများအား မီးရှူးတိုင်တစ်ခုစီ ချီးမြှင့်တော်မူမည်။
ယင်းထက်အဆင့်နိမ့်သောသူများအား ခြေထောက်၏ ခြေမအနီးတွင် မှေးမှိန်နေသော
အလင်ူရောင်အား ချီးမြှင့်လိမ့်မည်။ အချိုးသူများကိုမူ မှိက်လိုက် လင်းလိုက်ဖြစ်နေသော
အလင်းရောင်ကိုသာ ရရှိစေမည်။ (မုနာဖီးက်)အယောင်ဆောင် မွတ်စလင်မ်များကို
လုံး၀ အလင်းရောင်ကင်းမဲစေမည်။ လူတို့သည် ပုဆွိရာသ်တံတားပေါ် ရောက်သောအခါ မ်က္စီမ်ားအား ပိတ်လိုက်ကြရန် အမိန့်ပေးတော်မူမည်။ထိုအချိန် တမန်တော်မြတ်(ဆြ)ချစ်သမီးတော်
ဖွာသွိမာဟ်(ရသွေ့)သခင်မ ကျော်ဖြတ်သွားပေလိမ့်မည်။ထိုနောက်တစ်ဖန် အချို့သူများက
လျှပ်စီးကဲ့သို့လည်းကောင်း လျင်မြန်စွာကျော်ဖြတ်သွားကြလိမ့်မည်။ အချိုးသူများသည်
လေ၏တိုက်ခတ်မူကဲ့သို့လည်းကောင်းအချိုးသူများသည် မြင်းများပြေးသကဲ့သို့လည်းကောင်း
အချိုးသူများသည် ကုလားအုတ်များ၏သွားလာနှုန်းဖြင့်လည်းကောင်း အချိုးသူများသည်
သာမန် သွားလာမူနှုန်ဖြင့်လည်းကောင်း ကျော်ဖြတ်ာကပေလိမ့်မည်။ ထိုသို့ကျော်ဖြတ်သွားရာ၌
အခက်အခဲနှင့် ရင်ဆိုင်ရ သူမ်ားအား ဂျဟန္နမ်၏ မီးတောက်မီးလျှံများက ဆွဲငင်ရန်ကြိုးစားလိမ့်မည်။
သို့သော်လည်း ထိုသူများသည် အခက်အခဲများအား ရင်ဆိုင်ကျော်လွှားက ပန်းတိုက်သို့ ရောက်ရှိသွားကြလိမ့်မည်။ သို့သော်လည်း အချိုးသူများကို ဂျဟန္နမ်၏ မီးတောက်မီးလျှံ မ်ားက ဆွဲငင်၍ ဂျဟန္နမ်ထဲသို့ ထည့်ပစ်လိမ့်မည်။ ထို့သို့ ဆွဲငင်မူခံရမည့်သူများမှာ သားချင်းတို့၏
အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်၍ မတရားပြုခဲ့သူ။ ယုံမှတ်အပ်နှံထားသော အရားမ်ားအား
အလွဲသုံးစားပြုလုပ်ခဲ့သူမျာပင် ဖြစ်ချေမည်။ ထိုအချိန်တွင် နမာဇ်၊ရိုဇဟ်၊ဇကာသ်၊ဟဂ်ျ။ဒရူးဒ်နှင့်
၀ဇိဖဟ် စသည့် ကျင့်စဉ်ကောင်းမူများသည် လူတို့အား ကာကွယ်မူပြုလိမ့်မည်။(ခိုင်ရာသ်ဆွာဒ်ကဟ်)
အလှူဒါနသည် ထိုသူနှင့် မီး၏ အလယ်၌နေ၍ အကာကွယ်ပြုပေးလိမ့်မည်။
ကုရ်ဗါနီသည် အစီးနှင်းအဖြစ် အသုံး၀င်လိမ်မည်။ထို့ကြောင့်သာလျှင် ကုရ်ဗါနီပြုစေခြင်းဖြစ်၏
ထိုကရ်ဗါနီ သားကောင်သည် အာအင်တောင့်တင်းသည်နှင့် အမွ် လျင်မြန်စွာ တံတားပေါ်မှ
ဖြတ်သန်းနိုင်ပေလိမ့်မည်။
တမန်တော်မြတ်(ဆြ)မိန့်ကြားတော်မူခဲ့သည်မှာ ပုလ်ဆွိရာသွ် တံတားအား ဂျဟန္နမ်၏ အလယ်တွင်
တညိစေတော်မူလိမ့်မည်။
အနပ်စ်(ရသွေ့)သခင် ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆြ)မိန့်ကြားတော်မူခဲ့သည်မှာ ပုလ်ဆွိရာသွ် တံတားသည် ဓါးရှည်၏ အသွားကဲ့သို့ပင်ဖြစ်၏ ကောင်းကင်တမန်များသည် မုအ်မင်န် အမျိုးသားတို့
အမျိုးသမီးတို့အား ကယ်ကြလိမ့်မည်။ ထို့နောက် (ဂျိဗ်ရီးလ်)ကောင်းကင်တမန်သည် ငါကိုယ်တော်၏
ခါးအား ကိုင်ထားပေလိမ့်မည်။ ထိုအချိန်တွင် ငါကိုယ်တော်သည် (အလ္လဟွန်မ်မ စလ်လင်မ် အလ္လဟွန်မ်မ စလ်လင်မ်)ဟုပြောဆိုနေလိမ့်မည်။ (အဓိပ်ပါယ် အို...အလ္လာဟ်၊ကယ်တင်တော်မူပါ)
သို့တစေလည်းဂျဟန္နမ်ထဲသို့ ပြုတ်ကျမည့်သူ များပြားလိမ့်မည်။
အလ္လာဟ်အရှင် အွမ္မသ်တစ်ရပ်လုံးကို ပုလ်ဆွိရာသွ် တံတားမှ ကျော်ဖြတ်နိုင်တဲ့ သောင်ဝ်ဖီးက် ချီးမြှင့်တော်မူပါစေ.....................အာမီန်းးးးး
#Mohammad Ameen
Monday, 8 June 2020
မွတ်စ်လင်မ့် ဝတ္တရား ခြောက်ပါး
သာဝကကြီးအဗူဟူရိုင်ရဟ်(ရသြိ)ကဆင့်ပြန်ပြီး
တမန်တော်မြတ်(ဆြ)ကမိန့်ကြားတော်မူသည်မှာ
"မွတ်စ်လင်မ်တစ်ဦးနှင့်တစ်ဦးအပေါ်ခြောက်ခု
သောဝတ္တရားရှိလေသည်။သာဝကတော်များ
အဘယ်ဝတ္တရာများပါနည်းဟုမေးလျောက်ကြရာ
တမန်တော်မြတ်(ဆြ)က--
-တွေ့ဆုံသောအခါ စလာမ်ပေးရမည်
-ဖိတ်ကြားချက်ကို လက်ခံရမည်
-ဆုံးမလာပါက ဆုံးမမူကိုနာခံရမည်
-နာချေ၍အလ်ဟာမ်ဒူလိလ္လာဟ်ဆိုပါက
ယရ်ဟမူကလ်လာဟ်ပြန်ဆိုပေးရမည်
-နာမကျမ်းဖြစ်ပါက သွားရောက်မေးမြန်းရမည်
-ကွယ်လွန်သေဆုံးပါက လိုက်ပါပို့ဆောင်ပေးရမည်
ဟု မိန့်ကြားတော်မူခဲ့သည်။
ကြည့်-(မွတ်စ်လင်မ်ကျမ်းဟဒီးဆ်နံပါတ်၂၁၆၂)
မွတ်စ်လင်မ်တစ်ဦးက မခြားတစ်ဦးအပေါ်ထားရှိ
ရမည့် ဝတ္တရားများမှာ အမြောက်အများရှိပြီး
-အချို့ဝတ္တရားများသည် ဝါဂျိဗ်အဆင့်ရှိ၍မလုပ်ပါ
က အပြစ်ထိုက်ပေသည်။ဥပမာစလာမ်၏အဖြေကို
ပြန်ယူခြင်း(တစ်ဦးခြင်းရှိနေချိန်စလာမ်ပေးပါက
စလာမ်အဖြေယူရန်ဝါဂျိဗ်တာဝန်ဖြစ်ပြီး အများနှင့်
ထိုင်နေချိန်ဖြစ်ပါကဘဖရဇ်ကိဖွာယဟ်ဖြစ်သည်။
တစ်ယောက်ယောက်အဖြေပါကကျန်ရှိနေသူများ
အပေါ်တာဝန်ကျေသွားပေသည်။)
ထို့ပြင်မင်္ဂလာဆောင်ဝလီမာထမင်းကျွေးဖိတ်ကြား
ချက်ကိုလည်း(ယင်းဝလီမာသည်ရှရီအသ်နှင့်ဆန့်
ကျင်ခြင်းမရှိပါ ဖိတ်ကြားချက်ကိုလက်ခံရန်ဝါဂျိဗ်
တာဝန်ဖြစ်၏။ရှရီအသ်နှင့်ဆန့်ကျင်နေသောခရစ်
ယာန္မ်ားကဲ့သို့ ဝလီမာဖြစ်ပါက လိုက္နာရန္မလို။
-ထို့ပြင်မွတ်စ်လင်မ်တစ်ဦးကအခြားတစ်ဦးအပေါ်
ဖရဇ်ကိဖွာယဟ်အဆင့်ရှိတာဝန်များမှာမူကား
-နာမကျမ်းဖြစ်ပါကသွားရောက်မေးမြန်းခြင်း
-တရားစကားဆုံးမပါက ဆုံးမမူကိုလက်ခံခြင်း
-ဂျနာဇဟ်အသုဘလိုက်ပါပို့ဆောင်ခြင်း
တို့ဖြစ်ပေသည်။
#Mohammad Ameen
Sunday, 31 May 2020
အလ္လာဟ်အရှင်မြတ်ရဲ့ မွန်မြတ်တဲ့ ဗန္ဒဟ်တွေ၊ အလ္လာ့ဟ်အချစ်တော် ဝလီသူတော်စင်တွေရဲ့ အရည်အချင်းတွေက ဘာတွေလဲ?
💖💖💖💖💖💖💖💖💖💖💖💖
ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ
(သို့)
အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၁)
💟💟💟💟💟💟💟💟💟💟💟💟💟💟
နိဒါန်း
💗💗
အကယ်၍ အကောင်းဆုံး မုစ်လင်မ်ဆိုတာ
ဘယ်သူလဲလို့ ကျွန်တော်တို့ မေးမယ်ဆိုရင်
ကျိန်းသေပေါက် ကျမ်းမြတ်ကုရ်အာန်ကို
လက်ကိုင်ထားပြီး ကိုယ်တော်မြတ်ကြီး(စွ)ရဲ့
လမ်းစဉ်နဲ့ အညီ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့
အာယသ်တော်များအားလုံးပေါ်မှာ ကျင့်ကြံသူ လို့ပဲ
အဖြေ ထွက်ပါလိမ့်မယ်။
ပြောတာက လွယ်ပေမယ့် ကျမ်းမြတ်ကုရ်အာန်ရဲ့
ခြောက်ထောင်ကျော်တဲ့ အာယသ်တော်တွေပေါ်မှာ
လက်တွေ့အမလ် ဘယ်လိုလုပ်မလဲ?အမလ်လုပ်ဖို့
ခက်ခဲတယ်မြင်ရမယ်။
သို့သော် အလ္လာဟ်အရှင်မြတ်က ဒီသာသနာကို
လွယ်ကူအောင် ပြုပေးထားတော်မူတယ်။
ကျမ်းမြတ်ကုရ်အာန်ရဲ့ တချို့တချို့သော
နေရာတွေမှာကုရ်အာန်တစ်အုပ်လုံးပါ အကြောင်းတရားတွေရဲ့
အနှစ်ချုပ် အတိုချုပ် အာယသ်တော်တွေကို
မိန်ုမြွက်ထားတော်မူတယ်။
ဒီနေ့ ကျွန်တော် ကျမ်းမြတ်ကုရ်အာန် ၁၉ ပါရဟ်ရှိ
စူရသုလ်ဖွရ်ကားန်ရဲ့ နောက်ဆုံးအာယသ်တော်တွေကို
စတင် သဖ်စီးရ်ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီအာယသ်တော်တွေက အိဗားဒုရ်ရဟ်မားန်
(အနန္တဂရုဏာရှင်၏
ဗန္ဒဟ်များ) ဆိုတဲ့ စကားလုံးနဲ့ အစပြုပါတယ်။
ဆိုလိုတာက အနန္တဂရုဏာရှင်ရဲ့ ဗန္ဒဟ်တွေ၊
အလ္လာဟ်အရှင်မြတ်ရဲ့ မွန်မြတ်တဲ့ ဗန္ဒဟ်တွေ၊
အလ္လာ့ဟ်အချစ်တော် ဝလီသူတော်စင်တွေရဲ့
အရည်အချင်းတွေက ဘာတွေလဲ?
အလ္လာဟ်အရှင်မြတ်က စူရသုလ်ဖုရ်ကားန်ရဲ့
ဒီနောက်ဆုံးအာယသ်တော်တွေမှာ မိမိရဲ့ မွန်မြတ်သော
ဗန္ဒဟ်တွေရဲ့ အရည်အချင်းတွေကို ဖော်ပြထားတော်
မူပါတယ်။
အကယ်၍ ကျွန်တော်တို့တွေ ဒီအာယသ်တော်တွေကို
နားလည်သဘောပေါက်ပြီး မိမိတို့ရဲ့ ဇင်ဒဂီထဲမှာ
သွတ်သွင်းလိုက်မယ်ဆိုရင် ဒွန္နယာ၊ အာခိရသ်
နှစ်ဌာနလုံးမှာ ကျွန်တော်တို့ အဆင်ပြေချောမွေ့မယ်လို့
မျှော်လင့်ရပါတယ်။
အလ္လာဟ်အရှင်မြတ် လက်တွေ့ကျင့်ကြံနိုင်တဲ့
သောဝ်ဖီးက် ကျွန်တော်တို့အားလုံးကို ချီးမြှင့်
ပေးသနားတော်မူပါစေ။ အာမီးန်။
(မော်လာနာ မုဖ်သီ မဟ်မူးဒ်အရ်ှရဖ် အုစ်မာနီ(DB)
ဟောကြားတော်မူသည်)
Saeed Ahmad Khaan
Saturday, 30 May 2020
ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ
ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
အကြင်မည်သူမဆို မိမိပျက်ကွက်ခဲ့သောနမာဇ်များကို ပြန်လည်၍ ကဇွာပြုဖြည့်ဆည်းမည်ဆိုပါက နီယသ်ပြုရည်စူးရာ၌ ပျက်ကွက်ခဲ့သော ရက်၊ လ၊ နှစ် အပြင် မည်သည့်နမာဇ်ဖြစ်သည် ကိုပါထည့်သွင်း၍
နီယသ်ပြု ရည်စူးရန်အရေးကြီးပေသည်။
ထိုသို့နီယသ်ပြု ရည်စူးခြင်းမပြုဘဲ “ကဇွာပြုပါ၏"ဟုသာ နီယသ်ပြုလုပ်ရုံဖြင့် မလုံလောက်ပေ။
သို့ရာတွင် တစ်ဦးတစ်ယောက်သည် အကြိမ်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ သို့မဟုတ် သက်တမ်းတလျှောက် ပျက်ကွက်ခဲ့သော
နမာဇ်များ ကို ဖြည့်ဆည်းရန်အတွက် ရက်၊ လ၊ နှစ် အချိန်တို့ကို မှတ်မိရန်ခဲ ယဉ်းလှပေသည်။
ထို့အတူနီယသ်ပြုရည်စူးရန်မှာလည်း
လွယ်မည်မဟုတ်ပေ။
သို့ပါ၍ ကြိမ်ဖန်များစွာပျက်ကွက်ခဲ့သော
နမာဇ်များကို ဖြည့်ဆည်းရာတွင် အောက်ဖော်ပြပါနည်းလမ်းအတိုင်း နီယသ်ပြုရည်စူးမည်ဆိုပါက
အင်ရှာအလ္လာဟ် တာဝန်ကျေ အထမြောက်
သွားပေမည်။
________________
ကဇွာအိအွမ္မရီဝတ်ပြုနည်း
သက်တမ်းတလျောက်ပျက်ကွက်ခဲ့သော
နမာဇ်များဖြည့်ဆည်းနည်း
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
“ကျွန်တော်မျိုးပျက်ကွက်ခဲ့သော"
(*)ဖဂျရ်နမာဇ်များ အနက် ပထမဆုံးသော
(*)ဖဂျရ်နမာဇ်ကို ကဇွာပြုပါ၏” ဟု
နီယသ်ပြု ရည်စူးပါ။
ထိုသို့နီယသ်ပြု ရည်စူး၍ ကဇွာပြုဖြည့်ဆည်းလိုက် သောအခါ ၎င်းဝတ်ပြုလိုက်သော ဖဂျရ်ကဇွာနမာဇ်သည် ပျက်ကွက်ခဲ့သော ဖဂျရ်နမာဇ်များအနက်
ပထမဆုံးပျက်ကွက်ခဲ့သော ဖဂျရ်နမာဇ်အတွက်ဖြစ်ခါ တာဝန်ကျေသွားပေမည်။
(*) ပြထားသော နေရာတွင်အမည်ပြောင်း၍
နီယသ်ပြုပါ။
ထိုကဲ့သို့ပင် ကျန်ရှိသော ဖဂျရ်နမာဇ်များ၊ ဇုဟိုရ်၊
အစွာရ်၊ မဂ်ရဗ်၊ အေရှာနှင့်အေရှာရှိဝိသစ်ရ်
ဝါဂျစ်ဗ်နမာဇ်တို့ကို ကဇွာပြုရာတွင်လည်း
အထက်ပါအတိုင်း ရည်စူး ရမည်ဖြစ်ပေသည်။
ဥပမာ။ ။ တစ်ဦးတစ်ယောက်သည် ပျက်ကွက်ခဲ့သော ၁၀နှစ်စာ ဖဂျရ် (သို့မဟုတ် ဇုဟိုရ်၊ အဆွရ်၊ မဂ်ရဗ်၊ အေရှာနှင့်ဝိသစ်ရ်) နမာဇ်တို့ကို ကဇွာဖြည့်ဆည်းခြင်း ပြုမည် ဆိုပါစို့။
ထိုသူပျက်ကွက်ခဲ့သော ဖဂျရ်နမာဇ်(သို့မဟုတ်တခြား နမာဇ်တစ်ခုခု)၏ အရေအတွက်မှာ များပြားနေ၍ ရက်၊ လ၊ နှစ်တို့ကို ထည့်သွင်းနီယသ်ပြုရည်စူးရန်မှာ ခဲယဉ်းပေသည်။
ထိုသူ ပျက်ကွက်ခဲ့သောနမာဇ်၏ အရေအတွက်မှာ
(ဖဂျေရ် သို့မဟုတ် အခြားနမာဇ်တစ်ခုတည်းက)
၁ဝနှစ်x၁၂လ၃၀ရက် ၃၆၀၀ ကြိမ်ဖြစ်သည်။
အထက်ဖေါ်ပြပါနည်းအတိုင်း နီယသ်ပြုရည်စူး၍
ကဇွာ ပြုဖြည့်ဆည်းလိုက်ရာ ပထမဆုံးပျက်ကွက်ခဲ့သော နမာဇ်ကဇွာ ဖြည့်ဆည်းပြီးဖြစ်၍
(၃၅၉၉) ကြိမ်သာကျန်မည်။
တဖန်ပထမဆုံး (ဖဂျေရ် သို့မဟုတ်အခြားနမာဇ်) ဟု နီယသ်ပြု ရည်စူးပြီးဖြည့်ဆည်းလိုက်ရာ (၃၅၉၈)ကြိမ်သာကျန်ပေမည်။
အဘယ်ကြောင့်ဆိုသော် ပထမ မရှိတော့၍ ဒုတိယကပထမဖြစ် လာမည်။
တဖန်တတိယက ပထမဖြစ်လာမည်။
ဤသို့ကဗျာ ပြုဖြည့်ဆည်းခြင်းဖြင့် ပျက်ကွက်ခဲ့သော နမာဇ်များအားလုံးလွယ် ကူစွာဖြည့်ဆည်းပြီးဖြစ်ခါ တာဝန်ကျေသွားပေးမည်။
ကဇွာဖြည့်ဆည်းပြီးဖြစ်ခါ တာဝန်ကျေသွားပေမည်။
.......................................................................
ကဇွာနမာဇ်များဝတ်ပြုရန်အချိန်
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
ကဇွာ (ပျက်ကွက်ခဲ့သော)နမာဇ်များကို ပြန်လည်၍ ဖြည့်ဆည်းဝတ်ပြုရာတွင် နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေဝင်ချိန် များမှအပ ကျန်အချိန်များတွင်
ဝတ်ပြုခွင့်ရှိသည်။
အစဉ်လိုက် ဖြစ်စေ၊ အစဉ်လိုက်မဟုတ်သည်ဖြစ်စေ ဝတ်ပြုနိုင် သည်။
သို့ ရာတွင် မိမိသက်တမ်းအတွင်း (၅)ကြိမ်၊ သို့မဟုတ် (၂)ကြိမ် ထက်လျော့၍ပျက်ကွက်ခဲ့သော် ထိုသူ့အပေါ်တွင်မူ
အစဉ်လိုက် ဝတ်ပြုရန်အရေးကြီးပေသည်။
(ဤအဆိုသည် ကဇွာအိ အွမ္မရီ သမားများအတွက်မဟုတ်ပေ။)
ပျက်ကွက်ခဲ့သော နမာဇ်များကို ဖဂျေရ် နှင့်အစွာရ်
နမာဇ်များ ဝတ်ပြုပြီးနောက်လည်း ဖြည့်ဆည်း ဝတ်ပြုခွင့်ရှိသည်။
သို့သော် လူအများမှနမာဇ် ဝတ်ပြုနေကြောင်း မသိနိုင်စေရန် ကွယ်ဝှက်၍ ၀တ်ပြုရမည်။
အကြောင်းမှာ“နေ့စဉ်ဝတ်ပြုရန် တာဝန်ရှိသော နမာဇ်များကို အချိန်ကျရောက်သည်နှင့်တပြိုင်နက် ဝတ်ပြုရန် မျက်ကွက်ခြင်းက ဂိုနာဟ်တစ်ခုဖြစ်၍
ဂိုနာဟ်ကို ပေါ်လွင်အောင်ပြုခြင်းကလည်း
ဂိုနာဟ်ဖြစ်ပေသည်။”
(တခြားအပြစ် များတွင်လည်း ဤနည်းကဲ့သို့ပင်။ အပြစ်ကျူးလွန် ခြင်းက ဂိုနာဟ်တစ်ခု ပေါ်လွင်စေမည်ဆိုက ဂိုနာဟ်တစ်ခု ပေါင်းနှစ်ခုဖြစ်ပေမည်။)
ဖဂျရ် နှင့် အစွာရ်နမာဇ် များဝတ်ပြုပြီး နောက်
နဖွလ်နမာဇ်ဝတ်ပြုခြင်းသည် မက်ရူးဟ် ဖြစ်သည်။
ထို့ကြောင့် ၎င်းအချိန်များတွင် ကဇွာနမာဇ်များ
ဝတ်ပြုခြင်းဖြင့် လူတိုင်းက နမာဇ်များဝတ်ပြုနေခြင်းဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်သဖြင့် ဂိုနာဟ်ကိုပေါ်လွင် ထင်ရှားစေခြင်း ဖြစ်ပေမည်။
ထို့ကြောင့် လူအများမမြင်နိုင်စေရန် ကွယ်ဝှက်၍ ဝတ်ပြုရမည်။ ဇုဟိုရ်၊ မဂ်ရစ်ဗ်နှင့် အေရှာနမာဇ်များဝတ်ပြုပြီး နောက်က ဖတ်ခြင်းဖြင့် လူအများ
မသိရှိနိုင်ပေ။
...........................................................................
ပျက်ကွက်ခဲ့သော နမာဇ်များကို ဖြည့်ဆည်း
ဝတ်ပြုရာတွင်အလွယ်ဆုံးနည်းများ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
ပထမနည်း ။ ။ သက်တမ်းအတွင်း ဝတ်ပြုရန် ပျက်ကွက်သောနမာဇ်များကို တစ်ရက်လျှင်
အကြိမ်များစွာ ဝတ်ပြုဖြည့် ဆည်းခြင်းထက် အနည်းငယ်စီဝတ်ပြုခြင်းက ပို၍လွယ်ကူသည်။
တစ်ရက်လျှင် ဖရ်ဇ်နမာဇ် (၅) ကြိမ်ရှိရာ ကဇွာဝတ်ပြု မည်ဆိုပါက စုစုပေါင်းရကအသ် ၂၀ ရှိမည်။
အကြောင်းမှ စွန္နသ်များကို ကဇွာဝတ်ပြုရန်
ဖရ်ဇ်မဟုတ်ပေ။
ဖရ်ဇ်ပျက်ကွက်ခဲ့သော် ပြန်လည်ဖြည့်ဆည်းရန်
ဖရ်ဇ်ဖြစ်ပြီး ဝါဂျစ်ဗ်ပျက်ကွက်ခဲ့
သော်ပြန်လည်ဖြည့်ဆည်းရန် ဝါဂျစ်ဗ်ဖြစ်သည်။
စွန္နသ်ပျက်ကွက် ခဲ့သော်ပြန်လည် ဖြည့်ဆည်းရန်မှာ
စွန္နသ်သာဖြစ်ပေသည်။
ထို့ကြောင့် ဖဂျေရ်၌ ဖရ်ဇ် (၂) ရကအသ်၊
ဇုဟိုရ်၌ (၄) ရကအသ် ၊ အစွာရ်၌ (၄) ရကအသ်၊
မဂ်ရစ်ဗ်၌ (၃) ရကအသ်၊ အေရှာ၌ဖရ်ဇ် (၄)
ရကအသ် နှင့် ဝါဂျစ်ဗ် (၃) ရကအသ်၊
စုစုပေါင်း ရကအသ် (၂၀) ဖြစ်သည်။
ပျက်ကွက်ခဲ့သော တစ်ရက်စာ ရကအသ် (၂၀) ကို ပြန်လည်ဖြည့်ဆည်းဝတ်ပြုမည်ဆိုပါက မိနစ် (၃၀) နာရီ၀က်သာ ကြာမည်။
မိနစ် ၃ဝ သည် တစ်ရက်တာ (၂၄နာရီ) ၏
(၄၈) ပုံ (၁) ပုံသာရှိသည်။
ထို့ကြောင့် မနက်ပိုင်း၌ဖြစ်စေ၊
အေရှာနမာဇ် ဝတ်ပြုပြီး နောက်ဖြစ်စေ၊
(၄၈) ပုံ (၁) ပုံခန့်သော အချိန်မိနစ် (၃၀) ခန့်ကို
ကဇွာနမာဇ်များဖြည့်ဆည်းဝတ်ပြုရန် အသုံးပြုလိုက်မည်ဆိုပါက ပျက်ကွက်ခဲ့သော နမာဇ်များအားလုံး လွယ်ကူစွာဖြင့် မကြာမီဖြည့်ဆည်းပြီး
ဖြစ်သွားပေမည်။
ဒုတိယနည်း ။ ။ နေ့စဉ်ဝတ်ပြုရန်တာဝန်ရှိသော
ဖရ်ဇ်နမာဇ် (၅) ကြိမ်ဝတ်ပြုခြင်း မပြုမီ၊ သို့မဟုတ် ဝတ်ပြုပြီးတိုင်း၊ ပျက်ကွက် ခဲ့သော နမာဇ်တစ်ကြိမ်စီကို (ဖဂျရ်နမာဇ်ဝတ်ပြုပြီး သို့မဟုတ် ၀တ်ပြုခြင်းမပြုမီပျက်ကွက်ခဲ့သော ဖဂျေရ် ဝတ်ပြုခြင်း၊
ဇုဟိုရ်၌ဇုဟိုရ် စသည်ဖြင့်) မက္ကရူးဟ်ချိန် သတိပြု ရှောင်ရှား၍ ဖြည့်ဆည်းဝတ် ပြုလိုက်မည်ဆိုပါက လွယ်ကူစွာဖြင့် မကြာမီဖြည့်ဆည်းပြီးဖြစ်
သွားပေမည်။
တတိယနည်း ။ ။ တစ်ရက်စာ ရကအသ် (၂၀) ကို
(၃) ပိုင်းပိုင်း ခြားလိုက်ပါ။
ဖဂျေရ် နှင့်ဇုဟိုရ် (၆) ရကအသ်ကို ဇုဟိုရ်နမာဇ် ဝတ်ပြုပြီးချိန်၌လည်းကောင်း၊ အစွာရ်နှင့်မဂ်ရစ်ဗ် (၇) ရကအသ်ကို မဂ်ရစ်ဗ်နမာဇ်ဝတ်ပြုပြီးချိန်၌လည်းကောင်း၊ အေရှာဖရ်ဇ် (၄) ရကအသ်နှင့်
ဝိသစ်ဝါဂျစ်ဗ် (၃) ရကအသ် ပေါင်း (၇) ရကအသ်ကို အေရှာနမာဇ်ဝတ်ပြုပြီးချိန်၌လည်းကောင်း၊ ဖြည့်ဆည်းဝတ်ပြု လိုက်ခြင်းဖြင့် မကြာမီ
ပျက်ကွက်ခဲ့သော နမာဇ်အားလုံး
ဖြည့်ဆည်းပြီးဖြစ်သွားပေမည်။
ဤတတိယနည်းသည် နမာဇ်ပြီး
နောက် ၁၀ မိနစ်ခန့်သာအချိန်ပေးရမည်။
(ဤနည်းသည် အလွန်လွယ်ကူလှ၍ ပျက်ကွက်သော နမာဇ်များဖြည့်ဆည်းခြင်းကို စတင်ပြုလုပ်ဝတ်ပြုရန် စဉ်းစားသင့်ပေသည်။)
ကျွန်ုပ်တို့သည် မိမိသက်တမ်းအတွင်း တာဝန်ရှိသော ကျင့်ဝတ်များကို မိမိကိုယ်တိုင်လိုက်နာကျင့်သုံးခြင်း၊ ပျက်ကွက် ခဲ့သမျှကို ဖြည့်ဆည်းထားခြင်းက အကောင်းဆုံးဖြစ်သည်။
အကြောင်းမှာ ကွယ်လွန်သေဆုံးခါနီး၌ ပျက်ကွက်ခဲ့သော နမာဇ်များ၊ တာဝန်ဝတ္တရားများနှင့်ပတ်သက်ပြီး ဝစီရသ်မှာကြား ခွင့် ရနိုင်၊ မရနိုင်ကို မည်သူမျှ
မသိရှိကြပေ။
သွားရင်း၊ လာရင်း မတော်တဆ (အက်စီဒန့်တ်) ဖြစ်ခါ သေဆုံးခဲ့မည်ဆိုလျှင် ၀စီရသ်ပြုခွင့်
အဘယ်မှာ ရနိုင်မည်နည်း။
ဤသို့ဆိုလျှင် အပြစ် ဒါဏ်ခတ်ခြင်းခံရမည်။ အကယ်၍ ဝစီရသ်ပြုနိုင်ခဲ့သော်လည်း ကျန်ရစ်သူအမွေစားများက မှာကြားသည့်အတိုင်း ဆောင်ရွက် ခြင်း မရှိပါက အားလုံးအပြစ်ဒါဏ်ခတ်ခံရမည်။
သို့ပါ၍ မိမိ ပျက်ကွက်ခဲ့သော နမာဇ်များကို မိမိကိုယ်တိုင်အချိန်ရှိခိုက် လုံ့လ စိုက်ထုတ်ခါ ဖြည့်ဆည်းထားခြင်းက စိတ်အချရဆုံးပင် ဖြစ်ပေသည်။
📖 စာအုပ်အမည် 📖
ဖစ်ဒ်ယဟ် နှင့် ကဇွာ
📝စီစဥ်ရေးသားသူ📝
ဟဇ်ရသ် မော်လာနာ မွဖ်သီ ဂျမီးလ်အဟ်မဒ် ထာနဝီ
📝ဖွင့်ဆိုဘာသာပြန်သူ📝
မော်လာနာ ဟာဖိဇ် မိုဟမ္မဒ် မာမ်ဆာ
📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်
Monday, 25 May 2020
"ဟလာလ် relationship"
"ဟလာလ် relationship"
==============
ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။
ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။
ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့ဟလာလ်ဆက်နွယ်မှုတွေဖြစ်လာကြဖို့ သဘောက နိကာဟ်တွေဖြစ်လာကြဖို့ သာသနာရဲ့ လမ်းညွှန်ချက်ကို အချက်(၄)ချက်နဲ့ တိုက်တွန်းချင်ပါတယ်။
၁။ နေကာဟ်လုပ်ခြင်းဟာ အိဗာဒသ်တစ်ခုဖြစ်တယ်ဆိုတာသိထားပါ။
အစ္စလာမ်သာသနာက ပျော်စရာဖြစ်စေ၊ ပူဆွေးစရာဖြစ်စေ ကိစ္စရပ်တိုင်းမှာ ကျွန်တော်တို့ကို ပြည့်ဝတဲ့လမ်းညွှန်ချက်တွေပေးထားပါတယ်။ နိကာဟ်လို့ခေါ်တဲ့ မိသားစုဘဝအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးလည်း ကုရ်အာန်နဲ့ဟဒီးစ်တော်တွေကနေ ဘယ်သာသနာကမှ မပြသထားတဲ့ အလွန်ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေပေးထားပါတယ်။ အစ္စလာမ်သာသနာမှာ နေကာဟ်ထိမ်းမြားခြင်းဆိုတာ လောကီရေးရာ ကိစ္စတစ်ခုထက်ကိုပိုပါတယ်။ နေကာဟ်ထိမ်းမြားခြင်းကို အိဗာဒသ်အဖြစ် စဝါဗ်ကုသိုလ်ရရှိစေမယ့်အကြောင်းခံတစ်ခုအဖြစ်ပြုလုပ်ပေးထားပါတယ်။
တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူပါတယ်။
မိမိရဲ့လိုအင်ဆန္ဒကို(မိမိရဲ့ဇနီးဖြင့်)ဖြည့်ကြပါ။ ဒါကပဲဆွဒကာအိဗာဒသ်ဖြစ်ပါတယ်။ သာဝက ဆွာဟာဗာတို့က အိုကိုယ်တော်သခင်! မိမိရဲ့စိတ်ဆန္ဒကိုပြည့်ဝအောင်ပြုလုပ်ပြီးကုသိုလ်ရတယ်ဆိုတာ ဒါဟာ ဘယ်လိုဆွဒကာအိဗာဒသ်လဲ?
တမန်တော်သခင် မိန့်ခြွေပါတယ်။ လူသားဟာပြုပိုင်ခွင့်မရှိတဲ့နေရာမှာ မိမိရဲ့စိတ်ဆန္ဒကိုပြည့်ဝအောင်ပြု လုပ်ခဲ့တယ်ဆိုရင် အပြစ်ထိုက်ပါမယ်။ ထိုနည်းအတိုင်းပဲ ဟလာလ်ဖြစ်တဲ့ပြုလုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ မိမိရဲ့စိတ်လိုအင်ဆန္ဒကိုဖြည့်ဆည်းခဲ့မယ်ဆိုရင် ဒါဟာ စဝါးဗ်ကိုရရှိစေပါတယ်။ (မိရ်ှကားသ်ကျမ်း-168)
ဒါကြောင့် နေကာဟ်လုပ်ခြင်းဖြင့် ဟရာမ်တွေမှရှောင်ရှားနိုင်မယ် စဝါဗ်ကုသိုလ်လည်းရရှိစေမယ် အိဗာဒသ်တစ်ခုကိုဆောက်တည်ရာလည်းကျမယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။
၂။ နေကာဟ်လုပ်ခြင်းဟာ နဗီတမန်တော်များရဲ့စွန္နသ်ဓလေ့တော်ဖြစ်တယ်။
တမန်တော်မြတ်သခင် အမိန့်ရှိတော်မူပါတယ်။ လေးခုသောအရာဟာ နဗီတမန်တော်များရဲ့ စွန္နသ်တော်ဖြစ်ပါတယ်။ ၁။ နေကာဟ်လုပ်ခြင်း ၂။အမွှေးရနံ့သုတ်လိမ်းခြင်း ၃။မိစ်ဝါးက်တံပူတိုက်ခြင်း ၄။အရှက်တရားပြည့်ဝခြင်း များဖြစ်တယ်။
ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အလ္လာဟ်အရှင်မြတ်သခင်ကအမိန့်ရှိထားပါတယ်။
[မုချငါအရှင်မြတ်က အသင့်အလျင် ရစူလ်တမန်တော်များကိုစေလွတ်ခဲ့ပါတယ်။ ၄င်းနောက်ငါအရှင်မြတ်က ထိုသူများအတွက် ဇနီးကြင်ယာများနဲ့ သားသမီးများကို စီမံပြုလုပ်ပေးတော်မူခဲ့ပါတယ်။ (စူရာဟ်ရအဒ် -၃၈)
ဒါကြောင့် နေကာဟ်လုပ်ပြီး ဟလာလ်ဖြစ်အောင်ကြိုးစားပါ။ နဗီများရဲ့စွန္နသ်တော်အပေါ်မှာ လိုက်နာခြင်းဖြင့် စဝါးဗ်ရယူပါ။
၃။ ငွေရေးကိစ္စအပေါ်အလွန်သောကမပိုက်ထားပါနဲ့။
နေကာဟ်လုပ်ပြီးတဲ့နောက်ပိုင်းမှာ အိမ်စရိတ် အမျိုးသမီးသုံးစွဲစရိတ် အစားအသောက်စရိတ် စသဖြင့်အရေးကြီးတဲ့ကိစ္စရပ်တွေကို စီစဉ်ပေးရမှာဖြစ်တယ်။ ခုတော့တစ်ယောက်ထဲပြဿ နာမရှိပေမယ့် နောက်ပိုင်းမှာ အဲ့ဒီလိုအစီစဉ်တွေလုပ်ပေးရမှာဆိုတော့ ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲလို့ စဉ်းစားတတ်ကြပါတယ်။
အလ္လာဟ်အရှင်မြတ်သခင် အမိန့်ရှိထားပါတယ်။
[အကယ်၍ ၄င်းတို့ဟာ ဆင်းရဲသူများဖြစ်တယ်ဆိုပါက အလ္လာဟ်အရှင်မြတ်က ၄င်းတို့အားမိမိကျေးဇူးတော်နဲ့ ကြွယ်ဝချမ်းသာစေမှာဖြစ်တယ်။] ကုရ်အာန်
(စူရာဟ်နူးရ်-၃၂)
ဟဇရသ်မုဖ်သီရှဖီးအ်ဆွာဟိဗ်က မိမိရဲ့ သဖ်စီရ်ကျမ်းထဲမှာ အဲ့ဒီအာယသ်တော်အား ဒီလိုအကျယ်ဖွင့်ဆိုပါတယ်။ ဆင်းရဲသူ ငွေကြေးအကျပ်အတည်းဖြစ်သူတို့အတွက် မြောက်များစွာသော သတင်းကောင်းတွေရှိပါတယ်။ ငွေရေးကြေးရေးအခက်အခဲ အကျပ်တည်းကိုစိုးရိမ်ပေမယ့် မိမိသာသနာတော်ကိုထိန်းသိမ်းဖို့နဲ့ မိမိရဲ့သန့်ပြန့်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ကောင်းမွန်လှသောရည်ရွယ်ချက်တွေနဲ့ ထိမ်းမြားလိုကြပါက အလ္လာဟ်အရှင်အမြတ်က ထိုသူ့အားချောင်လည်ကြွယ်ဝမှုကိုချီးမြှင့်တော်မူမှာဖြစ်ပါတယ်။
အကျပ်အတည်းကို စိုးရိမ်ပြီးနေကာဟ်မလုပ်ဘဲမနေကြပါနဲ့ ရိုဇီရိက္ခာရဲ့ပိုင်ရှင်ဟာ အလ္လာဟ်အရှင်မြတ်သခင်ဖြစ်ပါတယ်။
၄။ နေကာဟ်ကြောင့် သာသနာတစ်ဝက်ပြည့်ဝမယ် အာခိရသ်တမလွန်သာယာမယ်။
တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူပါတယ်။ တစ်စုံတစ်ယောက်က နေကာဟ်ထိမ်းမြားလိုက်တယ်ဆိုပါက ထိုသူဟာမိမိရဲ့ဒီးန်တစ်ဝက်ကို ပြည့်ဝအောင်ပြုလုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ (မိရ်ှကားသ်ကျမ်း-267)
နေကာဟ်က ဒွန္နယာလောကမှာ အချိန်တိုင်းဖြစ်ရှိနေမယ့်အမလ်အိဗာဒသ်တစ်ခုဖြစ်သလို နေကာဟ်က ဂျန္နသ်ထိကိုတူတူရောက်ရှိပြီး တည်မြဲနေစေလိမ့်မယ်။
ဒါကြောင့် "ဟလာလ်relationship" ဖြစ်အောင် "ဟရာမ် relationship" ကိုစွန့်လွှတ်ပြီး နေကာဟ်ပြုကြပါ။
ဟရာမ်ကိုရှောင်ပြီး ဟလာလ်ကိုဆောင်ပါ။
မုဖ်သီဗရှီရွလ္လာဟ်(မဟ်မူဒီ-ကာစီမီ၊လားရှိုး)
[မည်သူမဆို လွတ်လပ်စွာရှဲနိုင်ပါတယ်။
ဘာသာရေးဗဟုသုတများဖတ်ရှုလိုပါက ယခုpageကို Likeလုပ်ထားပါ။]
unicode
"ဟလာလ် relationship"
==============
ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။
ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။
ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့ဟလာလ်ဆက်နွယ်မှုတွေဖြစ်လာကြဖို့ သဘောက နိကာဟ်တွေဖြစ်လာကြဖို့ သာသနာရဲ့ လမ်းညွှန်ချက်ကို အချက်(၄)ချက်နဲ့ တိုက်တွန်းချင်ပါတယ်။
၁။ နေကာဟ်လုပ်ခြင်းဟာ အိဗာဒသ်တစ်ခုဖြစ်တယ်ဆိုတာသိထားပါ။
အစ္စလာမ်သာသနာက ပျော်စရာဖြစ်စေ၊ ပူဆွေးစရာဖြစ်စေ ကိစ္စရပ်တိုင်းမှာ ကျွန်တော်တို့ကို ပြည့်ဝတဲ့လမ်းညွှန်ချက်တွေပေးထားပါတယ်။ နိကာဟ်လို့ခေါ်တဲ့ မိသားစုဘဝအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးလည်း ကုရ်အာန်နဲ့ဟဒီးစ်တော်တွေကနေ ဘယ်သာသနာကမှ မပြသထားတဲ့ အလွန်ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေပေးထားပါတယ်။ အစ္စလာမ်သာသနာမှာ နေကာဟ်ထိမ်းမြားခြင်းဆိုတာ လောကီရေးရာ ကိစ္စတစ်ခုထက်ကိုပိုပါတယ်။ နေကာဟ်ထိမ်းမြားခြင်းကို အိဗာဒသ်အဖြစ် စဝါဗ်ကုသိုလ်ရရှိစေမယ့်အကြောင်းခံတစ်ခုအဖြစ်ပြုလုပ်ပေးထားပါတယ်။
တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူပါတယ်။
မိမိရဲ့လိုအင်ဆန္ဒကို(မိမိရဲ့ဇနီးဖြင့်)ဖြည့်ကြပါ။ ဒါကပဲဆွဒကာအိဗာဒသ်ဖြစ်ပါတယ်။ သာဝက ဆွာဟာဗာတို့က အိုကိုယ်တော်သခင်! မိမိရဲ့စိတ်ဆန္ဒကိုပြည့်ဝအောင်ပြုလုပ်ပြီးကုသိုလ်ရတယ်ဆိုတာ ဒါဟာ ဘယ်လိုဆွဒကာအိဗာဒသ်လဲ?
တမန်တော်သခင် မိန့်ခြွေပါတယ်။ လူသားဟာပြုပိုင်ခွင့်မရှိတဲ့နေရာမှာ မိမိရဲ့စိတ်ဆန္ဒကိုပြည့်ဝအောင်ပြု လုပ်ခဲ့တယ်ဆိုရင် အပြစ်ထိုက်ပါမယ်။ ထိုနည်းအတိုင်းပဲ ဟလာလ်ဖြစ်တဲ့ပြုလုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ မိမိရဲ့စိတ်လိုအင်ဆန္ဒကိုဖြည့်ဆည်းခဲ့မယ်ဆိုရင် ဒါဟာ စဝါးဗ်ကိုရရှိစေပါတယ်။ (မိရှ်ကားသ်ကျမ်း-168)
ဒါကြောင့် နေကာဟ်လုပ်ခြင်းဖြင့် ဟရာမ်တွေမှရှောင်ရှားနိုင်မယ် စဝါဗ်ကုသိုလ်လည်းရရှိစေမယ် အိဗာဒသ်တစ်ခုကိုဆောက်တည်ရာလည်းကျမယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။
၂။ နေကာဟ်လုပ်ခြင်းဟာ နဗီတမန်တော်များရဲ့စွန္နသ်ဓလေ့တော်ဖြစ်တယ်။
တမန်တော်မြတ်သခင် အမိန့်ရှိတော်မူပါတယ်။ လေးခုသောအရာဟာ နဗီတမန်တော်များရဲ့ စွန္နသ်တော်ဖြစ်ပါတယ်။ ၁။ နေကာဟ်လုပ်ခြင်း ၂။အမွှေးရနံ့သုတ်လိမ်းခြင်း ၃။မိစ်ဝါးက်တံပူတိုက်ခြင်း ၄။အရှက်တရားပြည့်ဝခြင်း များဖြစ်တယ်။
ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အလ္လာဟ်အရှင်မြတ်သခင်ကအမိန့်ရှိထားပါတယ်။
[မုချငါအရှင်မြတ်က အသင့်အလျင် ရစူလ်တမန်တော်များကိုစေလွတ်ခဲ့ပါတယ်။ ၎င်းနောက်ငါအရှင်မြတ်က ထိုသူများအတွက် ဇနီးကြင်ယာများနဲ့ သားသမီးများကို စီမံပြုလုပ်ပေးတော်မူခဲ့ပါတယ်။ (စူရာဟ်ရအဒ် -၃၈)
ဒါကြောင့် နေကာဟ်လုပ်ပြီး ဟလာလ်ဖြစ်အောင်ကြိုးစားပါ။ နဗီများရဲ့စွန္နသ်တော်အပေါ်မှာ လိုက်နာခြင်းဖြင့် စဝါးဗ်ရယူပါ။
၃။ ငွေရေးကိစ္စအပေါ်အလွန်သောကမပိုက်ထားပါနဲ့။
နေကာဟ်လုပ်ပြီးတဲ့နောက်ပိုင်းမှာ အိမ်စရိတ် အမျိုးသမီးသုံးစွဲစရိတ် အစားအသောက်စရိတ် စသဖြင့်အရေးကြီးတဲ့ကိစ္စရပ်တွေကို စီစဉ်ပေးရမှာဖြစ်တယ်။ ခုတော့တစ်ယောက်ထဲပြဿ နာမရှိပေမယ့် နောက်ပိုင်းမှာ အဲ့ဒီလိုအစီစဉ်တွေလုပ်ပေးရမှာဆိုတော့ ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲလို့ စဉ်းစားတတ်ကြပါတယ်။
အလ္လာဟ်အရှင်မြတ်သခင် အမိန့်ရှိထားပါတယ်။
[အကယ်၍ ၎င်းတို့ဟာ ဆင်းရဲသူများဖြစ်တယ်ဆိုပါက အလ္လာဟ်အရှင်မြတ်က ၎င်းတို့အားမိမိကျေးဇူးတော်နဲ့ ကြွယ်ဝချမ်းသာစေမှာဖြစ်တယ်။] ကုရ်အာန်
(စူရာဟ်နူးရ်-၃၂)
ဟဇရသ်မုဖ်သီရှဖီးအ်ဆွာဟိဗ်က မိမိရဲ့ သဖ်စီရ်ကျမ်းထဲမှာ အဲ့ဒီအာယသ်တော်အား ဒီလိုအကျယ်ဖွင့်ဆိုပါတယ်။ ဆင်းရဲသူ ငွေကြေးအကျပ်အတည်းဖြစ်သူတို့အတွက် မြောက်များစွာသော သတင်းကောင်းတွေရှိပါတယ်။ ငွေရေးကြေးရေးအခက်အခဲ အကျပ်တည်းကိုစိုးရိမ်ပေမယ့် မိမိသာသနာတော်ကိုထိန်းသိမ်းဖို့နဲ့ မိမိရဲ့သန့်ပြန့်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ကောင်းမွန်လှသောရည်ရွယ်ချက်တွေနဲ့ ထိမ်းမြားလိုကြပါက အလ္လာဟ်အရှင်အမြတ်က ထိုသူ့အားချောင်လည်ကြွယ်ဝမှုကိုချီးမြှင့်တော်မူမှာဖြစ်ပါတယ်။
အကျပ်အတည်းကို စိုးရိမ်ပြီးနေကာဟ်မလုပ်ဘဲမနေကြပါနဲ့ ရိုဇီရိက္ခာရဲ့ပိုင်ရှင်ဟာ အလ္လာဟ်အရှင်မြတ်သခင်ဖြစ်ပါတယ်။
၄။ နေကာဟ်ကြောင့် သာသနာတစ်ဝက်ပြည့်ဝမယ် အာခိရသ်တမလွန်သာယာမယ်။
တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူပါတယ်။ တစ်စုံတစ်ယောက်က နေကာဟ်ထိမ်းမြားလိုက်တယ်ဆိုပါက ထိုသူဟာမိမိရဲ့ဒီးန်တစ်ဝက်ကို ပြည့်ဝအောင်ပြုလုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ (မိရှ်ကားသ်ကျမ်း-267)
နေကာဟ်က ဒွန္နယာလောကမှာ အချိန်တိုင်းဖြစ်ရှိနေမယ့်အမလ်အိဗာဒသ်တစ်ခုဖြစ်သလို နေကာဟ်က ဂျန္နသ်ထိကိုတူတူရောက်ရှိပြီး တည်မြဲနေစေလိမ့်မယ်။
ဒါကြောင့် "ဟလာလ်relationship" ဖြစ်အောင် "ဟရာမ် relationship" ကိုစွန့်လွှတ်ပြီး နေကာဟ်ပြုကြပါ။
ဟရာမ်ကိုရှောင်ပြီး ဟလာလ်ကိုဆောင်ပါ။
မုဖ်သီဗရှီရွလ္လာဟ်(မဟ်မူဒီ-ကာစီမီ၊လားရှိုး)
[မည်သူမဆို လွတ်လပ်စွာရှဲနိုင်ပါတယ်။
ဘာသာရေးဗဟုသုတများဖတ်ရှုလိုပါက ယခုpageကို Likeလုပ်ထားပါ။]
Subscribe to:
Comments (Atom)
Featured Post
တမန်တော် နူးဟ် (عليه السلام)
တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...
-
ကပ်ရောဂါအဖြစ်များနေချိန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်း <•>•<•>•<•>•<•>•<•>•<•>•<•>•<•>•...
-
ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ ========================= အူရ်ဒူ ပို့စ် လေး ၁ ခု သဘောကျ လို့ ဆီလျော်စွာ ဘာသာပြန်ပြီး မျှ ဝေပေး လိ...
-
နှစ်ပေါင်းသက်တမ်း ၅၀၀ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာတွေ့ရှိတဲ့ ကုရ်အာန်ကျမ်း သက်တမ...
Search This Blog |