Wednesday, 26 February 2020
အတိုးပေးခြင်းယူခြင်းရဲ့ ဆိုကျိုးများ
အတိုးပေးခြင်းယူခြင်းရဲ့ ဆိုကျိုးများ
၁။ ။အတိုးယူခြင်းကို မစွန့်လွှတ်ဘူး ဆိုရင် အလ္လာအသျှင်မြတ်နဲ့ ကိုယ်တော်မြတ် ဖက်ကနေ စစ်ကြေငြာတယ်။
ကျမ်းမြတ်ကုရ်အာန်
စူရဟ်ဗကရဟ်
သူ့ရဲ့ အဖြစ်က မတွေးဝံ့စရာပဲ
၂။ ။အတိုးကိစ္စ ပြုလုပ်သူများကို အလ္လာအသျှင်မြတ်ဟာ ကာဖိရ်များအတွက် အသင့်ပြင်ထားတဲ့ ဂျဟန္နမ် ထဲကို ပစ်ထည့်တော်မူမယ်။
ကျမ်းမြတ်ကုရ်အာန်
စူရဟ်အာလေအိမ်ရားန်
၃။ ။အတိုးစားသူဟာ ကေယာမသ်နေ့မှာ အရူးတယောက်လို သတိလက်လွတ် ယောင်လည်လည် နဲ့ ရှင်ပြန်ထရလိမ့်မယ်။
ကျမ်းမြတ်ကုရ်အာန်
စူရဟ် ဗကရဟ်
၄။ ။အတိုးယူသူ၊အတိုးပေးသူ၊အတိုးကိစ္စရေးမှတ်ပေးသူ၊သက်သေခံသူ တွေအပေါ်
ကိုယ်တော်မြတ်(ဆွ)က လအ်နသ် ပြုခဲ့တယ်။
မွတ်စ်လင်မ်ကျမ်း
၅။ ။အတိုးပေးခြင်းယူခြင်းကို တွင်ကျယ်စွာ
လုပ်နေကြပြီဆိုရင် ဒီလူတွေဟာ မိမိတို့ နေရာဒေသမှာ အဇားဗ်အပြစ်ဒဏ် ကို လက်ယပ်ခေါ်နေတာ ဖြစ်တယ်။
ဟာကင်မ်ကျမ်း
၆။ ။အတိုးမှာ အမြင်တွင် ငွေကြေးဥစ္စာ တိုးပွားစေသလို ဖြစ်ပေမဲ့ နိဂုံး မှာ လျှော့နည်းဆုတ်ယုတ်ခြင်းကိုပဲ ဖြစ်စေတယ်။
ဟာကင်မ်ကျမ်း
၇။ ။အတိုးရဲ့ဂိုနဟ်မှာ အစိတ်အပိုင်း ၇၀ရှိတယ်။
အနိမ့်ဆုံးအဆင့်က မိမိအမေအရင်းနဲ့ ဇေနာ လုပ်သလို အပြစ်ကြီးတယ်။
အိဗ်နေမာဂျဟ်ကျမ်း
၈။ ။အတိုးစားသူတွေဟာ ဂျဟန္နမ် မှာ အိမ်တလုံးစာလောက်ရှိတဲ့ ဗိုက်ကြီးအကြီးကြီး နဲ့ ဖြစ်နေကြပြီး အထဲမှာ မြွေတွေအပြည့် ဖြစ်နေတာ အပြင်ကနေ မြင်နေရလိမ့်မယ်။
အဟ်မဒ်ကျမ်း
၉။ ။အတိုးငွေတကျပ်ကို အတိုးမှန်းသိလျှက်နဲ့ ယူခြင်းဟာ ၃၆ကြိမ် ဇေနာလုပ်တာထက် ပိုဆိုးတယ်။
အဟ်မဒ်ကျမ်း
အလ္လာအသျှင်မြတ် ကြှနျုပျတို့အားလုံးကို ရှောင်ကျဉ် နိုင်စွမ်းချီးမြှင့်တော်မူပါစေ
အာမီးန်
ဆရာ စည် သူ အောင်
ဇင်မင်းထိုက် မျှဝေသည်
Subscribe to:
Post Comments (Atom)
Featured Post
တမန်တော် နူးဟ် (عليه السلام)
တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...
-
ကပ်ရောဂါအဖြစ်များနေချိန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်း <•>•<•>•<•>•<•>•<•>•<•>•<•>•<•>•...
-
ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ ========================= အူရ်ဒူ ပို့စ် လေး ၁ ခု သဘောကျ လို့ ဆီလျော်စွာ ဘာသာပြန်ပြီး မျှ ဝေပေး လိ...
-
နှစ်ပေါင်းသက်တမ်း ၅၀၀ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာတွေ့ရှိတဲ့ ကုရ်အာန်ကျမ်း သက်တမ...
Search This Blog |

No comments:
Post a Comment