Saturday, 29 February 2020

အာဒမ် (အလိုင်းဟိစ္စလာမ်)၏ သားမြေးတို့ရဲ့ မားလ် (ဥစ္စာပစ္စည်း)


အာဒမ် (အလိုင်းဟိစ္စလာမ်)၏
→→→→→→→→→→→→
                  သားမြေးတို့ရဲ့ မားလ် (ဥစ္စာပစ္စည်း)
                  →→→→→→→→→→→→→
တမန်တော်မြတ်ကြီး (ဆွ)သည် ဥစ္စာပစ္စည်းနှင့်
စပ်လျင်းပြီး ဤ ကဲ့ သို့ ပမာပေး ခိုင်းနှိုင်း
မိန့်ခြွေတော်မူခဲ့သည်. . .
'' ဒွန်ယာ (လောက)ကြီးမှာ သစ္စာအမဲ့ဆုံးသော
မိတ်ဆွေမှာ ဥစ္စာပစ္စည်းပင်ဖြစ်လေသည်'' . . .

အကြောင်းမှာကား . . . အသင်တို့သက်တမ်းမှာ
အသက်ရှင်နေထိုင်နေသရွေ့ အသင်ရဲ့ ပိုက်ဆံ
တွေ စည်းစိမ်တို့သည် အသင်တို့ အဖို့ အသုံးဝင်
နေပါလိမ့်မယ်၊ သို့ပေမဲ့လဲ ဘယ်အချိန်မှာ
အသင်တို့ခန္ဓာနဲ့ အသင်တို့ ရူးဟ် (ဝိညာန်)
တသီးတခြားဖြစ်သွားမလဲ ထိုအချိန်ကစပြီး
အသင်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာပစ္စည်းတွေက
နောက်တယောက်ထံသို့ ရောက်သွားလိမ့်မည်
(ဆိုလိုတာက အသင့်ရဲ့ အမွေးစားအမွေခံ များထံ
ရောက်ရှိသွားလိမ့်မည်) အသင့်ပိုင်ဆိုင်မှုတွင်
ရှိနေလိမ့်မည် မဟုတ်ပေ။

 عن أبي هريرة ، أن رسول الله صلى الله عليه وسلم قال : " يقول العبد : مالي مالي. إنما له من ماله ثلاث : ما أكل فأفنى، أو لبس فأبلى، أو أعطى فاقتنى. وما سوى ذلك فهو ذاهب وتاركه للناس
ဟဇရသ် အဘူဟိုရိုင်ရာဟ်သခင် ဆင့်ပြန်ခဲ့သည့်
ဟဒီးစ်တော်တရပ်တွင် ကိုယ်တော်မြတ် (ဆွ)
ဤကဲ့သို့ အမိန့်ရှိတော်မူထားသည်. . . . .
အာဒမ် (အလိုင်းဟိစ္စလာမ်)၏ သားမြေးများက
ငါ့ရဲ့ မားလ် ငါ့ရဲ့ မားဘ်(ငါ့ ပစ္စည်း ငါ့ ဥစ္စာ) ဆိုပြီး
ပြောကျသည် . . .
အာဒမ်၏ သားမြေးတို့ !!!!! စင်စစ်မှာမူ
အသင်တို့ ပိုင်ဆိုင် သည့်အရာတွေထဲက သီးသန့် ဤအရာ(၃)ခုသာ အသင်တို့ ပိုင်ဆိုင်ခြင်းဖြစ်သည်၊
* အသင်တို့ စားသောက်လိုက်တဲ့ အရာတွေ . . .
* အသင်တို့ပြီး ဝတ်ဆင်းပြီး ဟောင်းနွမ်းစုတ်ပြဲ
    သွားသောအကျီ င်္တွေ . . .
* အသင်တို့ မိမိတို့အတွက် ကြိုတင်ပို့ဆောင်
    စုဆောင်းထားသော ကုသိုလ်စဝါးဗ်တွေ . . .
 ဒီ အရာ (၃)ခုမှ အပ ကျန်တဲ့ စည်းစိမ်
ဥစ္စာပစ္စည်းတွေအကုန်လုံးကို အခြားသူများ
အတွက် ချန်ထားခဲ့ရမည် ဖြစ်သည်၊ အသင့်တို့ ထံ၌ ကျန်ရှိမည် မဟုတ်ပေ။
                 
                                    Mohammad ismail
                                      #ချမ်းမြေ့အောင်

တစ်မိနစ် သင်ခန်းစာ (၂)

သင်ခန်းစာ (၂)
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

(၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော 
စာပိုဒ်တစ်ခု၏အဓိပ္ပါယ်

“ စွတ်ဗ်ဟာန ကလ္လာဟွမ်းမ” سبحانك اللهم
အို - အလ္လာဟ်အရှင်မြတ် ၊ ကျွန်တော်မျိုး/မသည် အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်မှုကို မြွက်ဆိုပါ၏။

(၂) စွန္နသ်တော်တစ်ခု

နမားဇ်အတွင်း မတ်တတ်ရပ်ရာတွင် 
ခြေချောင်းများကိုလည်း
ကစ်ဗ်လယ်ဘက်သို့ တည့်မတ်စွာထားခြင်း၊ (ခြေထောက်နှစ်ဘက်ကြား လက်လေးလုံးခန့်
ခွာထားခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။)

(၃) ကြီးလေးသောအပြစ်တစ်ခု

တစ်ဦးတစ်ယောက်ကို စောင်းမြောင်းကဲ့ရဲ့
ပြောဆိုခြင်းသည် ကြီးလေး သောအပြစ်ဖြစ်၏။

(၄) အပြစ်ကြောင့် လောကတွင်ဆုံးရှုံးရမှု

ကြီးလေးသောအပြစ်ကြောင့် လောက၌ ခံရသောဆုံးရှုံးမှုများ အနက်တစ်ခုမှာ ရိုဇီလျော့နည်းသွား၍ 
ရိုဇီထဲမှ ​ဗရ်ကသ်ဆုတ်ယုတ်သွားသည်။ 
(အမြင်အားဖြင့်) စားနပ်ရိက္ခာပေါများနေသော်လည်း
ယင်း၏အကျိုးအမြတ်ကို အနည်းငယ်သာ 
ရရှိပေမည်။
ဥပမာ - ရောဂါဖြစ်မည်။ စိတ်ရှုပ်ထွေးမည်။ အကြောင်းမဲ့ဖြုန်းတီးကုန်မည်။)

(၅) နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက် 
ရရှိမည်အကျိုး

အမျိုးမျိုးသော ​ဗရ်ကသ်များကို မိုးကောင်းကင်နှင့် မြေပြင်မှရရှိမည်။

📖 စာအုပ်အမည် 📖
တစ်မိနစ် သင်ခန်းစာ 

📝ပြုစုသူ📝
ဟဇ်ရသ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် ဆွာဟိဗ်

ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် အပ်ဒုစ် စလာမ် ( မဟ်မူဒီ)

📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်

လွတ်လပ်စွာ Share ပြုနိုင်ပါသည်။
Copy ယူပြီး ပြန်တင်သောအခါ 
မူရင်းစာအုပ်အမည် ၊ ပြုစုသူ အမည် နှင့် 
Page အမည်ကို ဖြုတ်၍ ပြန်တင်ခွင့် 
လုံးဝ ခွင့်မပြုပါ … 

အွမ်မသ်အတွက် စာပို့လုလင် Page

အင်ရှာအလ္လာဟ်ဆက်လက် တင်ပြပါမည်။

Friday, 28 February 2020

တစ်မိနစ် သင်ခန်းစာ (၁)

သင်ခန်းစာ (၁)
👇👇👇👇👇👇👇👇👇👇👇👇👇👇👇

(၁) နမားဇ်အတွင်း ရွတ်ဖတ်ရသော 
စာပိုဒ်တစ်ခု၏အဓိပ္ပါယ်

“အလ္လာဟု အက်ဗရ်” الله أكبر

အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံး
ဖြစ်တော်မူသည်။

(၂) စွန္နသ်တော်တစ်ခု

“ နမာဇ်ဝတ်ပြုရန် မတ်တတ်ရပ်ရာတွင် 
သတ်မှတ်ထားသော စွန္နသ်တော်များအနက် 
တစ်ခုမှာ ကစ်ဗ်လယ်ဘက်သို့ မျက်နှာမူပြီး
တည့်မတ်စွာရပ်ရမည်။ ခေါင်းငုံ့မထားရ။

(၃) ကြီးလေးသောအပြစ်တစ်ခု

ကြီးလေးသောအပြစ်များအနက် တစ်ခုမှာ 
တစ်ပါးသူကို အထင်သေးပြီး ရယ်ခြင်းဖြစ်သည်။

(၄) အပြစ်ကြောင့် လောကတွင်ဆုံးရှုံးရမှု

အပြစ်ကြောင့် လောကတွင် ဆုံးရှုံးရမည့် 
ဆုံးရှုံးမှုများအနက် တစ်ခုမှာ သာသနာ့ပညာကို လက်လွတ်ခံရခြင်း။

(၅) နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက် 
ရရှိမည့် အကျိုး

အလ္လာဟ်အမိန့်ကိုနာခံမှုကြောင့် ရရှိမည့်အကျိုးကျေးဇူးများ အနက်မှ တစ်ခုမှာ 
အစားအစာရိက္ခာများတွင် “​ဗရ်ကသ်” 
ချီးမြှင့်ခြင်းခံရမည်။

📖 စာအုပ်အမည် 📖
တစ်မိနစ် သင်ခန်းစာ 

📝ပြုစုသူ📝
ဟဇ်ရသ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် 
ဆွာဟိဗ်

ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် အပ်ဒုစ် စလာမ် 
( မဟ်မူဒီ)

📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်

လွတ်လပ်စွာ Share ပြုနိုင်ပါသည်။
Copy ယူပြီး ပြန်တင်သောအခါ 
မူရင်းစာအုပ်အမည် ၊ ပြုစုသူ အမည် နှင့် 
Page အမည်ကို ဖြုတ်၍ ပြန်တင်ခွင့် 
လုံးဝ ခွင့်မပြုပါ … 

အွမ်မသ်အတွက် စာပို့လုလင် Page

အင်ရှာအလ္လာဟ်ဆက်လက် တင်ပြပါမည်။

မအိပ်ခင်အချက်(၄)ချက်ကိုမှန်ကန်အောင်ပြု ပြင်ပြီးမှ အိပ်ပါ. .


မအိပ်ခင်အချက်(၄)ချက်ကိုမှန်ကန်အောင်ပြု ပြင်ပြီးမှ
အိပ်ပါ. .
___________________________
(၁)မတည့်တယ့်သူတွေနဲ့ကိုယ်
    နဲ့ကြားမှာရှိတယ့်ပြသနာကို
     ပြီးပြတ်အောင်အဆုံးမသတ်
     ရသေးပဲ(မကျေအေးရသေး
       ပဲ)မအိပ်ပါနဲ့

(၂)အရှင်မြတ်သတ်မှတ်ထား
    တယ့်တနေ့တာဖရက်ဇ်
     တာဝန်တွေကိုပြည်ဝအော
     င်မဆောင်ရွက်ရသေးသ
      ရွေ့မအိပ်စက်ပါနဲ့

(၃)အရင်ကကျူ းလွန်ခဲ့တယ့်
     အပြစ်ဂိုနာဟ်တွေကနေ
     သောင်ဗါဟ်မလုပ်ရသေး
     ပဲမအိပ်စက်ပါနဲ့အကြောင်း
     မှာထိုညတွင်သောင်ဗါဟ်
     မလုပ်လိုက်မိပဲအပြစ်ဂိုနာ
     ဟ်ကျူ းလွန်သူမအဖြစ်ကွ
     ယ်လွန်သေဆုံးသွားနိူင်
     သောကြောင့်ဖြစ်သည်

(၄)မှာသင့်မှာထိုက်သည့်အချက်
     များကိုဝဆွီယသ် မှာတမ်း
     စာရေးသားပြီးမမှာတမ်း
     ထားရသေးသရွေ့မအိပ်စပ်
     ပါနဲ့သိူ့မဟုတ်ပါကမှာတမ်း
     မှုမပြုလိုက်ရပဲကွယ်လွန်သွာ
     းနိုင်သည်

ဗရှီးရ်အဟ်မဒ်
                  🌴ဇင်မင်းထိုက် မျှဝေသည်🌴

ယနေ့ သောကြာဂျွမ်မာနမာဇ်ကို ရဲရဲဝံ့ဝံ့ ဝတ်ပြုနေကြတဲ့ အိန္ဒိယနိုင်ငံက

ယနေ့ သောကြာဂျွမ်မာနမာဇ်ကို






ရဲရဲဝံ့ဝံ့ ဝတ်ပြုနေကြတဲ့ အိန္ဒိယနိုင်ငံက

အီမာန်ရှင်များ #الله أكبر

ဟိန္ဒူအစွန်းရောက်များ ဗလီများကို
မီးရိူ့ဖျက်ဆီးပြီးနောက် လမ်းမများတွင်
နမာဇ်ကို ဝတ်ပြုနေရပါတယ် ။

ဘယ်ချိန် ဘယ်အကြောင်းဖြစ် ဘယ်အခြေနေဖြစ်
နမာဇ်ကို တန်ဖိုးထားဝတ်ပြုတာ
ဂုဏ်ယူလေးစားစရာပါ ။

May Allah bless and reward them
Armeen ❣❣❣

Min Naing Aung ikm

Thursday, 27 February 2020

ခေါင်းကိုက်ဝေဒနာအတွက် နဗီ့ကုထုံး


ခေါင်းကိုက်ဝေဒနာအတွက် နဗီ့ကုထုံး

မြတ်နဗီ (ဆွ)မိန့်တော်မူတယ်။
ရေချိုးပြီးနောက် ခြေထောက်ကို ရေအေးနဲ့
 ဆေးပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာ ဖြစ်ခြင်းမှ
ကာကွယ် မှု ရစေတယ်။

ကန်ဇွတ်လ်အွမ္မားလ်ကျမ်း;27296

ဆရာ စည် သူ အောင်
               ဇင်မင်းထိုက် မျှဝေသည်

Wednesday, 26 February 2020

2020 ခုနှစ် မလေး အင်တာနေရှင်နယ်ကုရ်အာန်ပြိုင်ပွဲအတွက်မလေးချန်ပီယံကာရီရွေးချယ်ပွဲမှာမျက်မမြင်ကာရီတစ်ဦးဖြစ်တဲ့

2020 ခုနှစ် 
မလေး အင်တာနေရှင်နယ်
ကုရ်အာန်ပြိုင်ပွဲအတွက်
မလေးချန်ပီယံကာရီရွေးချယ်ပွဲမှာ
မျက်မမြင်ကာရီတစ်ဦးဖြစ်တဲ့
Qari Muhammad Qayyim က
မလေး ချန်ပီယံကာရီအဖြစ်
ရွေးချယ်ခြင်းခံရတယ်

မျက်မမြင်တွေအတွက် တီထွင်ထားတဲ့
ကျမ်းမြတ်ကုရ်အာန်ကို
လက်နဲ့စမ်းစမ်းပြီးဖတ်ကာ
မလေးချန်ပီယံကာရီဖြစ်လာတဲ့
ဒီကာရီကတော့ တကယ်ကို
ကမ္ဘာမှာ ဂုဏ်ပြုထိုက်တဲ့
ကာရီတစ်ပါးပါပဲ...

ကျမ်းမြတ်ကုရ်အာန်ကို
မျက်လုံးနှစ်လုံးနဲ့ မြင်နေရတဲ့
ကျနော်တို့အတွက် အတုယူစရာ
ကာရီတစ်ပါးလဲဖြစ်ပါတယ်...

(ပြည့်စုံကျော်)

အတိုးပေးခြင်းယူခြင်းရဲ့ ဆိုကျိုးများ


အတိုးပေးခြင်းယူခြင်းရဲ့ ဆိုကျိုးများ

၁။ ။အတိုးယူခြင်းကို မစွန့်လွှတ်ဘူး ဆိုရင် အလ္လာအသျှင်မြတ်နဲ့ ကိုယ်တော်မြတ် ဖက်ကနေ စစ်ကြေငြာတယ်။

ကျမ်းမြတ်ကုရ်အာန်
စူရဟ်ဗကရဟ်

သူ့ရဲ့ အဖြစ်က မတွေးဝံ့စရာပဲ

၂။ ။အတိုးကိစ္စ ပြုလုပ်သူများကို အလ္လာအသျှင်မြတ်ဟာ ကာဖိရ်များအတွက် အသင့်ပြင်ထားတဲ့ ဂျဟန္နမ် ထဲကို ပစ်ထည့်တော်မူမယ်။

ကျမ်းမြတ်ကုရ်အာန်
စူရဟ်အာလေအိမ်ရားန်

၃။ ။အတိုးစားသူဟာ ကေယာမသ်နေ့မှာ အရူးတယောက်လို သတိလက်လွတ် ယောင်လည်လည် နဲ့ ရှင်ပြန်ထရလိမ့်မယ်။

ကျမ်းမြတ်ကုရ်အာန်
စူရဟ် ဗကရဟ်

၄။ ။အတိုးယူသူ၊အတိုးပေးသူ၊အတိုးကိစ္စရေးမှတ်ပေးသူ၊သက်သေခံသူ တွေအပေါ်
ကိုယ်တော်မြတ်(ဆွ)က လအ်နသ် ပြုခဲ့တယ်။

မွတ်စ်လင်မ်ကျမ်း

၅။ ။အတိုးပေးခြင်းယူခြင်းကို တွင်ကျယ်စွာ
လုပ်နေကြပြီဆိုရင် ဒီလူတွေဟာ မိမိတို့ နေရာဒေသမှာ အဇားဗ်အပြစ်ဒဏ် ကို လက်ယပ်ခေါ်နေတာ ဖြစ်တယ်။

ဟာကင်မ်ကျမ်း

၆။ ။အတိုးမှာ အမြင်တွင် ငွေကြေးဥစ္စာ တိုးပွားစေသလို ဖြစ်ပေမဲ့ နိဂုံး မှာ လျှော့နည်းဆုတ်ယုတ်ခြင်းကိုပဲ ဖြစ်စေတယ်။

ဟာကင်မ်ကျမ်း

၇။ ။အတိုးရဲ့ဂိုနဟ်မှာ အစိတ်အပိုင်း ၇၀ရှိတယ်။
အနိမ့်ဆုံးအဆင့်က မိမိအမေအရင်းနဲ့ ဇေနာ လုပ်သလို အပြစ်ကြီးတယ်။

အိဗ်နေမာဂျဟ်ကျမ်း

၈။ ။အတိုးစားသူတွေဟာ ဂျဟန္နမ် မှာ အိမ်တလုံးစာလောက်ရှိတဲ့ ဗိုက်ကြီးအကြီးကြီး နဲ့ ဖြစ်နေကြပြီး အထဲမှာ မြွေတွေအပြည့် ဖြစ်နေတာ အပြင်ကနေ မြင်နေရလိမ့်မယ်။

အဟ်မဒ်ကျမ်း

၉။ ။အတိုးငွေတကျပ်ကို အတိုးမှန်းသိလျှက်နဲ့ ယူခြင်းဟာ ၃၆ကြိမ် ဇေနာလုပ်တာထက် ပိုဆိုးတယ်။

အဟ်မဒ်ကျမ်း

အလ္လာအသျှင်မြတ် ကြှနျုပျတို့အားလုံးကို ရှောင်ကျဉ် နိုင်စွမ်းချီးမြှင့်တော်မူပါစေ

အာမီးန်

ဆရာ စည် သူ အောင်
             ဇင်မင်းထိုက် မျှဝေသည်

Tuesday, 25 February 2020

သမိုင်းအချိုးအကွေ့ တစ်ခုမှ ကော်ရိုနာဗိုင်ရတ်စ် ကာကွယ်နည်း

သမိုင်းအချိုးအကွေ့ တစ်ခုမှ
ကော်ရိုနာဗိုင်ရတ်စ် ကာကွယ်နည်း
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

ကမ္ဘာ့သမိုင်းပညာရှင်၊ သဖ်စီးရ်ပါမောက္ခကြီး
အေမာမ်အိဗ်နေ့ကဆီးရ် သခင်က
မိမိ၏ البداية والنهايةကျမ်း(အတွဲ-၁၁၊စာ-၁၄၀)တွင် သမိုင်းတစ်ရပ်ကို ကိုးကားပြီး အောက်ပါအတိုင်းရေးသားခဲ့ သည်။

''ဟစ်ဂျ်ရီ(၄၇၈)ခုနှစ်၌အီရတ်၊ ဆီးရီးယားနှင့်
အာရေဗျကျွန်းဆွယ် တစ်ခုလုံးတွင်ပလိပ်
ရောဂါဖျားနာရောဂါအများအပြားဖြစ်ပြီး ရုတ်တရက်သေဆုံးကွယ်လွန်မှုများဖြစ်ပွားခဲ့သည်။

ကုန်းနေသတ္တဝါအမြောက်အမြား၊ ခြေလေးချောင်းသတ္တဝါအများအပြားသည်လည်း သေဆုံးခဲ့ရသည်။

 လေနီကြမ်းများတိုက်ခတ်ပြီး သစ်ပင်များပင်
ပြိုလဲသွားခဲ့သည်။

နောက်ဆုံး လေပြင်းမုန်းတိုင်းများ တိုက်ခတ်လွန်းသဖြင့် လူတို့က ကေယာမသ်ဖြစ်သွားပြီဟုပင်
ယုံကြည်သွားခဲ့ကြသည်။

 ထိုအခါ သမ္မတကြီး မွတ်က်သဒီ
ဘေ့အမ်ရိလ္လာက ကြေညာစာတမ်းတစ်စောင်ဖြင့် အောက်ပါအချက်များကို ချက်ချင်းဆောင်ရွက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

 ''(ကုရ်အာန်ဟဒီးဆ်၊ နဗီကြီး၏ လမ်းစဉ်နှင့်အညီ) ရပ်ရွာတိုင်းတွင် ကောင်းရာညွှန်ကြား
မကောင်းမြစ်တားခြင်းများကို ပြန်လည်ပြုကြရန်၊ တီးမှုတ်ကခုန်သော တူရိယာများ၊ ကိရိယာများကို
အမြန်ဆုံး ဖျက်ဆီးပစ်ရန်၊ အရက်သေစာများကို
အမြန်ဆုံး သွန်ပစ်ရန် '' ။

 (အရှင်မြတ်၏ အလိုတော်ဖြင့်) အနိဋ္ဌာရုံအပေါင်းနှင့်ဘေးအန္တရာယ်များအားလုံး ချုပ်ငြိမ်း သွားခဲ့ရသည်။

ဘာသာပြန် - ရဲရင့်လုလင်

            💝ဇင်မင်းထိုက် မျှဝေသည်💝

ဆွလားသ် ဝတ်မပြုမီ အသင့်ရှိထားရမယ့် ဖရဇ်များ…

ဆွလားသ် ဝတ်မပြုမီ အသင့်ရှိထားရမယ့် ဖရဇ်များ…
၁။ကိုယ်သန့်ခြင်း
၂။အဝတ်သန့်ခြင်း
၃။နေရာသန့်ခြင်း
၄။အရှက်အစိတ်အပိုင်းများကို ဖုံးအုပ်ခြင်း
၅။အချိန်အတွင်း ဝတ်ပြုခြင်း
၆။ကစ်ဗ်လဟ် ဖတ်သို့ မျက်နှာမူခြင်း
၇။နီယသ်ပြုခြင်းတို့ဖြစ်ပါသည်။ဒီအချက်များကို `အဟ်ကားမ်´အပြင်(၇)ချက်လို့ခေါ်တယ်။
            ဆွလားသ် ဝတ်ပြုနေစဉ် ပြုလုပ်ရမည့် ဖရဇ်များ…   
၁။သက်ဗီးရ်အူလာ ဆိုခြင်း
၂။ကိယားမ် ရပ်ခြင်း
၃။ကိရာအသ် ဖတ်ခြင်း
၄။ရုကူအ်ဦးညွှတ်ခြင်း
၅။စဂ်ျဒဟ် နဖူးမြေချခြင်း
၆။နောက်ဆုံး ကအ်ဒဟ်ထိုင်ခြင်းနဲ့နမားဇ်ကို အဆုံးသတ်ခြင်းတို့ဖြစ်ပါတယ်။ဒီအချက်များကို `အရ်ကားန်´အတွင်း(၆)ချက်လို့ ခေါ်ပါတယ။

Monday, 24 February 2020

လက်ဖြင့် အစာစားခြင်းက တမန်တော်မြတ်(ﷺ)ကိုယ်တော်သခင်ရဲ့ စွန္နသ်အမလ်ဖြစ်ပါသည်။

လက်ဖြင့် အစာစားခြင်းက တမန်တော်မြတ်(ﷺ)ကိုယ်တော်သခင်ရဲ့ စွန္နသ်အမလ်ဖြစ်ပါသည်။

လက်ဖြင့် အစာစားခြင်း၏ အကျိုးကျေးဇူး

အစာစားတာက အာရုံငါးပါးနဲ့ စိတ်ကို အသုံးပြုရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဗိုက်ဖြည့်နေစဉ်အတွင်း အနံ့၊ အမြင်၊ အရသာ၊ အထိ၊ အကြားစတဲ့ အာရုံ ငါးပါးစလုံးကို အသုံးချသွားတာက အစာရဲ့ အရသာကို ပိုမိုရရှိစေပြီး အစာခြေမှုကိုလည်း ပိုမိုကောင်းမွန်နိုင်ပါတယ်။ အရင်တုန်းကတော့ ကျွန်မတို့လူမျိုးအများစုက

ထမင်းစားရင် လက်နဲ့ပဲ စားလေ့ရှိကြပေမယ့် နောက်ပိုင်းမှာ လက်နဲ့စားတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်တာက တစ်ကြောင်း၊ ရွံစရာကောင်းတယ်လို့ ထင်တာက တစ်ကြောင်းကြောင့် ဇွန်း၊ ခက်ရင်းကို အသုံးပြုပြီး ထမင်းစားလာကြပါတယ်။ အမှန်မှာတော့ လက်နဲ့ ထမင်းစားတာကြောင့် ကျန်းမာရေး

အတွက် အောက်ပါအကျိုးကျေးဇူးတွေ များစွာ ရှိပါတယ်။
------------------------------------------
အထိအတွေ့အာရုံအတွေ့အကြုံ ရရှိနိုင်
အာယုဗေဒနည်းလမ်းအရ လက်တစ်ချောင်းစီက ဓာတ်ကြီးငါးပါးတစ်ခုစီနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် လက်မက စကြဝဠာ၊ လက်ညှိုးက လေ၊ လက်ခလယ်က မီး၊ လက်သူကြွယ်က ရေ၊ လက်သန်းက မြေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ လက်နဲ့ ထမင်းစားလိုက်တဲ့အခါမှာ ဖြစ်စဉ်တစ်ခု

လုံးက ဓာတ်ကြီးငါးပါးကို လှုံ့ဆော်မှုပေးလိုက်တဲ့အတွက် သင်စားမယ့်အစား အစာပေါ်မှာ စွမ်းအင်ရဖို့ ကူညီနိုင်တာကြောင့် ဓာတ်ကြီးငါးပါး ညီညွတ်မျှတသွားပြီး ကျန်းမာရေးကောင်းမွန်စေနိုင်ပါတယ်။ အာရုံငါးပါးပေါ်မှာ လှုံ့ဆော်မှုပေးတာကြောင့် အစာရဲ့ အရသာ၊ အနံ့နဲ့ နူးညံ့မှုမှာ ပိုပြီး အာရုံစိုက်မိနိုင်ပါတယ်။
------------------------------------------
သဘာဝဆင်ဆာလို ပြုမူနိုင်

အစာကို ဇွန်းနဲ့ ခက်ရင်းနဲ့ စားတဲ့အခါမှာ အစာက ပါးစပ်ထဲကို တိုက်ရိုက် ရောက်သွားတဲ့အတွက် အစာရဲ့ အပူချိန် ဘယ်လောက်ရှိလဲဆိုတာ မှန်းဆလို့ မရနိုင်ပါဘူး။ ဒါကြောင့် ပူလွန်းတဲ့ အစားအစာကို စားမိရင် လျှာကျက်တာလိုမျိုး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သင့်လက်နဲ့ အစာစားတာကြောင့် လက်

ချောင်းမှာ ရှိတဲ့အာရုံကြောတွေက အစာရဲ့ အပူချိန်ကို အာရုံခံနိုင်တဲ့အတွက် သင့်လျှာအပူလောင်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် လက်ချောင်းမှ အာရုံကြောတွေက သင်ဘာစားမလဲဆိုတာကို ဦးနှောက်က အချက်ပြပေးနိုင်တဲ့အတွက် ဦးနှောက်က သင်စားမယ့်အစားအစာနဲ့ သင့်တော်တဲ့ အစာ

ခြေရည်တွေ၊ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးအောင် လှုံ့ဆော်နိုင်တဲ့အတွက် အစာရဲ့ အရသာပိုမိုခံစားနိုင်ပါတယ်။
------------------------------------------
အစာခြေမှုကောင်းမွန်နိုင်

သင့်လက်ဖဝါးနဲ့ လက်ချောင်းတွေကြားမှာ ကျန်းမာရေးအတွက် ကောင်းစေတဲ့ လူ့အကျိုးပြုဘက်တီးရီးယားနဲ့ ဆိုးကျိုးပေးတဲ့ ဘက်တီးရီးယား နှစ်မျိုးစလုံး ရှိနေတတ်ပါတယ်။ လူ့အကျိုးပြု ဘက်တီးရီးယားတွေက ပတ်ဝန်းကျင်က ပါလာတဲ့ ဆိုးရွားတဲ့ ပိုးမွှားရန်ကနေ ကာကွယ်ပေးပါတယ်။ ဇွန်းခက်ရင်းနဲ့ စား

လိုက်တဲ့အခါမှာတော့ လူ့အကျိုးပြုဘက်တီးရီးယားတွေရဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ပါဘူး။ လက်နဲ့ အစာစားတဲ့အခါမှာ လက်မှ လူ့အကျိုးပြုဘက်တီးရီးယားတွေက ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ရောက်ရှိသွားတဲ့အတွက် အစာခြေမှုကောင်းမွန်နိုင်ပြီး အူထဲမှာ ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေ

ပွားများမှုမရှိအောင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ဒါ့အပြင် အစာကို လက်နဲ့ထိလိုက်တဲ့အခါမှာ ဦးနှောက်က အစာခြေစနစ်နဲ့ အင်ဇိုင်းတွေက စားမယ့် အစားအစာနဲ့လိုက်ပြီး ထွက်ရှိလာတဲ့အတွက် အစာခြေမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
------------------------------------------
ဆီးချိုရောဂါဖြစ်နိုင်ခြေ လျှော့ချနိုင်

ဇွန်းနဲ့ခက်ရင်းနဲ့ ထမင်းစားတာက အလွန်လွယ်ကူတဲ့အတွက် အစာကို မြန်မြန်စားမိသွားတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်မှုမရှိတော့ဘဲ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေတွေ ပိုမြင့်မားနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က လေ့လာမှုအရ အစာကို မြန်မြန်စားသုံးတတ်သူတွေက

အစာကို အချိန်ပေးပြီး စားသုံးသူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ခြေ ၂ ဒသမ ၅ ဆ ပိုများတယ်လို့ သိရပါတယ်။ လက်နဲ့ ထမင်းစားတာက ထမင်းတစ်လုတ်စာအတွက် အစာပမာဏအနည်းငယ်သာဝင်တဲ့အတွက် အစာစားနှုန်း နှေးကွေးသွားတတ်ပါတယ်။ အစာစားနှုန်းနှေးတာက အစာခြေတာ ပိုမိုကောင်းမွန်ပြီး

အစာအိမ်က ဗိုက်ပြည့်အင့်နေကြောင်း ဦးနှောက်ကို ပေးပို့ချိန်ရရှိသွားတဲ့အတွက် အစာပမာဏ အနည်းငယ်သာ စားမိသွားတတ်ပါတယ်။
------------------------------------------
ကျန်းမာရေးနှင့် ပိုမိုညီညွတ်နိုင်

အစာကို လက်နဲ့ ကိုင်တွယ်တာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ သင်ထင်နေပေမယ့် အမှန်မှာတော့ ပြောင်းပြန်ပါ။ လက်နဲ့ ထမင်းစားတတ်သူက ထမင်း မစားခင်မှာ လက်ကို သေချာဆေးကြောလေ့ရှိပါတယ်။ ဒါ့အပြင် နေ့စဉ် လက်ကို အကြိမ်ကြိမ်အခါခါ ဆေးကြောတဲ့အကျင့်ကလည်း ရရှိထားပြီးသားဖြစ်ပါတယ်။ ဇွန်းနဲ့ ခက်ရင်းကို အသုံးပြုပေမယ့် သူတို့ကို အမြန်ဆေးကြောလိုက်တဲ့အခါမှာ သေသေချာချာ စင်ကြယ်မှုမရှိနိုင်တာကြောင့်ပါ။
------------------------------------------
အစာထဲ စိတ်နှစ်ပြီး စားနိုင်

ဇွန်းနဲ့ခက်ရင်းနဲ့ စားတာက အစာပေါ်မှာ အာရုံစူးစိုက်မှုသိပ်မရှိတဲ့အတွက် သင်ဘယ်လောက်စားမိလဲဆိုတာကို သတိမထားမိတတ်ကြပါဘူး။ ဒါ့အပြင် အစာစားနေစဉ်မှာလည်း တီဗီကြည့်တာ၊ ဖုန်းကြည့်တာ၊ သတင်းစာဖတ်နေတာလိုမျိုး အလုပ်တွေကို ပြုလုပ်နိုင်နေတဲ့အတွက် အစာပေါ်မှာ အာရုံမထားမိတော့ဘဲ

သင်စားတဲ့ပမာဏကို မချိန်ဆနိုင်တော့ပါဘူး။ လက်နဲ့အစာစားတာက အစာပေါ်မှာပဲ အာရုံထားတတ်ပြီး သင် ဘယ်လောက်ပမာဏစားမိလဲဆိုတာ သိရှိနိုင်ပါတယ်။ သင့်လက်တွေ အလုပ်ရှုပ်နေတဲ့အတွက် တီဗီကြည့်တာ၊ ဖုန်းကြည့်တာလိုမျိုး အလုပ်တွေကို မလုပ်နိုင်တော့တာကြောင့် အစာအနည်းငယ်ပဲ စားမိတဲ့

အတွက် အဝလွန်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
------------------------------------------
Tips !!!
► အစာမစားခင်နဲ့ အစာစားအပြီး သင့်လက်ကို သေချာဆေးကြောပါ။
► ဟင်းတုံးအကြီးတွေကို သင့်လက်နဲ့ အလွယ်တကူ ကိုင်တွယ်စားသောက်နိုင်တဲ့ အရွယ်ပမာဏဖြစ်အောင် လှီးဖြတ်ထားပါ။
► လက်နဲ့ ထမင်းစားတဲ့အခါမှာ ထမင်းပန်းကန်ပေါ်ကို ခါးကို မကုန်းထားမိပါစေနဲ့။ မတ်မတ်ထိုင်ပါ။ စားပွဲပေါ် လက်တံတောင် ထောက်မစားပါနဲ့။
► လက်နဲ့ထမင်းစားတဲ့အခါမှာ ထမင်းလုတ်သေးသေးသာ စားပါ။
#XYZ
အင်န်ရှာအလ္လာဟ် အကြင်မည်သူမဆို တမန်တော်မြတ်(ﷺ)ကိုယ်တော်ရဲ့ စွန္နသ်တော်တစ်ခုကို အကောင်အထည်ဖော်ရင် ရှဟီးဒ်ပေါင်းအပါး(၁၀၀)ရဲ့ စဝါးဗ်ကို မုချရရှိပိုင်ဆိုင်သွားပါလိမ့်မည်။
والله اعلم بالصواب
Si Thu Aung

သင်ခန်းစာ အမှတ် (၂) မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ) စည်သူအောင်

သင်ခန်းစာ အမှတ် (၂) မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ) စည်သူအောင်

သင်ခန်းစာ အမှတ် (၁) မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ) စည်သူအောင်

သင်ခန်းစာ အမှတ် (၁) မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ) စည်သူအောင်

ဗဟိုအဆင့်ကုရ်အာန်ပြိုင်ပွဲကြီး

ဗဟိုအဆင့်ကုရ်အာန်ပြိုင်ပွဲကြီးမှ

ရွှေတကျပ်သားရရှိသွားတဲ့ဟာဖိဇ်ဆပ်

Congratulations
Crd

Sunday, 23 February 2020

သိသင့်သိထိုက်တဲ့ မေးခွန်း(၇)ခုနဲ့ အဖြေ...??မသိသေးသူများအတွက် ဖတ်စေချင်ပါတယ်

သိသင့်သိထိုက်တဲ့ မေးခွန်း(၇)ခုနဲ့ အဖြေ...??
မသိသေးသူများအတွက် ဖတ်စေချင်ပါတယ်
💎💎💎💎💎💎💎💎💎💎

မေးခွန်း(1)
ဂျန္နသ်က ဘယ်မှာရှိလဲ?

အဖြေ။
ဂျန္နသ်က မိုးကောင်း၇ထပ်ရဲ့အပေါ်မှာရှိပါတယ်။
ဘာကြောင့်လဲဆိုရင် မိုးကောင်းကင်
၇ထပ်ဟာ ကေယာမသ်နေ့ကျရင်
ပျက်စီးသွားမှာပါ အဲ့အချိန်ဂျန္နသ်က 
ပျက်စီးသွားမှာမဟုတ်ပါဘူးအမြဲတမ်း ရှိနေမှာပါ ဂျန္နသ်ရဲ့အမိုးဟာ အလ္လာဟ်ရဲ့ အရ်ရ်ှပုလ္လင်တော်ဖြစ်ပါတယ်။

မေးခွန်း(2)
ဂျဟန္နမ်က ဘယ်မှာလဲ?

အဖြေ။
ဂျဟန္နမ်ဟာ မြေ၇ထပ်အောက် "စဂျီးန်"
ဆိုတဲ့နေရာမှာ ရှိပါတယ် တချို့လူတွေ
ပြောကြတယ် ဂျဟန္နမ်ဟာ ဂျန္နသ်ရဲ့
ဘေးမှာ ရှိတယ်ဆိုပြီး

မေးခွန်း(3)
စဒ်ရသွလ်မွန်သဟာဆိုတာ ဘာလဲ?

အဖြေ။ စဒ်ရသွန် အာရဗီစကားမှာ
ဇီးပင်ကို ခေါ်ပါတယ်။
မွန်သဟာဆိုတာ
ဂိတ်ဆုံးကို ခေါ်ပါတယ်။
ဒီဇီးပင်ရဲ့
အရှေ့ကို ဘယ်ဖန်ဆင်းခံများ သွားလို့
မရပါဘူး ဒီနေရာ မခ်လူးသ်တွေရဲ့ ဂိတ်
ဆုံးနေရာဖြစ်ပါတယ် ။
ဒီနေရာကိုကျော်
ပြီ ဂျိဗ်ရာအိးလ်တောင်သွားလို့ မရပါဘူး
စဒ်ရသွသ်မွန်သဟာဆိုတာ အလွန်ကြီးမားတဲ့ အပင်တပင်ပါ
သူရဲ့အမြစ်တွေဟာ မိုးကောင်းကင်
၆လွှာမှာရှိတယ် 

အပင်ထိပ်ဖြားကတော့
မိုးကောင်းကင် ၇လွှာထက် မြင့်ပါတယ်
ဒီအပင်ရဲ့အရွက်ဟာ ဆင်နာရွက်လောက် ရှိတယ် အသီးတွေက စဉ့်အိုးကြီးလောက်ရှိမယ်
အဲ့အပင်မှာရွှေရောင် လိပ်ပြာလေးတွေ
ပျံဝယ်နေမယ် ဒီအပင်က ဂျန္နသ်ရဲ့
အပြင်မှာ ရှိပါတယ် ဒီအပင်နားမှာဘဲ
ကိုယ်တော်မြတ်( ﷺ )က ဂျီဗ်ရာအီးလ်ရဲ့
ရုပ်အစစ်မှန်ကို ဒုတိယအကြိမ်မြောက်
တွေ့ခဲ့ပါတယ် ပထမအကြိမ်က မက္ကာဟ်မြို့ အဂ်ျယားဒ်ဆိုတဲ့နေရာမှာ
တွေ့ခဲ့တာပါ။

မေးခွန်း(4)
ဟူးရေအီးန်ဆိုတာ ဘယ်သူလဲ?

အဖြေ။
ဟူးရ်ဆိုတာ ဂျန္နသ်မှာ မို့အ်မင်တွေရဲ့
ကြင်ယာတော်တွေပါ သူတို့က လူလဲ
မဟုတ် ဂျင်န်လဲမဟုတ် ဖရိရ်ှသာလဲ မဟုတ်ပါဘူး ဂျန္နသီတွေအတွက် သီးသန့် ဖန်ဆင်ထားတဲ့ ဖန်ဆင်းခံတွေပါ သူရဲ့လှပမှု့ကို
ပြောရမယ်ဆိုရင် ဒွန်ယာမှာသူရဲ့ လက်သန်းထိပ်ဖြားလေးဘဲ ထုတ်ပြ
လိုက်ရင်တောင် တလောကလုံး လင်းဝင်းသွားမှာပါ ဟူးရ်ဆိုတာ
အာရဗီစကားမှာ ဒီလို မျက်လုံးပိုင်ရှင်ကို ခေါ်တာပါ
သူရဲမျက်စံဟာ နက်မှောင်နေပြီး
မျက်စံဘေးက ဖြူးဖွေးနေတဲ့ မျက်လုံးကို
ခေါ်တာပါ အိင်န်ရဲ့အဓိပ္ပာယ်က မျက်လုံး ကြီးကြီးဝိုင်းဝိုင်းပိုင်ရှင်ကို
ခေါ်တာပါ။

မေးခွန်း(5)
ကုရ်အာန်မှာ တင်ပြထားတဲ့ ဝီလ်ဒါနိ မိုခလ်လိဒူးန်ဆိုတာ ဘယ်သူလဲ?

အဖြေ။
သူတို့ဟာ ဂျန္နသီတွေရဲ့အခိုင်းအစေတွေပါ သူလဲဘဲ လူသား ဂျင်န် ဖရိရ်ှသာ
မဟုတ်ပါဘူး တချို.အဆိုတွေက ကာဖိရ်ခလေးဘဝနဲ့ သေဆုံးသွားတဲ့
ခလေးတွေလို့ ပြောဆိုကြပါတယ်
အနိမ့်ဆုံးဂျန္နသီတစ်ယောက်အတွက် တစ်သောင်းချီးမြင့်ပေးမှာပါ။

မေးခွန်း(6)
ကုရ်အာန်မှာ တင်ပြထားတဲ့ အအ်ရားဖ်
ဆိုတာ ဘာလဲ?

အဖြေ။
ဂျန္နသ်ရဲ့အလွန်ကျယ်ဝန်တဲ့ တံတိုင်းကို
 အအ်ရားဖ်လို့ ခေါ်ပါတယ်
အဲ့တံတိုင်းအပေါ်မှာ ထိုလူတွေ ရှိ
လိမ့်မယ် သူတို့ရဲ့ကောင်းမှု့နဲ့
မကောင်းမှု့ဟာ တန်းတူ ဖြစ်နေလိမ့်
မယ် အချိန်တော်တော်ကြာကြာထိ
အဲ့တံတိုင်းပေါ်မှာ နေရလိမ့်မယ်
သူတို့ကိုတနေ့ဂျန္နသ်ကို ပို့လိမ်လို့
မျော်လင့်ကြလိမ်မယ် ပြီးရင် အလ္လာဟ်
သူတို့ကို ဂျန္နသ်သို့ ပို့ပေးလိမ့်မယ်

မေးခွန်း(7)
ကေယာမသ်နေ့ရဲ့ကြာချိန် အတိုင်တာက ဘယ်လောက်ရှိမလဲ?

အဖြေ။
နှစ်ပေါင်း ၅၀ဆယ်ကြာမြင့်လိမ့်မယ်

ဟဇရသ်အိဗ်နေအဗ္ဗားစ်ရဲ့ ဆင့်ပြန်ချက်တစ်ခုမှာ လာရှိတယ်
ကေယာမသ်နေ့ရဲ့ မှတ်တိုင် ၅၀ရှိတယ်
မှတ်တိုင်တခုတိုင်းမှာ နှစ်ပေါင်း တစ်ထောင်ကြာလိမ့်မယ်
"يوم تبدل الأرض غيرالارض والسماوات"
*ဆိုတဲ့အာယသ်ကျလာတဲ့အချိန် ဟဇရသ်အာအေရှာဟ်က ကိုယ်တော်မြတ်( ﷺ )ကို မေးတယ် အိုတမန်တော်မိုးကောင်းကင်ရဲ့မြေပြင်ပြောင်းလဲလိုက်တဲ့အချိန်ကျွန်မတို့ဘယ်မှာရှိနေမလဲ?ကိုယ်တော်မြတ်( ﷺ ) က ပြောတယ်အဲ့အချိန်ငါတို့ပွလ်ဆွေရာသ်မှာ ရှိမယ်အဲ့တံတားကနေဖြတ်ကျော်နေတဲ့အချိန်မှာနေရာ၃နေရာဘဲရှိမယ်*
*(1)ဂျဟန္နမ် (2)ဂျန္နသ်(3)ပွလ်ဆွေရာသ်*

*ကိုယ်တော်မြတ်( ﷺ)က ဆက်မိန့်တယ်အရင်ဆုံး ငါကိုယ်တော်နဲ့ ငါအွမ္မသ်သားတွေ အဲ့တံတားက ဖြတ်ကျော်လိမ်မယ်*

*ပွလ်ဆွေရာသ်ရဲ့အကျယ်တဝင့်*

*ကေယာမသ်နေ့မှာယခုတည်မြဲနေတဲ့မိုးကောင်းကင်နဲ့ မြေကြီး ပြောင်းပြန်လှန်ခံရမယ် ပြီးတော့ ပွလ်ဆွေရာသ်ကနေဖြတ်ကျော်ရမယ်အဲ့တံတားမှာ နေရာနှစ်ခုဘဲ ရှိတယ် ဂျန္နသ်ရယ် ဂျဟန္နမ်ရယ်*

*ဂျန္နသ်ကို ရောက်ချင်ရင် မဖြစ်မနေ ဂျဟန္နမ်အပေါ်ကနေ ဖြတ်ကျော်ရမယ်*

*ဂျဟန္နမ်ရဲ့အပေါ်မှာတံတားတစ်ခုရှိတယ်တံတားနာမည်ကဆွေရာသ်လို့ခေါ်တယ် တံတားကနေ ကျြော်ဖတ်မှဂျန္နသ်ရဲ့တံခါးဝကို ရောက်ရှိမှာပါ အဲ့နေရာမှာ ကိုယ်တော်မြတ်ရှိနေမယ် ဂျန္နသီတွေကို ကြိုဆိုနေလိမ့်မယ်*

*ပွလ်ဆွေရာသ်မှာ ရှိနေမဲ့အရည်အချင်း*
*(1) ဆံပင်မွေးထက် ပါးလွှာမယ်*
*(2)ဓါးထက် ပိုထက်မယ်*
*(3)အရမ်းမှောင်မိုက်နေမယ် တံတားအောက်ဂျဟန္နမ်ရဲ့အနက်ကလဲ မှောင်မဲနေမယ်*
*(4)ဂိုနာဟ်လုပ်ထားတဲ့လူရဲ့ ဂိုနာဟ်ကသူ့ကျောပေါ် တတ်ခွစီးနေလိမ့်မယ်ဂိုနာဟ်က များမယ်ဆိုရင် ဂိုနာဟ်ရဲ့အလေးချိန်ကြောင့်တံတားပေါ်ကဖြတ်နှုန်းဟာနှေးကွေးနေမဟ်အလ္လာဟ်ကျွန်တော်တို့အားလုံးကိုဒီပုံစံကနေ ထိန်းသိမ်းတော်မူပါအာမိန်း* 

*ဘယ်သူရဲ့ဂိုနာဟ်က နည်းမလဲ အဲ့လောက် သူရဲ့သွားနှုန်းက မြန်ဆန်လိမ့်မယ်*
*(5)အဲ့တံတားအပေါ်မှာ သံချိတ်တွေရှိမယ် အောက်မှာ ဆူးညောင့်တွေရှိမယ်ခြေထောက်မှာဒဏ်ရာရအောင်လုပ်ပြီး ဒဏ်ခံရမယ်သူရဲ့မကောင်းမှု့ကြောင့်ဒဏ်ရာကဒဏ်ခံရမယ်*
*(6)မကောင်းမှုလုပ်တဲ့သူတွေရဲ့ မကောင်းမှု့ကြောင့်ခြေချော်ပြီး ဂျဟန္နမ်ရဲ့ချောက်ထဲကိုကျသွားလိမ့်မယ်ကျသွားလို့အော်တဲ့ဒဏ်ကြောင့်တံတားပေါ်မှာကြောက်လန့်မှု့တွေ ဖြစ်ပေါ်လိမ့်မယ်*

*ကိုယ်တော်မြတ်( ﷺ ) ကတံတားရဲ့တဖက်ကမ်း ဂျန္နသ်ရဲ့တံခါးဝမှာ ရပ်နေလိမ့်မယ်အွမ္မသ်သားတစ်ယောက် တံတားပေါ်ခြေစတင်တာနဲ့ အဲ့လူအတွက် ဒိုအာလုပ်နေရင် ပြောလိမ့်မယ် ယာရဗ်ဘီ စလ်လင်မ် ယာ ရဗ်ဘီ စလ်လင်မ် ဆိုပြီး*
 *ကျွန်တော်တို့ချစ်တမန်တော်ကြီးအတွက်ဒရှုးဒ်တစ်ခေါက်လောက် ဖတ်လိုက်ပါ*
*اللهم صل وسلم على الحبيب محمد* 
*လူတွေသူတို့မျက်စိရှေ့မှာ ပွလ်ဆွေရာသ်ကနေ ကျနေတာ တွေ့လိမ့်မယ် ဒီတံတားကနေ လွတ်မြှောက်သွားတာလဲ တွေ့လိမ့်မယ်*

*ကိုယ့်မိဘတံတားပေါ်ကဖြတ်နေတာတွေ့လိမ့်မယ်သို့သော်သူတို့အတွက်ပူဆွေးပေးနေမှာ မဟုတ်ပါဘူးဘာကြောင့်လဲဆိုရင် အဲ့မှာ ကိုယ်လွတ်မြှောက်ရေးတခုဘဲ တွေးနေလိမ့်မယ်*

*ဆင့်ပြန်ချက်တစ်ခုမှာ ဟဇရသ်အာအေရှာဟ်ဟာ ကေယာမသ်နေ့ကို သတိရပြီး ငိုနေလိမ့်မယ် ကိုယ်တော်မြတ်ကြီး( ﷺ) မေးတယ် ဘာဖြစ်တာလဲ အာအေရှာဟ်?*

*ကျွန်မ ကေယာမသ်ကိုသတိရနေလို့ပါကိုယ်တော်မြတ်အဲ့အချိန်ကျွန်မမိဘတွေသောကဖြစ်နေမလား?အဲ့နေရာမှာကိုယ်ချစ်တဲ့လူကို သတိရမလား?*

*ကိုယ်တော်မြတ်( ﷺ) ကပြောတယ်သတိရနေလိမ့်သို့သော် ဒီလိုနေရာ၃နေရာရှိတယ်အဲ့နေရာမှာဘယ်သူမှသတိရနေမှာမဟုတ်ပါဘူး*
*(1)မိမိရဲ့ အအ်မားလ်တွေ ချိန်တွယ်နေတဲ့အချိန်*
*(2)မိမိရဲ့နာမာအေအအ်မားလ်ပေးတဲ့အချိန်*
*(3)ပွလ်ဆွေရာသ်မှာရှိနေမယ်အချိန်အဲဒီချိန်တွေ ကိုယ်သောက ကိုယ်ဖြစ်နေမှာပါ ဘယ်သူကိုမှ သတိရကြမှာ မဟုတ်ပါဘူး*

အိုအရှင်မြတ် ကျွန်တော်တို့အာလုံးကို ကေယာမသ်ရဲ့ ပြင်းထန်မှု့ ပွလ်ဆွေရာသ်ရဲ့ ကြောက်မက်ဖွယ်ရာတွေကနေ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်တဲ့လူအဖြစ် ပြုလုပ်ပေးပါ။
       
    (امین ثم امین یارب العالمین)

မူရင်းရေးသူ crd#

ပြန်လည်မျှဝေသူ
😥😥😥😥
MG MG Tin

Saturday, 22 February 2020

နှစ်ပေါင်းသက်တမ်း ၅၀၀ကျော်ရှိတဲ့အိန္ဒိယနိုင်ငံမှာတွေ့ရှိတဲ့ ကုရ်အာန်ကျမ်း

နှစ်ပေါင်းသက်တမ်း ၅၀၀ကျော်ရှိတဲ့
အိန္ဒိယနိုင်ငံမှာတွေ့ရှိတဲ့ ကုရ်အာန်ကျမ်း

သက်တမ်းနှစ်၅၀၀ကျော်ရှိပြီး ရွှေပြားချပ်မှာ ရေးသားထားသည့် ကျမ်းမြတ်ကုရ်အာန်

 #Mashallah ❣❣❣❣❣

သံချွန်ဖြင့် ဖိနိပ့်ရေးသားပြီး ဆေးရောင်ခြယ်ထားသည့် ရွှေပြားပေါ်က ကျမ်းမြတ်ကုရ်အာန် အာရဗီစာလုံးများကို တွေ့ရစဉ်

Min Min Htike @ Min Naing Aung

🍃🌹🍃 လိုတရစေမည့်အမလ် 🍃🌹🍃

🍃🌹🍃 လိုတရစေမည့်အမလ် 🍃🌹🍃

ချမ်းသာစေမည့် အမလ်ပါ။ သိန်းတစ်ရာပေးရင်တောင် အမလ်နည်းရဲ့တန်ဖိုးမကျေပါဘူး။ အားလုံးအကျိုးရှိအောင် စေတနာအပြည့်နဲ့ တင်ပေးလိုက်ပါတယ်။ 

ဆင်းရဲဒုက္ခတွေရောက်နေပါသလား?
လုပ်ငန်းအဆင်မပြေမှုတွေဖြစ်နေပါသလား?
အလုပ်သွားလျှောက်တာ အင်တာဗျူး မအောင်လို့စိတ်ပျက်နေပါသလား?
အလုပ်မရှိလို့ ငိုင်နေတာလား?
စိတ်ဆင်းရဲနေပါသလား?
မချမ်းသာလို့ အားငယ်နေပါသလား?
ဆင်းရဲလို့ စိတ်ဓာတ်ကျနေတာလား?
မချမ်းသာရင်နေပါစေ., ဒုက္ခတော့မရောက်ချင်ဘူး.,ဒီလို စိတ်ကူးနေတာလား?
အရမ်းချမ်းသာချင်ပါသလား?
ဘေးဒုက္ခ ဗလာမူဆွီဗတ်တွေကနေ ကာကွယ်မှုလိုချင်ပါသလား?
အကြွေးတွေတင်နေလို့ အခက်အခဲဖြစ်နေပါသလား?
စိတ်နဲ့ဆန္ဒ တစ်ထပ်ထဲမကျဘူးလား?
လိုတာမရ ရတာမလို ဖြစ်နေပါသလား?
ဂုဏ်သိက္ခာမြင့်မားတဲ့ဘဝကို ပိုင်ဆိုင်ချင်ပါသလား?
ဘေအီဇ်ဇသ် သိက္ခာမဲ့တဲ့အဖြစ်မျိုးကနေ ကင်းဝေးချင်ပါသလား? 
မရေတွက်နိုင်တဲ့ မြောက်များစွာသော အကျိုးတွေရရှိစေမယ့် အဖိုးတန်အမလ်ဖြစ်ပါတယ်။

ဤအဖိုးတန်အမလ်ကျင့်စဉ်အား နေ့စဉ်အမြဲ ဖတ်ရွတ်သူသည် ဂျင်န် ဂျာဒူ ရှိုင်တွာန် အနှောက်အယှက် နှင့် ရောဂါဘယ မှန်သမျှကနေ ကာကွယ်မှုရရှိပါမယ်။ အဓိက ချမ်းသာစေပါမယ်။ ရိုဇီရိက္ခာပေါကြွယ်ဝစေပါမယ်။ မချမ်းသာရင်တောင် ဘယ်တော့မှ မဆင်းရဲပါဘူး။

🌟⚠️🌟 နမာဇ်ငါးကြိမ်ပြီးတိုင်း အောက်ပါဒိုအာများကို ဖော်ပြပေးထားတဲ့နည်းအတိုင်း တစ်ကြိမ် မပျက်မကွက်ဖတ်ပါ။ 🌟⚠️🌟

***{ ဖတ်ရွတ်ရာတွင် အားလုံးလွယ်ကူစေရန် အာရ်ဗီလို မြန်မာလိုအသံထွက်နှင့် အင်္ဂလိပ်လိုပါရေးပေးထားပါတယ်။ }***

မွစ်လင်မ်များအားလုံး ချမ်းသာမှုကျန်းမာမှုများ ပြည့်ဝစွာရရှိနိုင်ပါစေ။ ဆင်းရဲဒုက္ခမှန်သမျှမှ အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါစေ။ သောကများဟူသရွေ့ကင်းဝေးတော်မူပါစေ... (အာမီန်း)

 🌸 ဒိုအာများ၏ အာရ်ဗီအသံထွက် 🌸

‎بِسمِ اللّٰہِ الَّذِی لاَیَضُرُّ مَعَ اِسمِہ شَئُ فیِ الاَرضِ وَلَا فیِ السَّماءِ وَھُوَالسَّمِیعُ العَلِیمِ....(သုံးကြိမ်)

‎اَعُوذُبِکَلِمَاتِ اللّٰہِ التَّامَاتِ مِن شَرِّ مَاخَلَقَ وَمِن شَرِّحَاسِدِاِذَاحَسَد....(ငါးကြိမ်)

‎بِسمِ اللّٰہِ مَاشَاءَاللّٰہ لَا حَولَ وَلَا قُوَّۃَاِلَّا بِاللّٰہِ العَلِیِّ العَظِیمِ.....(သုံးကြိမ်)

‎یَاسَلَامُ یَاسَلَامُ یَاسَلَامُ یَااَللّٰہُ سَلِّمنَاوَالمُسلِمِینَ.......(တစ်ကြိမ်)

‎یَاحَفِیظُ یَاحَفِیظُ یَاحَفِیظُ یَاحَفِیظُ یَااللّٰہُ اِحفَظنَاوَالمُسلِمِینَ...... (တစ်ကြိမ်)

🌺 ဒိုအာများ၏ မြန်မာအသံထွက် 🌺

" ဗိစ်မိလ္လာဟိလ္လဇီ လာရဒုရ်ရု မအစ်မိဟီ ရှိုင်အွန် ဖိလ်အရ်ဒွေ့ ဝါလာဖိစ်ဆမာအိ ဝါဟူဝါစ် ဆမီအွလ်အလီမ်း " (၃ကြိမ်)

" အာ့အူးဇု ဘိကလိမာသိလ္လာဟိသ်သာမာသိ မင်န်ရှရ်ရိ မာခလကွ ဝါမင်န်ရှရ်ရိ ဟားဆိဒင်န် အိဇာဟဆဒ် " (၅ကြိမ်)

" ဗိစ်မိလ္လာဟိ မာရှာအလ္လာဟု လာဟောင်လ ဝါလာကူးဝါသ အိလ္လာဟ် ဘိလ္လာဟိလ် အလိ့ယိလ် အဇွီးမ် " (၃ကြိမ်)

" ယာစလာမု ယာစလာမု ယာစလာမု ယာအလ္လာဟု စလ်လင်မ်နာ ဝလ်မွစ်လိမီန်း " (၁ကြိမ်)

" ယာဟဖီဇု ယာဟဖီဇု ယာဟဖီဇု ယာဟဖီဇု ယာအလ္လာဟု အိဟ်ဖဇ်နာ ဝလ်မွစ်လိမီန်း " (၁ကြိမ်)

 🌼 ဒိုအာများ၏ အင်္ဂလိပ်လိုအသံထွက် 🌼

1-Bismillah hillazy laryadurru maAismihee shai un fil ardi wala fissamaa ei wahuwas samee ul A leem. (3time)

2-Aauzu beka limaatillah hit taamarti minsharri markhalaqa waminsharri haasidin ezahasand. (5time)

3-bismillah he mashaAllahhu larhaula walar kuwata ellah billah him Aliyil azeem
(3time)

4-yasalaamu yasalaamu yasalaamu yarAllahhu sallimnarwallmuslimeen (1time)

5-yahaafizu yahaafizu yahaafizu yahaafizu yarAllahhu ehfaznarwal muslimeen (1time)

( စိပါဟေ့ဆွဟာဗဟ် )

crd…

Friday, 21 February 2020

[ အစ္စလာမ့် ဗဟုသုတများ ဗလီအများဆုံး ( ၉ ) နိုင်ငံ ]

[ အစ္စလာမ့် ဗဟုသုတများ ]

[ ဗလီအများဆုံး ( ၉ ) နိုင်ငံ ]

1. Indonesia ( 800000 )
2. India ( 300000 )
3. Bangladesh ( 250000 )
4. Pakastan ( 120000 )
5. Egypt ( 108000 )
6. Saudi Arabia ( 94000 )
7. Turkey ( 82000 )
8. Moroko ( 41000 )
9. China ( 39000 )

[ အစ္စလာမ့် လ အမည်များ ]

1. Muharram
2. Safar
3. Rabi-ul-Awwal
4. Rabi-us-Saani
5. Jama-dil-ula
6. Jamad-us-Saani
7. Rajjab
8. Shabaan
9. Ramzaan ***
10. Shawwal
11. Zulqaidah
12. Zulhujjah

[ မွတ်စ်လင်မ် ဦးရေ ရာခိုင်နှုန်းများ ]

1. Afghanistan 100%
2. Albania 75%
3. Algeria 99%
4. Angola 25%
5. Argentina 2%
6. Australia 2.09%
7. Azerbaijan 93%
8. Bahrin 100%
9. Bangladesh 85%
10. Bhutan 5%
11. Brazil 0.6%
12. Burma 6%
13. Canada 1.48%
14. Cntral African republic 55%
15. China 11%
16. Egypt 94%
17. Ethopia 65%
18. Fiji 11%
19. France 7%
20. Georgia 11%
21. Germeny 3.4%
22. Greece 1.5%
23. Guinea 95%
24. Guyana 15%
25. Hongkong 1%
26. India 14%
27. Indonesia. 95%
28. Iran. 99%
29. Iraq. 97%
30. Isreal. 14%
31. Italy. 1%
32. Japan. 1%
33. Jordan. 95%
34. Kenya. 30%
35. Kuwait. 89%
36. Lebanon. 70%
37. Libya. 100%
38. Maldives. 100%
39. Malasiya. 52%
40. Mauritius. 19.5%
41. Mayotte. 99%
42. Nigeria. 75%
43. Oman. 100%
44. Pakistan. 97%
45. Phillipines 14%
46. Qatar. 100%
47. Romania. 20%
48. Russia. 18%
49. Saudi arab. 100%
50. Singapore. 17%
51. Somalia. 100%
52. Sri lanka. 9%
53. Sudan. 85%
54. Syria. 90%
55. Tazakistan 85%
56. Tanzania 65%
57. Thiland 14%
58. Tunisia 98%
59. Turkey 99.8%
60. UAE 96%
61. UK 2.5%
62. USA 3.75%
63. Uzbekistan 88%

[ ကမ္ဘာပေါ်ရှိ ဘာသာတရား ကိုးကွယ်မှု ရာခိုင်နှုန်းများ ]

1. Christian ( 33 )%
2. Islam ( 21) %
3. Hinduism ( 14 ) %
4. Buddhish ( 6 ) %
5. Other Religions ( 10 ) %
6. Non Religions ( 16 ) %

[ နဗီများ နှင့် ပွင့်တော်မူခဲ့သော နေရာများ ]

Adam(A.S) - Sri Lanka
Nooh(A.S) - Jordan
Shoaib(A.S) - Syria
Saleh(A.S) - Lebanon
Ibrahim(A.S) - Israel
Ismail(A.S) - Saudi Arabia
Yakoob(A.S) - Palestin
Ishaq(A.S) - Palestin
Yusuf(A.S) - Palestin
Looth(A.S) - Iraq
Ayub(A.S) - Amman
Hood(A.S) - Yamen
Muhammad (S.A.W) - Saudi Arabia

[ အဓိပတိ နဗီများကြီးများ၏ သက်တော် ]

Adam(A.S) - 1000 Yrs
Nooh(A.S) - 950 Yrs
Shoaib(A.S) - 882 Yrs
Saleh(A.S) - 586 Yrs
Zakariyya(A.S) - 207 Yrs
Ibrahim(A.S) - 195 Yrs
Sulaymaan(A.S)- 150 Yrs
Ismail(A.S) - 137 Yrs
Yakoob (A.S) - 129 Yrs
Musa. (A.S) - 125 Yrs
Ishaq. (A.S) - 120 Yrs
Haroon (A.S) - 119 Yrs
Yusuf. (A.S) - 110 Yrs
Eesa. (A.S) - 33 Yrs
Muhammad ( S A W )- 63 Yrs

Ya Allah! 
Help The Muslims
All Over The World.

[ Don't forget to share ! ]

Crdit - မူရင်း
( T T K ) Arr Nai

Thursday, 20 February 2020

တူရကီနိုင်ငံက ဒုတိယမြောက်အသက်အငယ်ဆုံး ဟာဖိဇ်ဆပ်ဖြစ်လာသူ

တူရကီနိုင်ငံက ဒုတိယမြောက်
အသက်အငယ်ဆုံး ဟာဖိဇ်ဆပ်ဖြစ်လာသူ

#Mashallah ဂုဏ်ယူစရာ ❣❣

少年は11ヶ月でコーランを暗記できる

တူရကီနိုင်ငံ အန်ကာရာမြို့က 
၅နှစ်ခွဲအရွယ်ခလေးတဦးက
ကျမ်းမြတ်ကုရ်အာန် ကိုအလွတ်ကျက်
အာဂုံဆောင်နိုင်ခဲ့လို့ တနိုင်ငံလုံးတွင်
အသက်အငယ်ဆုံး ဟာဖိဇ်ဆပ်ဖြစ်လာ

Min Min Htike @ Min Naing Aung

Wednesday, 19 February 2020

စစ်မှန်သောအချစ်သက်သေဆိုတာဘာလဲ...??

❣❣❣❣❣❣❣❣❣❣❣❣

စစ်မှန်သောအချစ်သက်သေဆိုတာဘာလဲ...??
••••••••••••••••••••••••••••••••••••••••••••••••
အချစ်စစ်ရဲ့သက်သေက 
ဇေနာ မဟုတ်ဘူး။❌

အချစ်စစ်ရဲ့့သက်သေဟာ
နေကာဟ် ပါ။✔

တယောက်နဲ့ တယောက် တကယ်ချစ်တာ မှန်ရင် 
နေကာဟ် လုပ်ပြီး ချစ်ပြခိုင်းပါ။💏

နေကာဟ် ဆိုတာ
တယောက်ကို တယောက် 
တသက်လုံး သစ္စာရှိရှိ ပေးဆပ်မှု အပြည့်နဲ့ 
ချစ်ပါ့မယ်လို့လူသိရှင်ကြား 
ကတိပြုတာ တန်ဖိုးထားတာ
နေကာဟ်မရှိဘဲ ဇေနာ လုပ်နေရင်
အဲဒါ အတ္တသမားပါ………………👈

သေချာစဉ်းစားကြည့်ပါ 
တကယ်ချစ်တဲ့သူက ကိုယ့်ချစ်သူကို 
မီးထဲ ခုန်ဆင်းခိုင်းမလား??
ဒီလို တန်ဖိုးမဲ့အောင် လုပ်မလား??🚫

နေကာဟ် ဆိုတာ
အမျိုးသမီးတွေကို 
အလ္လာအသျှင်မြတ်ပေးတဲ့ 
ဘဝ အာမခံချက် တခုပါ။❤

တသက်မှာ တခါ ရတာကို 
တချက် နယ်ကျွံမိတာနဲ့ 
ပြန် အဖတ်ဆယ်လို့ မရတော့ဘူး။😷

မိနစ်ပိုင်းလေး လုပ်လိုက်မိတဲ့ အလုပ်အတွက်
တဘဝလုံးကို မစတေးလိုက်ပါနဲ။❌

အလ္လာဟ်ဖန်ဆင်းထားတဲ့အမျိုးသမီးတစ်ဦး၏
ဘဝဟာအလွန်တန်ဖိုးရှိလှပါတယ်။❣

အမျိုးသမီးတိုင်းမှာလည်းနုးညံလှတဲ့စိတ်ထားတွေကို
အလ္လာဟ်အရှင်ထည့်သွင်းပေးထားပါတယ်။💝

ဘယ်လိုဘဲဖြစ်ဖြစ်ကိုယ်ကိုယ်ကိုသာထိန်းသိမ်းရမှာပါ။
ရည်စားထားခြင်းဟာ ဟရာမ်ဟုထားမြစ်ထားသောလည်း
ကျုးလွန်ကြပါတယ်။🚫

အရေးအကြီးဆုံးကချစ်မိပီဆိုလျှင်
အချစ်ဆိုတာ ဇေနာလား???
နေကာဟ်လား???ဆိုတာ
ခွဲခြားသိမြင်တက်ဖို့အလွန်အရေးကြီးပါတယ်။✔

အို-အလ္လာဟ်အရှင်မြတ်

အီမာန်ရှင်တိုင်းကို

အချစ်နဲ့တွေဆုံမိသူတိုင်းကို

ဇေနာမကောင်းမူကိုရှောင်ကျဉ်နိုင်၍

နေကာဟ်ပြုနိုင်စွမ်းကိုချီးမြင့်ပေးသနား
တော်မူပါ။       
         (အာမီန်း)❣Crd
ပြန်လည်မျှဝေသူ Tgo-pan cherry lay
Maylay786

အစ်ခ်လားဆွ် ရဲ့ အစွမ်း

အစ်ခ်လားဆွ် ရဲ့ အစွမ်း
🎈🎈🎈🎈🎈🎈🎈🎈🎈
အေဟ်ယာအွတ်လ် အုလူးမ်ကျမ်းမှာ လာရှိတယ်
သူတော်စင်တပါးဟာ အေဗာဒသ်မှာ နေ့ရောညပါ မွေ့လျှော်နေလေ့ရှိတယ်
တရက် သတင်းကြားရတယ်
တနေရာက လူတွေ သစ်ပင်တပင်ကို ကိုးကွယ်နေကြတယ် ဆိုပြီး

သူတော်စင်ဟာ အလ္လာအသျှင်မြတ်အတွက် သာသနာအတွက် ဒေါသဖြစ်ပြီး ပုဆိန်တလက် ပုခုံးပေါ် ထမ်းကာ အပင်ကို ခုတ်ပစ်ဖို့ ထွက်လာတယ်

လမ်းခုလတ်မှာ အဘိုးအိုတယောက် အသွင်ဆောင်ထားတဲ့ ရိုင်သွာန် နဲ့ ဆုံတယ်

အဘိုးအို က မေးတယ်
ဘိုင်!
ဘယ်သွားမလို့လဲ?
သူတော်စင်က အပင်ခုတ်မလို့ဆိုတော့

အဘိုးအို ပြောတယ်
ခင်ဗျား ကိုယ်အေဗာဒသ် ကိုယ်လုပ်စမ်းပါ
အပင်ကို သွားခုတ်မနေနဲ့
အပိုပဲ
ခင်ဗျား ဒီအပင်ကို ခုတ်လိုက်ရင် သူတို့က နောက်တပင်စိုက်ပြီး ကိုးကွယ်လိမ့်မယ်

သူတော်စင်က လက်မခံဘူး
ကျုပ် သွားပြီး ခုတ်ဖြစ်အောင်ကို ခုတ်မယ် ဆိုတော့

အဘိုးအိုက တားတယ်
အဲဒီမှာ ၂ယောက် နပန်းလုံးကြတယ်။

သူတော်စင်က အဘိုးအို ကို ဆွဲလှဲပြီး ရင်ဘတ်ပေါ် ခွထိုင်လိုက်တယ်။

အဘိုးအိုက ပြောတယ်
ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးပါ ခင်ဗျားကို ကျွန်တော် စကားတခွန်းပြောစရာရှိတယ် ဆိုတော့ သူတော်စင်က လွှတ်ပေးလိုက်တယ်

သူက ပြောတယ်
ဒီအပင်ခုတ်ဖို့ အသင့်အပေါ် ဖရဇ်တာဝန်လည်း မဟုတ်ဘူး
အသင်ကိုးကွယ်တာမဟုတ်တော့
အသင့်အတွက် ဘာမှ နစ်နာစရာလည်း မရှိဘူး
အလ္လာအသျှင်မြတ်ရဲ့ နဗီတွေ အများကြီး ရှိတာပဲ
လိုအပ်ရင် နဗီတပါးပါး စေလွှတ်ပြီး ဒီအပင်ကို ခုတ်ခိုင်းမှာပေါ့

သူတော်စင်က ပြောတယ်
ကျုပ်ကတော့ ခုတ်ကို ခုတ်မှာပဲ
ဆိုတော့ 
နောက်တကြိမ် နပမ်းလုံး ကြပြန်တော့လည်း သူတော်စင်ပဲ နိုင်တယ်

အဲဒါနဲ့ ရိုင်သွားန်က ပြောတယ်
ကောင်းပြီ
ခင်ဗျားကို ကျွန်တော် နောက်ဆုံးပြောမယ်
ခင်ဗျားလည်း အကျိုးရှိမယ်

ဘာလဲ ပြော ဆိုတော့

ခင်ဗျားဟာ နွမ်းပါးတဲ့လူတယောက် ဖြစ်တယ်
ခင်ဗျား ဒီအပင်ကို မခုတ်နဲ့
ကျွန်တော် ခင်ဗျားကို နေ့စဉ် ရွှေဒင်္ဂါး ၃ပြား ပေးမယ်
ခင်ဗျား အိပ်ရာနိုးတာနဲ့ ခေါင်းရင်းမှာ ရွှေဒင်္ဂါး ၃ပြား တွေ့လိမ့်မယ်။
ခင်ဗျား လိုအပ်တဲ့ နေရာမှာ သုံးလို့ရမယ်
ဆွေမျိုးသားချင်းများ ကို ထောက်ပံ့လို့ရမယ်
မရှိဆင်းရဲသားတွေကို ပေးကမ်းလို့လည်း ရမယ်
ခင်ဗျား အပင်ခုတ်ရင် စဝါးဗ်တခုတည်း ရမှာ
အခု ခင်ဗျား စဝါးဗ်ကုသိုလ်တွေ အများကြီးရဖို့ ရှိတယ်

သူတော်စင်လည်း လက်ခံလိုက်တယ်
၂ရက်လောက်တော့ ခေါင်းရင်းမှာ ရွှေဒင်္ဂါး ၃ပြားစီ ရတယ်
၃ရက်မြောက်နေ့ကျတော့ မရတော့ဘူး

သူတော်စင်လည်း ဒေါသူပုန်ထ ပြီး ပုဆိန်ယူကာ ထွက်လာတယ်
လမ်းမှာ အဘိုးအို နဲ့တွေ့ပြန်တယ်

ဘယ်လဲ 

အပင်ခုတ်မလို့ 
ဆိုတော့

မရဘူး မသွားရဘူး လို့ တားတယ်

တခါ ထပ်ပြီး နပမ်းလုံး ကြတော့ အဘိုးအို နိုင်သွားတယ်
သူတော်စင်ရဲ့ ရင်ဘတ်ပေါ်ကို ရိုင်သွားန်က ခွထိုက်လိုက်တယ်

သူတော်စင်လည်း အံ့အားသင့် သွားတယ်
ဒီတခေါက် မင်း ဘာလို့ နိုင်သွားတာလဲ မေးတော့

အဘိုးအိုက ပြောတယ်
ပထမတခေါက်တုန်းက ခင်ဗျားဒေါသထွက်တာက အလ္လာအသျှင်မြတ်အတွက် သက်သက် ဖြစ်တယ်
ဒါ့ကြောင့် အလ္လာအသျှင်မြတ်က ခင်ဗျားကို အနိုင်ရစေခဲ့တယ်

အခု ခင်ဗျားဒေါသထဲမှာ ရွှေဒင်္ဂါး မရလို့ ဆိုတာလည်း ရောပါနေပြီ
ဒါ့ကြောင့် ခင်ဗျား ရှုံးသွားတာ

အမှန်ပဲ
အလ္လာအသျှင်မြတ်အတွက် သက်သက် လုပ်တဲ့ အလုပ်မှာ အလ္လာအသျှင်မြတ်က အင်အား အကူအညီ အပြည့်အဝ ထည့်ထားတော်မူတယ်။

ဖဇာအေလေ ဇစ်က်ရ်ကျမ်း
တွဲ ၁
စာ ၃၅၀

စည် သူ အောင်
                   🌴ဇင်မင်းထိုက် မျှဝေသည်🌴

ရဲစခန်းထဲမှာ အစ္စလာမ့်အကြောင်း ဒအ်ဝသ်ပေးသည့် ညီနောင်တဦး #Mashallah

ရဲစခန်းထဲမှာ အစ္စလာမ့်အကြောင်း ဒအ်ဝသ်ပေးသည့် ညီနောင်တဦး #Mashallah 
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ရဲစခန်းတခုမှာ အစ္စလာမ်ဘာသာဝင်တဦးက အစ္စလာမ်အကြောင်း ဒအ်ဝသ်ပေးဖိတ်ခေါ်မူ မိန့်ခွန်းပြောခဲ့လေရာ ရဲမူး ရဲတပ်ကြပ် ရဲသား အားလုံး ငြိမ်သက် နားထောင်ခဲ့လေသည် ၊ ထိုသူ၏ နူတ်လျာ ဘယ်လောက်စရ်ရှိလဲ အလ္လာဟ်ရှင် ဘယ်လောက်ဂုဏ်ပေးလဲ ဆိုတာ သိရပေသည် .

Credit  :  Min Naing Aung

Tuesday, 18 February 2020

ချစ်သူ ဘယ်လောက် လှတယ် ဆိုတာကို လူတွေ အမျိုးမျိုး ဖွဲ့နွဲ့ တင်စား ကြတယ်

ချစ်သူ ဘယ်လောက် လှတယ် ဆိုတာကို လူတွေ အမျိုးမျိုး ဖွဲ့နွဲ့ တင်စား ကြတယ်
ဒါပေမဲ့ ဒီ အရဗီ ကဗျာ ရဲ့ ရသမြောက်ချက်ကတော့ 9ကျော် တယ်ဗျာ

يزيدك وجهه حسنا اذامازدته نظرا

ငါ့ချစ်သူ ဘယ်လောက် လှလဲ မမေးနဲ့
မင်းသူ့ကို ဘယ်နှစ်ကြိမ် ကြည့်မလဲ ကြည့်သလောက် မင်းမျက်နှာပါ ပို ပို လှသွားလိမ့်မယ်

သဘောက သူ ဘယ်လောက် လှလဲ ဆိုရင် လှလွန်းလို့ သူ့ကို ကြည့်တဲ့ သူဆီတောင် အလှတွေ ကူးစက်ပြီး ကြည့်တဲ့သူပါ အလှတွေ တိုးသထက် တိုးသွားမယ် လို့ ပြောတာ

ဟာ ဒါ တကယ် မဖြစ်နိုင်ဘူး
ကဗျာဆရာ တင်စားတာပါ လို့ မထင်လိုက်နဲ့
အဲဒီလို လှတဲ့ သူ ရှိတယ်
ဘယ်သူလဲ သိလား???
?
?
ကျွန်တော်ရဲ့ အသျှင်သခင်
မိတ်ဆွေတို့ရဲ့ အသျှင်သခင်
အလ္လာဟ် အသျှင်မြတ် ပဲ

ဟဒီးစ်တော်မှာ လာရှိတယ်
ဂျန္နသ်မှာ ဂျန္နသီတွေ အသျှင်မြတ်ကို 
ဖူးမြှော်ခွင့်ရမယ်
ဖူးမြော် ပြီး ပြန်လာတဲ့ အခါတိုင်း သူတို့ ကြင်ယာတွေ နဲ့ သူတို့ တယောက်ကို တယောက် 
ကြည့်ပြီး နဂို ထက် အဆပေါင်းများစွာ ပိုလှလာတာကို မြင်ကြ ပြောကြလိမ့်မယ်
တဲ့

ဒါက ဂျန္နသ်မှာ

ဒီ လောက ဒွန္နယာ မှာလည်း နမားဇ် ၅ကြိမ် ဖတ်တဲ့သူရဲ့ မျက်နှာ မှာ ရှိတဲ့ ကျက်သရေ နူးရ် လှပမှု နမားဇ် မဖတ်တဲ့ သူမှာ မရှိဘူး မရဘူး

ဒါ့ကြောင့် အလ္လာအသျှင်မြတ် ဟာ ဘယ်လောက် လှပတင့်တယ်တော်မူလဲ ဆိုရင် အသျှင်မြတ်ထံ အခစား ဝင်လိုက်တဲ့သူ တောင် တခြားသူတွေထက် အလှတွေ တိုးသွားတယ်

ကဗျာလေးကို နောက်တခေါက် ပြန် ဖတ်လိုက်ပါအုံး

يزيدك وجهه حسنا اذامازدته نظرا

ငါ့ချစ်သူ ဘယ်လောက် လှလဲ မမေးနဲ့
မင်းသူ့ကို ဘယ်နှစ်ကြိမ် ကြည့်မလဲ ကြည့်သလောက် မင်းမျက်နှာပါ ပို ပို လှသွားလိမ့်မယ်

အလ္လာအသျှင်မြတ် ကျွန်ုပ်တို့ အားလုံးကို ဒွန္နယာ လောက မှာ နမားဇ် ၅ကြိမ် စွဲစွဲမြဲမြဲ ဖတ်ပြီး အသျှင်မြတ်ထံ အခစား ဝင်နိုင်စွမ်း၊
တမလွန် အာခေရသ် မှာလည်း အသျှင်မြတ်ကို ဖူးမြော် ခွင့်ရပြီး အသျှင်မြတ်ထံ အခစားဝင်နိုင်စွမ်း မိမိအသနားတော်နဲ့ ချီးမြှင့်တော်မူပါ စေ
အာမီးန်

🌴မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် ဆိုလိုင်မာနီ🌴
                🍃ဇင်မင်းထိုက် မျှဝေသည်🍃

ကောင်းမှု(၇)ခုသည်ကွယ်လွန်ပြီးသည့်နောက်ထိဆွဒ်ကာဟ်ဂျရီယာအဖြစ်အမြဲစဝါးဗ်ရနေစေမည်. .

ကောင်းမှု(၇)ခုသည်ကွယ်လွန်ပြီးသည့်နောက်ထိဆွဒ်ကာဟ်ဂျရီယာအဖြစ်အမြဲစဝါးဗ်ရနေစေမည်. .

(၁)ဗလီဆောက်လုပ်လှုဒါန်းပေးခဲ့
     သောသူအတွက်၎င်း ဗလီတွင်န
      မားဇ်ဖတ်သူတစ်ဦးတည်းပင်
       ကျန်ရှိနေသည်အထိ အမြဲတစေ
      အကျိုးစဝါးဗ်ရရှိနေမည်

(၂)ချောင်း တူးပေး
      ခဲ့သောသူအတွက် ၎င်း ချောင်း
      ထဲတွင်ရေရှိ နေသရွေ့၎င်း ချော
       င်းမှ လူအ များအကျိုး   
      ခံစားနသေရှေ အမွဲတစစေဝါး
       ဗ်ရရှိနေမည်

(၃)လက်ရေးလက်သားလှပစွာဖြင့်
     ကုရ်အာန်တစ်အုပ်ရေးသားပေး
      ခဲ့သူအတွက် ၎င်း ကုရ်အာန်အား
      ဖတ်ရွတ်သူတစ်ဦးရှိနေသရွေ့
      အမြဲတစေစဝါးဗ်ရနေမည်

(၄)စမ်းရေပေါက် /ရေတွင်းတူး
     ပေးခဲ့သောသူအတွက် ၎င်း   
     ရေအားလူတွေသောက်သုံး 
     နေသရွေ့/အကျိုးခံစားနေ
    သရွေ့စဝါးဗ်ရရှိနေမည်

(၅)အပင်တစ်ပင်စိုက်ပျိုးခဲ့သူအ
      တွက်၎င်း အပင်၏အသီးအား
      လူများ/ငှက်တိရစ္ဆာန်များစား
       သုံးပြီးအကျိုးခံစားနေသရွေ့
       စဝါးဗ်ရရှိနေမည်

(၆)သင်ပေးသင်ယူ လုပ်ပေးခဲ့သော
      သူအတွက်ကွယ်လွန်ပြီသည့်နော
     က်တွင်လည်းအမြဲတစေစဝါးဗ်ရ
      နေမည်

(၇)မိမိကွယ်လွန်ပြီးနောက်မိမိအတွ
      က်ဒိုအာလုပ်ပေးနေမည့်သား
      လိမ္မာ သမီးလိမ္မာတစ်ဦးဦးကို
       ချန်ထားခဲ့နိုင်ခြင်းသည်လည်း
       ဆွဒ်ကာဟ် ဂျာရီယာဟ်ဖြစ်
       သည်။

#ဆွဒ်ကာဟ်ဂျာရီယာဟ်ဆိုသည်မှာကွယ်လွန်သေဆုံးပြီးသည့်နောက်တွင်လည်းအမြဲတစေစီးတွေနေသောစိမ့်စမ်းရေပမာထာဝစဉ်စဝါးဗ်ရနေသောကောင်းမှုကိုခေါ်ပါသည်။

ဗရှီးရ်အဟ်မဒ်
                🌴ဇင်မင်းထိုက် မျှဝေသည်🌴

Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...