Sunday, 31 May 2020
အလ္လာဟ်အရှင်မြတ်ရဲ့ မွန်မြတ်တဲ့ ဗန္ဒဟ်တွေ၊ အလ္လာ့ဟ်အချစ်တော် ဝလီသူတော်စင်တွေရဲ့ အရည်အချင်းတွေက ဘာတွေလဲ?
Saturday, 30 May 2020
ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ
Monday, 25 May 2020
"ဟလာလ် relationship"
Tuesday, 19 May 2020
Allahကိုကြောက်ပီးကျတဲ့မျက်ရည် Allahဘာလို့နှစ်သက်တာလဲ..?
Friday, 8 May 2020
သူဆင်းရဲတဦးသည် အီးဒ်ပွဲတော်
တခါတွင် သူဆင်းရဲတဦးသည် အီးဒ်ပွဲတော်နေ့တွင်
ပျော်ပါးစားသောက်နေကြသူတို့အားမြင်တွေ့ရာ
လူချမ်းသာတို့သည် ကိုယ်စီကိုယ်စီ အသား၊ငါးတို့ဖြင့် မြိန်ယှက်စွာ စားသောက်နေကြသည်။
ထိုအချိန် သူဆင်းရဲဖြစ်သူသည် မိမိအိမ်သို့ပြန်လာခဲ့သည်။ အိမ်အတွင်းဝင်ရောက်သည်နှင့် ဇနီးဖြစ်သူက အသင့်ပြင်ဆင်ထားသည့် စားပွဲဝိုင်းတွင်ထိုင်ကာ စားသောက်ရန် ကြည့်ရှုရာ မုန့်အနည်းငယ်နှင့်ပြုတ်ထားသည့် ပဲနီလေး တခွက်ကိုသာတွေ့ရပြီး စိတ်ပျက်အားငယ်စွာ ပဲနီလေးတစေ့ကိုအခွံသင်လိုက်စားလိုက်လုပ်နေရင်း စိတ်ထဲတွင်အတွေးပေါ်နေသည်။" လူတွေ စားကောင်းသောက်ဖွယ်ရာတွေစားနေကြတယ်။ငါက ဒီပဲနီလေးတခွက်ကိုစားနေရပါ့လား" တွေးရင်း သက်ထားသည့် အခွံတို့ကို ပြတင်းပေါက်မှ အောက်သို့ပစ်ချနေသည်။
စားသောက်ပြီး အိမ်အောက်ကိုဆင်းလာသည့်အခါ သူ့ဘဝတွင် မည်သည့်အခါမှ မမေ့စေနိုင်သည့် မြင်ကွင်းကို တွေ့ရလေသည်။
လူတယောက် သူပစ်ချထားသည့် ပဲနီလေးအစေ့အခွံကိုသန့်ရှင်းပြုလုပ်ကာ ထိုင်ပြီးစားနေသည်ကိုမြင်လိုက်ရပြီ စိတ်နှလုံးသားတွင် ရှက်ရွံ့မှုကိုခံစားရင်း ရိုကျိုစွာဖြင့် အောက်ပါဒိုအာကိုတောင်းခံမိလေတော့သည်။
" အို... ဖန်ဆင်းမွေးမြူ တော်မူသော ကျွန်တော်မျိုး၏အရှင်သခင် ၊ အရှင်မြတ်၏ကြီးကျယ်သော ဆန္ဒတော်နှင့် အရှင်မြတ်၏ စိုးပိုင်သောအာဏာစက်နှင့်ထိုက်တန်တော်မူသည့်အတိုင်း ချီးကျုးမှုအလုံးစုံတိုသည် အရှင်မြတ်အတွက်သာဖြစ်ပါသည်။အရှင်မြတ်၏စီမံသတ်မှတ်မှုအပေါ်ကျွန်တော်မျိုးနာခံဦးညွှတ်ပါပြီ။ "
( စကားချပ် )
စာရှုသူ- သင့်အပေါ် အရှင်မြတ်ချီးမြှင့်ပေးထားသည့် နေအ်မသ် စည်းစိမ်တိုင်းကို သင်ကျေနပ်လိုက်ပါ။အရှင်မြတ်သည် ( အလ်အလီမ်) အရာရာအကြွင်းမဲ့သိရှိတော်မူသောအရှင်၊ ( အလ်ဟကီးမ် ) မြော်မြင်ဆင်ခြင်မှုတရားနှင့်ပြီးပြည့်စုံသောအရှင်ဖြစ်ပါတယ်။ သင်နှင့်ထိုက်တန်သော နေအ်မသ်ကို သင့်ထက်သင့်အားဖန်ဆင်းရှင်သည် ပိုမိုအနှိုင်းမဲ့သိပါတယ်။ သင့်အတွက် အရှင်မြတ်ပေးကမ်းချီးမြှင့်သော အရာရာကို ( အလ်ဟမ်ဒုလစ်လ္လာဟေ့ အလာကွလ်လေ့ဟာလ် ) အခြေအနေအရပ်ရပ်တိုင်းအပေါ်မှာ အလ္လာဟ်အရှင်မြတ်အား
ချီးကျုးနေပါလေ။
لَئِن شَكَرْتُمْ لَأَزِيدَنَّكُمْ ۖ وَلَئِن كَفَرْتُمْ إِنَّ عَذَابِي لَشَدِيدٌ (7)
အကယ်၍ အသင်တို့( ငါ့အရှင်၏နေအ်မသ်တော်ကို ) ကျေးဇူးသိတတ်ပါက ဆထက်တပိုးပိုမို၍ ငါအရှင်ချီးမြှင့်ပေးမူမည်။သို့တည်းမဟုတ် အသင်တို့ ( ငါအရှင်ချီးမြှင့်မှုအား) သွေဖီငြင်းဆန် ( ကျေးဇူးတရားမသိတတ်ပါက ) ဧကန်မလွဲ ငါအရှင် ့်မြတ်၏အပြစ်ဒဏ်ခပ်ခြင်းကား မုချဆိုးရွားပြင်းထန်လှပေသည်။
စာရှုသူမိတ်ဆွေ -
သင့်တွင်ကိုယ်ခန္ဓာပြီးပြည့်စုံခြင်း
ရုပ်အသွင် ပြေပြစ်စေခြင်း ၊ နေ့စဉ်အစားအစာ မပြတ်မလပ် စားနိုင်ခြင်း၊ ယုတ်စွအဆုံး ကျင်ကြီး၊ကျင်ငယ် စွန့်မှုသည်ပင် လွယ်ကူနေပါသည်။
လူတချို့ ကိုယ်ခန္ဓာမပြည့်စုံခြင်း ၊ ရက်ခြားသာ စားသောက်နိုင်ခြင်း ၊ ဆီး ၊ ဝမ်းကိုပင် ပိုက်ကြီးပိုက်ငယ်အသွယ်သွယ်ဖြင့် သွားနေရသည်ကိုသင်သတိပြုပါ။
စာရှုသူအားအစဉ်လေးစားလျှက် -
မင်းမဟာ ( ပညာရပ်ဝန်း )
Thursday, 16 April 2020
ခရစ်ယာန်တစ်ယောက်အနေဖြင့် အစ္စလာမ်ဘာသာ၀င်များသို့ တောင်းပန်ခြင်း
အစ္စလာမ် ဘာသာ၀င်မိတ်ဆွေများရှင့်
ယခု ဖေ့ဘုတ်တွင်ပျံ့နှံ့နေသော ခရစ်ယာန် တရားဟောဆရာတစ်ဦး၏ တရားဟောချက်များတွင်
အစ္စလာမ်ဘာသာတရား၏ သင်္ကေတ အမှတ်အသားတစ်ခုအပေါ်သို့ ဝေဖန်သုံးသပ်ရင်း လွှဲမှားသော သတင်းအချက်များဖြင့် ပြောကြားခြင်း၊ အစ္စလာမ်ဘာသာ၀င်များအပေါ်နားလည်မှုလွှဲမှားကာ အမုန်းတရားများ ဖြစ်ပေါ်စေရန် လွှဲမှားသော အယူဝါဒများ ဖြန့်ဝေနေခြင်းများနှင်ပတ်သက်၍ ခရစ်ယာန်ဘာသာ၀င်တစ်ဦးအနေဖြင့် အနူးအညွတ်တောင်းပန်အပ်ပါသည်။
အမှန်တကယ်အားဖြင့် ခရစ်ယာန်၏ သမ္မာကျမ်းစာသည် ချစ်ခြင်းမေတ္တာအပေါ်အခြေခံကာ သူတစ်ပါးကို ကိုယ်နဲ့အမျှချစ်ဖို့ ကိုယ်၌ပြုစေလိုသူမျှကိုသူတစ်ပါး၌ပြုဖို့ စသဖြင့် သူတစ်ပါးကို သည်းခံခြင်း၊ မိမိကိုယ်ကို နှိမ်ချခြင်းတို့ဖြင့် အပြုသဘောဆောင်သောသွန်သင်ချက်များစွာဖြင့်သွန်သင်ထားပါတယ်။
ဒါ့ကြောင့် အမုန်းတရားကို အားပေးပြီး လွဲမှားသော သတင်းအချက်အလက်များဖြင့် အစ္စလာမ်ဘာသာဝင်များအပေါ် ဝေဖန် ပြောကြားခဲ့သည့်အတွက် ခရစ်ယာန်တစ်ယောက်အနေဖြင့် တောင်းပန်အပ်ပါသည်။
အခု တောင်းပန်ခြင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးအနေဖြင့်သာ တောင်းပန်ခြင်းဖြစ်ပြီး ထိုတရားဟောဆရာကိုယ်စားတောင်းပန်ခြင်းမဟုတ်ပါ။ထိုသူ စိုက်ပျိုးတဲ့အတိုင်းသူ ရိတ်သိမ်းပါစေ။
ကျေးဇူးပြုပြီး comment တွင် တရားဟောဆရာရဲ့ နာမည်တပ်ပြီး ပြောဆို ဆဲဆိုခြင်းများမလုပ်ကြဖို့တောင်းပန်ပါတယ်။ ဒီ post သည် ချစ်ခြင်းမေတ္တာကို အခြေခံကာ ငြိမ်းချမ်းမှုကို ဖော်ဆောင်ရန် ရည်ရွယ်သည့်အတွက်ဒီ post အပေါ် အခြေခံပြီး မည်သည့် ဘာသာ မည်သည့်ပုဂ္ဂိုလ်ကိုမှ ထိခိုက်စေသော အရေးအသားမျိုး Comment မပေးကြဖို့ တောင်းပန်ပါတယ်။
ဒီ post လေးအားဖြင့် အမုန်းတရားတွေကို လက်ဆင့်မကမ်းတော့ဘဲ ချစ်ခြင်းမေတ္တာတွေပဲ ဖြန့်ဝေကြရအောင်နော်
သဇင်အေး
Tuesday, 14 April 2020
786 အကြောင်း
*****************
786 ဆိုတာ အစ်စလာမျသာသာနာ၏
တံဆိပ် မဟုတ်ပါ...
အမှတ်အသားလည်း မဟုတ်ပါ...
တခြားဘာသာဝင်များ ယူဆသည့်အတိုင်း(7+8+6=21)
21 ရာစုနှစ်မှာ အစ္စလာမ်တွေ အုပ်စိုးမည် ဆိုတာလည်း လုံး၀ မဟုတ်ပါ...
မှားယွင်းသော အယူအဆများသာ ဖြစ်တယ်...
786 ဆိုတာ ဗျည်းအက္ခရာများ၏ ကိန်းဂဏန်း သတ်မှတ်ချက်များအရ အက္ခရာများကို ပေါင်းချေ၍
ရသော ဂဏန်းဖြစ်တယ်...
ဗျည်းအက္ခရာနှင့် ကိန်းဂဏန်းများမှာ
ا1 ب2 ت400 ث500 ج3 ح8 خ600 د4 ذ700 ر200 ز7 س60 ش300 ص90
ض800 ط8 ظ900 ع70 غ1000 ف80
ق100 ك20 ل30 م40 ن50 و6 ه5 ي10
بسم الله الرحمن الرحيم
ب2 س60 م40 ا1 ل30 ل30 ه5 ا1 ل30 ر200 ح8 م40 ن50 ا1 ل30 ر200 ح8 ي10 م40
အထက်ပါ အတိုင်း ဗိစ်မိလ္လာဟ်မှာ ပါသော
အက္ခရာများ၏ ကိန်းဂဏန်းများကို ပေါင်းမည် ဆိုလျင် 786 ရပါတယ်။
بسم الله الرحمن الرحيم
မပြတ်မစဲ သနားကြင်နာတော်မူသော
အနန္တဂရုဏာတော်အရှင် ဖြစ်တော်မူသော
အလ္လာဟ်(سبحا)အရှင်၏ နာမတော်ဖြစ် အစပြုပါတယ်...
786 ဆိုတာ➳ ဗိစ်မိလ္လာဟ်
အလ္လာဟ်(سبحا)အရှင်၏ နာမတော်ဖြစ်
အစပြုခြင်း ဖြစ်ပါတယ်...
ဗိစ်မိလ္လာဟ်၏ ကိန်းဂဏန်းများကို ပေါင်းကြည့်ပါ~~~
အသိပညာများကို မျှဝေတင်ပြလိုက်ပါသည်
Crd -#
Featured Post
တမန်တော် နူးဟ် (عليه السلام)
တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...
-
သင်ခန်းစာ (၂) 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇 (၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော စာပိုဒ်တစ်ခု၏အဓိပ္ပါယ် “ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” س...
-
"ဟလာလ် relationship" ============== ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်...
-
သောင်ဝ်ဗာတံခါးပိတ်ချိန် *********************** ကျနော်တို့ဟာ အပြစ်နဲ့မကင်းတဲ့ လူသားတွေ ဖြစ်ကြတယ်။ ကျနော်တို့ ကျူးလွန်ထားတဲ့ ဂိုနာဟ်တွေဟာ ကျန...
Search This Blog |








