Tuesday, 4 August 2020

ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်အမိန်အရပိုင်သလား


(ဖွသ်ဝါ အမှတ်စဥ် ــــ ၁)
(၁၅/ဇုလ်ဟိဂျ်ဂျဟ် - လ/၁၄၄၁)
(၅/၈/၂၀၂၀ - ဗုဒ္ဓဟူးနေ့)

မေးခွန်း၏အဖြေ။ ။ بِسْمِ اللَّـهِ الرَّحْمَـٰنِ الرَّحِيمِ ٠
      الجواب حامدا ومصليا ومتوكلا :

ကဗရ်အပေါ်တွင် ပန်းကျဲခြင်း/လွမ်းသူပန်းခွေ တင်ခြင်းတို့သည် ရှရီအသ်တရားတော်နှင့်ဆန့်ကျင်ပြီး 
အောက်ဖေါ်ပြပါ အကြောင်းတရား များကြောင့် မပိုင်ပါ။

(၁)ကဗရ်အပေါ်တွင် ပန်းတင်ခြင်း ကြောင့် 
(မိုင်ယသ်)သေသူ အတွက် မည်သည့် အကျိုးမှ 
မသက်ရောက်နိုင်သလို ဤလုပ်ရပ် အတွက် ငွေကုန်ခံ၍ ပန်းဝယ်ခြင်းမှာ ဖြုန်းတီးမှုသက်သက်သာဖြစ်သောကြောင့်ဤသို့ အလဟသ ဖြုန်းတီးခြင်း  
ရှရီအသ်အရ မပိုင် ။

(၂)၎င်းလုပ်ရပ်များသည် အစ္စလာမ်မဟုတ်သည့် အခြားသူများ၏ ထုံးတမ်း အစဥ်အလာ ဖြစ်၍  
၎င်းတို့အား စံပြုအတုယူကာ လုပ်ဆောင်ခြင်း 
ရှရီအသ် အရ မပိုင်။ 

(၃)ပန်းတင်/ကျဲ ခြင်း တို့သည် ရှိရ်က်(အလ္လာဟ်အရှင်မြတ်နှင့် တုဖက်နိုင်းယှဉ် ခြင်း)နှင့် ဗိဒ်အသ် (တရားသစ် တီထွင်ခြင်း )ကဲ့သို့ ပြစ်မှုကြီးများ
ကျုးလွန်ရန် ဖန်တီးပေးသည့် နိဒါန်းအကြောင်းခံများဖြစ်သည်။ထို့ကြောင့် မပိုင်။

အကြံပြုချက်။
သေသူအတွက် အမှန်တစ်ကယ် ကုသိုလ်အကျိုး ပေးပို့လိုပါက သေဆုံးသူ ကုသိုလ်ရရှိရန် ရည်သန်၍ ပန်းဝယ်မည့် ငွေကြေးကို သူဆင်းရဲတို့အားလှုုဒါန်းလိုက်ပါ။

ကြည့်👇👇👇

وَلَا تُسْرِفُوٓا۟ ۚ إِنَّهُۥ لَا يُحِبُّ ٱلْمُسْرِفِينَ .
(سورةالاعراف/٣١)

لَّقَدْ كَانَ لَكُمْ فِى رَسُولِ ٱللَّهِ أُسْوَةٌ حَسَنَةٌ
 (سورةالاحزاب/٢١)

وأما المؤمنون وإن جاز أن يخدعوا إلا أنه يبعد أن يقصدوا خدع المنافقين لأنه غير مستحسن بل مذموم مستهجن وهي أشبه شيء بالنفاق وهم في غنى عنه ...........................《ومايشعرون》 ...............
هلاك أنفسهم وإيقاعها في الشقاء الأبدي بكفرهم ونفاقهم .....................اوالمراد لايشعرون بشئ .
(تفســـير الألوسي (روح المعـــاني في تفسير القرآن العظيم والسبع المثاني)/سورةالبقرة》٩/ج-١/ص-١٤٨/مكتبة-ادارةالطّبـــاعةالمنيــــرية)

١٣٦١- حدثنا يحيي قال : حدثنا أبو معاوية، عن الأعمش، عن مجاهي، عن طاؤس، عن ابن عباس رضي الله عنهما، عن النبي : أنه مر بقبرين يعذبان فقال :
إنهما ليعذبان، وما يعذبان في كبير ، أما أحدهما فكان لا يستتر من البول، وأما الآخرفكان يمشي بالنميمة. ثم أخذ جريدة رطبة فشقها بنصفين، ثم غرزفي كل قبر واحدة ،
فقالوا: يا رسول الله لم صنعت هذا؟ فقال : لعله ان يخفف عنهماما لم ييبسا ....................................
والجريد هو المغصن التي جردت عنها أوراقها. وفي 《الدر المختار》: إن إنبات الشجرةمستحب. وقال العيني رحمه الله تعالى: 【إن إلقاء الرياحين ليس بشيء】، ولم يمنع عن إنبات الشجرة. وفي 《العالمكيرية》 أن إلقاء الرياحين أيضا مفيد: قال: والاعتماد على ما ذكره العيني .
(فيض الباري علي صحيح البخاري »/كتاب الجنائز »
باب الجريدعلي القبر/ج-٣/ص-٧٢/رقم-١٣٦١/مكتبة-
دارالكتب العلمية)

قال الطرطوشي: لأن ذلك خاص ببركة يده صلي الله تعالي عليه وسلم.
(فتح الباري شرح صحيح البخاري »/كتاب الوضوء »/
باب من الكبائر أن لا يستتر من بوله/ج-١/ص-٤٢٣/
مكتبة-دارالكتب العلمية)

٤٣٤٧- وعنه ، قال : قال رسول الله - صلى الله عليه وسلم : " من تشبه بقوم فهو منهم " رواه أحمد ، وأبو داود . 
(مرقاة المفاتيح شرح مشكاة المصابيح »/كتاب اللباس/
ج-٧/ص-٢٧٨٢/رقم-٤٣٤٧/مكتبة-المكتبةالاسلامية)

စာရှုသူများနှင့်ကျွန်ုပ်တို့ကိုပါ 
သိရှိနားလည်ပြီး လေးစားလိုက်နာနိုင်စွမ်း
အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူပါစေ။

                  (والله تعالى أعلم وعلمه أتم)
                      ✍️ကုသိုလ်အကျိုး မျှော်ကိုးသူများ✍️

Sunday, 2 August 2020

ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ

ပျှော်ရွှင်စရာ ကမ္ဘာလေး တည်ဆောက်ချင်လို့ပါ
=========================

အူရ်ဒူ ပို့စ် လေး ၁ ခု သဘောကျ လို့ ဆီလျော်စွာ ဘာသာပြန်ပြီး မျှ ဝေပေး လိုက်ပါတယ် ... ။ 

တစ်ခါက အမျိူ းသား ၁ ဦး သူ့ရဲ့ ဇနီးသည် ဖြစ်သူကို
နေ့စဉ် နေ့တိုင်း ကုရ်အာန် သင်ပေးလေ့ရှိတယ် ... ။

အဲ့လို သင်ပေးနေရင်းနဲ့ ၁ ရက်မှာတော့ အမျိူ းသားဖြစ်
သူက ပစ္စည်း ၁ ခု ရှာဖွေနေရင်း သေတ္တာလေး ၁ လုံး
တွေ့တော့ ဖွင့်ကြည့် မိလိုက်တယ် ... ။

အဲ့ဒီ သေတ္တာလေးထဲမှာ သူ့ ဇနီးရဲ့ နာမည်နဲ့ ဟာဖွေ
ဇွာဟ် အောင်လက်မှတ်ကို တွေ့လိုက်ရတယ် ။ အမျိူ း
သားက တအံ့တသြ ဖြစ်ပြီး ဇနီးသည်ကို အခုလို မေးလိုက်တယ် ... ။

ဟာဖွေဇွာဟ် ( ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ထား
သော သူမ ) ဖြစ်ကြောင်း ငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ ... ?

ဇနီး ဖြစ်သူက ဟုတ်ပါတယ် ၊ ကျမက ဟာဖွေဇွာဟ် 
၁ ယောက်ပါ ။ ရှင် မမေးလို့ ကျမလည်း မပြောပြ ဖြစ်
ခဲ့တာပါ ... ။

ဇနီးဖြစ်သူက ဆက်ပြီး ပြောပြတယ် ။ ကျမ မပြောဖြစ်
ခဲ့တဲ့ အဓိက အကြောင်းအရင်းက ကျမ စာရရင် ရှင်က
ကျမကို ကလေးငယ်လေး ၁ ယောက်လို ဂရုစိုက်တာ
လိုချင်လို့ပါ ... ။

ပြီးတော့ အဲ့လိုစာရတဲ့အခါ ရှင်က လက်ဆောင်လေးတွေ ဝယ်ပေးတာကို ကျမ အရမ်းနှစ်သက်မိလို့ပါ ... ။

ပြီးတော့ ရှင်က ကျမကို ကုရ်အာန် သင်ပေးလို့ ကျမ
တတ်မြောက် ရတာပါဆိုပြီး ရှင့်ကို ခံစား စေချင်တာ
လည်း ပါပါတယ် ... ။

ပြီးတော့ ကျမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒက ရှင်နဲ့ အတူတူ
ဒွန္နယာဟ် / အာခိရသ် ၂ ဌာန စလုံးမှာ ပျှော်ရွှင်စရာ
ကမ္ဘာလေး တည်ဆောက်ချင်လို့ပါပဲ ... ။ ပြီးပါပြီ ... ။

တကယ်တော့ အိမ်ထောင်ရေး ဆိုတာ နှလုံးသား နဲ့
တည်ဆောက်ရတာပါ ။ လူ ၁ ယောက်နဲ့ ၁ ယောက် လက်ဆွဲ နှုတ်ဆက်ရုံ နဲ့ အချစ်စစ် / အချစ်မှန် မရနိုင်
ပါဘူး ။ ဒါပေမယ့် နှလုံးသားချင်း ချိ တ်ဆက်လိုက်ပါ 
အချစ်စစ် / အချစ်မှန် ရလာပါလိမ့်မယ် ... ။ 

ယနေ့ အိမ်ထောင်ရေးတွေ ဖောက်ပြန်ကျ တယ် ၊ ပြို
ကွဲသွားကျ တယ်ဆိုတာ မေတ္တာ တရားတွေ ခေါင်းပါးလို့ ဖြစ်ကျ တာပါ ။ အိမ်ထောင်ရေးမှာ အပြန်အလှန် နားလည်မှု နဲ့ မေတ္တာ တရားတွေ ရှိကျမယ်ဆိုရင် ...

ဒွန္နယာဟ် လောကမှာလည်း အေးချမ်း သာယာတဲ့ သီရိဂေဟာ ၁ ခု ဖန်တီးနိုင်မှာ ဖြစ်သလို ၊ သက်တမ်းကုန်
ဆုံးလို့ အလ္လာဟ် အရှင် ရုတ်သိမ်းသွားလည်း အချစ်က
တော့ မပြောင်းလဲပဲ ကျန်ရှိနေဦးမှာပါ ... ။

✍ Myo Min Htet

Monday, 29 June 2020

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام)
🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊

တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ 'စူမေရီးယား' ရှိ ရုပ်တုကိုးကွယ်သော လူမျိုးစုတို့အား တမန်တော် နူးဟ် (عليه السلام) က မှန်ကန်သော ဒီန် သာသနာဘက်သို့ ဖိတ်ခေါ်မှုပြုခဲ့၏။ ကျမ်းတော်မြတ် ကုရ်အာန်၏ ဖော်ပြချက်အရ သိရသည်မှာ...

တမန်တော် နူးဟ် (عليه السلام) သည် နှစ်ပေါင်း (950) တိုင် သာသနာပို့ချမှုကိစ္စ ဆောင်ရွက်ခဲ့၏။ ထိုသို့ ကာလရှည် ကြိုးပမ်းခဲ့သော်လည်း လူအချို့သာလျှင် အီမာန်သက်ဝင် ယုံကြည်ခဲ့၏။ ထိုအခါ အလ္လာဟ် (سبحانه وتعالى) က ထိုတော်လှန် ပုန်ကန်သူများအား အပြစ်ဒဏ်ချမှတ်ရန် သတ်မှတ်တော်မူလေ၏။ ထို့ကြောင့် တမန်တော် နူးဟ် (عليه السلام) အား...

သင်္ဘောတစ်စီး တည်ဆောက်ကာ မိမိတို့နှင့်အတူ စုံတွဲတိရစ္ဆာန်တိုင်းကို ထိုသင်္ဘောပေါ်တွင် တစ်ပါးတည်း တင်ဆောင်ရန် အမိန့်ပေးတော်မူခဲ့၏။

အမှန်ကန်ဆုံးဟု ယူဆရသော အဆိုတစ်ရပ်အရ သိရသည်မှာ ထိုသင်္ဘောကို တမန်တော် နူးဟ် (عليه السلام) က အီရတ်နိုင်ငံရှိ ကူဖွာမြို့တွင် တည်ဆောက်ခဲ့ခြင်းဖြစ်၏။

ထိုသင်္ဘော တည်ဆောက်ပြီး နောက်ပိုင်းတွင် ကောင်းကင်ယံမှ အလွန်သည်းထန်စွာ မိုးများရွာသွန်းချ၏။ မြေပြင်ရှိ နေရာတိုင်းမှ ရေများစူထွက်လာ၏။ ကိုက်ရာပေါင်းများစွာအထိ ရေလှိုင်းများ မြင့်တက်လာ၏။ တမန်တော် နူးဟ် (عليه السلام) အား ငြင်းပယ်ခဲ့သူများအားလုံး သေကြေပျက်စီးသွား၏။ ရက်ပေါင်းများစွာ ကြာညောင်းသောအခါ တဖြည်းဖြည်း ရေဆင်းစပြုလာ၏။ အလ္လာဟ် (سبحانه وتعالى) ၏ အမိန့်တော်အရ တမန်တော် နူးဟ် (عليه السلام) ၏ သင်္ဘောသည် ဂျူဒီတောင်ပေါ်၌ ဆိုက်ကပ်ခဲ့၏။

ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် ဟူးဒ် (11) အာယသ် (44) တွင် အလ္လာဟ် မိန့်တော်မူထားသည်မှာ -

ထို့နောက် (အလ္လာဟ် سبحانه وتعالى ထံတော်မှ ဤသို့) အမိန့်တော် ထုတ်ပြန်တော်မူလိုက်လေသည်။ အို- ပထဝီမြေ၊ အသင်သည် မိမိရေများကို စုပ်ယူမျိုချလေလော့။ ၄င်းပြင် အို- မိုးကောင်းကင် အသင်သည် (မိုးရွာသွန်းခြင်းကို) ရပ်ဆိုင်းလေလော့။ ထိုရောအခါဝယ် ရေသည် လျော့ပါး၍ သွားခဲ့လေသည်။ ထို့ပြင် အရေးကိစ္စသည်လည်း ပြီးမြောက်သွားခဲ့ရလေသည်။ ၄င်းပြင် ထိုသင်္ဘောသည်လည်း 'ဂျူဒီ' တောင်ပေါ်၌ ရပ်နား၍ သွားခဲ့လေသည်။ ထိုမှတစ်ပါး (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူ ပြုမှုကုန်သော သူတို့သည် (ကရုဏာတော်မှ) ကင်းဝေးခဲ့ကြချေပြီးတကား... ဟု မိန့်ကြားတော်မူခြင်း ခံခဲ့ရလေသတည်း။ (ကုရ်အာန်11:44)

ဂျူဒီတောင်အမြင့်မှာ ပေပေါင်း (6800) ဖြစ်၏။ ယင်းဂျူဒီတောင်သည် တူရကီနိုင်ငံအရှေ့ပိုင်း အာမေးနီးယား နယ်စပ်အနီးရှိ 'အရာရသ်' ရေခဲတောင်မှ ကီလိုမီတာ (300) အကွာအဝေးတွင် တည်ရှိ၏။

📘 စာအုပ်အမည် ...
ကျမ်းမြတ်ကုရ်အာန်က သတိပေးနေသည့် သံဝေဂယူဖွယ်ဖြစ်ရပ်မှန်နှင့် သမိုင်းဝင်နေရာဒေသများ

✍ ဘာသာပြန်စာအုပ် ထုတ်ဝေသူ ...
မော်လဝီ ဂါဇီ ကရီးမ်ဘခ်ရှ် - ဦးစိုးလွင် (မဟ်မူဒီ)

🌴 Noor Mohammad 🌴
   🗓️ 27 / 06 /2019

Monday, 15 June 2020

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ်

အယောင်ဆောင်၏ လက္ခဏာ( ၃) ရပ်


အကြင်သူ၌ အချက်(၃) ရှိလျှင် ထိုသူသည်
ဥပုသ်စောင့်ထိန်း၍ ဆွလာသ်ဝတ်ပြုပြီး မိမိ
ကိုယ္ကို မွတ်စလင်မ်ဟု ထင်မြင်ယူဆပါ
လျှင်လည်း ထိုသူသည် မုနာဖိက် သာသနာ့
အရေခြုံသာ ဖြစ်သည်။
ထိုအချက်များမှာ 

(၁) စကားပြောလျှင်လိမ်ညာ၏။ 
(၂) ကတိပေးပြီး ဖောက်ဖျက်၏။
(၃) အပ်နှံထားသောပစ္စည်းကို ပိုင်ရှင်အား
ပြန်မပေးဘဲ အလွဲသုံးစားပြု၏။

Saturday, 13 June 2020

အဆွရ်နမာဇ်နှင့်ဖဂျရ်နမာဇ်၏ အကျိုးကျေးဇူ

အဆွရ်နမာဇ်နှင့်ဖဂျရ်နမာဇ်၏ အကျိုးကျေးဇူး

တမန်တော်မြတ်(ဆြ)က မိန့်တော်မူသည်မှာ-

"နေမထွက်မီဖတ်ရသော နမာဇ်(ဖဂျရ်)နှင့်

နေမဝင်မီဖတ်ရသော နမာဇ် (အဆွရ်)ကို

ဝတ်ပြုတည်ဆောက်သော မည်သူမဆို

အဘယ်သောအခါမှ ငရဲလားမည်မဟုတ်"

လူတိုင်း နမာဇ်ငါးကြိမ်ကို အချိန်ဝင်သည်နှင့်

ဆွဲမြဲစွာ ဝတ်ပြုနိုင်ကြပါစေ။

#Mohammad_Ameen

Friday, 12 June 2020

အိပ်မပျော်ပါက ဖတ်ရွတ်ရန်

အိပ်မပျော်ပါက ဖတ်ရွတ်ရန်
👇👇👇👇👇👇👇👇👇👇👇👇👇👇

အိပ်မပျော်ပါက အိပ်ယာထဲတွင် 
လဲလျောင်းပြီးနောက် ဝူဇူနှင့်တကွ
ဤဒုအာကို ဖတ်ပါ။

မအိပ်ခင်အလျှင် အာယသွလ်ကုရ်စီ နှင့် 
မိုအောင်ဝဇသိုင်းန်.( စူရာဖလက် နှင့် စူရာနားစ်) တို့ကို ဖတ်၍ တကိုယ်လုံးကို မန်းမှုတ်ပွတ်သပ်၍ 
အိပ်ရမည်။

اَللّٰهُمَّ غَارَتِ النُّجُوْمُ وَهَدَاءَتِ الْعُيُوْنُ وَاَنْتَ حَىٌّ
قَيُّوْمُ لَاتَأْخُذُكَ سِنَةٌ وَّلَانَوْمٌ يَاحَىُّ يَاقَيُّوْمُ
اِهْدِئْ لَیْلِیْ وَاَنِمْ عَیْنِیْ

(အိဗ်နိစွန္နီ၊ သွဗ်ရာနီ၊ အိဗ်နိအစာကိရ်)

ထို့ပြင် يَاهَادِيْ (ယာဟာဒီ)ကို နှုတ်လျှာဖြင့်သော်
လည်းကောင်း၊ စိတ်ထဲမှသော်လည်းကောင်း လဲလျောင်းနေရင်း မြောက်မြားစွာ 
(အတိုင်းအတာမဲ့) ရွတ်ဖတ်ပါ။ 

ဤဂုဏ်တော်ကို ရွတ်ဖတ်နေစဉ် 
မကြာမကြာ ဒရူးဒ်ရှရီးဖ်ကိုလည်း ဖတ်ပေးပါ။

၎င်းနောက် ညဉ့်အိပ်ယာ မဝင်မှီ يَامُتَكَبِّرُ 
"ယားမုသကဗ္ဗိရု"21"ကြိမ်
ဖတ်ရွတ်ပြီး အိပ်လိုက်ပါ 
အိမ်မက်ဆိုး မြင်မက်တော့မည်မဟုတ်ပါ။

အိပ်ပျော်နေစဉ် လန့်နိုးခြင်းအတွက်
👇👇👇👇👇👇👇👇👇👇👇👇👇

အိပ်ပျော်နေစဉ် လန့်နိုးခြင်း (သို့) အိပ်မက်ဆိုးမက်၍
လန့်နိုးခြင်းဖြစ်လျှင် ဘယ်ဖက်ကို တံတွေးသုံးကြိမ်ထွေး၍ ဘက်ပြောင်းပြီး အိပ်ပါ။ 

(ဗုခါရီ၊ မွတ်စ်လင်မ်)

၎င်းနောက် ဤဒုအာကို ရွတ်ဖတ်ပါ။
اَعُوْذُ بِاللّٰهِ مِنَ الشَّيْطَانِ الرَّجِيْمِ

(ဗုခါရီ၊ မွတ်စ်လင်မ်၊ သိရ်မိဇီ၊ နစာအီ)

အိပ်မက်ဆိုးမက်ခြင်း၏ ကုထုံး
👇👇👇👇👇👇👇👇👇👇👇👇👇👇

အကြင်သူသည် အိပ်မက်ဆိုးမက်သော အကျင့်ရှိပါက
ဤအာယသ်တော်ကိုရေး၍ လည်ပင်းတွင် ချိတ်ဆွဲပါ။ (သို့)
ညအိပ်ခါနီးအချိန်တွင် ရွတ်ဖတ်ပါက 
“အင်န်ရှာအလ္လာဟ်”
အိပ်မက်ဆိုးမှ လုံခြုံမှုရရှိလိမ့်မည်။

لَہُمُ الۡبُشۡرٰی فِی الۡحَیٰوۃِ الدُّنۡیَا وَ فِی الۡاٰخِرَۃِ ؕ 
لَا تَبۡدِیۡلَ لِکَلِمٰتِ اللّٰہِ ؕ ذٰلِکَ ہُوَ الۡفَوۡزُ الۡعَظِیۡمُ 

(စူရတ်ယူနွတ်စ်၊ အာယသ်- ၆၄)
 
والله اعلم
                 ဇင်မင်း ထိုက်

သင်ခန်းစာ အမှတ် ၂၄၀

Thursday, 11 June 2020

ကြယ်တစ်ပွင့်ကြွေလွင့်လို့သွားခဲ့ပြန်ပါပြီ

ကြယ်တစ်ပွင့်ကြွေလွင့်လို့သွားခဲ့ပြန်ပါပြီ.... ပါကစ္စတန်နိုင်ငံ ရှိ ဂျာမေအဟ် အစ္စလာမီယဟ် ရရှီးဒ် သာသနာ့ တက္ကသိုလ်ကြီး ၌ နှစ်ပေါင်း 
(၅၅)နှစ်တိုင်တိုင် ကျမ်းတော်မြတ်ကုရ်အာန် ၏ 
သဂ်ျဝီးဒ် နှင့် ကေရာအသ် ပညာရပ်များကို 
သင်ကြားပို့ချပေးခဲ့ပါသော ဆရာသခင်
ကျေးဇူးရှင်ကြီး တစ်ပါးဖြစ်တဲ့ 
ဟဇရသ် အလ်ဟာဂ်ျ မောင်လာနာ ဟာဖိဇ် ကာရီ 
နစီမွတ်ဒီးန် ဆွာဟိဗ် သက်တော် (၈၂)နှစ်သည် 
ယနေ့ 11.6.2020(ကြာသပတေး) နေ့ 
မနက်ပိုင်းအချိန်တွင် အလ္လာဟ်အသျှင်မြတ် သခင်၏ အမိန့်တော် ခံယူသွားခဲ့ပါသည်.... 
ဆရာကြီးသည် ကျမ်းတော်မြတ်ကုရ်အာန် ၏ 
ခိသ်မသ်ကို နှစ်ပေါင်း (၅၅)နှစ်တိတိ 
ပြုလုပ်ခဲ့သူဖြစ်ပါသည်..... Crd

إنا لله وإنا إليه راجعون
اللهم اغفر له وارحمه وعافه
واعف عنه وأكرم نزله و وسع مدخله
واغسله بالماء والثلج والبرد
وأعذه من فتنة القبر وعذاب النار
وأدخله الجنة في الفردوس الأعلى
برحمتك يا أرحم الراحمين(آمين)
اللهم وفّق أهله ليصبروا صبرا جميلا... آمين
Credit

ပုလ်ဆွိရာသွ် တံတား

ပုလ်ဆွိရာသွ် တံတား

ယင်းတံတားသည် ဂျဟန္နမ်ငရဲဘုံ၏ အပေါ်၌ တည်ရှိ၏ ဆံကေသာထက် ပါးလွှားပြီး ဓါးရှည်ထက်ပို၍ ထက်မြတ်သော လမ်းတံတားတစ်ခုဖြစ်၏ ယင်းအား ကိယာမသ်နေ့တွင်
ဂျဟန္နမ်ပေါ်၌ တည်စေတော်မူမည်။ ထိုတံတား၏ အရှည်မှာနှစ်ပေါင်း(၁၅၀၀၀)၏ ခရီးမွ် ဖြစ်၏
ထိုတံတားပေါ်တက်ရာတွင် နှစ်ပေါင်း(၅၀၀၀)အပေါ်တက်ပြီးနောက် ထိုတံတားပေါ် ဖြတ်သန်းရမည့်ခရီးနှစ်ပေါင်း(၅၀၀၀)နှင့် တံတားပေါ်မှ အဆင်းတွင် နှစ်ပေါင်း(၅၀၀၀)ကြာမြှင့်ပေးလိမ့်မည်။ ကိယာမသ်နေ့တွင် လူတို့အား ထိုတံတားပေါ်မှ ကျော်ဖြတ်ရန် အမိန့်ချမှတ်သောအခါ ဟရှရ်ကွင်းပြင်တစ်ခုလုံးသည်
မှောင်မိုက်သွားပေမည်။ အွမ္မသ်တိုင်းအား မိမိတို့၏ သက်ဆိုင်ရာ နဗီတမန်တော်များနှင့်အတူ
သွားရန် မိန့်ကြားတော်မူမည်။ အီမာန်ရှင်မုအ်မင်န်များအား မီးရှူးတိုင်နှစ်ခုစီ ချီးမြှင့်လိမ့်မည်။
မီးရှူးတိုင်တစ်ခုသည် အရှေ့ဘက်၌ရှိပြီး အျခားတစ္ခုမွာ လက်ယာဘက်၌ ရှိစေလိမ့်မည်။
ထိုမုအ်မင်န်များထက် အဆင့်နိမ့်သောသူများအား မီးရှူးတိုင်တစ်ခုစီ ချီးမြှင့်တော်မူမည်။
ယင်းထက်အဆင့်နိမ့်သောသူများအား ခြေထောက်၏ ခြေမအနီးတွင် မှေးမှိန်နေသော
အလင်ူရောင်အား ချီးမြှင့်လိမ့်မည်။ အချိုးသူများကိုမူ မှိက်လိုက် လင်းလိုက်ဖြစ်နေသော
အလင်းရောင်ကိုသာ ရရှိစေမည်။ (မုနာဖီးက်)အယောင်ဆောင် မွတ်စလင်မ်များကို
လုံး၀ အလင်းရောင်ကင်းမဲစေမည်။ လူတို့သည် ပုဆွိရာသ်တံတားပေါ် ရောက်သောအခါ မ်က္စီမ်ားအား ပိတ်လိုက်ကြရန် အမိန့်ပေးတော်မူမည်။ထိုအချိန် တမန်တော်မြတ်(ဆြ)ချစ်သမီးတော်
ဖွာသွိမာဟ်(ရသွေ့)သခင်မ ကျော်ဖြတ်သွားပေလိမ့်မည်။ထိုနောက်တစ်ဖန် အချို့သူများက
လျှပ်စီးကဲ့သို့လည်းကောင်း လျင်မြန်စွာကျော်ဖြတ်သွားကြလိမ့်မည်။ အချိုးသူများသည်
လေ၏တိုက်ခတ်မူကဲ့သို့လည်းကောင်းအချိုးသူများသည် မြင်းများပြေးသကဲ့သို့လည်းကောင်း
အချိုးသူများသည် ကုလားအုတ်များ၏သွားလာနှုန်းဖြင့်လည်းကောင်း အချိုးသူများသည်
သာမန် သွားလာမူနှုန်ဖြင့်လည်းကောင်း ကျော်ဖြတ်ာကပေလိမ့်မည်။ ထိုသို့ကျော်ဖြတ်သွားရာ၌
အခက်အခဲနှင့် ရင်ဆိုင်ရ သူမ်ားအား ဂျဟန္နမ်၏ မီးတောက်မီးလျှံများက ဆွဲငင်ရန်ကြိုးစားလိမ့်မည်။
သို့သော်လည်း ထိုသူများသည် အခက်အခဲများအား ရင်ဆိုင်ကျော်လွှားက ပန်းတိုက်သို့ ရောက်ရှိသွားကြလိမ့်မည်။ သို့သော်လည်း အချိုးသူများကို ဂျဟန္နမ်၏ မီးတောက်မီးလျှံ မ်ားက ဆွဲငင်၍ ဂျဟန္နမ်ထဲသို့ ထည့်ပစ်လိမ့်မည်။ ထို့သို့ ဆွဲငင်မူခံရမည့်သူများမှာ သားချင်းတို့၏
အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်၍ မတရားပြုခဲ့သူ။ ယုံမှတ်အပ်နှံထားသော အရားမ်ားအား
အလွဲသုံးစားပြုလုပ်ခဲ့သူမျာပင် ဖြစ်ချေမည်။ ထိုအချိန်တွင် နမာဇ်၊ရိုဇဟ်၊ဇကာသ်၊ဟဂ်ျ။ဒရူးဒ်နှင့်
၀ဇိဖဟ် စသည့် ကျင့်စဉ်ကောင်းမူများသည် လူတို့အား ကာကွယ်မူပြုလိမ့်မည်။(ခိုင်ရာသ်ဆွာဒ်ကဟ်)
အလှူဒါနသည် ထိုသူနှင့် မီး၏ အလယ်၌နေ၍ အကာကွယ်ပြုပေးလိမ့်မည်။
ကုရ်ဗါနီသည် အစီးနှင်းအဖြစ် အသုံး၀င်လိမ်မည်။ထို့ကြောင့်သာလျှင် ကုရ်ဗါနီပြုစေခြင်းဖြစ်၏
ထိုကရ်ဗါနီ သားကောင်သည် အာအင်တောင့်တင်းသည်နှင့် အမွ် လျင်မြန်စွာ တံတားပေါ်မှ
ဖြတ်သန်းနိုင်ပေလိမ့်မည်။ 
တမန်တော်မြတ်(ဆြ)မိန့်ကြားတော်မူခဲ့သည်မှာ ပုလ်ဆွိရာသွ် တံတားအား ဂျဟန္နမ်၏ အလယ်တွင်
တညိစေတော်မူလိမ့်မည်။
အနပ်စ်(ရသွေ့)သခင် ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆြ)မိန့်ကြားတော်မူခဲ့သည်မှာ ပုလ်ဆွိရာသွ် တံတားသည် ဓါးရှည်၏ အသွားကဲ့သို့ပင်ဖြစ်၏ ကောင်းကင်တမန်များသည် မုအ်မင်န် အမျိုးသားတို့
အမျိုးသမီးတို့အား ကယ်ကြလိမ့်မည်။ ထို့နောက် (ဂျိဗ်ရီးလ်)ကောင်းကင်တမန်သည် ငါကိုယ်တော်၏
ခါးအား ကိုင်ထားပေလိမ့်မည်။ ထိုအချိန်တွင် ငါကိုယ်တော်သည် (အလ္လဟွန်မ်မ စလ်လင်မ် အလ္လဟွန်မ်မ စလ်လင်မ်)ဟုပြောဆိုနေလိမ့်မည်။ (အဓိပ်ပါယ် အို...အလ္လာဟ်၊ကယ်တင်တော်မူပါ)
သို့တစေလည်းဂျဟန္နမ်ထဲသို့ ပြုတ်ကျမည့်သူ များပြားလိမ့်မည်။

အလ္လာဟ်အရှင် အွမ္မသ်တစ်ရပ်လုံးကို ပုလ်ဆွိရာသွ် တံတားမှ ကျော်ဖြတ်နိုင်တဲ့ သောင်ဝ်ဖီးက် ချီးမြှင့်တော်မူပါစေ.....................အာမီန်းးးးး
#Mohammad Ameen

Monday, 8 June 2020

မွတ်စ်လင်မ့် ဝတ္တရား ခြောက်ပါး

မွတ်စ်လင်မ့် ဝတ္တရား ခြောက်ပါး

သာဝကကြီးအဗူဟူရိုင်ရဟ်(ရသြိ)ကဆင့်ပြန်ပြီး

တမန်တော်မြတ်(ဆြ)ကမိန့်ကြားတော်မူသည်မှာ

"မွတ်စ်လင်မ်တစ်ဦးနှင့်တစ်ဦးအပေါ်ခြောက်ခု

သောဝတ္တရားရှိလေသည်။သာဝကတော်များ

အဘယ်ဝတ္တရာများပါနည်းဟုမေးလျောက်ကြရာ

တမန်တော်မြတ်(ဆြ)က--

-တွေ့ဆုံသောအခါ စလာမ်ပေးရမည်

-ဖိတ်ကြားချက်ကို လက်ခံရမည်

-ဆုံးမလာပါက ဆုံးမမူကိုနာခံရမည်

-နာချေ၍အလ်ဟာမ်ဒူလိလ္လာဟ်ဆိုပါက

ယရ်ဟမူကလ်လာဟ်ပြန်ဆိုပေးရမည်

-နာမကျမ်းဖြစ်ပါက သွားရောက်မေးမြန်းရမည်

-ကွယ်လွန်သေဆုံးပါက လိုက်ပါပို့ဆောင်ပေးရမည်

ဟု မိန့်ကြားတော်မူခဲ့သည်။

ကြည့်-(မွတ်စ်လင်မ်ကျမ်းဟဒီးဆ်နံပါတ်၂၁၆၂)

မွတ်စ်လင်မ်တစ်ဦးက မခြားတစ်ဦးအပေါ်ထားရှိ

ရမည့် ဝတ္တရားများမှာ အမြောက်အများရှိပြီး

-အချို့ဝတ္တရားများသည် ဝါဂျိဗ်အဆင့်ရှိ၍မလုပ်ပါ

က အပြစ်ထိုက်ပေသည်။ဥပမာစလာမ်၏အဖြေကို

ပြန်ယူခြင်း(တစ်ဦးခြင်းရှိနေချိန်စလာမ်ပေးပါက

စလာမ်အဖြေယူရန်ဝါဂျိဗ်တာဝန်ဖြစ်ပြီး အများနှင့်

ထိုင်နေချိန်ဖြစ်ပါကဘဖရဇ်ကိဖွာယဟ်ဖြစ်သည်။

တစ်ယောက်ယောက်အဖြေပါကကျန်ရှိနေသူများ

အပေါ်တာဝန်ကျေသွားပေသည်။)

ထို့ပြင်မင်္ဂလာဆောင်ဝလီမာထမင်းကျွေးဖိတ်ကြား

ချက်ကိုလည်း(ယင်းဝလီမာသည်ရှရီအသ်နှင့်ဆန့်

ကျင်ခြင်းမရှိပါ ဖိတ်ကြားချက်ကိုလက်ခံရန်ဝါဂျိဗ်

တာဝန်ဖြစ်၏။ရှရီအသ်နှင့်ဆန့်ကျင်နေသောခရစ်

ယာန္မ်ားကဲ့သို့ ဝလီမာဖြစ်ပါက လိုက္နာရန္မလို။

-ထို့ပြင်မွတ်စ်လင်မ်တစ်ဦးကအခြားတစ်ဦးအပေါ်

ဖရဇ်ကိဖွာယဟ်အဆင့်ရှိတာဝန်များမှာမူကား

-နာမကျမ်းဖြစ်ပါကသွားရောက်မေးမြန်းခြင်း

-တရားစကားဆုံးမပါက ဆုံးမမူကိုလက်ခံခြင်း

-ဂျနာဇဟ်အသုဘလိုက်ပါပို့ဆောင်ခြင်း

တို့ဖြစ်ပေသည်။

#Mohammad Ameen

Sunday, 31 May 2020

အလ္လာဟ်အရှင်မြတ်ရဲ့ မွန်မြတ်တဲ့ ဗန္ဒဟ်တွေ၊ အလ္လာ့ဟ်အချစ်တော် ဝလီသူတော်စင်တွေရဲ့ အရည်အချင်းတွေက ဘာတွေလဲ?

💖💖💖💖💖💖💖💖💖💖💖💖
ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ
                          (သို့)
အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၁)
💟💟💟💟💟💟💟💟💟💟💟💟💟💟

နိဒါန်း
💗💗
အကယ်၍ အကောင်းဆုံး မုစ်လင်မ်ဆိုတာ
ဘယ်သူလဲလို့ ကျွန်တော်တို့ မေးမယ်ဆိုရင်
ကျိန်းသေပေါက် ကျမ်းမြတ်ကုရ်အာန်ကို
လက်ကိုင်ထားပြီး ကိုယ်တော်မြတ်ကြီး(စွ)ရဲ့
လမ်းစဉ်နဲ့ အညီ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့
အာယသ်တော်များအားလုံးပေါ်မှာ ကျင့်ကြံသူ လို့ပဲ
အဖြေ ထွက်ပါလိမ့်မယ်။

ပြောတာက လွယ်ပေမယ့် ကျမ်းမြတ်ကုရ်အာန်ရဲ့
ခြောက်ထောင်ကျော်တဲ့ အာယသ်တော်တွေပေါ်မှာ
လက်တွေ့အမလ် ဘယ်လိုလုပ်မလဲ?အမလ်လုပ်ဖို့
ခက်ခဲတယ်မြင်ရမယ်။

သို့သော် အလ္လာဟ်အရှင်မြတ်က ဒီသာသနာကို
လွယ်ကူအောင် ပြုပေးထားတော်မူတယ်။

ကျမ်းမြတ်ကုရ်အာန်ရဲ့ တချို့တချို့သော 
နေရာတွေမှာကုရ်အာန်တစ်အုပ်လုံးပါ အကြောင်းတရားတွေရဲ့
အနှစ်ချုပ် အတိုချုပ် အာယသ်တော်တွေကို
မိန်ုမြွက်ထားတော်မူတယ်။

ဒီနေ့ ကျွန်တော် ကျမ်းမြတ်ကုရ်အာန် ၁၉ ပါရဟ်ရှိ
စူရသုလ်ဖွရ်ကားန်ရဲ့ နောက်ဆုံးအာယသ်တော်တွေကို
စတင် သဖ်စီးရ်ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီအာယသ်တော်တွေက အိဗားဒုရ်ရဟ်မားန် 
(အနန္တဂရုဏာရှင်၏
ဗန္ဒဟ်များ) ဆိုတဲ့ စကားလုံးနဲ့ အစပြုပါတယ်။

ဆိုလိုတာက အနန္တဂရုဏာရှင်ရဲ့ ဗန္ဒဟ်တွေ၊
အလ္လာဟ်အရှင်မြတ်ရဲ့ မွန်မြတ်တဲ့ ဗန္ဒဟ်တွေ၊
အလ္လာ့ဟ်အချစ်တော် ဝလီသူတော်စင်တွေရဲ့
အရည်အချင်းတွေက ဘာတွေလဲ?

အလ္လာဟ်အရှင်မြတ်က စူရသုလ်ဖုရ်ကားန်ရဲ့
ဒီနောက်ဆုံးအာယသ်တော်တွေမှာ မိမိရဲ့ မွန်မြတ်သော
ဗန္ဒဟ်တွေရဲ့ အရည်အချင်းတွေကို ဖော်ပြထားတော်
မူပါတယ်။

အကယ်၍ ကျွန်တော်တို့တွေ ဒီအာယသ်တော်တွေကို
နားလည်သဘောပေါက်ပြီး မိမိတို့ရဲ့ ဇင်ဒဂီထဲမှာ
သွတ်သွင်းလိုက်မယ်ဆိုရင် ဒွန္နယာ၊ အာခိရသ်
နှစ်ဌာနလုံးမှာ ကျွန်တော်တို့ အဆင်ပြေချောမွေ့မယ်လို့
မျှော်လင့်ရပါတယ်။

အလ္လာဟ်အရှင်မြတ် လက်တွေ့ကျင့်ကြံနိုင်တဲ့
သောဝ်ဖီးက် ကျွန်တော်တို့အားလုံးကို ချီးမြှင့်
ပေးသနားတော်မူပါစေ။ အာမီးန်။

(မော်လာနာ မုဖ်သီ မဟ်မူးဒ်အရ်ှရဖ် အုစ်မာနီ(DB)
ဟောကြားတော်မူသည်)

Saeed Ahmad Khaan

      ဇင်မင်း ထိုက် မှ မျှဝေသည်

Saturday, 30 May 2020

ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ

ကဇွာပြုဖြည့်ဆည်းရာတွင် လွယ်ကူသော နည်းများ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

အကြင်မည်သူမဆို မိမိပျက်ကွက်ခဲ့သောနမာဇ်များကို ပြန်လည်၍ ကဇွာပြုဖြည့်ဆည်းမည်ဆိုပါက နီယသ်ပြုရည်စူးရာ၌ ပျက်ကွက်ခဲ့သော ရက်၊ လ၊ နှစ် အပြင် မည်သည့်နမာဇ်ဖြစ်သည် ကိုပါထည့်သွင်း၍ 
နီယသ်ပြု ရည်စူးရန်အရေးကြီးပေသည်။ 

ထိုသို့နီယသ်ပြု ရည်စူးခြင်းမပြုဘဲ “ကဇွာပြုပါ၏"ဟုသာ နီယသ်ပြုလုပ်ရုံဖြင့် မလုံလောက်ပေ။
 
သို့ရာတွင် တစ်ဦးတစ်ယောက်သည် အကြိမ်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ သို့မဟုတ် သက်တမ်းတလျှောက် ပျက်ကွက်ခဲ့သော
နမာဇ်များ ကို ဖြည့်ဆည်းရန်အတွက် ရက်၊ လ၊ နှစ် အချိန်တို့ကို မှတ်မိရန်ခဲ ယဉ်းလှပေသည်။ 

ထို့အတူနီယသ်ပြုရည်စူးရန်မှာလည်း 
လွယ်မည်မဟုတ်ပေ။ 

သို့ပါ၍ ကြိမ်ဖန်များစွာပျက်ကွက်ခဲ့သော 
နမာဇ်များကို ဖြည့်ဆည်းရာတွင် အောက်ဖော်ပြပါနည်းလမ်းအတိုင်း နီယသ်ပြုရည်စူးမည်ဆိုပါက 
အင်ရှာအလ္လာဟ် တာဝန်ကျေ အထမြောက်
သွားပေမည်။

________________

ကဇွာအိအွမ္မရီဝတ်ပြုနည်း 
သက်တမ်းတလျောက်ပျက်ကွက်ခဲ့သော
နမာဇ်များဖြည့်ဆည်းနည်း
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

“ကျွန်တော်မျိုးပျက်ကွက်ခဲ့သော" 
(*)ဖဂျရ်နမာဇ်များ အနက် ပထမဆုံးသော 
(*)ဖဂျရ်နမာဇ်ကို ကဇွာပြုပါ၏” ဟု 
နီယသ်ပြု ရည်စူးပါ။

ထိုသို့နီယသ်ပြု ရည်စူး၍ ကဇွာပြုဖြည့်ဆည်းလိုက် ‌ ‌သောအခါ ၎င်းဝတ်ပြုလိုက်သော ဖဂျရ်ကဇွာနမာဇ်သည် ပျက်ကွက်ခဲ့သော ဖဂျရ်နမာဇ်များအနက် 
ပထမဆုံးပျက်ကွက်ခဲ့သော ဖဂျရ်နမာဇ်အတွက်ဖြစ်ခါ တာဝန်ကျေသွားပေမည်။ 

(*) ပြထားသော နေရာတွင်အမည်ပြောင်း၍ 
နီယသ်ပြုပါ။

ထိုကဲ့သို့ပင် ကျန်ရှိသော ဖဂျရ်နမာဇ်များ၊ ဇုဟိုရ်၊ 
အစွာရ်၊ မဂ်ရ​ဗ်၊ အေရှာနှင့်အေရှာရှိဝိသစ်ရ် 
ဝါဂျစ်ဗ်နမာဇ်တို့ကို ကဇွာပြုရာတွင်လည်း 
အထက်ပါအတိုင်း ရည်စူး ရမည်ဖြစ်ပေသည်။

ဥပမာ။ ။ တစ်ဦးတစ်ယောက်သည် ပျက်ကွက်ခဲ့သော ၁၀နှစ်စာ ဖဂျရ် (သို့မဟုတ် ဇုဟိုရ်၊ အဆွရ်၊ မဂ်ရဗ်၊ အေရှာနှင့်ဝိသစ်ရ်) နမာဇ်တို့ကို ကဇွာဖြည့်ဆည်းခြင်း ပြုမည် ဆိုပါစို့။ 

ထိုသူပျက်ကွက်ခဲ့သော ဖဂျရ်နမာဇ်(သို့မဟုတ်တခြား နမာဇ်တစ်ခုခု)၏ အရေအတွက်မှာ များပြားနေ၍ ရက်၊ လ၊ နှစ်တို့ကို ထည့်သွင်းနီယသ်ပြုရည်စူးရန်မှာ ခဲယဉ်းပေသည်။ 

ထိုသူ ပျက်ကွက်ခဲ့သောနမာဇ်၏ အရေအတွက်မှာ 
(ဖဂျေရ် သို့မဟုတ် အခြားနမာဇ်တစ်ခုတည်းက) 
၁ဝနှစ်x၁၂လ၃၀ရက် ၃၆၀၀ ကြိမ်ဖြစ်သည်။ 

အထက်ဖေါ်ပြပါနည်းအတိုင်း နီယသ်ပြုရည်စူး၍
ကဇွာ ပြုဖြည့်ဆည်းလိုက်ရာ ပထမဆုံးပျက်ကွက်ခဲ့သော နမာဇ်ကဇွာ ဖြည့်ဆည်းပြီးဖြစ်၍ 
(၃၅၉၉) ကြိမ်သာကျန်မည်။ 

တဖန်ပထမဆုံး (ဖဂျေရ် သို့မဟုတ်အခြားနမာဇ်) ဟု နီယသ်ပြု ရည်စူးပြီးဖြည့်ဆည်းလိုက်ရာ (၃၅၉၈)ကြိမ်သာကျန်ပေမည်။ 

အဘယ်ကြောင့်ဆိုသော် ပထမ မရှိတော့၍ ဒုတိယကပထမဖြစ် လာမည်။ 
တဖန်တတိယက ပထမဖြစ်လာမည်။ 

ဤသို့ကဗျာ ပြုဖြည့်ဆည်းခြင်းဖြင့် ပျက်ကွက်ခဲ့သော နမာဇ်များအားလုံးလွယ် ကူစွာဖြည့်ဆည်းပြီးဖြစ်ခါ တာဝန်ကျေသွားပေးမည်။
ကဇွာဖြည့်ဆည်းပြီးဖြစ်ခါ တာဝန်ကျေသွားပေမည်။

.......................................................................

ကဇွာနမာဇ်များဝတ်ပြုရန်အချိန်
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

ကဇွာ (ပျက်ကွက်ခဲ့သော)နမာဇ်များကို ပြန်လည်၍ ဖြည့်ဆည်းဝတ်ပြုရာတွင် နေထွက်ချိန်၊ မွန်းတည့်ချိန်၊ ‌နေဝင်ချိန် များမှအပ ကျန်အချိန်များတွင်
ဝတ်ပြုခွင့်ရှိသည်။ 

အစဉ်လိုက် ဖြစ်စေ၊ အစဉ်လိုက်မဟုတ်သည်ဖြစ်စေ ဝတ်ပြုနိုင် သည်။ 

သို့ ရာတွင် မိမိသက်တမ်းအတွင်း (၅)ကြိမ်၊ သို့မဟုတ် (၂)ကြိမ် ထက်လျော့၍ပျက်ကွက်ခဲ့သော် ထိုသူ့အပေါ်တွင်မူ
အစဉ်လိုက် ဝတ်ပြုရန်အရေးကြီးပေသည်။ 
(ဤအဆိုသည် ကဇွာအိ အွမ္မရီ သမားများအတွက်မဟုတ်ပေ။)

 ပျက်ကွက်ခဲ့သော နမာဇ်များကို ဖဂျေရ် နှင့်အစွာရ်
နမာဇ်များ ဝတ်ပြုပြီးနောက်လည်း ဖြည့်ဆည်း ဝတ်ပြုခွင့်ရှိသည်။ 

သို့သော် လူအများမှနမာဇ် ဝတ်ပြုနေကြောင်း မသိနိုင်စေရန် ကွယ်ဝှက်၍ ၀တ်ပြုရမည်။ 

အကြောင်းမှာ“နေ့စဉ်ဝတ်ပြုရန် တာဝန်ရှိသော နမာဇ်များကို အချိန်ကျရောက်သည်နှင့်တပြိုင်နက် ဝတ်ပြုရန် မျက်ကွက်ခြင်းက ဂိုနာဟ်တစ်ခုဖြစ်၍ 
ဂိုနာဟ်ကို ပေါ်လွင်အောင်ပြုခြင်းကလည်း 
ဂိုနာဟ်ဖြစ်ပေသည်။” 
(တခြားအပြစ် များတွင်လည်း ဤနည်းကဲ့သို့ပင်။ အပြစ်ကျူးလွန် ခြင်းက ဂိုနာဟ်တစ်ခု ပေါ်လွင်စေမည်ဆိုက ဂိုနာဟ်တစ်ခု ပေါင်းနှစ်ခုဖြစ်ပေမည်။) 

ဖဂျရ် နှင့် အစွာရ်နမာဇ် များဝတ်ပြုပြီး နောက် 
နဖွလ်နမာဇ်ဝတ်ပြုခြင်းသည် မက်ရူးဟ် ဖြစ်သည်။

 ထို့ကြောင့် ၎င်းအချိန်များတွင် ကဇွာနမာဇ်များ 
ဝတ်ပြုခြင်းဖြင့် လူတိုင်းက နမာဇ်များဝတ်ပြုနေခြင်းဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်သဖြင့် ဂိုနာဟ်ကိုပေါ်လွင် ထင်ရှားစေခြင်း ဖြစ်ပေမည်။ 

ထို့ကြောင့် လူအများမမြင်နိုင်စေရန် ကွယ်ဝှက်၍ ဝတ်ပြုရမည်။ ဇုဟိုရ်၊ မဂ်ရစ်ဗ်နှင့် အေရှာနမာဇ်များဝတ်ပြုပြီး နောက်က ဖတ်ခြင်းဖြင့် လူအများ 
မသိရှိနိုင်ပေ။

...........................................................................

ပျက်ကွက်ခဲ့သော နမာဇ်များကို ဖြည့်ဆည်း
ဝတ်ပြုရာတွင်အလွယ်ဆုံးနည်းများ 
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

ပထမနည်း ။ ။ သက်တမ်းအတွင်း ဝတ်ပြုရန် ပျက်ကွက်သောနမာဇ်များကို တစ်ရက်လျှင်
အကြိမ်များစွာ ဝတ်ပြုဖြည့် ဆည်းခြင်းထက် အနည်းငယ်စီဝတ်ပြုခြင်းက ပို၍လွယ်ကူသည်။ 

တစ်ရက်လျှင် ဖရ်ဇ်နမာဇ် (၅) ကြိမ်ရှိရာ ကဇွာဝတ်ပြု မည်ဆိုပါက စုစုပေါင်းရကအသ် ၂၀ ရှိမည်။ 

အကြောင်းမှ စွန္နသ်များကို ကဇွာဝတ်ပြုရန် 
ဖရ်ဇ်မဟုတ်ပေ။ 

ဖရ်ဇ်ပျက်ကွက်ခဲ့သော် ပြန်လည်ဖြည့်ဆည်းရန် 
ဖရ်ဇ်ဖြစ်ပြီး ဝါဂျစ်ဗ်ပျက်ကွက်ခဲ့
သော်ပြန်လည်ဖြည့်ဆည်းရန် ဝါဂျစ်ဗ်ဖြစ်သည်။ 

စွန္နသ်ပျက်ကွက် ခဲ့သော်ပြန်လည် ဖြည့်ဆည်းရန်မှာ
 စွန္နသ်သာဖြစ်ပေသည်။ 

ထို့ကြောင့် ဖဂျေရ်၌ ဖရ်ဇ် (၂) ရကအသ်၊ 
ဇုဟိုရ်၌ (၄) ရကအသ် ၊ အစွာရ်၌ (၄) ရကအသ်၊ 
မဂ်ရစ်ဗ်၌ (၃) ရကအသ်၊ အေရှာ၌ဖရ်ဇ် (၄) 
ရကအသ် နှင့် ဝါဂျစ်ဗ် (၃) ရကအသ်၊ 
စုစုပေါင်း ရကအသ် (၂၀) ဖြစ်သည်။ 

ပျက်ကွက်ခဲ့သော တစ်ရက်စာ ရကအသ် (၂၀) ကို ပြန်လည်ဖြည့်ဆည်းဝတ်ပြုမည်ဆိုပါက မိနစ် (၃၀) နာရီ၀က်သာ ကြာမည်။ 
မိနစ် ၃ဝ သည် တစ်ရက်တာ (၂၄နာရီ) ၏ 
(၄၈) ပုံ (၁) ပုံသာရှိသည်။ 

ထို့ကြောင့် မနက်ပိုင်း၌ဖြစ်စေ၊
အေရှာနမာဇ် ဝတ်ပြုပြီး နောက်ဖြစ်စေ၊ 
(၄၈) ပုံ (၁) ပုံခန့်သော အချိန်မိနစ် (၃၀) ခန့်ကို 
ကဇွာနမာဇ်များဖြည့်ဆည်းဝတ်ပြုရန် အသုံးပြုလိုက်မည်ဆိုပါက ပျက်ကွက်ခဲ့သော နမာဇ်များအားလုံး လွယ်ကူစွာဖြင့် မကြာမီဖြည့်ဆည်းပြီး 
ဖြစ်သွားပေမည်။ 

ဒုတိယနည်း ။ ။ နေ့စဉ်ဝတ်ပြုရန်တာဝန်ရှိသော 
ဖရ်ဇ်နမာဇ် (၅) ကြိမ်ဝတ်ပြုခြင်း မပြုမီ၊ သို့မဟုတ် ဝတ်ပြုပြီးတိုင်း၊ ပျက်ကွက် ခဲ့သော နမာဇ်တစ်ကြိမ်စီကို (ဖဂျရ်နမာဇ်ဝတ်ပြုပြီး သို့မဟုတ် ၀တ်ပြုခြင်းမပြုမီပျက်ကွက်ခဲ့သော ဖဂျေရ် ဝတ်ပြုခြင်း၊ 
ဇုဟိုရ်၌ဇုဟိုရ် စသည်ဖြင့်) မက္ကရူးဟ်ချိန် သတိပြု ရှောင်ရှား၍ ဖြည့်ဆည်းဝတ် ပြုလိုက်မည်ဆိုပါက လွယ်ကူစွာဖြင့် မကြာမီဖြည့်ဆည်းပြီးဖြစ် 
သွားပေမည်။ 

တတိယနည်း ။ ။ တစ်ရက်စာ ရကအသ် (၂၀) ကို 
(၃) ပိုင်းပိုင်း ခြားလိုက်ပါ။ 

ဖဂျေရ် နှင့်ဇုဟိုရ် (၆) ရကအသ်ကို ဇုဟိုရ်နမာဇ် ဝတ်ပြုပြီးချိန်၌လည်းကောင်း၊ အစွာရ်နှင့်မဂ်ရစ်ဗ် (၇) ရကအသ်ကို မဂ်ရစ်ဗ်နမာဇ်ဝတ်ပြုပြီးချိန်၌လည်းကောင်း၊ အေရှာဖရ်ဇ် (၄) ရကအသ်နှင့် 
ဝိသစ်ဝါဂျစ်ဗ် (၃) ရကအသ် ပေါင်း (၇) ရကအသ်ကို အေရှာနမာဇ်ဝတ်ပြုပြီးချိန်၌လည်းကောင်း၊ ဖြည့်ဆည်းဝတ်ပြု လိုက်ခြင်းဖြင့် မကြာမီ
ပျက်ကွက်ခဲ့သော နမာဇ်အားလုံး
ဖြည့်ဆည်းပြီးဖြစ်သွားပေမည်။ 

ဤတတိယနည်းသည် နမာဇ်ပြီး
နောက် ၁၀ မိနစ်ခန့်သာအချိန်ပေးရမည်။ 
(ဤနည်းသည် အလွန်လွယ်ကူလှ၍ ပျက်ကွက်သော နမာဇ်များဖြည့်ဆည်းခြင်းကို စတင်ပြုလုပ်ဝတ်ပြုရန် စဉ်းစားသင့်ပေသည်။)

ကျွန်ုပ်တို့သည် မိမိသက်တမ်းအတွင်း တာဝန်ရှိသော ကျင့်ဝတ်များကို မိမိကိုယ်တိုင်လိုက်နာကျင့်သုံးခြင်း၊ ပျက်ကွက် ခဲ့သမျှကို ဖြည့်ဆည်းထားခြင်းက အကောင်းဆုံးဖြစ်သည်။ 

အကြောင်းမှာ ကွယ်လွန်သေဆုံးခါနီး၌ ပျက်ကွက်ခဲ့သော နမာဇ်များ၊ တာဝန်ဝတ္တရားများနှင့်ပတ်သက်ပြီး ဝစီရသ်မှာကြား ခွင့် ရနိုင်၊ မရနိုင်ကို မည်သူမျှ 
မသိရှိကြပေ။ 

သွားရင်း၊ လာရင်း မတော်တဆ (အက်စီဒန့်တ်) ဖြစ်ခါ သေဆုံးခဲ့မည်ဆိုလျှင် ၀စီရသ်ပြုခွင့် 
အဘယ်မှာ ရနိုင်မည်နည်း။ 

ဤသို့ဆိုလျှင် အပြစ် ဒါဏ်ခတ်ခြင်းခံရမည်။ အကယ်၍ ဝစီရသ်ပြုနိုင်ခဲ့သော်လည်း ကျန်ရစ်သူအမွေစားများက မှာကြားသည့်အတိုင်း ဆောင်ရွက် ခြင်း မရှိပါက အားလုံးအပြစ်ဒါဏ်ခတ်ခံရမည်။ 

သို့ပါ၍ မိမိ ပျက်ကွက်ခဲ့သော နမာဇ်များကို မိမိကိုယ်တိုင်အချိန်ရှိခိုက် လုံ့လ စိုက်ထုတ်ခါ ဖြည့်ဆည်းထားခြင်းက စိတ်အချရဆုံးပင် ဖြစ်ပေသည်။

📖 စာအုပ်အမည် 📖
ဖစ်ဒ်ယဟ် နှင့် ကဇွာ

📝စီစဥ်ရေးသားသူ📝
ဟဇ်ရသ် မော်လာနာ မွဖ်သီ ဂျမီးလ်အဟ်မဒ် ထာနဝီ

📝ဖွင့်ဆိုဘာသာပြန်သူ📝
မော်လာနာ ဟာဖိဇ် မိုဟမ္မဒ် မာမ်ဆာ

📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်

အွမ်မသ်အတွက် စာပို့လုလင် Page

Monday, 25 May 2020

"ဟလာလ် relationship"


"ဟလာလ် relationship"
==============

ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။  

ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။
 
ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့ဟလာလ်ဆက်နွယ်မှုတွေဖြစ်လာကြဖို့ သဘောက နိကာဟ်တွေဖြစ်လာကြဖို့ သာသနာရဲ့ လမ်းညွှန်ချက်ကို အချက်(၄)ချက်နဲ့ တိုက်တွန်းချင်ပါတယ်။

၁။ နေကာဟ်လုပ်ခြင်းဟာ အိဗာဒသ်တစ်ခုဖြစ်တယ်ဆိုတာသိထားပါ။

အစ္စလာမ်သာသနာက ပျော်စရာဖြစ်စေ၊ ပူဆွေးစရာဖြစ်စေ ကိစ္စရပ်တိုင်းမှာ ကျွန်တော်တို့ကို ပြည့်ဝတဲ့လမ်းညွှန်ချက်တွေပေးထားပါတယ်။ နိကာဟ်လို့ခေါ်တဲ့ မိသားစုဘဝအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးလည်း ကုရ်အာန်နဲ့ဟဒီးစ်တော်တွေကနေ ဘယ်သာသနာကမှ မပြသထားတဲ့ အလွန်ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေပေးထားပါတယ်။ အစ္စလာမ်သာသနာမှာ နေကာဟ်ထိမ်းမြားခြင်းဆိုတာ လောကီရေးရာ ကိစ္စတစ်ခုထက်ကိုပိုပါတယ်။ နေကာဟ်ထိမ်းမြားခြင်းကို အိဗာဒသ်အဖြစ် စဝါဗ်ကုသိုလ်ရရှိစေမယ့်အကြောင်းခံတစ်ခုအဖြစ်ပြုလုပ်ပေးထားပါတယ်။

တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူပါတယ်။ 
မိမိရဲ့လိုအင်ဆန္ဒကို(မိမိရဲ့ဇနီးဖြင့်)ဖြည့်ကြပါ။ ဒါကပဲဆွဒကာအိဗာဒသ်ဖြစ်ပါတယ်။ သာဝက ဆွာဟာဗာတို့က အိုကိုယ်တော်သခင်! မိမိရဲ့စိတ်ဆန္ဒကိုပြည့်ဝအောင်ပြုလုပ်ပြီးကုသိုလ်ရတယ်ဆိုတာ ဒါဟာ ဘယ်လိုဆွဒကာအိဗာဒသ်လဲ? 
တမန်တော်သခင် မိန့်ခြွေပါတယ်။ လူသားဟာပြုပိုင်ခွင့်မရှိတဲ့နေရာမှာ မိမိရဲ့စိတ်ဆန္ဒကိုပြည့်ဝအောင်ပြု လုပ်ခဲ့တယ်ဆိုရင် အပြစ်ထိုက်ပါမယ်။ ထိုနည်းအတိုင်းပဲ ဟလာလ်ဖြစ်တဲ့ပြုလုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ မိမိရဲ့စိတ်လိုအင်ဆန္ဒကိုဖြည့်ဆည်းခဲ့မယ်ဆိုရင် ဒါဟာ စဝါးဗ်ကိုရရှိစေပါတယ်။ (မိရ်ှကားသ်ကျမ်း-168)

ဒါကြောင့် နေကာဟ်လုပ်ခြင်းဖြင့် ဟရာမ်တွေမှရှောင်ရှားနိုင်မယ် စဝါဗ်ကုသိုလ်လည်းရရှိစေမယ် အိဗာဒသ်တစ်ခုကိုဆောက်တည်ရာလည်းကျမယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

၂။ နေကာဟ်လုပ်ခြင်းဟာ နဗီတမန်တော်များရဲ့စွန္နသ်ဓလေ့တော်ဖြစ်တယ်။

တမန်တော်မြတ်သခင် အမိန့်ရှိတော်မူပါတယ်။ လေးခုသောအရာဟာ နဗီတမန်တော်များရဲ့ စွန္နသ်တော်ဖြစ်ပါတယ်။ ၁။ နေကာဟ်လုပ်ခြင်း ၂။အမွှေးရနံ့သုတ်လိမ်းခြင်း ၃။မိစ်ဝါးက်တံပူတိုက်ခြင်း ၄။အရှက်တရားပြည့်ဝခြင်း များဖြစ်တယ်။ 

ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အလ္လာဟ်အရှင်မြတ်သခင်ကအမိန့်ရှိထားပါတယ်။
[မုချငါအရှင်မြတ်က အသင့်အလျင် ရစူလ်တမန်တော်များကိုစေလွတ်ခဲ့ပါတယ်။ ၄င်းနောက်ငါအရှင်မြတ်က ထိုသူများအတွက် ဇနီးကြင်ယာများနဲ့ သားသမီးများကို စီမံပြုလုပ်ပေးတော်မူခဲ့ပါတယ်။ (စူရာဟ်ရအဒ် -၃၈)
ဒါကြောင့် နေကာဟ်လုပ်ပြီး ဟလာလ်ဖြစ်အောင်ကြိုးစားပါ။ နဗီများရဲ့စွန္နသ်တော်အပေါ်မှာ လိုက်နာခြင်းဖြင့် စဝါးဗ်ရယူပါ။

၃။ ငွေရေးကိစ္စအပေါ်အလွန်သောကမပိုက်ထားပါနဲ့။

နေကာဟ်လုပ်ပြီးတဲ့နောက်ပိုင်းမှာ အိမ်စရိတ် အမျိုးသမီးသုံးစွဲစရိတ် အစားအသောက်စရိတ် စသဖြင့်အရေးကြီးတဲ့ကိစ္စရပ်တွေကို စီစဉ်ပေးရမှာဖြစ်တယ်။ ခုတော့တစ်ယောက်ထဲပြဿ နာမရှိပေမယ့် နောက်ပိုင်းမှာ အဲ့ဒီလိုအစီစဉ်တွေလုပ်ပေးရမှာဆိုတော့ ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲလို့ စဉ်းစားတတ်ကြပါတယ်။ 

အလ္လာဟ်အရှင်မြတ်သခင် အမိန့်ရှိထားပါတယ်။ 
[အကယ်၍ ၄င်းတို့ဟာ ဆင်းရဲသူများဖြစ်တယ်ဆိုပါက အလ္လာဟ်အရှင်မြတ်က ၄င်းတို့အားမိမိကျေးဇူးတော်နဲ့ ကြွယ်ဝချမ်းသာစေမှာဖြစ်တယ်။] ကုရ်အာန်
 (စူရာဟ်နူးရ်-၃၂)
ဟဇရသ်မုဖ်သီရှဖီးအ်ဆွာဟိဗ်က မိမိရဲ့ သဖ်စီရ်ကျမ်းထဲမှာ အဲ့ဒီအာယသ်တော်အား ဒီလိုအကျယ်ဖွင့်ဆိုပါတယ်။ ဆင်းရဲသူ ငွေကြေးအကျပ်အတည်းဖြစ်သူတို့အတွက် မြောက်များစွာသော သတင်းကောင်းတွေရှိပါတယ်။ ငွေရေးကြေးရေးအခက်အခဲ အကျပ်တည်းကိုစိုးရိမ်ပေမယ့် မိမိသာသနာတော်ကိုထိန်းသိမ်းဖို့နဲ့ မိမိရဲ့သန့်ပြန့်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ကောင်းမွန်လှသောရည်ရွယ်ချက်တွေနဲ့ ထိမ်းမြားလိုကြပါက အလ္လာဟ်အရှင်အမြတ်က ထိုသူ့အားချောင်လည်ကြွယ်ဝမှုကိုချီးမြှင့်တော်မူမှာဖြစ်ပါတယ်။  

အကျပ်အတည်းကို စိုးရိမ်ပြီးနေကာဟ်မလုပ်ဘဲမနေကြပါနဲ့ ရိုဇီရိက္ခာရဲ့ပိုင်ရှင်ဟာ အလ္လာဟ်အရှင်မြတ်သခင်ဖြစ်ပါတယ်။ 

၄။ နေကာဟ်ကြောင့် သာသနာတစ်ဝက်ပြည့်ဝမယ် အာခိရသ်တမလွန်သာယာမယ်။ 

တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူပါတယ်။ တစ်စုံတစ်ယောက်က နေကာဟ်ထိမ်းမြားလိုက်တယ်ဆိုပါက ထိုသူဟာမိမိရဲ့ဒီးန်တစ်ဝက်ကို ပြည့်ဝအောင်ပြုလုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ (မိရ်ှကားသ်ကျမ်း-267)
နေကာဟ်က ဒွန္နယာလောကမှာ အချိန်တိုင်းဖြစ်ရှိနေမယ့်အမလ်အိဗာဒသ်တစ်ခုဖြစ်သလို နေကာဟ်က ဂျန္နသ်ထိကိုတူတူရောက်ရှိပြီး တည်မြဲနေစေလိမ့်မယ်။ 

ဒါကြောင့် "ဟလာလ်relationship" ဖြစ်အောင် "ဟရာမ် relationship" ကိုစွန့်လွှတ်ပြီး နေကာဟ်ပြုကြပါ။ 
ဟရာမ်ကိုရှောင်ပြီး ဟလာလ်ကိုဆောင်ပါ။

မုဖ်သီဗရှီရွလ္လာဟ်(မဟ်မူဒီ-ကာစီမီ၊လားရှိုး)

[မည်သူမဆို လွတ်လပ်စွာရှဲနိုင်ပါတယ်။
ဘာသာရေးဗဟုသုတများဖတ်ရှုလိုပါက ယခုpageကို Likeလုပ်ထားပါ။]

unicode

"ဟလာလ် relationship"
==============

ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှာ နေကာဟ်မရှိဘဲ တည်ဆောက်ထားတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ အပြည့်အဝနီးပါးဝင်ရောက်သွားခဲ့ကြပြီး လူတွေဟာ ဟရာမ်ကိုကျူ းလွန်ဖို့ အပြစ်ဂိုနာဟ်တွေကိုပြုလုပ်ဖို့အတွက် ဝန်မလေးကြတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေပါပြီ။ ဒါကနှလုံးသားထဲမှာ အလ္လာဟ်ကိုကြောက်တဲ့စိတ်လျော့ပါးနေလို့ပဲဖြစ်တယ်။  

ဒီနေ့ ကျွန်တော်တို့ဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ မိမိရဲ့ မိသားစုအသိုင်းဝိုင်းကို ဒီးန်ရေးရာတွေမှာ တိုးတက်စွာဖန်တီးမှုတွေမပြုနိုင်ခဲ့ကြတာတွေကြောင့် မိသားစုတွေဟာ သာသနာရေးကိစ္စတွေမှာအားနည်းပြီး ခေတ်စနစ်ရဲ့ဆွဲခေါ်ရာဘက်ကို မသိမသာနစ်မွန်းမျောပါသွားခဲ့ကြကာ ကြာလာတဲ့အခါမှာတော့ ကူမနိုင်ကယ်မရဖြစ်ပြီး အမြစ်တွယ်နေတာတွေများစွာတွေ့ရပါတယ်။
 
ကျွန်တော်တို့ဟာ အနောက်ကမ္ဘာရဲ့ယဉ်ကျေးမှုအောက်မှာ စုန်းစုန်းမြုပ်ရောက်ရှိသွားကြပြီး လူငယ်တွေဟာ အစ္စလာမ့်စနစ်ကိုဆန့်ကျင်ပြီး သမီးရည်းစားအပတ်အသက်တွေနဲ့ ဟရာမ်ဆက်နွယ်မှုတွေအပေါ်မှာသာယာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့ဟလာလ်ဆက်နွယ်မှုတွေဖြစ်လာကြဖို့ သဘောက နိကာဟ်တွေဖြစ်လာကြဖို့ သာသနာရဲ့ လမ်းညွှန်ချက်ကို အချက်(၄)ချက်နဲ့ တိုက်တွန်းချင်ပါတယ်။

၁။ နေကာဟ်လုပ်ခြင်းဟာ အိဗာဒသ်တစ်ခုဖြစ်တယ်ဆိုတာသိထားပါ။

အစ္စလာမ်သာသနာက ပျော်စရာဖြစ်စေ၊ ပူဆွေးစရာဖြစ်စေ ကိစ္စရပ်တိုင်းမှာ ကျွန်တော်တို့ကို ပြည့်ဝတဲ့လမ်းညွှန်ချက်တွေပေးထားပါတယ်။ နိကာဟ်လို့ခေါ်တဲ့ မိသားစုဘဝအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးလည်း ကုရ်အာန်နဲ့ဟဒီးစ်တော်တွေကနေ ဘယ်သာသနာကမှ မပြသထားတဲ့ အလွန်ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေပေးထားပါတယ်။ အစ္စလာမ်သာသနာမှာ နေကာဟ်ထိမ်းမြားခြင်းဆိုတာ လောကီရေးရာ ကိစ္စတစ်ခုထက်ကိုပိုပါတယ်။ နေကာဟ်ထိမ်းမြားခြင်းကို အိဗာဒသ်အဖြစ် စဝါဗ်ကုသိုလ်ရရှိစေမယ့်အကြောင်းခံတစ်ခုအဖြစ်ပြုလုပ်ပေးထားပါတယ်။

တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူပါတယ်။ 
မိမိရဲ့လိုအင်ဆန္ဒကို(မိမိရဲ့ဇနီးဖြင့်)ဖြည့်ကြပါ။ ဒါကပဲဆွဒကာအိဗာဒသ်ဖြစ်ပါတယ်။ သာဝက ဆွာဟာဗာတို့က အိုကိုယ်တော်သခင်! မိမိရဲ့စိတ်ဆန္ဒကိုပြည့်ဝအောင်ပြုလုပ်ပြီးကုသိုလ်ရတယ်ဆိုတာ ဒါဟာ ဘယ်လိုဆွဒကာအိဗာဒသ်လဲ? 
တမန်တော်သခင် မိန့်ခြွေပါတယ်။ လူသားဟာပြုပိုင်ခွင့်မရှိတဲ့နေရာမှာ မိမိရဲ့စိတ်ဆန္ဒကိုပြည့်ဝအောင်ပြု လုပ်ခဲ့တယ်ဆိုရင် အပြစ်ထိုက်ပါမယ်။ ထိုနည်းအတိုင်းပဲ ဟလာလ်ဖြစ်တဲ့ပြုလုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ မိမိရဲ့စိတ်လိုအင်ဆန္ဒကိုဖြည့်ဆည်းခဲ့မယ်ဆိုရင် ဒါဟာ စဝါးဗ်ကိုရရှိစေပါတယ်။ (မိရှ်ကားသ်ကျမ်း-168)

ဒါကြောင့် နေကာဟ်လုပ်ခြင်းဖြင့် ဟရာမ်တွေမှရှောင်ရှားနိုင်မယ် စဝါဗ်ကုသိုလ်လည်းရရှိစေမယ် အိဗာဒသ်တစ်ခုကိုဆောက်တည်ရာလည်းကျမယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

၂။ နေကာဟ်လုပ်ခြင်းဟာ နဗီတမန်တော်များရဲ့စွန္နသ်ဓလေ့တော်ဖြစ်တယ်။

တမန်တော်မြတ်သခင် အမိန့်ရှိတော်မူပါတယ်။ လေးခုသောအရာဟာ နဗီတမန်တော်များရဲ့ စွန္နသ်တော်ဖြစ်ပါတယ်။ ၁။ နေကာဟ်လုပ်ခြင်း ၂။အမွှေးရနံ့သုတ်လိမ်းခြင်း ၃။မိစ်ဝါးက်တံပူတိုက်ခြင်း ၄။အရှက်တရားပြည့်ဝခြင်း များဖြစ်တယ်။ 

ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အလ္လာဟ်အရှင်မြတ်သခင်ကအမိန့်ရှိထားပါတယ်။
[မုချငါအရှင်မြတ်က အသင့်အလျင် ရစူလ်တမန်တော်များကိုစေလွတ်ခဲ့ပါတယ်။ ၎င်းနောက်ငါအရှင်မြတ်က ထိုသူများအတွက် ဇနီးကြင်ယာများနဲ့ သားသမီးများကို စီမံပြုလုပ်ပေးတော်မူခဲ့ပါတယ်။ (စူရာဟ်ရအဒ် -၃၈)
ဒါကြောင့် နေကာဟ်လုပ်ပြီး ဟလာလ်ဖြစ်အောင်ကြိုးစားပါ။ နဗီများရဲ့စွန္နသ်တော်အပေါ်မှာ လိုက်နာခြင်းဖြင့် စဝါးဗ်ရယူပါ။

၃။ ငွေရေးကိစ္စအပေါ်အလွန်သောကမပိုက်ထားပါနဲ့။

နေကာဟ်လုပ်ပြီးတဲ့နောက်ပိုင်းမှာ အိမ်စရိတ် အမျိုးသမီးသုံးစွဲစရိတ် အစားအသောက်စရိတ် စသဖြင့်အရေးကြီးတဲ့ကိစ္စရပ်တွေကို စီစဉ်ပေးရမှာဖြစ်တယ်။ ခုတော့တစ်ယောက်ထဲပြဿ နာမရှိပေမယ့် နောက်ပိုင်းမှာ အဲ့ဒီလိုအစီစဉ်တွေလုပ်ပေးရမှာဆိုတော့ ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲလို့ စဉ်းစားတတ်ကြပါတယ်။ 

အလ္လာဟ်အရှင်မြတ်သခင် အမိန့်ရှိထားပါတယ်။ 
[အကယ်၍ ၎င်းတို့ဟာ ဆင်းရဲသူများဖြစ်တယ်ဆိုပါက အလ္လာဟ်အရှင်မြတ်က ၎င်းတို့အားမိမိကျေးဇူးတော်နဲ့ ကြွယ်ဝချမ်းသာစေမှာဖြစ်တယ်။] ကုရ်အာန်
 (စူရာဟ်နူးရ်-၃၂)
ဟဇရသ်မုဖ်သီရှဖီးအ်ဆွာဟိဗ်က မိမိရဲ့ သဖ်စီရ်ကျမ်းထဲမှာ အဲ့ဒီအာယသ်တော်အား ဒီလိုအကျယ်ဖွင့်ဆိုပါတယ်။ ဆင်းရဲသူ ငွေကြေးအကျပ်အတည်းဖြစ်သူတို့အတွက် မြောက်များစွာသော သတင်းကောင်းတွေရှိပါတယ်။ ငွေရေးကြေးရေးအခက်အခဲ အကျပ်တည်းကိုစိုးရိမ်ပေမယ့် မိမိသာသနာတော်ကိုထိန်းသိမ်းဖို့နဲ့ မိမိရဲ့သန့်ပြန့်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ကောင်းမွန်လှသောရည်ရွယ်ချက်တွေနဲ့ ထိမ်းမြားလိုကြပါက အလ္လာဟ်အရှင်အမြတ်က ထိုသူ့အားချောင်လည်ကြွယ်ဝမှုကိုချီးမြှင့်တော်မူမှာဖြစ်ပါတယ်။  

အကျပ်အတည်းကို စိုးရိမ်ပြီးနေကာဟ်မလုပ်ဘဲမနေကြပါနဲ့ ရိုဇီရိက္ခာရဲ့ပိုင်ရှင်ဟာ အလ္လာဟ်အရှင်မြတ်သခင်ဖြစ်ပါတယ်။ 

၄။ နေကာဟ်ကြောင့် သာသနာတစ်ဝက်ပြည့်ဝမယ် အာခိရသ်တမလွန်သာယာမယ်။ 

တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူပါတယ်။ တစ်စုံတစ်ယောက်က နေကာဟ်ထိမ်းမြားလိုက်တယ်ဆိုပါက ထိုသူဟာမိမိရဲ့ဒီးန်တစ်ဝက်ကို ပြည့်ဝအောင်ပြုလုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ (မိရှ်ကားသ်ကျမ်း-267)
နေကာဟ်က ဒွန္နယာလောကမှာ အချိန်တိုင်းဖြစ်ရှိနေမယ့်အမလ်အိဗာဒသ်တစ်ခုဖြစ်သလို နေကာဟ်က ဂျန္နသ်ထိကိုတူတူရောက်ရှိပြီး တည်မြဲနေစေလိမ့်မယ်။ 

ဒါကြောင့် "ဟလာလ်relationship" ဖြစ်အောင် "ဟရာမ် relationship" ကိုစွန့်လွှတ်ပြီး နေကာဟ်ပြုကြပါ။ 
ဟရာမ်ကိုရှောင်ပြီး ဟလာလ်ကိုဆောင်ပါ။

မုဖ်သီဗရှီရွလ္လာဟ်(မဟ်မူဒီ-ကာစီမီ၊လားရှိုး)

[မည်သူမဆို လွတ်လပ်စွာရှဲနိုင်ပါတယ်။
ဘာသာရေးဗဟုသုတများဖတ်ရှုလိုပါက ယခုpageကို Likeလုပ်ထားပါ။]

Tuesday, 19 May 2020

Allahကိုကြောက်ပီးကျတဲ့မျက်ရည် Allahဘာလို့နှစ်သက်တာလဲ..?

Allahကိုကြောက်ပီးကျတဲ့မျက်ရည် Allahဘာလို့နှစ်သက်တာလဲ..?
💖💖💖💖💖💖💖💖💖💖
عن يزيدبن ميسرةقال..البكاءمن سبعةاشياء
ယဇီးဒ်ဗင်န်မိုင်စရဟ်(ရဟေ့)သခင်မှ အမိန့်ရှိတော်မူသည်။လူသားတစ်ယောက်၏ငိုခြင်းအကြောင်းတရား(၇)ခုရှိသည်။
၁။..........البكاءمن الفرح.........
ပျော်လို့ငိုခြင်း။ဘဝမှါမထင်မှတ်ထားတဲ့အရာတစ်ခုခု ရရှိခြင်းကြောင့်ငိုတာမျိုး။

၂။.......البكاءمن الحزن........
ပူဆွေးသောကကြောင့်ငိုခြင်း။ဒုတ်ခတစ်စုံတစ်ရာတွေ့ကြုံရခြင်းကြောင့် ငိုတာမျိုး။

၃။.......البكاءمن الفزع.......
အစိုးရိမ်လွန်ပီးငိုခြင်း။မိမိအသက်ဖစ်စေ၊ဥစ္စာဖစ်စေ၊သိက္ခာဖစ်စေ ထိခိုက်လာမှာကြောင့် ငိုတာမျိုး။

၄။.......البكاءمن الرياء.......
ပြစားလိုသောကြောင့်ငိုခြင်း။မိကျောင်းမျက်ရည်ခံထိုးတယ် လို့ ဗမာစကားမှာဆိုစမှတ်ပြုကြတယ်။

၅။........البكاءمن الوجع......
နာကျင်မှုကြောင့်ငိုခြင်း။ထိခိုက်ဒဏ်ရာတစ်ခုခုဖစ်ရင် ငိုတတ်တာမျိုး။

၆။........البكاءمن الشكر......
ရှုကုရ်လုပ်ခြင်းကြောင့် ကျသောမျက်ရည်။မကြာခနဆိုသလို မတောင်းပဲနဲ့ပေးတဲ့..အဖိုးမဖြတ်နိုင်တဲ့နိအ်မသ်တွေရရှိခြင်းအပေါ် allahအားကျေးဇူးတင်လွနိးသောကြောင့် ငိုတတ်တာမျိုး။

၇။......البكاءمن خشيةالله......
Allahကိုကြောက်ပီးကျတဲ့မျက်ရည်။allahရဲ့ကြီးကျယ်မှုတွေတွေးရင်း၊ကို့လုပ်ရပ်တွေကို နောင်တရရင်းကြောက်ပီး ငိုတတ်တာမျိုး။
ဒီတော့ငိုခြင်းရဲ့အမိန့်ကဘာလဲ...?
.........البكاءبين المدح والذم.......
ငိုခြင်းဟာနှစ်မျို့ဖွယ်ရာ အရာဖစ်သလို မနှစ်မျို့ဖွယ်ရာ အရာလည်းဖစ်တရ်။
နံပါတ်(၆..၇)ပုံစံဟာ နှစ်မျို့ဖွယ်ငိုခြင်းဖစ်ပီး၊နံပါတ်(၄)မှာ မနှစ်မျို့ဖွယ်ငိုခြင်းဖစ်သည့်အားလျော်စွာ ရှရီအသ်နှင့်ဆန့်ကျင်သည်။ကျန်ရှိငိုခြင်းအမျိုးအစားများမှာ...လူ့ဗီဇကြောင့်ကျသောမျက်ရည်ဖစ်သည်။
طوبي لمن ملك نفسه ووسعه بيته وبكي علي خطيئته(الحديث)
ဂုဏ်ယူပါတယ်၊ဝမ်းမြောက်ဖွယ်သတင်းကောင်းပါ ဒီလိုအရည်အချင်း(၃)ခုပိုင်ရှင်အတွက်....
၁။စိတ်ရဲ့စေညွှန်ရာကိုထိန်းချုပ်နိုင်သူ။
၂။အပြင်ကိုမထွက်ချင်လောက်အောင် ပျော်ရွှင်ကြည်နူးစရာတို့နှင့်ပြည့်နှပ်နေသော အိမ်ရှိသူ။(ဒီလိုသာယာကြည်နူးဖွယ် အိမ်လေးရှိရင် အပြင်ထွက်ဖို့ရာခိုင်နှုန်းနဲမရ်၊အပြင်ထွက်တာနဲရင် ဂုနဟ်လဲနဲမရ်။)
၃။မိမိအမှားများအပေါ်ရှက်ကြောက်ပီး ငိုကြွေးတတ်သူ။

မိမိကိုကြောက်ပီးကျတဲ့မျက်ရည် allahဘာလို့နှစ်သက်တာလဲ.....?
အရာတစ်ခုခုစျေးကွက်မှာဝယ်လို့မရနေရင် အဲ့ဒီအရာရဲ့ပေါက်စျေး၊တန်ကြေးလဲ မြင့်တက်သွားတယ်၊ပြည်တွင်းမှာမရ ပြည်ပကပါ မှာယူရရင် ပိုလို့တောင်တန်ကြေးကြီးလာတယ်။
တခါတလေတဆိုင်ဝင်တဆိုင်ထွက်အပင်ပန်းခံပီး သာမန်ပေါက်စျေးနဲ့ရအောင်ဝယ်လို့ရပေမယ့် မိမိအတွက်အရေးကြီးလိုအပ်ချက်ကြောငိ့လဲ ပေါက်စျေးထက်အစမတန် ပေးဝယ်တာမျိုးရှိတရ်။ဒါဟာလောကရဲ့ ထုံးစံပါ။

ဒီလိုပဲ မိုးကောင်ကင်အထက်လောကကြီးအတွက်...ပြစ်မှုကျူးလွန်သူဗန်ဒဟ် ရဲ့မျက်ရည်ဟာ အရေးကြီးလိုအပ်နေတဲ့ ကုန်ပစ္စည်းတစ်ခုလိုပဲ။ဖရစ်ရ်ှသဟ်တွေအေဗာဒသ်တော့ လုပ်နိုင်တယ်၊ဒါပေမရ့်နောင်တရဲ့မျက်ရည်..အကြောက်တရားရဲ့မျက်ရည်မချပေးနိုင်။
အရရ်ှကမ္ဘာမှာဒီအမျိုးအစား၊ဒီနိအ်မသ်မရှိတာကြောင့်ပြစ်မှုကျူးလွန်သူတစ်ယောက် မျက်ရည်ကျရင် ဖရစ်ရ်ှသဟ်တွေအထက်ကမ္ဘာမှာ အရေးကြီးလိုအပ်နေတဲ့ပစ္စည်းတစ်ခုအလား သယ်ဆောင်ပီး allahထံဆက်သကြတရ်။
موتی سمجھ کرشان کریمی نےچن لیے
قطرےجوتھےمرےعرق انفعال کے

خطبات فقیر..ج۲۲..ص۱۲۶
✍‧◠‧۩་༺м∂ υsмαท༻་۩‧◠‧✍
              🍀ဇင်မင်းထိုက် မျှဝေသည်🍀

Friday, 8 May 2020

သူဆင်းရဲတဦးသည် အီးဒ်ပွဲတော်


တခါတွင် သူဆင်းရဲတဦးသည် အီးဒ်ပွဲတော်နေ့တွင်

ပျော်ပါးစားသောက်နေကြသူတို့အားမြင်တွေ့ရာ

လူချမ်းသာတို့သည် ကိုယ်စီကိုယ်စီ အသား၊ငါးတို့ဖြင့် မြိန်ယှက်စွာ စားသောက်နေကြသည်။

ထိုအချိန် သူဆင်းရဲဖြစ်သူသည် မိမိအိမ်သို့ပြန်လာခဲ့သည်။ အိမ်အတွင်းဝင်ရောက်သည်နှင့် ဇနီးဖြစ်သူက အသင့်ပြင်ဆင်ထားသည့် စားပွဲဝိုင်းတွင်ထိုင်ကာ စားသောက်ရန် ကြည့်ရှုရာ မုန့်အနည်းငယ်နှင့်ပြုတ်ထားသည့် ပဲနီလေး တခွက်ကိုသာတွေ့ရပြီး စိတ်ပျက်အားငယ်စွာ ပဲနီလေးတစေ့ကိုအခွံသင်လိုက်စားလိုက်လုပ်နေရင်း စိတ်ထဲတွင်အတွေးပေါ်နေသည်။" လူတွေ စားကောင်းသောက်ဖွယ်ရာတွေစားနေကြတယ်။ငါက ဒီပဲနီလေးတခွက်ကိုစားနေရပါ့လား" တွေးရင်း သက်ထားသည့် အခွံတို့ကို ပြတင်းပေါက်မှ အောက်သို့ပစ်ချနေသည်။

စားသောက်ပြီး အိမ်အောက်ကိုဆင်းလာသည့်အခါ သူ့ဘဝတွင် မည်သည့်အခါမှ မမေ့စေနိုင်သည့် မြင်ကွင်းကို တွေ့ရလေသည်။

လူတယောက် သူပစ်ချထားသည့် ပဲနီလေးအစေ့အခွံကိုသန့်ရှင်းပြုလုပ်ကာ ထိုင်ပြီးစားနေသည်ကိုမြင်လိုက်ရပြီ စိတ်နှလုံးသားတွင် ရှက်ရွံ့မှုကိုခံစားရင်း ရိုကျိုစွာဖြင့် အောက်ပါဒိုအာကိုတောင်းခံမိလေတော့သည်။

" အို... ဖန်ဆင်းမွေးမြူ တော်မူသော ကျွန်တော်မျိုး၏အရှင်သခင် ၊ အရှင်မြတ်၏ကြီးကျယ်သော ဆန္ဒတော်နှင့် အရှင်မြတ်၏ စိုးပိုင်သောအာဏာစက်နှင့်ထိုက်တန်တော်မူသည့်အတိုင်း ချီးကျုးမှုအလုံးစုံတိုသည် အရှင်မြတ်အတွက်သာဖြစ်ပါသည်။အရှင်မြတ်၏စီမံသတ်မှတ်မှုအပေါ်ကျွန်တော်မျိုးနာခံဦးညွှတ်ပါပြီ။ "


( စကားချပ် )

စာရှုသူ- သင့်အပေါ် အရှင်မြတ်ချီးမြှင့်ပေးထားသည့် နေအ်မသ် စည်းစိမ်တိုင်းကို သင်ကျေနပ်လိုက်ပါ။အရှင်မြတ်သည် ( အလ်အလီမ်) အရာရာအကြွင်းမဲ့သိရှိတော်မူသောအရှင်၊ ( အလ်ဟကီးမ် ) မြော်မြင်ဆင်ခြင်မှုတရားနှင့်ပြီးပြည့်စုံသောအရှင်ဖြစ်ပါတယ်။ သင်နှင့်ထိုက်တန်သော နေအ်မသ်ကို သင့်ထက်သင့်အားဖန်ဆင်းရှင်သည် ပိုမိုအနှိုင်းမဲ့သိပါတယ်။ သင့်အတွက် အရှင်မြတ်ပေးကမ်းချီးမြှင့်သော အရာရာကို ( အလ်ဟမ်ဒုလစ်လ္လာဟေ့ အလာကွလ်လေ့ဟာလ် ) အခြေအနေအရပ်ရပ်တိုင်းအပေါ်မှာ အလ္လာဟ်အရှင်မြတ်အား

ချီးကျုးနေပါလေ။

لَئِن شَكَرْتُمْ لَأَزِيدَنَّكُمْ ۖ وَلَئِن كَفَرْتُمْ إِنَّ عَذَابِي لَشَدِيدٌ (7)

အကယ်၍ အသင်တို့( ငါ့အရှင်၏နေအ်မသ်တော်ကို ) ကျေးဇူးသိတတ်ပါက ဆထက်တပိုးပိုမို၍ ငါအရှင်ချီးမြှင့်ပေးမူမည်။သို့တည်းမဟုတ် အသင်တို့ ( ငါအရှင်ချီးမြှင့်မှုအား) သွေဖီငြင်းဆန် ( ကျေးဇူးတရားမသိတတ်ပါက ) ဧကန်မလွဲ ငါအရှင် ့်မြတ်၏အပြစ်ဒဏ်ခပ်ခြင်းကား မုချဆိုးရွားပြင်းထန်လှပေသည်။


စာရှုသူမိတ်ဆွေ -

သင့်တွင်ကိုယ်ခန္ဓာပြီးပြည့်စုံခြင်း

ရုပ်အသွင် ပြေပြစ်စေခြင်း ၊ နေ့စဉ်အစားအစာ မပြတ်မလပ် စားနိုင်ခြင်း၊ ယုတ်စွအဆုံး ကျင်ကြီး၊ကျင်ငယ် စွန့်မှုသည်ပင် လွယ်ကူနေပါသည်။

လူတချို့ ကိုယ်ခန္ဓာမပြည့်စုံခြင်း ၊ ရက်ခြားသာ စားသောက်နိုင်ခြင်း ၊ ဆီး ၊ ဝမ်းကိုပင် ပိုက်ကြီးပိုက်ငယ်အသွယ်သွယ်ဖြင့် သွားနေရသည်ကိုသင်သတိပြုပါ။


စာရှုသူအားအစဉ်လေးစားလျှက် -


မင်းမဟာ ( ပညာရပ်ဝန်း )

Thursday, 16 April 2020

ခရစ်ယာန်တစ်ယောက်အနေဖြင့် အစ္စလာမ်ဘာသာ၀င်များသို့ တောင်းပန်ခြင်း

ခရစ်ယာန်တစ်ယောက်အနေဖြင့် အစ္စလာမ်ဘာသာ၀င်များသို့ တောင်းပန်ခြင်း

အစ္စလာမ် ဘာသာ၀င်မိတ်ဆွေများရှင့်

ယခု ဖေ့ဘုတ်တွင်ပျံ့နှံ့နေသော ခရစ်ယာန် တရားဟောဆရာတစ်ဦး၏ တရားဟောချက်များတွင်

အစ္စလာမ်ဘာသာတရား၏ သင်္ကေတ အမှတ်အသားတစ်ခုအပေါ်သို့ ဝေဖန်သုံးသပ်ရင်း လွှဲမှားသော သတင်းအချက်များဖြင့် ပြောကြားခြင်း၊ အစ္စလာမ်ဘာသာ၀င်များအပေါ်နားလည်မှုလွှဲမှားကာ အမုန်းတရားများ ဖြစ်ပေါ်စေရန် လွှဲမှားသော အယူဝါဒများ ဖြန့်ဝေနေခြင်းများနှင်ပတ်သက်၍ ခရစ်ယာန်ဘာသာ၀င်တစ်ဦးအနေဖြင့် အနူးအညွတ်တောင်းပန်အပ်ပါသည်။

အမှန်တကယ်အားဖြင့် ခရစ်ယာန်၏ သမ္မာကျမ်းစာသည် ချစ်ခြင်းမေတ္တာအပေါ်အခြေခံကာ သူတစ်ပါးကို ကိုယ်နဲ့အမျှချစ်ဖို့ ကိုယ်၌ပြုစေလိုသူမျှကိုသူတစ်ပါး၌ပြုဖို့ စသဖြင့် သူတစ်ပါးကို သည်းခံခြင်း၊ မိမိကိုယ်ကို နှိမ်ချခြင်းတို့ဖြင့် အပြုသဘောဆောင်သောသွန်သင်ချက်များစွာဖြင့်သွန်သင်ထားပါတယ်။

ဒါ့ကြောင့် အမုန်းတရားကို အားပေးပြီး လွဲမှားသော သတင်းအချက်အလက်များဖြင့် အစ္စလာမ်ဘာသာဝင်များအပေါ် ဝေဖန် ပြောကြားခဲ့သည့်အတွက် ခရစ်ယာန်တစ်​ယောက်အ​နေဖြင့်  တောင်းပန်အပ်ပါသည်။

အခု ​တောင်းပန်ခြင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးအ​နေဖြင့်သာ တောင်းပန်ခြင်းဖြစ်ပြီး  ထိုတရား​ဟောဆရာကိုယ်စားတောင်းပန်ခြင်းမဟုတ်ပါ။ထိုသူ စိုက်ပျိုးတဲ့အတိုင်းသူ ရိတ်သိမ်းပါစေ။

ကျေးဇူးပြုပြီး comment   တွင် တရားဟောဆရာရဲ့ နာမည်တပ်ပြီး ပြောဆို ဆဲဆိုခြင်းများမလုပ်ကြဖို့တောင်းပန်ပါတယ်။  ဒီ post သည် ချစ်ခြင်းမေတ္တာကို အခြေခံကာ ငြိမ်းချမ်းမှုကို ဖော်ဆောင်ရန် ရည်ရွယ်သည့်အတွက်ဒီ post အပေါ် အခြေခံပြီး  မည်သည့် ဘာသာ မည်သည့်ပုဂ္ဂိုလ်ကိုမှ ထိခိုက်စေသော  အရေးအသားမျိုး Comment မပေးကြဖို့ တောင်းပန်ပါတယ်။

ဒီ post လေးအားဖြင့်  အမုန်းတရားတွေကို လက်ဆင့်မကမ်းတော့ဘဲ ချစ်ခြင်းမေတ္တာတွေပဲ ဖြန့်​ဝေကြရအောင်နော်

သဇင်​အေး




Tuesday, 14 April 2020

786 အကြောင်း

786 အကြောင်း
*****************
786 ဆိုတာ အစ်စလာမျသာသာနာ၏
တံဆိပ် မဟုတ်ပါ...
အမှတ်အသားလည်း မဟုတ်ပါ...
တခြားဘာသာဝင်များ ယူဆသည့်အတိုင်း(7+8+6=21)
21 ရာစုနှစ်မှာ အစ္စလာမ်တွေ အုပ်စိုးမည် ဆိုတာလည်း လုံး၀ မဟုတ်ပါ...
မှားယွင်းသော အယူအဆများသာ ဖြစ်တယ်...
786 ဆိုတာ ဗျည်းအက္ခရာများ၏ ကိန်းဂဏန်း သတ်မှတ်ချက်များအရ အက္ခရာများကို ပေါင်းချေ၍
ရသော ဂဏန်းဖြစ်တယ်...

ဗျည်းအက္ခရာနှင့် ကိန်းဂဏန်းများမှာ

ا1   ب2   ت400   ث500   ج3   ح8   خ600   د4   ذ700   ر200   ز7   س60   ش300   ص90
ض800   ط8   ظ900   ع70   غ1000   ف80
ق100   ك20   ل30   م40   ن50   و6   ه5   ي10

              بسم الله الرحمن الرحيم
ب2    س60    م40    ا1    ل30    ل30    ه5    ا1    ل30    ر200    ح8    م40    ن50    ا1    ل30    ر200    ح8    ي10    م40

အထက်ပါ အတိုင်း ဗိစ်မိလ္လာဟ်မှာ ပါသော
အက္ခရာများ၏ ကိန်းဂဏန်းများကို ပေါင်းမည် ဆိုလျင် 786 ရပါတယ်။

             بسم الله الرحمن الرحيم
မပြတ်မစဲ သနားကြင်နာတော်မူသော
အနန္တဂရုဏာတော်အရှင် ဖြစ်တော်မူသော
အလ္လာဟ်(سبحا)အရှင်၏ နာမတော်ဖြစ် အစပြုပါတယ်...

786 ဆိုတာ➳ ဗိစ်မိလ္လာဟ်
အလ္လာဟ်(سبحا)အရှင်၏ နာမတော်ဖြစ်
အစပြုခြင်း ဖြစ်ပါတယ်...
ဗိစ်မိလ္လာဟ်၏ ကိန်းဂဏန်းများကို ပေါင်းကြည့်ပါ~~~
အသိပညာများကို  မျှဝေတင်ပြလိုက်ပါသည် 
Crd  -#

Tuesday, 7 April 2020

အဂ်လိပ် ဂျပန်ခေတ်က တည်ဆောက်ခဲ့သော ဗလီဝတ်ကျောင်းတော်

အဂ်လိပ် ဂျပန်ခေတ်က တည်ဆောက်ခဲ့သော ဗလီဝတ်ကျောင်းတော် မုဆိုးကျွန်းကျေးရွာမှာ တည်ရှိပါတယ်။ ဂျပန်ခေတ်က မူဆလင်မ်များအား တိတ်သူခိုးသတ်ဖြတ်ခဲ့ရာ ကျေးရွာ အတွင်းရှိ ရေတွင်းအလုံး ၂၀ တွင် မြုပ်နှံခဲ့သည်။ ရွာသူ ရွာသား အမှတ်ရစေရန် အမှတ်အသားများ စိုက်ထူခဲ့သည်။
Credit Posthttps://m.facebook.com/story.php?story_fbid=515120125819770&id=337649720233479











ရှဗေဗရအသ်ည
ဆောင်ရန်/ရှောင်ရန်များ

✍🏼 ဟဇရသ် အလ်ဟာဂျ် မော်လာနာ မွဖ်သီ အိဒ်ရီးစ် ဆွာဟိဗ် ✍🏼









မူရင် post -https://www.facebook.com/1850705018313663/posts/3074456279271858/

Sunday, 5 April 2020

ဒအ်၀သ်သဗ်လီးဂ် တကယ့်လူဟောင်းကြီး ဟရမ်မိုင်းရှရီးဖ်ဖိုင်းန် နေ ရှိူ က်ခ်ဖာဇွစ်လ် ဆပ် ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ပဲ အလ္လာဟ်အမိန့်တော်ခံယူသွားခဲ့ပါတယ်.

إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ
အလွန်၀မ်းနည်းစရာကောင်းတဲ့သတင်း
     အားလုံးဒိုအာမှာအထူးပဲသတိရပေးကြပါ

     တတိယဟဇရသ်ကြီးဟဇရသ်မော်လာနာ
အင်နာမွလ်ဟာစံဆပ်(ရဟ)လက်ထက်ကတည်းက
မက္ကာဟ်မဒီနာမှာအိမ်ရှင်အဖြစ်အကြိမ်ကြိမ်နေရာ
ပေးအိမ်ပေးနွတ်စ်ရသ်လုပ်ခဲ့သူဒအ်၀သ်သဗ်လီးဂ်
တကယ့်လူဟောင်းကြီး  ဟရမ်မိုင်းရှရီးဖ်ဖိုင်းန် နေ
ရှိူ က်ခ်ဖာဇွစ်လ် ဆပ် ဟာ       အင်ဒိုနီးရှားနိုင်ငံမှာ
ဒီနေ့ပဲ အလ္လာဟ်အမိန့်တော်ခံယူသွားခဲ့ပါတယ်..။

မိတ်ဆွေများအားလုံးအထူးပဲဒိုအာမှာသတိရပေးပါ

Sheikh Faazil sahab Hazrat ji Maulana Inam Ul Hasan sahab ke zamane se Harmain safar mae Hamare Akabir ke mezbaano mae the bohot khidmat karte the Hajj ke mauqe par
Maulana zubair ul hasan sab ne bohot duaon se Sheikh ko nawaza tha

မိုးသောက်ပန်း
Mlv Farhan




Sunday, 29 March 2020

အလ်ဟမ်းဒူလိလာဟ် အီရန်နိုင်ငံတွင် ကိုရိုနာကူးစပ်ထားရတဲ့

တူရကီနိုင်ငံမှ အီရန်သို့အရေးပေါ်ကူညီ ❤

ကိုရိုနာကူးစပ်မူတွေများလာတဲ့ အီရန်ကို
တူရကီနိုင်ငံက ဗိုင်းရပ်စ်စမ်းသပ်တဲ့စက်
Diagnosis kists 1000ခု
အရေးပေါ်အထူးထုတ်ကာကွယ်ရေးဝတ်စုံ5000
အထူးထုတ် ခွဲစိတ်ဝတ်စုံ 20000
ဗိုင်းရပ်စပ်ကာကွယ်နိုင်တဲ့ goggles မျက်နာဖုံး
2000ခု ၊ N95 အထူးထုတ် mask 4000
ကာကွယ်ရေး mask 80000
Emergency kits ပါတဲ့ လူနာတင်ကား  10စီး
တို့ကို ပေးပ်ို့ လှူဒါန်းခဲ့ပါတယ် ။

အလ်ဟမ်းဒူလိလာဟ်

အီရန်နိုင်ငံတွင် ကိုရိုနာကူးစပ်ထားရတဲ့
တနေ့တခြားတိုးပွားလျက်ရှိ၏
ယနေထိ ကူးစပ်ခံထားရသူ 35088 ဦး
သေဆုံးသူ 25189 ဦးရှိသွားပြီး

ယခုလို တူရကီရဲ့ မွန်မြတ်တဲ့စိတ်ကို
အီရန်အစိုးရမှ ဂုဏ်ယူကြောင်းပြောကြားခဲ့

ဤရောဂါအဖြစ်ဆိုးမှ
ကမ္ဘာ့လူသားထုတရပ်လုံးအပေါ် အလ္လာဟ်ရှင်
ထိန်းသိမ်းပေးတော်မူပါ ။

Min Naing Aung IKM

💛💛💛💛💛💛 uni

တူရကီနိုင်ငံမှ အီရန်သို့အရေးပေါ်ကူညီ

ကိုရိုနာကူးစပ်မူတွေများလာတဲ့ အီရန္ကို
တူရကီနိုင်ငံက ဗိုင်းရပ်စ်စမ်းသပ်တဲ့စက်
Diagnosis kists 1000ခု
အရေးပေါ်အထူးထုတ်ကာကွယ်ရေးဝတ်စုံ5000
အထူးထုတ် ခွဲစိတ်ဝတ်စုံ 20000
ဗိုင်းရပ်စပ်ကာကွယ်နိုင်တဲ့ goggles မျက်နာဖုံး
2000ခု ၊ N95 အထူးထုတ် mask 4000
ကာကွယ်ရေး mask 80000
Emergency kits ပါတဲ့ လူနာတင်ကား  10စီး
တို့ကို ပေးပ်ို့ လှူဒါန်းခဲ့ပါတယ် ။

အလ်ဟမ်းဒူလိလာဟ်

အီရန်နိုင်ငံတွင် ကိုရိုနာကူးစပ်ထားရတဲ့
တနေ့တခြားတိုးပွားလျက်ရှိ၏
ယနေထိ ကူးစပ်ခံထားရသူ 35088 ဦး
သေဆုံးသူ 25189 ဦးရှိသွားပြီး

ယခုလို တူရကီရဲ့ မွန်မြတ်တဲ့စိတ်ကို
အီရန်အစိုးရမှ ဂုဏ်ယူကြောင်းပြောကြားခဲ့

ဤရောဂါအဖြစ်ဆိုးမှ
ကမ္ဘာ့လူသားထုတရပ်လုံးအပေါ် အလ္လာဟ်ရှင်
ထိန်းသိမ်းပေးတော်မူပါ ။

Min Naing Aung IKM






Featured Post

တမန်တော် နူးဟ် (عليه السلام)

တမန်တော် နူးဟ် (عليه السلام) 🌊🌊🛳️🌊🌊🛳️🌊🌊🛳️🌊🌊 တမန်တော် နူးဟ် (عليه السلام) နေထိုင်ခဲ့သော နေရာဒေသသည် ယနေ့ အီရတ်နိုင်ငံတွင် ပါဝင်၏။ ...